← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆) လိမ်မာကောက်ကျစ်သော လူယုတ်မာများ။

"ချမ်းသားပေးပါ... ချမ်းသားပေးပါခင်ဗျ"

အစ်ကိုဖြစ်သူမှာ လည်ပင်းကြိုးကွင်းကြောင့် မျက်လုံးများပင် လန်တက်လာပြီး စကားလုံး အနည်းငယ်ကို မနည်းထုတ်ပြောလိုက်ရသည်။ သူတို့ကို မလွှတ်ပေးခဲ့လျှင် အမှန်တကယ် ပင် အသက်ပျောက်တော့မည် ဖြစ်သည်။

နောက်ဆုံးတွင် မှင်ကြိုးကွင်းများမှာ လေထဲတွင် ပျောက်ကွယ်သွားသည်။

ထိုလူနှစ်ယောက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ပထမဆုံး အန်ဖတ်များ အန်ထုတ် လိုက်ကာ နောက်တွင်မူ လေကို အသည်းအသန် ရှူသွင်းလိုက်ရသည်။ 'သေမင်းတံခါးဝ' သို့ သွားရောက်လည်ပတ်ခဲ့ရပြီးနောက် သူတို့၏ မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ အကဲစမ်း သော လူမိုက်တို့၏ပုံစံများ မရှိတော့ဘဲ မြေပြင်ပေါ်တွင်သာ သနားစရာကောင်းအောင် တွားသွားနေကြတော့သည်။

"ဟွန့်၊ ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီလောက်ငွေပဲ ပေးလိုက်မယ်။ ဒီကြယ်အပိုင်းအစ သလင်း ကျောက်များတွေကိုတော့ ကျွန်မပဲ သိမ်းလိုက်တော့မယ်" ဖန်နန်နန်က အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီး သူတို့ရှေ့သို့ ငွေများကို ပစ်ချပေးလိုက်သည်။

ထိုညီအစ်ကိုနှစ်ယောက် ငွေကို ကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် ရွှေပုလဲ တစ်လုံး သာ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

ယခုမူ သူတို့တွင် ငြင်းဆန်ရဲသော သတ္တိ ရှိပါတော့မည်လော။ သူတို့သည် ကြယ်အပိုင်းအစ သလင်းကျောက်များ အားလုံးကို အမြန်ပင် လွှဲပြောင်းပေးလိုက်ပြီး နန်လင်းရှာထံသို့ အကြိမ်ကြိမ် ဒူးထောက် တောင်းပန်နေကြသည်။

ဤနေရာကား အပြစ်သားမြို့တော်ပင် ဖြစ်သည်။ နန်လင်းရှာသာ သူတို့ကို သတ်ဖြတ် လိုက်ပါက မည်သူမျှ တစ်ခွန်းတစ်ပါဒမျှ ပြောဆိုဝံ့မည် မဟုတ်ပေ။ ကြည့်လိုက်လျှင် နူးညံ့သိမ်မွေ့ပြီး လှပသည့် ထိုအမျိုးသမီးသည် အမှန်တကယ်တွင် အစွမ်းထက်လှသော နတ်ဘုရားနွယ်ဝင်လူသား တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထိုညီအစ်ကိုနှစ်ယောက် လုံးဝ ထင်မှတ်ထားမိမည် မဟုတ်ပေ။

ဘာကြောင့်များ သူတို့၏ စကားလုံးတွေက ဒီလောက်ထိ ညစ်ညမ်းသွားရတာလဲ။

"အစ်မ၊ ရှေ့နားမှာ နဂါးသွေးတွေ ရှိသေးတယ်၊ ကျွန်မ သွားကြည့်ပေးမယ်" ဖန်နန်နန်၏ စိတ်ခံစားချက်မှာ ရုတ်တရက်ပင် အလွန်အမင်း ကောင်းမွန်လာခဲ့သည်။

သင့်လျော်သော ဈေးနှုန်းဖြင့် ညှိနှိုင်း၍ မရခဲ့သော်လည်း နောက်ဆုံးတွင်မူ သူတို့၏ ပစ္စည်း များကို အလကားရလိုက်သည့်အဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်။

နန်လင်းရှာ၏ ပန်းချီကားထဲမှ နဂါးများသည် အလွန်အမင်း အစွမ်းထက်မြက်နေရခြင်းမှာ သူမသည် ပန်းချီဆွဲရန်အတွက် နဂါးသွေးကို အသုံးပြုထားသောကြောင့် ဖြစ်သည်။

