← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

🍄 Chapter 157

ရှောင်ဝမ်သည် အရပ်သိပ်မပုသော်လည်း သူတို့အတန်းထဲတွင် အပိန်ဆုံးဖြစ်သည်။ သူ၏အသားအရေမှာ ရှောင်လန်ကဲ့သို့ မဖြူဖွေးလှချေ။

သူ့တွင် ကြီးမားသောမျက်လုံးများနှင့် ချွန်နေသောမေးစေ့လေး ရှိသည်။

သူ့ကို ကြည့်ရင်း ချန်မေ့လန်သည် “ပန်းနီနီလေးများ” ရုပ်ရှင်ထဲမှ ဇာတ်ကောင်ဖြစ်သူ ဖန်ချန်ချန်ကို သတိရမိသည်။

တိတ်ဆိတ်ပြီး ကြောက်ရွံ့တတ်သော်လည်း ခေါင်းမာသောစရိုက်လေး ရှိနေသည်။

ချန်မေ့လန် ခေါင်းငုံ့လိုက်သည်။

“အမဲသားလုံး သုံးလုံးဆိုတော့ အနမ်းသုံးခါပေးမယ်၊ ဟုတ်ပြီလား၊ လာ၊ အမဲသားလုံး သွားစားကြမယ်”

ရှောင်ဝမ်မှာ ဤတစ်ကြိမ်တွင် ရှောင်ဖယ်မသွားဘဲ ဓာတ်လိုက်သွားသကဲ့သို့ သူ့လက်နှစ်ဖက်လုံးကိုပင် မြှောက်ထားလိုက်သေးသည်။

သူမသည် သူ၏နဖူးလေးနှင့် ခေါင်းလုံးလုံးလေးပေါ်သို့ အကြိမ်အနည်းငယ် နမ်းရှိုက်လိုက်သည်။

သူမ လှည့်ထွက်သွားရန်ပြင်လိုက်စဉ် ရှောင်ဝမ် ရုတ်တရက် ရှေ့သို့တိုးလာပြီး သူမကို အနောက်မှနေ၍ ဖက်တွယ်လိုက်လေ၏။

ရှောင်ဝမ်က ကြိုးစား၍ ခေါ်လိုက်သည်။

“မေမေ”

ချန်မေ့လန် ငြင်းဆန်ခြင်း မရှိသည်ကို မြင်သောအခါ သူက တိုးတိုးလေး ဆက်ပြောလိုက်သည်။

“အခုကစပြီး သားရဲ့မေမေ လုပ်ပေးမလား၊ ပြီးတော့ သားရဲ့ မေမေအဖြစ် ထာဝရနေပေးပါ၊ ဟုတ်ပြီလား”

…

ကလေးငယ်က ထပ်မံကတိပေးလာပြန်သည်။

“သားက ငွေရှာအရမ်းတော်တာ၊ သား ငွေတွေရလာရင် အားလုံး မေမေ့ကိုပေးမယ်”

ရှောင်ဝမ်သည် မည်သည့်အခါမျှ စိတ်ကူးယဉ်လေ့မရှိသလို ကျိုးရွှယ်ချင်းထံမှ တစ်စုံတစ်ရာရရှိမည်ဟုလည်း ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ချေ။

သို့သော် ချန်မေ့လန်က သူ့အား အကာအကွယ်ပေးကာ သူ အဆင်သင့်မဖြစ်မချင်း အပေါ်ထပ်သို့ တက်ခွင့်မပြုခဲ့သော အခိုက်အတန့်တွင် သူ ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။

ဤသည်မှာ မိခင်တစ်ဦး၏ မေတ္တာပင်။

သူမက သူ့ကို မမွေးဖွားခဲ့လျှင်ပင် အကာအကွယ်ပေးရန် လိုလားနေသည်။

မိခင်တစ်ဦး ဆိုသည်မှာ ကလေးငယ်စဉ်တွင် အကာအကွယ်ပေးပြီး သူတို့ ကြီးပြင်းလာသောအခါ သူတို့၏အကာအကွယ်ပေးမှုကို ပြန်လည်ရယူခြင်းပင်မဟုတ်လော။

သူသည် ဤမိခင်ကို တစ်သက်လုံးချစ်မြတ်နိုးရန် လိုလားနေပြီဖြစ်သည်။ သူ အမြတ်နိုးဆုံးဖြစ်သော ငွေကြေးများအားလုံးကို သူမထံသို့ ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ချေပြီ။

သူမ၏ရင်ထဲတွင် သူ့ကို အမှန်တကယ်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ဂရုမစိုက်တော့ပေ။

………….

