← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

🍄 Chapter 158

ရှောင်ဝမ်က သူ့ဖခင်ကို လှည့်ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ ကျိုးရွှယ်ချင်းမှာ သူ၏မိခင်အရင်းဖြစ်ရာ ကလေးငယ်သည် နောက်ထပ်မေးခွန်းများ မေးလိုသေးသော်လည်း သူ ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ယန်ကျောက်က ကြိုပြောလိုက်၏။

“နောက်ထပ်စကားတစ်ခွန်း ထပ်ပြောရင် ဒီည မြင်းစီးဟန် နောက်ထပ်ဆယ်မိနစ် ထပ်လုပ်ရမယ၊”

အိမ်အပြန်လမ်းတွင် ရှောင်ဝမ်က ရုတ်တရက် ချန်မေ့လန်ကို တိုးတိုးလေး မေးလိုက်သည်။

“မေမေ၊ သားရဲ့ အသားမည်းမည်းအဖေက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ မေမေ မထင်ဘူးလား”

ခဏအကြာတွင် သူက ထပ်ပြောလာပြန်၏။

“သူနဲ့ ယှဉ်လိုက်ရင် ယွမ်ယွမ်ရဲ့ အဖေက အများကြီးပိုကောင်းတယ်”

ယန်ရှီရှန်းသည် ဆံပင်များ အရှည်ထားကာ မကြာသေးမီက မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်လာသည်။

သူသည် အရောင်တောက်တောက် အဝတ်အစားများကို မဝတ်ဆင်တော့ဘဲ အဖြူရောင် ရှပ်အင်္ကျီနှင့် အနက်ရောင်ဝတ်စုံပြည့်ကို သားရေဖိနပ်ကြီးတစ်ရံနှင့် တွဲဖက်ဝတ်ဆင်လေ့ရှိ၏။

သူ ပြုံးလိုက်သောအခါ တီဗွီထဲမှ ဖေးရှန်အစစ်ထက်ပင် ဖေးရှန်နှင့် ပိုတူနေလေသည်။

ထို့အပြင် ချန်မေ့လန်က သူ့ကို ရွာထဲသို့ဝင်ခွင့်မပြုသဖြင့် ကလေးများ၏ချစ်ခင်မှုကို ယန်ကျောက်နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် သူသည် လမ်းပေါ်တွင် ကလေးများနှင့် မတော်တဆဆုံတွေ့ဟန်ဆောင်ကာ သကြားလုံးများ ပေးလေ့ရှိသည်။

ကလေးများက သူ့ကို တကယ်ပင် ပို၍သဘောကျကြသည်။

ချန်မေ့လန်က အလန့်တကြား အော်ဟစ်လိုက်၏။

“အဲဒီလိုတွေ မပြောရဘူးနော်”

ရှောင်ဝမ်က ချန်မေ့လန်နှင့် ငြင်းခုန်နေသည်။

“ဒါပေမယ့် အမှန်ပဲလေ၊ ယွမ်ယွမ်ရဲ့ အဖေက ချမ်းသာတယ်၊ ပြီးတော့ အမြဲတမ်းပြုံးနေတတ်တယ်၊ သား ကြီးလာရင် အဲဒီလိုလူမျိုးဖြစ်ချင်တယ်”

ချန်မေ့လန် တွေးလိုက်မိသည်မှာ….

‘တကယ်လို့ ယန်ကျောက်သာ ဒီစကားကို ကြားသွားရင် သူဒေါသထွက်လွန်းလို့ ပေါက်ကွဲသွားလောက်မလားဘဲ’

ပညာရေး… ဤကောင်စုတ်လေးသည် ပညာရေး လိုအပ်နေဆဲဖြစ်သည်။

ထိုနေ့မှစ၍ ယန်ရှီရှန်းက ရှောင်ဝမ်အား ထပ်မံဖျက်ဆီးမည်ကို ကာကွယ်ရန်အတွက် ချန်မေ့လန်သည် စည်းမျဉ်းတစ်ခု သတ်မှတ်လိုက်၏။

သူသည် ကလေးများကို ပေါ့ပေါ့ဆဆ တွေ့ဆုံခွင့်မရှိတော့ပေ။ မဟုတ်ပါက ရှီးရှန်းကုမ္ပဏီ၏ စက်ပစ္စည်းတပ်ဆင်ခများကို သူမ ပေးချေမည်မဟုတ်ချေ။