အပြစ်သားမြို့တော်အတွင်း၌ နဂါးသွေးကို ရောင်းဝယ်ဖောက်ကားသူများစွာ ရှိပြီး မျိုးကွဲ များလည်း အလွန်ပင် စုံလင်လှသည်။ နဂါးသွေးသည် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး တွင် အသုံးပြုပုံ အလွန်ပင် များပြားသော်လည်း လီချွမ်းတိုက်ကြီးတွင် ရောင်းချသည်ကို တွေ့ရခဲလှသည်။

နဂါးသွေး ရောင်းချသည့်နေရာရှိလျှင် နဂါးအသားလည်း ရှိနေမည်မှာ သဘာဝပင်။

ကျူးမင်လန်သည် နဂါးအသား ရောင်းသည့်နေရာသို့ သွားရောက်ကြည့်ရှုရာ ဈေးနှုန်းမှာ မယုံနိုင်စရာကောင်းလောက်အောင် အဆမတန် မြင့်မားနေသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် ပြုပြင်ထားသော နဂါးအသား အမြှေးပါးများမှာ ပို၍ပင် ဈေးကြီးလှသည်။ အညစ်အကြေးများ ဖယ်ရှားပြီး ဖိသိပ်ထားသောကြောင့် ၎င်းတို့မှာ သယ်ဆောင်ရ လွယ်ကူ သည့် ကျောက်တုံးကဲ့သို့ မာကျောသော အသားမုန့်ကြီးများ ဖြစ်လာသည်။

နဂါးအသားများကို လူသားများ မစားသုံးနိုင်ပေ။ ၎င်းမှာ သားရဲဆန်သော အသားစား နဂါး သားရဲများအား ကျွေးမွေးရန်အတွက်သာ ဖြစ်သည်။

"ဒီလို အသားမုန့်တစ်တုံးကို ရွှေသဲပွင့်ငါးစေ့ ပေးရမယ်ပေါ့" ကျူးမင်လန် ခေါင်းကိုက်စွာ ဖြင့် ညည်းညူလိုက်သည်။

သူဝယ်ကို ဝယ်ရတော့မည်။ သွားမည်းကြီး၏ နဂါးသခင်အဆင့် အတွက် ဖြစ်သည်။ ယခု အချိန်မှစ၍ သွားမည်းကြီးသည် အစစ်အမှန် နဂါးအသားကိုသာ စားသုံးရတော့မည် ဖြစ်သည်။

နဂါးအသားမုန့်ကို အဖြူလေး၏ စကြဝဠာမှော်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် နဂါးထိန်း များစွာတို့သည် နဂါးအစာများကို အမြောက်အမြား ဝယ်ယူနေကြသည်ကို ကျူးမင်လန် မြင်လိုက်ရသည်။ သူတို့သည် နဂါးအစာများကို သယ်ဆောင်ရန် မိမိတို့၏ စီးတော်ယာဉ် နဂါးစီးများကို ဆင့်ခေါ်ထားကြပြီး အစာအိတ်ကြီးများကို နဂါးများ၏ ကျောပေါ်တွင် ချည်နှောင်ထားကြသည်...

အဖြူလေး၏ စကြဝဠာမှော်အိတ်သည် အလွန်ပင် ရှားပါးလှသဖြင့် အခက်အခဲများစွာကို သက်သာစေသည်။ နောက်ဆုံးတွင် သူတို့၏ နဂါးအဖော်သားရဲများ ပိုမိုများပြားလာသည့် အခါ ခရီးတိုလေး သွားရုံနှင့်ပင် အစာသယ်ယူရသည့် ကုန်သည်ယာဉ်တန်းတစ်ခုကို ခေါ်ဆောင်သွားရတော့မည်မှာ အသေအချာပင်။

ဝါးစိမ်းလေးအတွက် ဝိညာဉ်ပုလဲကိုလည်း နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။ ကျူးမင်လန် လက်ထဲတွင် ရှိနေသော အလောင်းအုပ်စိုးရှင်နဂါး၏ ဝိညာဉ်ပုလဲကို အသုံးပြု၍ လဲလှယ်ခဲ့ ခြင်း ဖြစ်သည်။ တစ်ဖက်လူမှာ အလွန်ပင် ရက်ရောလှပြီး သူတို့၏ ဝိညာဉ်သစ်ရွက် ဝိညာဉ်ပုလဲမှာ အရည်အသွေး ပိုမိုမြင့်မားသော်လည်း တိုက်ရိုက်ပင် လဲလှယ်ပေးခဲ့သည်။

