← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

🍄 Chapter 156

သူတို့ မိသားစု၏ လုံခြုံရေးအတွက် ယန်ကျောက်သည် လူအများရှေ့တွင် သူမနှင့် တမင်သက်သက် အမြဲခွာနေတတ်သည်။

သူတို့ နှစ်ယောက်တည်း ရှိနေချိန်မှလွဲ၍ သူမသည်လည်း ယန်ကျောက်နှင့် ရင်းနှီးပွင့်လင်းမှုမျိုးမရှိခဲ့ချေ။

ချန်မေ့လန်သည် ယန်ကျောက်၏လက်မောင်းကို လှမ်းချိတ်လိုက်ကာ သူ့အား မှီထားပြီး ပြုံးလျက်မော့ကြည့်လိုက်သည်။

၎င်းမှာ နှိုင်းယှဉ်ပြသခြင်းတစ်မျိုးဖြစ်သကဲ့သို့ ကျိုးရွှယ်ချင်းကို စိတ်အေးသွားစေရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ယခင်က လူအများရှေ့တွင် သူတို့ တစ်ခါမျှ လက်ချင်းမချိတ်ခဲ့ဖူးသဖြင့် ယန်ကျောက်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားလေသည်။

ချန်မေ့လန်သည် သူတို့မျက်နှာချင်းဆိုင်ရှိ ဆွံ့အသွားသော စုံတွဲကို တစ်ချက်ကြည့်လိုက်ပြီး ယန်ကျောက်အား တိုးတိုးလေး ပြောလိုက်သည်။

“ရှင်တို့ အရင် စကားပြောလိုက်ပါ၊ ကျွန်မ အပြင်ဘက်ကဆိုင်မှာ ဟင်းချိုပူပူစပ်စပ်လေးသောက်ရင်း ရှင့်ကို စောင့်နေမယ်”

ထို့နောက် သူမ လှည့်ထွက်သွားရာ သူမ၏ကျောပြင်မှာ မီးလောင်နေသကဲ့သို့ ပူထူနေသည်ဟု ခံစားလိုက်ရသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ ယန်ကျောက်သည် သူမကို စောင့်ကြည့်နေလေသည်။

‘မှင်သက်သွားတယ် မဟုတ်လား'

သူမသည် သူ့ဇနီးဟောင်းရှေ့တွင် သူ့အတွက် မျက်နှာပန်းလှအောင် ကူညီပေးခဲ့ခြင်းဖြစ်သည်။

သူ့ဇနီးဟောင်းတွင် သူမကို ဂရုစိုက်မည့်သူ ရှိနေသကဲ့သို့ သူ့ဘေးတွင်လည်း သူ့ကို ချစ်ခင်မြတ်နိုးသူတစ်ဦး ရှိနေပြီဖြစ်သည်။

ယန်ကျောက်က အမိန့်ပေးလိုက်၏။

“မာပေါ်၊ မင်းရဲ့ မရီးနောက်ကို လိုက်သွားလိုက်”

ကျိုးရွှယ်ချင်းက အမှုကို တိုင်ကြားလိုခြင်းမရှိလျှင်ပင် ဤကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်ပွားပြီးနောက်တွင် ယန်ကျောက်သည် သေချာပေါက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးတော့မည်ဖြစ်သည်။

ယန်ရှီရှန်း၏မှတ်တမ်းက ယွမ်ယွမ်ကို ထိခိုက်စေသကဲ့သို့ ကျိုးရွှယ်ချင်း၏မှတ်တမ်းကလည်း ရှောင်ဝမ်နှင့် ရှောင်လန်တို့ကို ထိခိုက်စေမည်ဖြစ်သည်။

အကယ်၍ သူမ ပြစ်မှုကျူးလွန်ပါက ကလေးနှစ်ယောက်၏အနာဂတ်မှာ ပျက်စီးသွားပေလိမ့်မည်။

…

ရှီးဖျင်မြို့ရှိ ပူပူစပ်စပ်ညစာများမှာ ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။