ယခင်ဘဝက ရှောင်လန်သည် ဆက်လက်အသက်ရှင်နိုင်ခဲ့သော်လည်း ယန်ကျောက်၏လစာမှာ မလုံလောက်ခဲ့ပေ။

ဆေးရုံတက်စရိတ်များကို ပြန်လည်ရယူနိုင်သော်လည်း နိုင်ငံခြားမှတင်သွင်းသော အထူးဆေးဝါးများမှာ ဈေးကြီးလှရာ ရှောင်လန်၏ဆေးဖိုးအတွက် ရှောင်ဝမ် တစ်ယောက်တည်းကသာ ငွေရှာ၍ ထောက်ပံ့ပေးခဲ့ရသည်။

သို့သော် ကျိုးရွှယ်ချင်းက ထိုကိစ္စနှင့် ပတ်သက်၍လည်း ညည်းတွားပြစ်တင်ခဲ့သေးသည်။ လုကျင်းယွီကဲ့သို့ပင် သူမသည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရသည်ကို နှစ်သက်၏။

ရှောင်ဝမ် ငွေရလာသောအခါ သူမ အမြဲတမ်း တွေးလေ့ရှိသည်မှာ အကယ်၍ ထိုငွေကို သူမအား ပေးမည်ဆိုပါက သူမသည် ပို၍ပင် ငွေရှာနိုင်မည်ဟူ၍ဖြစ်သည်။

သို့သော် ရှောင်ဝမ်ကမူ သူမအား တစ်ပြားတစ်ချပ်မျှ မပေးခဲ့ချေ။

ထို့ကြောင့် သူတို့သည် ရန်သူများ ဖြစ်လာခဲ့ကြပြီး ကျိုးရွှယ်ချင်းက သူ့ကို သူမအား ငွေပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။

သို့သော် ယခုအခါတွင် ဤကလေးက ငွေရှာပြီး သူမကို ပေးချင်နေသည်လော။

ချန်မေ့လန်သည် ရင်းနှီးမြှုပ်နှံခြင်းကို မနှစ်သက်သလို သူမ၏ ဈေးပေါသောမိထွေးမေတ္တာကိုလည်း ငွေကြေးဖြင့် မလဲလှယ်လိုချေ။ ယင်းအစား ဤကလေးကို ပညာသင်ကြားရေးတွင်သာ အာရုံစိုက်စေလိုသည်။

“သားက ယွမ်ယွမ်ရဲ့အဖေထက်တောင် ပိုရှာနိုင်လို့လား”

ဤကလေးငယ်အား သူမ ပညာပေးရန် လိုအပ်နေသည်။

ချန်မေ့လန်သည် ရှီးရှန်းကုမ္ပဏီမှ ငွေများကို မကိုင်တွယ်နိုင်သလို ယွမ်ယွမ်အနေဖြင့်လည်း အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်မှသာ ထိုငွေများကို ထိန်းချုပ်ခွင့် ရရှိမည်ဖြစ်သည်။

သို့သော် ထုတ်လုပ်မှုလိုင်းများကို အဆက်မပြတ် တပ်ဆင်နေရခြင်းနှင့် ယွမ်ရာထောင်ချီတန်ဖိုးရှိသော စီးပွားရေးလုပ်ငန်းများအကြောင်း ဆွေးနွေးနေကြခြင်းတို့ကြောင့် ယန်ရှီရှန်းသည် ငွေပုံပေါ်တွင် လူးလှိမ့်နေသကဲ့သို့ ထင်ရ၏။

ရှောင်ဝမ်က ယုံကြည်မှုရှိစွာ ကြွားလုံးထုတ်လိုက်၏။

“သူက သားထက် အသက်ပိုကြီးလို့ပါ၊ သား ကြီးလာရင် သူ့လိုမျိုးလုပ်နိုင်မှာပဲ”