အပြစ်သားမြို့တော်သို့ ရောက်ရှိလာပြီးနောက် လိုအပ်သည့် ရိက္ခာများကို အသုတ်လိုက် ရရှိခဲ့သဖြင့် ကျူးမင်လန်မှာ အလွန်ပင် ကျေနပ်အားရနေမိသည်။

သို့သော်လည်း ထိုကဲ့သို့သော နေရာမျိုးတွင် ကြာရှည်စွာ မနေထိုင်သင့်ပေ။ လူယုတ်မာ တစ်ယောက်ယောက်က ပစ္စည်းကောင်းတစ်ခုခုကို သဘောကျသွားပြီး ငွေပေးချေရန် ငြင်းဆန်ကာ ရောင်းချသူနှင့် ရန်ဖြစ်ကြပြီးနောက် လမ်းတစ်လျှောက်လုံး ကစဉ့်ကလျား ဖြစ်သွားမည်ကို မည်သူ ကြိုသိနိုင်မည်နည်း။

အပြစ်သားမြို့တော်မှ ထွက်ခွာလာချိန်တွင် ညအချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ကောင်းကင်ယံ၌ ကြယ်များမှာ တဖျတ်ဖျတ် လင်းလက်နေပြီး တောင်တန်းကြီး၏ အရိပ် အောက်တွင် ရှေ့ဆက်ရမည့် လမ်းကြောင်းကို မှိန်ဖျော့ဖျော့ အလင်းပေးနေသည်။

လေညင်းက သစ်ရွက်များကို လှုပ်ခါလိုက်ရာ သစ်ပင်များမှ သစ်ရွက်လွှာများမှာ လေထဲသို့ ဝဲပျံလာပြီး မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းမသွားမီ လေထုထဲ၌ ကြာရှည်စွာ လွင့်မျော နေလေသည်။

"ဘာလို့ မြို့ထဲမှာ ညအိပ်မနေကြတာလဲ" ဖန်နန်နန်က နားမလည်နိုင်စွာ မေးမြန်းလိုက် သည်။

"ငါတို့လိုပဲ ညမမှောင်ခင် အပြစ်သားမြို့တော်ကနေ ထွက်ခွာသွားတဲ့လူတွေ ဘယ်လောက် များလဲဆိုတာ မင်း မမြင်လိုက်ဘူးလား" ကျူးမင်လန်က ပြန်ဖြေလိုက်သည်။

သူသည် အပြစ်သားမြို့တော် အတွင်း ဖြစ်ပွားလေ့ရှိသော ပြဿနာများကို ကြောက်ရွံ့နေ ခြင်း မဟုတ်ဘဲ အဓိပ္ပာယ်မရှိသော ရန်စွယ်များကြောင့် အချိန်ကုန်မည်ကိုသာ မလိုလား ခြင်း ဖြစ်သည်။

"လူကြီးမင်းတို့... ဒီလောက်တောင် အလျင်စလို ထွက်ခွာသွားကြတာ၊ ငါတို့ ညီအစ်ကို နှစ်ယောက်ကို တကယ်ပဲ အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား" တောအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာပြီး လူနှစ်ဦး လျင်မြန်စွာ ချဉ်းကပ်လာသည်။

"ဟွန့်၊ ငါတို့ ညီအစ်ကိုတွေကို လျော်ကြေးကောင်းကောင်း မပေးရင်တော့ ဒီနေရာကနေ အရှင်လတ်လတ် ထွက်သွားဖို့ လုံးဝ မစဉ်းစားနဲ့တော့" ကြွက်သား အပြိုင်းပြိုင်းနှင့် ထိပ်ပြောင်အစ်ကိုကြီးက ပြောလိုက်သည်။

စကားပြောနေသူများမှာ သူတို့၏ လည်ပင်းတွင် ကျန်ရစ်ခဲ့သော နာကျင်သည့် ဒဏ်ရာများ ကိုပင် မေ့လျော့သွားကြပုံရသည့် ထိုထိပ်ပြောင် ညီအစ်ကိုနှစ်ယောက်ပင် ဖြစ်သည်။ သူတို့၏မျက်လုံးများမှာ ဆိုးညစ်သော ရည်ရွယ်ချက်များဖြင့် တောက်ပြောင်နေပြီး နန်လင်းရှာ၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို ရိုင်းစိုင်းစွာဖြင့် ကြည့်ရှုနေကြသည်။