အရိုးခိုက်မတတ်အေးခဲနေသော နံနက်ခင်းလေပြင်းများအောက်ရှိ ဆိုင်ငယ်လေးအတွင်းတွင် ပူနွေးသော အမဲသားလုံးဟင်းချိုတစ်ခွက်မှာ တကယ်တမ်းတွင် ရိုးရှင်းသောပါဝင်ပစ္စည်းများဖြစ်သည့် အာလူး၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီတို့ဖြင့် ပြုလုပ်ထားပြီး အဓိက အသက်ဝင်စေသည်မှာ အမဲသားလုံးများပင်။

ခရိုင်ဆေးရုံအဝင်ဝရှိ ဤဟင်းချိုဆိုင်မှာ နံနက်တစ်နာရီမှသာ ဖွင့်လှစ်ပြီး နံနက် ခြောက်နာရီတွင် ပိတ်လေ့ရှိသည်။

ချန်မေ့လန်သည် ၎င်း၏အကြောင်းကို ကြားဖူးသော်လည်း တစ်ခါမျှမမြည်းစမ်းဖူးခဲ့ချေ။

မာပေါ်မှာ သူတို့တပ်ဖွဲ့ရှိ တပ်ခွဲအဆင့်အရာရှိတစ်ဦးဖြစ်ကြောင်း ယန်ကျောက်ပြောပြသည်ကို ချန်မေ့လန် ကြားဖူးသည်။

သူ၏ မိသားစုမှာ မူလက ရှီးဖျင်မြို့မှ မဟုတ်သော်လည်း သူ ရောက်လာပြီးနောက်တွင် သူ၏ဇနီးဖြစ်သူကလည်း အိမ်ထောင်စုစာရင်းကို ဤနေရာသို့ ပြောင်းရွှေ့လာဖွယ်ရှိသည်။

ထိုလူငယ်သည် အလွန်စိတ်အားထက်သန်သူဖြစ်သော်လည်း သူ၏အသားအရေမှာ မည်းလွန်းပြီး ယန်ကျောက်ထက်ပင် ပို၍ မည်းနက်နေလေသည်။

မာပေါ်က မေးမြန်းလိုက်သည်။

“မရီး၊ တစ်ယောက် တစ်ပွဲစီလား၊ ဒါမှမဟုတ်...”

ယွမ်ယွမ်က လက်မြှောက်ပြရင်း ပြောလိုက်သည်။

“သမီးနဲ့ မေမေက တစ်ပွဲကို အတူတူ စားမယ်”

ရှောင်လန်ကလည်း လက်မြှောက်လိုက်သည်။

“သားက တစ်ပွဲစားမယ်”

ဤအပူအပင်ကင်းသော ကလေးငယ်သည် အခွင့်အရေးရပါက သုံးပွဲအထိ စားနိုင်ပြီး ယခုအခါ သူ၏ ဗိုက်လေးမှာ ပင့်ကူငယ်လေး တစ်ကောင်ပမာ စူထွက်နေလေပြီ။

ချန်မေ့လန်အနေဖြင့်မူ သူ့ကို မိမိသဘောဆန္ဒအလျောက် ကိုယ်အလေးချိန်လျှော့ချစေရန် နည်းလမ်းရှာမတွေ့သေးချေ။

ကိုယ်အလေးချိန် လျှော့ချရေးမှာ မိထွေးတစ်ဦးဖြစ်သော သူမက ကလေး၏အစားအသောက်ကို ကန့်သတ်ပေးခြင်းအပေါ်၌သာ လုံးဝမှီခိုနေရလေသည်။

ဟင်းချိုပူပူစပ်စပ်ချက်ပြုတ်သော ဒယ်အိုးကြီးမှာ အပြင်ဘက်တွင် ရှိသည်။

သူတို့သည် ပွဲလေးပွဲ မှာယူခဲ့ရာ မာပေါ် တစ်ယောက်တည်း သယ်ယူရန် မဖြစ်နိုင်ချေ။ အပြင်ဘက်တွင် အလွန်အေးလွန်းပြီး ခဏကြာသွားပါက ဟင်းချိုများ ချက်ချင်းအေးသွားမည်ဖြစ်သဖြင့် ချန်မေ့လန်သည် ဟင်းချိုများကို ကူညီသယ်ဆောင်ရန် အပြင်သို့ထွက်သွားခဲ့သည်။