ယန်ရှီရှန်းသည် နောက်ဆုံးတွင် ငွေကြေးအတွက် လိမ္မာသွားပြီး ကလေးများကို လွယ်လွယ်ကူကူ အနှောင့်အယှက်မပေးရဲတော့ချေ။

ကျောက်မီးသွေးတွင်းလုံခြုံရေးထုတ်လုပ်မှုနှင့် ပတ်သက်၍ ချန်မေ့လန်သည် ရှန်ဟိုင်းကျောက်မီးသွေး စက်ပစ္စည်းကုမ္ပဏီတစ်ခုကို တာဝန်ယူဆောင်ရွက်ရန် အပ်နှံထားသည်။

၎င်းမှာ ယွမ်သိန်းပေါင်းများစွာ တန်ဖိုးရှိသော ကြီးမားသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

ယနေ့တွင် ကြားဖြတ်ငွေပေးချေရမည့်ရက်ဖြစ်ရာ တပ်ဆင်ရေးမန်နေဂျာ လျိုဟောင်က လာရောက်လည်ပတ်ခဲ့သည်။

သူသည် ချန်မေ့လန်အတွက် အသစ်စက်စက် ပေဂျာနှစ်လုံးသာမက ကလေးများအတွက်ပါ လက်ဆောင်များ ယူဆောင်လာခဲ့သည်။

ဤကဲ့သို့ အပြန်အလှန်လက်ဆောင်ပေးခြင်းမှာ စီးပွားရေးလောကတွင် သာမန်ကိစ္စတစ်ခု ဖြစ်သဖြင့် ချန်မေ့လန်က လက်ခံလိုက်သည်။

လျိုဟောက်က ငွေများကို ရေတွက်ပြီးနောက် ချန်မေ့လန်အား မေးမြန်းလိုက်သည်။

“စက်ဝိုင်းပုံ ကျောက်မီးသွေးဆေးကြောတဲ့လိုင်းလည်း ရှိသေးတယ်၊ အစ်မမေ့လန်၊ ယန်ရှီရှန်းကတော့ အဲဒါ လုံးဝမလိုအပ်ဘူးလို့ ပြောတယ်၊ အစ်မ အဲဒါကို တကယ်တပ်ဆင်ချင်တာ သေချာရဲ့လား”

ချန်မေ့လန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

“တပ်ဆင်ပါ၊ ကျွန်မတို့ သေချာပေါက်တပ်ဆင်ရမယ်”

အကယ်၍ ကျောက်မီးသွေးတွင်း တစ်ခုတွင် စက်ဝိုင်းပုံ ကျောက်မီးသွေးဆေးကြောခြင်းစနစ် မတပ်ဆင်ပါက ကျောက်မီးသွေးခြံတစ်ခုသည် ဧရိယာတစ်ခုလုံး၏မြေအောက်ရေကို ညစ်ညမ်းစေမည်ဖြစ်ပြီး ထိုနေရာကို မြုံသွားစေကာ ဒေသခံပြည်သူများမှာလည်း ထူးဆန်းသောရောဂါအမျိုးမျိုးကို ခံစားရမည်ဖြစ်သည်။

ထို့ကြောင့် ချန်မေ့လန်၏အမြင်တွင် ဤအရာမှာ မရှိမဖြစ်လိုအပ်ပြီး သေချာတပ်ဆင်ရမည်ဖြစ်သည်။

သို့သော် ကန်ထရိုက်တာတစ်ဦးဖြစ်သော လျိုဟောင်၏အမြင်တွင်မူ ချန်မေ့လန်သည် အနည်းငယ်မိုက်မဲနေသည်ဟု ထင်မြင်မိ၏။

ကျောက်မီးသွေးများကို တူးဖော်ပြီးနောက် သီအိုရီအရ ကျောက်မီးသွေးဆေးကြောသည့်လုပ်ငန်းစဉ်ကို ဖြတ်သန်းသင့်သည်။

မဆေးကြောရသေးသော ကျောက်မီးသွေးသည် လောင်ကျွမ်းမှုနှုန်း ၆၀ ရာခိုင်နှုန်းခန့်သာရှိပြီး သယ်ယူပို့ဆောင်စဉ်အတွင်း အလိုအလျောက်မီးလောင်ကျွမ်းရန် လွယ်ကူသည်။

ဆေးကြောပြီးသော ကျောက်မီးသွေးမှာမူ သယ်ယူပို့ဆောင်စဉ်အတွင်း တည်ငြိမ်ပြီး လောင်ကျွမ်းမှုနှုန်း ၉၀ ရာခိုင်နှုန်းအထိ ရှိသည်။