"မင်းတို့နှစ်ယောက်ကတော့ တကယ်ကို သေလမ်းကို ရှာနေတာပဲ" ကျူးမင်လန်က အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။

"ဘယ်သူက သေလမ်းကို ရှာနေတာလဲ။ မင်းတို့က ငါတို့ရဲ့ သလင်းကျောက်တွေကို ခိုးယူ သွားရဲသေးတယ်" ထိပ်ပြောင်အစ်ကိုကြီးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

တောအုပ်အတွင်း၌ ခြေသံများ ပိုမိုမြန်ဆန်စွာ ထွက်ပေါ်လာပြီး သူတို့သုံးဦးရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်လာကြ၏။ အနည်းဆုံး လူတစ်ဒါဇင်ခန့် ရှိမည်ဖြစ်ပြီး ကျူးမင်လန်တို့ အဖွဲ့ကို လျင်မြန်စွာ ဝိုင်းရံထားလိုက်ကြသည်။ သူတို့သည် ဤနေရာတွင် ကြိုတင်ပြီး စောင့်ဆိုင်းတိုက်ခိုက်ရန် ချောင်းမြောင်းနေခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

ထိုသူအားလုံးမှာ နဂါးထိန်းများ ဖြစ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့၏ နဂါး သားရဲများကို ဆင့်ခေါ်လိုက်ကြသည်။ ရုတ်တရက်ဆိုသလိုပင် တောအုပ်အတွင်း ညဘက် ၌ အိပ်စက်နေကြသော ငှက်များမှာ လန့်ဖျပ်ကာ အတောင်ပံခတ် ပျံသန်းသွားကြသည်။

"ဒီလူတွေက ဘယ်သူတွေလဲ" နန်လင်းရှာက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

ကျူးမင်လန်သည် အသားမုန့်ကြီးကို စားပြီးနောက် အိပ်မောကျနေသည့် သွားမည်းကြီးကို နှိုးလိုက်ရင်း၊ တစ်ဖက်မှလည်း နန်လင်းရှာကို ကြည့်ကာ အံ့ဩတကြီး ဖြစ်နေမိသည်။

ကောင်းကင်မှာ အမှောင်ဖုံးလွှမ်းနေသည်ဟု ဆိုသော်လည်း လူမျက်နှာများကို မမှတ်မိနိုင် လောက်အောင်တော့ မဟုတ်သေးပေ။ နန်လင်းရှာက တကယ်ပဲ လူမျက်နှာကို မှတ်မိနိုင် စွမ်း မရှိတော့တာလား။ သူမသည် ခဏလေးကမှ သူတို့နှစ်ယောက်ကို လည်ပင်းညှစ် သတ်လုနီးပါးဖြစ်အောင် လုပ်ခဲ့ကြတာ မဟုတ်ပါလော။

သူတို့မျက်နှာကို မမှတ်မိလျှင်တောင် ထိုသူတို့၏ ထိပ်ပြောင်ပြောင်ကြီးကိုတော့ အနည်း ဆုံး သတိရသင့်သည် မဟုတ်ပါလော။

"ကျူးမင်လန်၊ ကျူးမင်လန်... ဟိုတစ်ယောက်က ကျွန်မတို့ကို နဂါးအသား ရောင်းတဲ့လူ... ပြီးတော့ ဟိုဘက်ကတစ်ယောက်က ကျွန်မတို့ကို နဂါးသွေး ရောင်းတဲ့သူလေ" ဖန်နန်နန် က ထိုအချိန်တွင် တိုးတိုးလေး ပြောလိုက်သည်။

ကျူးမင်လန် လှည့်ကြည့်လိုက်သောအခါ အနည်းငယ် ရင်းနှီးနေသည့် ထိုမျက်နှာနှစ်ခုကို အမှန်တကယ်ပင် မှတ်မိသွားလေသည်။

“ဒါဆိုရင် ဒီကုန်သည်တွေက နေ့ခင်းဘက်မှာ စီးပွားရေးလုပ်ပြီး ညဘက်ကျရင်တော့ ဓားပြတွေ ဖြစ်သွားကြတာပေါ့”။