“ဒါဆို ယွမ်ယွမ်ရဲ့အဖေ ဘာလို့ အဲဒီလောက်ငွေအများကြီး ရှာနိုင်လဲဆိုတာ သားသိလား” ချန်မေ့လန်က ထပ်မံမေးခွန်းထုတ်လိုက်သည်။

ရှောင်ဝမ်က အလေးအနက်ထား၍ ပြန်ဖြေလိုက်၏။

“သူက အရက်သောက်ပြီး ဆက်ဆံရေး တည်ဆောက်တတ်လို့လေ၊ သားလည်း အဲဒီလိုလုပ်နိုင်တာပဲ”

“အဲဒါက တခြားကျောက်မီးသွေးသူဌေးတွေက ပညာမသင်ခဲ့ရလို့၊ သူကတော့ ပညာသင်ခဲ့ရတယ်၊

သူက အရက်သောက်ပြီး ဆက်ဆံရေး တည်ဆောက်တတ်ရုံပဲလို့ မထင်နဲ့၊ သူက ဆရာဟွမ်ရဲ့ အတော်ဆုံးကျောင်းသား ဖြစ်ခဲ့ဖူးတာ”

ချန်မေ့လန်က ရှောင်၀မ်၏ မှားယွင်းနေသောအသိကို ပြင်ပေးလိုက်သည်။

အခြားကျောက်မီးသွေးသူဌေးများနှင့် နှိုင်းယှဉ်ပါက ယန်ရှီရှန်း၏ အားသာချက်မှာ ငယ်စဉ်က ပညာသင်ကြားခဲ့ရခြင်းပင်ဖြစ်သည်။

ဆရာဟွမ်၏ အလေးအနက်ထား သင်ကြားပြသမှုများကြောင့် သူသည် ပိုမိုကျယ်ပြန့်သော အမြင်များကို ပိုင်ဆိုင်ထားသည်။

“ဒါပေမယ့် အခု သူ စာမှမလုပ်တာ၊ နေ့တိုင်း အရက်မူးနေတာ မဟုတ်ဘူးလား”

ရှောင်ဝမ်က ပြန်လည် ချေပလိုက်သည်။

ချန်မေ့လန်က အနည်းငယ် လိမ်ညာပြောဆိုလိုက်ရ၏။

“သူက နေ့ဘက်မှာ စာမဖတ်တာပါ၊ ညဘက် အိမ်ပြန်ရောက်ရင် နေ့တိုင်း စာဖတ်သေးတယ်၊ သား မေမေ့ကို ‘မေမေ’ လို့ ခေါ်ချင်ရင် အရင်ဆုံး ပညာသင်ရမယ်၊ ငွေရှာဖို့ မစဉ်းစားနဲ့ဦး”

ရှောင်ဝမ်က မလိုလားဟန်ဖြင့် ညည်းတွားလိုက်သည်။

“ဟုတ်ကဲ့ပါ မေမေ”

သူသည် ချန်မေ့လန်၏အရှေ့တွင် လိမ္မာသော်လည်း ယွမ်ယွမ်နှင့် ရှောင်လန်တို့ကို မြင်သည်နှင့် တစ်ပြိုင်နက် အစ်ကိုကြီးအဖြစ် ပြန်လည် ပြောင်းလဲသွားကာ ယွမ်ယွမ်၏ဆံပင်ကျစ်ဆံမြီးကို ဆွဲရန်သာ အတင်းလုပ်နေတော့၏။

ယွမ်ယွမ်မှာမူ အမဲသားလုံး တစ်လုံးကို အသည်းအသန် စားနေရသည်။

အဘယ်ကြောင့်ဆိုသော် သူမ စားပြီးသွားပါက မိခင်ဖြစ်သူက သူမကို နမ်းမည်ဖြစ်သောကြောင့်ဖြစ်သည်။

အစ်ကိုဖြစ်သူက သူမ၏ဆံပင်ကို ဆွဲလိုက်သောအခါ သူမ ဆက်မစားချင်တော့ဘဲ ရှောင်ဝမ်ကို ကျွေးလိုက်တော့၏။

“အစ်ကိုကြီး၊ သမီး အစ်ကိုကြီးကို တကယ်မုန်းတာပဲ”