ထိုအခါ မာပေါ်က ချန်မေ့လန်ကိုကြည့်ကာ ပြုံးစိစိဖြင့် ပြောဆိုလိုက်သည်။

“မရီး၊ ခင်ဗျား အသက်ဆယ့်ရှစ်နှစ်အရွယ်ကတည်းက အခုချိန်ထိ တကယ်ကို ဘာမှမပြောင်းလဲသွားဘူးပဲ”

ပြီးခဲ့သည့် အကြိမ်ကလည်း သူမ အသက်ဆယ့်ရှစ်နှစ်အရွယ်က ဓာတ်ပုံကို မြင်ဖူးသည်ဟု ပြောသူနှစ်ဦး ရှိခဲ့သည်။

ယခု မာပေါ်ကလည်း အဘယ်ကြောင့် ဤစကားမျိုး ထပ်ပြောနေရသနည်း။

ချန်မေ့လန်က မေးမြန်းလိုက်သည်။

“နင် ဘယ်မှာ မြင်ဖူးတာလဲ၊ ငါ့ဓာတ်ပုံ အခုဘယ်မှာလဲ”

တစ်ချိန်က သူမ တပ်ထဲသို့ပေးပို့ခဲ့သော ဓာတ်ပုံမှာ အတိအကျ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ ဤလူငယ်များအားလုံးသည် တစ်ခုခုကို ပြောချင်နေသော်လည်း မြိုသိပ်ထားပုံရသည်။

မာပေါ်က ပြုံးလျက် ဖြေလိုက်သည်။

“ဗိုလ်ကြီးယန် ကျွန်တော်တို့ကို အရေးယူမှာ ကြောက်လို့ပါ၊ ပြောလို့မရဘူး”

ချန်မေ့လန်သည် အကြောင်းရင်းကို သိရှိထားပြီးဖြစ်သည်။

“နင်တို့တပ်က ယောကျ်ားတွေ အသားမည်းတယ်လို့ ငါထင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောရုံလေးပဲလေ၊ အရေးယူစရာဘာရှိလို့လဲ”

ထိုစကားကို ကြားသောအခါ မာပေါ်သည် ချန်မေ့လန် နားလည်မှုလွဲနေသည်ဟု ခံစားရကာ အလျင်အမြန် ရှင်းပြလိုက်သည်။

“အဓိက ပြဿနာက ရှုန်းတာ့ဖောင် အဲဒီအကြောင်းကို သိသွားတော့ သူ လက်မခံနိုင်ဖြစ်သွားတာ၊ သူ့မိသားစု နောက်ခံက အတော်လေး ကောင်းတယ်၊

ပြီးတော့ ကျွန်တော်တို့ တပ်မှာ အသားအဖြူဆုံးပဲ၊ သူက လက်စွပ်တွေပြင်ဆင်ထားဖို့ အိမ်ကို စာတောင်ရေးထားပြီးပြီ၊

တခြားသူတွေက လူချင်းတွေ့ဖို့ သဘောတူကြပေမယ့် သူ့ကိုကျတော့ အသားမည်းလွန်းလို့ဆိုပြီး အငြင်းခံရတာ ဘာကြောင့်လဲဆိုတာကို သိဖို့ ခွင့်ယူပြီး အိမ်ပြန်ဖို့အတင်းလုပ်တော့တာပဲ၊

နောက်ဆုံးတော့ စကားတွေ အကြီးအကျယ်များကြပြီး ဗိုလ်ကြီးယန်က သူ့ကို အပြစ်ပေးလိုက်တယ်၊ မရီးရဲ့ ဓာတ်ပုံကိုလည်း ဗိုလ်ကြီးယန်က သိမ်းသွားတယ်၊

အဲဒီနောက်ပိုင်း မရီးရဲ့ ဓာတ်ပုံအကြောင်းကို ကျွန်တော်တို့ ထပ်ပြောခွင့်မရှိတော့ဘူးလေ”