“တကယ်ကို အဓိပ္ပာယ်ရှိတဲ့ အဖြစ်ပျက်ပါပဲ။ ပုံမှန်အားဖြင့် တောအုပ်စိမ်းထဲက ဓားပြတွေ ဟာ ခရီးသွားတွေကို ချောင်းမြောင်း တိုက်ခိုက်လေ့ရှိကြပေမယ့် သွေးနံ့ကြောင့် တခြား လူတွေ သတိထားမိမှာ စိုးရိမ်တဲ့အတွက် ဖြတ်သန်းသွားလာသမျှ လူတိုင်းကိုတော့ တိုက်ခိုက်လေ့ မရှိကြဘူး။ သူတို့က ပိုမိုများပြားပြီး အမြတ်အစွန်းပိုမယ့် "အဆီပို" သိုးကောင်တွေကိုသာ ပစ်မှတ်ထား ရွေးချယ်ပြီး သတ်ဖြတ်၊ လုယက်ကာ ချက်ချင်း ပြန်လည် ထွက်ခွာသွားတတ်ကြတယ်။”

“ဒါတောင်မှ သူတို့ဟာ တကယ့်ကို အကျိုးအမြတ်ရနိုင်မယ့် "အဆီပို" သိုးတွေကို ဖမ်းမိဖို့ ခဲယဉ်းတယ်။ နောက်ဆုံးတော့ သူတို့ညီအစ်ကိုတွေက များပြားလွန်းတာကြောင့် တစ်ဦး ချင်းစီရမယ့် ဝေစုဟာ နေ့ခင်းဘက်မှာ တရားဝင် စီးပွားရေးလုပ်လို့ ရမယ့်ပမာဏထက် တောင် နည်းပါးနေတတ်တယ်။”

“ဒါကြောင့်ပဲ သူတို့ဟာ နေ့ခင်းဘက်မှာ စီးပွားရေးလုပ်ရင်းနဲ့ပဲ စားပေါက်ကို ချောင်း မြောင်းကာ သားကောင်ကို ရွေးချယ်လေ့ရှိကြတယ်။”

ခရီးသွားလာသူများ၏ အခြေခံကျသော သတိပြုဖွယ်ရာမှာ "မိမိ၏ ကြွယ်ဝချမ်းသာမှုကို မပြသမိစေရန်" ဖြစ်သည်ကို လူပေါင်းများစွာ နားလည်ထားကြသည်။ သို့သော် အရောင်း အဝယ်ပြုလုပ်နေချိန်တွင်မူ သတိဝီရိယရှိနေရန်မှာ မလွယ်ကူလှပေ။ အကြောင်းမှာ မိမိ ဝယ်ယူလိုက်သည့် ပစ္စည်းများမှာ မိမိကိုယ်တိုင် နှစ်သက်သဘောကျ၍ ဈေးနှုန်းနှင့် တန် သည်ဟု ယူဆ၍ ဝယ်ယူလိုက်ခြင်း ဖြစ်သောကြောင့်ပင်။

သူတို့သည် နေ့ဘက်၌ပင် ထို "အဆီပို" သိုးများကို တိကျစွာ ရွေးချယ်မှတ်သားထား ပြီးနောက် အစဉ်တစိုက် စောင့်ကြည့်နေတတ်ကြသည်။

ပစ်မှတ်ဖြစ်သူက မြို့ထဲမှ ထွက်ခွာသွားချိန် သို့မဟုတ် တစ်ယောက်တည်း သီးခြားစီ ဖြစ်သွားချိန်တွင် သူတို့သည် လှုပ်ရှားမှုစတင်ကာ ထိုသားကောင်ကို သတ်ဖြတ်လုယက်ကြ တော့သည်။

သူတို့သည် နေ့ဘက်က ရောင်းချခဲ့ရသည့် တန်ဖိုးကြီးပစ္စည်းများကို ပြန်လည် သိမ်းယူ နိုင်ရုံသာမက ပစ်မှတ်၏ ပိုင်ဆိုင်မှုအားလုံးကိုပါ အကုန်အစင် လုယက်နိုင်ကြသေးသည်။

လိမ္မာပါးနပ်သော လူယုတ်မာများ၊ အမှန်တကယ်ပင် လိမ္မာပါးနပ်သော လူယုတ်မာများ ဖြစ်ချေသည်။