သို့သော် ရှောင်ဝမ်က ဂရုမစိုက်ချေ။ သူသည် အမဲသားလုံးလေးများ စားရသည်ကို နှစ်သက်သလို ယွမ်ယွမ်ကိုလည်း ခင်မင်သည်။

ယန်ကျောက် ပြန်ရောက်လာသောအခါ မာပေါ်က သူ့အတွက်လည်း အမဲသားလုံးများ အပိုထည့်ကာ ဟင်းချိုတစ်ပွဲ အလျင်အမြန် မှာပေးလိုက်သည်။

ထို့နောက် ယန်ကျောက်ကို ကြည့်ကာ ပြုံးစိစိဖြင့် ဖြစ်နေလေသည်။

ယန်ကျောက်က အမိန့်ပေးလိုက်၏။

“ကျိုးရွှယ်ချင်းရဲ့အိတ်ပေါ်မှာ တွေ့ရတဲ့လက်ဗွေရာတွေကို စခန်းကိုပြန်ယူသွား၊ သူ့ကို ဓားပြတိုက်သွားတဲ့သူတွေမှာ ပြစ်မှုမှတ်တမ်း ရှိမရှိ စစ်ဆေးကြည့်၊

ရှိရင် သူတို့ကို ဖမ်း၊ မရှိရင် အမှုဖွင့်ထားလိုက်၊ ဒီအမှုကို သေချာစုံစမ်းစစ်ဆေးရမယ်”

မာပေါ်က အလေးပြုကာ ထွက်ခွာသွားလေသည်။

ကလေးများ ရှိနေသဖြင့် ဤကိစ္စများကို ဆွေးနွေး၍မရသောကြောင့် ချန်မေ့လန်လည်း ဘာမျှမမေးမြန်းတော့ချေ။

သို့သော် ယန်ကျောက် ထွက်သွားရန်ပြင်လိုက်စဉ် ချန်မေ့လန်က မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဒီည ရှင် စောစောပြန်လာမှာလား”

ကျိုးရွှယ်ချင်းနှင့် ပတ်သက်၍ အမှန်တကယ် ဘာတွေဖြစ်ပျက်နေသည်ကို သူမ သိချင်နေသည်။

ယန်ကျောက်က ရုတ်တရက် ပြန်မေးလိုက်၏။

“သေချာလို့လား”

ချန်မေ့လန်တစ်ယောက် မျက်နှာတစ်ပြင်လုံး ရဲတက်သွားတော့သည်။

ယန်ကျောက် နောက်ကျမှ ပြန်လာလေ့ရှိချိန်များတွင် သူသည် များသောအားဖြင့် သူမကို အနှောင့်အယှက်မပေးတတ်ချေ။

သို့သော် အကယ်၍ သူ စောစောပြန်လာပါက မည်သည့်အရာများ ဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။

သူမ လက်ထပ်ထားသော အမျိုးသားမှာ လက်ရှိတွင် အထက်သို့သာတက်လှမ်းနေပြီး အောက်သို့ကျဆင်းမည့်အရိပ်အယောင် နည်းနည်းမျှမရှိသော ဘဝလမ်းကြောင်းတစ်ခု ရှိနေသည်။

သို့သော် သူတို့ တစ်ခုတင်တည်း အတူအိပ်လာခဲ့သည်မှာ လေးလတိတိ ရှိသွားခဲ့ပြီဖြစ်ပြီး တစ်ကြိမ်တည်းပါဟု သူ အမြဲပြောလေ့ရှိသော်လည်း ကြာချိန်မှာ ပို၍ပို၍ ရှည်ကြာလာနေသည်။

ချန်မေ့လန်က ရှောင်ဝမ်ကိုပုတ်ကာ ပြောလိုက်၏။

“သွားကြစို့၊ မေမေတို့ အိမ်ပြန်မယ်”

ယနေ့မှစ၍ သူမသည် ဤကလေး၏မိခင်အဖြစ် တရားဝင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ယွမ်ယွမ်က ယန်ကျောက်အား သတိပေးလိုက်၏။

“ဟုတ်ကဲ့ပါ မေမေ၊ တာ့တာ ဖေဖေ၊ နေ့လယ်စာ စားဖို့နဲ့ ရေသောက်ဖို့မမေ့နဲ့နော်”

All Chapters