အခြားအမျိုးသမီးရဲဘော်များ၏ ဓာတ်ပုံများကို သူတို့၏စစ်သားရည်းစားများကသာ မြင်တွေ့ခွင့်ရသော်လည်း ချန်မေ့လန်၏ဓာတ်ပုံကိုမူ ရှုန်းတာ့ဖောင်၏ ဒေါသပေါက်ကွဲမှုကြောင့် တပ်တွင်းရှိ လူငယ်များအားလုံး မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

ရှုန်းတာ့ဖောင်ကိုပင် အသားမည်းလွန်းသည်ဟု ထင်မှတ်ခဲ့သော အမျိုးသမီးကို နောက်ဆုံးတွင် မည်သူက လက်ထပ်သွားသနည်းဆိုသည်ကို လူတိုင်းက သိချင်နေခဲ့ကြသည်။

အားလုံးကို အံ့သြသွားစေသည်မှာ တပ်မှထွက်ပြီးနောက်တွင် ချန်မေ့လန်သည် ဗိုလ်ကြီးယန်၏ဇနီးဖြစ်လာကြောင်း သူတို့ သိရှိသွားခဲ့ရခြင်းပင်။

ယန်ကျောက်သည် ရှုန်းတာ့ဖောင်ထက် အဆပေါင်းများစွာ ပို၍မည်းနက်သူ ဖြစ်နေသည်မဟုတ်လော။

ချန်မေ့လန် ထိုအကြောင်း နောက်ထပ်မကြားချင်တော့ချေ။

ရှုန်းတာ့ဖောင်…. ထိုနာမည်ကို ကြားရရုံဖြင့်ပင် သူမအတွက် လုံလောက်နေပြီ ဖြစ်သည်။

မာပေါ်သည် ဟင်းရည် အပြည့်ပါသော အမဲသားလုံးဟင်းချိုနှစ်ပွဲကို အရင်သယ်သွားသည်။ ချန်မေ့လန်ကမူ တစ်ပွဲကိုသာ သယ်ယူရဲ၏။

သူမ အထဲသို့ဝင်ရန် ပြင်လိုက်စဉ် ရှောင်ဝမ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ချန်မေ့လန်က ဖိတ်ခေါ်လိုက်သည်။

“လာ၊ အထဲဝင်ပြီး အမဲသားလုံးဟင်းချို သွားစားကြမယ်”

ရှောင်ဝမ်သည် မလှုပ်မယှက် ရပ်နေသည်။ နံနက်စောစော လမ်းမပေါ်တွင် အမဲသားလုံးဟင်းချိုသည် တစ်ယောက်တည်းသာ သူ၏ အငွေ့တထောင်းထောင်းထနေသော အိုးကြီးကို စောင့်ရှောက်နေ၏။

ပိန်ပါးသေးငယ်သောကောင်လေးသည် ခေါင်းကိုမော့ထားပြီး သူ့မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေလေ၏။

ချန်မေ့လန် ခေါင်းငုံ့ကာ ပြောလိုက်သည်။

“အမဲသားလုံးဟင်းချိုက ပူပူနွေးနွေးလေး၊ ယွမ်ယွမ်နဲ့ အမေက အမဲသားလုံး အများကြီးမစားနိုင်ဘူး၊ သားကို သုံးလုံးပေးမယ်၊ ဘယ်လိုလဲ”

မျက်ရည်များ မကျလာစေရန် ရှောင်ဝမ်သည် ကောင်းကင်သို့မော့ကြည့်ရင်း ပြောလိုက်လေ၏။

“တစ်ခါတုန်းက ယွမ်ယွမ် ဖက်ထုပ်ရှစ်ခု စားတုန်းက အမေ သူ့ကို ရှစ်ခါနမ်းတယ်လေ”

‘ဒီလောက် ကြီးနေပြီဖြစ်တဲ့ ကလေးတစ်ယောက်က သူ့ကိုလည်း နမ်းစေချင်နေတာတော့ မဖြစ်နိုင်ပါဘူးနော်'

All Chapters