အကယ်၍ ထိုသို့သော အပြုအမူမျိုးသည် လွန်စွာရက်စက်ပြီး မကောင်းဆိုးဝါးဆန်သည့် လုပ်ရပ်မဟုတ်ပါက ကျူးမင်လန်သည် အပြစ်သားမြို့တော်မှ ဤလူယုတ်မာ ကုန်သည် များကို လက်ခုပ်တီး၍ပင် ချီးကျူးမိတော့မည် ဖြစ်သည်။ ဤမျှလိမ္မာပါးနပ်စွာဖြင့် သူတို့၏ စီးပွားရေးလုပ်ငန်းကို လည်ပတ်နိုင်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

ကျူးမင်လန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အမှန်တကယ်ပင် သူ့ကို စိတ်ပျက်စေသည် တော့ မဟုတ်ပေ။ သူ့အား ဝိညာဉ်ပုလဲကို ရောင်းချခဲ့သော လူသန်ကြီးလည်း ထိုနေရာတွင် ရှိနေပြီး သူ့အား မကောင်းသော အကြံအစည်များဖြင့် စိုက်ကြည့်နေ၏။ သူ့ပစ္စည်းကို ပြန်လည်သိမ်းယူရန် ကြံစည်နေသည်မှာ ထင်ရှားနေသည်။

ဤကုန်သည်များမှာ တစ်ဖွဲ့တည်း စုပေါင်းကြံစည်နေကြခြင်း ဖြစ်သည်...

"ဘယ်လိုလဲ ညီအစ်ကိုတို့၊ ဒီမိန်းမပျိုလေးက တိုင်းကျော်ပြည်ကျော် အလှလေးလို့ ငါ ပြောခဲ့တာ မှန်တယ်မလား။ မင်းတို့ကို စိတ်မပျက်စေရဘူးဆိုတာ သက်သေပြလိုက်တာပဲ မဟုတ်လား" ထိပ်ပြောင်အစ်ကိုကြီးက ထပ်မံ၍ တက်မက်စွာဖြင့် ကြည့်ကာ ပြောလိုက် သည်။

"သူမကို ပေါ့ပေါ့တန်တန် မမှတ်ကြနဲ့၊ သူမက နတ်ဘုရားနွယ်ဝင်လူသား တစ်ယောက်ပဲ။"

"အဲဒီလူက သခင်အဆင့် နဂါးထိန်းတစ်ယောက်ပဲ၊ သူမှာ နဂါးသခင်အဆင့် ဝိညာဉ် သစ်သားစွမ်းရည်ပိုင်ဆိုင်တဲ့ နဂါးသားရဲ တစ်ကောင်တော့ ရှိနေမှာပဲ" ကျူးမင်လန်နှင့် ဝိညာဉ်ပုလဲကို လဲလှယ်ခဲ့သော လူသန်ကြီးက ပြောလိုက်သည်။

ကျူးမင်လန်မှာ တခဏတာ စကားပင် မပြောနိုင်တော့ဘဲ ကြောင်သွားရသည်။

ဒီလိုမျိုးလည်း ဖြစ်နိုင်တာပဲလား…..။

လဲလှယ်လိုက်သည့် ပစ္စည်းများ၏ အရည်အသွေးကို ကြည့်ပြီး တစ်ဖက်လူ၏ အစွမ်းအ စကို ခန့်မှန်းတွက်ချက်သွားတာပဲ။

“တကယ်ကို သင်ခန်းစာသစ်တစ်ခု ရလိုက်တာပါပဲ။”

“သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစဉ်မှာ အတော်လေးကို စနစ်တကျ ရှိလွန်းနေတာပဲ။”

"မင်းက ငါတို့နောက်က လူအုပ်စုကို တာဝန်ယူလိုက်၊ ရှေ့ကလူတွေကိုတော့ ကျွန်တော် ကိုင်တွယ်လိုက်မယ်။ ဒီလိုလူမျိုးတွေကို အရှင်ထားစရာ မလိုတော့ဘူး" ကျူးမင်လန်က သူ့ဘေးရှိ နန်လင်းရှာအား တိုးတိုးလေး ပြောလိုက်သည်။

"ရှင်ကြောင့်ဖြစ်တဲ့ ပြဿနာတွေကို ရှင်ပဲ ကိုယ်တိုင် ဖြေရှင်းလိုက်ပါတော့" နန်လင်းရှာက သူမ၏ မွန်မြတ်သော အရှိန်အဝါဖြင့် လက်ညစ်ညူးခံရန် ငြင်းဆန်ကာ ပြောလိုက်သည်။

"သခင်မလေး... မင်း မေ့ပြန်ပြီလား" ကျူးမင်လန်က ကူရာမဲ့စွာ ပြောလိုက်သည်။

အပြစ်သားမြို့တော်ထဲသို့ ဝင်ရောက်လာသော "အဆီပို" သိုးများမှာ အများအပြားပင် ဖြစ်သည်။ ထိုထိပ်ပြောင် ညီအစ်ကိုနှစ်ယောက်၏ မကျေနပ်ချက်ကြောင့်သာ မဟုတ်ပါက သူတို့အဖွဲ့သည် အဘယ်ကြောင့် အထူးပစ်မှတ်ထား ခံရပါမည်နည်း။

"အစ်မ... အဲဒီထိပ်ပြောင်နှစ်ကောင်က ဒီနေ့ အစ်မ လည်ပင်းညှစ်သတ်လုနီးပါး ဖြစ်ခဲ့တဲ့ အရပ်သူပုန်ကောင်တွေလေ" ဖန်နန်နန်က တိုးတိုးလေး ပြောလိုက်သည်။

"အော်... ဒါဆိုလဲ ကျူးမင်လန်ပဲ ဖြေရှင်းလိုက်ပါတော့" နန်လင်းရှာက ထိုကိစ္စကို ပြန် သတိရသွားဟန်ဖြင့် ပြောလိုက်သည်။ သူမအတွက်မူ ထိုကဲ့သို့သော လူ့အောက်တန်းစား များမှာ သူမ၏ စိတ်ထဲတွင် မှတ်သားထားရန်ပင် တန်ဖိုးမရှိသူများ ဖြစ်သည်။

ကျူးမင်လန်သည် မိုးပြာနက်နဂါးကို ဆင့်ခေါ်လိုက်ပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခု လုံးကို ဖုံးအုပ်ထားသော အနက်ရောင် လျှပ်စီးအကြေးခွံများမှာ ကြောက်မက်ဖွယ်ကောင်း လှသည်။ တစ်ခါတစ်ရံ ပေါ်ထွက်လာသည့် လျှပ်စီးကြောင်းများက သူ၏ ကြီးမားခန့်ညား သော ပုံသဏ္ဌာန်ကို ပိုမိုထင်ရှားစေပြီး ပို၍ပင် ရိုင်းစိုင်းကြမ်းတမ်းသော သားရဲတစ်ကောင် အဖြစ် ပုံဖော်ထားသည်။

"အိုး... အိုး......"

မိုးပြားနဂါးနက်သည် ဝိညာဉ်ပုလဲကို ရောင်းချခဲ့သော လူသန်ကြီးထံသို့ တန်းတန်း မတ်မတ် အရှိန်ပြင်းစွာဖြင့် ဝင်တိုးလိုက်သည်။ ထိုလူသန်ကြီး၏ ရှေ့တွင် နဂါးသခင်အဆင့် ရှိသော သွေးစွန်းတံစဉ်နဂါး တစ်ကောင်ရှိနေပြီး ၎င်း၏ဓားသွားကဲ့သို့ ထက်မြက်သော လက်သည်းများဖြင့် မိုးပြာနဂါးနက်ကို လှမ်း၍ ရမ်းလိုက်သည်...

သို့သော် မိုးပြာနဂါးနက်သည် ရှောင်တိမ်းရန်ပင် ကြိုးစားမနေပေ။ သူက သွားစွယ်များကို ဖြီးပြလိုက်ပြီး သွေးစွန်းတံစဉ်နဂါး၏ ပခုံးသားတစ်ပိုင်းကို ကိုက်ဖြတ်လိုက်သည်။

သွေးများ ပန်းထွက်လာပြီး သွေးစွန်းတံစဉ်နဂါးသည် လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွား ကာ ၎င်း၏ ရှည်လျားသော လျှာဖြင့် ပခုံးပေါ်ရှိ ဒဏ်ရာကို လျက်လိုက်သည်။ တံတွေးကို အသုံးပြု၍ နာကျင်မှုကို သက်သာစေရန်နှင့် သွေးတိတ်စေရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

သို့သော် ၎င်း၏သွေးမှာ အနက်ရောင် ဖြစ်နေလေသည်။

ဒဏ်ရာက ရပ်တန့်သွားသည် ဆိုခြင်းထက် ပိုမိုဆိုးရွားလာကာ သေးငယ်သော အနာစက် ကလေးမှ တစ်ဆင့် နေရာအနှံ့သို့ ပြန့်နှံ့သွားတော့သည်။

ပြည်တည်ခြင်း…..

ဤသည်မှာ သွားမည်းကြီး၏ လက်သည်းများနှင့် အစွယ်များတွင် ပါရှိသည့် စွမ်းရည်တစ်ခု ပင် ဖြစ်သည်။

မိုးပြာနဂါးနက်သည် သွေးစွန်းတံစဉ်နဂါးကို ဒဏ်ရာရစေပြီးနောက် မြို့တံခါးကို ဖြိုခွင်း မည့် တိုက်ခိုက်ရေး စက်ကြီးတစ်ခုကဲ့သို့ ကွေးညွှတ်သော လမ်းကြောင်းအတိုင်း ပြေးဝင် သွားကာ ကျူးမင်လန်၏ နောက်ကွယ်တွင် ဝိုင်းရံထားသော နဂါးသားရဲအုပ်စုကို တိုက်ခိုက် လိုက်သည်။

သူ၏ ကြီးမားသော နဂါးချိုများက မြေပြင်ကို ထွန်ယက်သကဲ့သို့ ထိုးခွဲသွားပြီး မြေသား များပင် ကွဲအက်သွား၏။ လူယုတ်မာတို့၏ နဂါးသားရဲများနှင့် တစ်ကြိမ်တိုက်မိတိုင်း ၎င်း၏ကိုယ်ခန္ဓာပေါ်ရှိ လျှပ်စီးအကြေးခွံများမှာ ပိုမိုတောက်ပလာပြီး အရှိန်အဝါများ တောက်လောင်လာတော့သည်...

နောက်ဆုံးတွင် လျှပ်စီးကြောင်းများနှင့် မီးပွားများ မကြာခဏ လက်ခနဲ ဖြစ်ပေါ်နေသည့် ကြားမှ မိုးပြာနဂါးနက်က ကျယ်လောင်စွာ ဟိန်းလိုက်၏။ နဂါးသားရဲ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်က သူ့ထံသို့ အုံလိုက်ကျင်းလိုက် ပျံသန်းလာသောအခါ သွားမည်းကြီးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းထားလိုက်သည်။

မိုးပြာနဂါးနက်၏ ဗဟိုချက်မှ အနက်ရောင် မိုးကြိုးမုန်တိုင်းတစ်ခုသည် ပေါက်ကွဲထွက် လာပြီး ပတ်ဝန်းကျင် အရပ်မျက်နှာအားလုံးသို့ ပြင်းထန်စွာ လှည်းပတ်သွားသည်။

လျှပ်စီးများက ကခုန်နေပြီး လေထုမှာ ပေါက်ကွဲသွားကာ ထိုနဂါးသားရဲ ခုနစ်ကောင်၊ ရှစ်ကောင်မှာ အဝေးသို့ အရှိန်ပြင်းစွာဖြင့် လွင့်စဉ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ အနက်ရောင် လျှပ်စီးပိုက်ကွန်တစ်ခုဖြင့် အုပ်မိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အရိုးထိ အောင် ထုံကျဉ်သွားကာ အရေပြားများပင် ကွဲအက်သွားတော့သည်။

မိုးကြိုးလျှပ်စီးတို့၏ စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သွားမည်းကြီး၏ လျှပ်စီးအပေါ် ကျွမ်းကျင်ပိုင်နိုင်မှု တိုးတက်လာသည်နှင့်အမျှ၊ စွမ်းရည် အမျိုးမျိုးရှိသော နဂါးသားရဲ အုပ်စုများကြားတွင် ရပ်တည်နေရင်း အမြင့်ဆုံးသော နဂါးတန်ခိုးအရှိန်အဝါ ဖြင့် အရာအားလုံးကို အထက်စီးမှ အုပ်မိုးကြည့်ရှုနေသည်။

ဝိညာဉ်ပုလဲကို ရောင်းချခဲ့သော လူသန်ကြီးမှာ အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားရ သည်။

ကျူးမင်လန်မှာ သခင်အဆင့် နဂါးထိန်း တစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိထားသော် လည်း သူ့နဂါးမှာ ဤမျှလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထား ခဲ့ပေ။ နဂါးသားတော်အုပ်စုနှင့် နဂါးစစ်သူကြီးအဆင့် နဂါးနှစ်ကောင် စုပေါင်းတိုက်ခိုက် သော်လည်း ဤမိုးပြာနဂါးနက်ကို မခုခံနိုင်ကြပေ။

All Chapters