မူလက ကျောက်မီးသွေးအားလုံးကို သယ်ယူပို့ဆောင်ခြင်းမပြုမီ ဆေးကြောသင့်သည်။

သို့သော် လက်ရှိ ကျောက်မီးသွေးလိုအပ်ချက်မှာ အလွန်မြင့်မားနေသဖြင့် လူအများသည် ရရှိနိုင်သမျှသော ကျောက်မီးသွေးများကို အလုအယက် ရယူနေကြရာ ကျောက်မီးသွေးသူဌေးများသည် ဆေးကြောသည့်လုပ်ငန်းစဉ်ကို ကျော်သွားကြလေ၏။

အခြားကျောက်မီးသွေးသူဌေးများသည် တောင်ပိုင်းသို့သွားရန် ထရပ်ကားယာဉ်တန်းများကို စုစည်းနေကြပြီဖြစ်သော်လည်း ချန်မေ့လန်မှာမူ ကျောက်မီးသွေးဆေးကြောသည့်လိုင်းကို တပ်ဆင်ရန်အတွက်နှင့် လပေါင်းများစွာ နှောင့်နှေးနေဆဲဖြစ်၏။

ယန်ရှီရှန်းသည် ဒေါသတကြီး ဆဲဆိုနေပြီး ကျိုးရွှယ်ချင်း ဓားထိုးခံရကြောင်း ကြားသိရပြီးနောက်တွင်မူ သူ့ဗိုက်ကို ဖိကိုင်ကာ သက်ပြင်းချရင်း… “ငါ အသေ ဖြောင့်သွားအောင် တစ်ယောက်ယောက် ငါ့ကို တစ်ချက်လောက် လာထိုးကြပါလား” ဟု ညည်းတွားခဲ့သည်။

အကျိုးအမြတ်ရရှိမည့်ဘက်တွင် ရှိနေသော လျိုဟောင်ပင်လျှင် ချန်မေ့လန် ဤအတိုင်းဆက်သွားပါက ရှီးရှန်းကုမ္ပဏီသည် နောက်ဆုံးတွင် ဒေဝါလီခံရမည်သာဖြစ်သည်ဟု မတွေးဘဲမနေနိုင်အောင် ဖြစ်ရလေသည်။

ချန်မေ့လန်မှာမူ သူမ၏အသစ်စက်စက် ပေဂျာနှစ်လုံးကြောင့် အလွန်ဝမ်းသာပျော်ရွှင်နေသည်။

ယခင်ဘဝက ဤအချိန်တွင် သူမသည် ပေဂျာကိုင်ဆောင်နိုင်သူများကို အားကျနေခဲ့ရ၏။

တစ်ခါက သူမ ပေဂျာတစ်လုံး လိုချင်ကြောင်း ပြောသောအခါ လုကျင်းယွီက အူတက်မတတ် ရယ်မောရင်း “မိန်းမတစ်ယောက်က ပေဂျာ ကိုင်မယ် ဟုတ်လား၊

မေ့လန်၊ ယောကျ်ားတွေ မိန်းမတွေဆီမှာ အမုန်းဆုံးအရာက ဘာလဲဆိုတာ မင်းသိလား၊ အဲဒါက ပေဂျာကိုင်တဲ့ မိန်းမတွေပဲ၊ လူရမ်းကားတွေနဲ့ တူလို့” ဟု ပြောဆိုခဲ့သည်။

ဤဘဝတွင်မူ သူမသည် လူရမ်းကားတစ်ယောက်လုပ်ကာ ပေဂျာကိုင်ဆောင်တော့မည်ဖြစ်သည်။

ကလေးများ ကျောင်းတွင်ရှိနေသေးချိန်၌ သူမသည် ပေဂျာ နံပါတ်များကို ကတ်ပြားငယ်လေးများပေါ်တွင် အရင်ဆုံး ရေးမှတ်လိုက်သည်။

ထို့နောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကာ ယန်ပင်း၊ ချန်တကုန်းနှင့် ချင်ချွမ်းအုပ်စုအင်ဂျင်နီယာဌာနမှ လူများထံသို့ နံပါတ်များကို ဝေငှပေးခဲ့၏။

သူမသည် လုပ်ငန်းခွင်ရှိ ဘုံအိုးကြီးမှ နေ့လယ်စာကို အမြန်စားလိုက်ပြီး ညနေငါးနာရီအထိ နေခဲ့ကာ ရှောင်လန်ကို သွားကြိုခဲ့လေ၏။

အိမ်အပြန်လမ်းတွင် ရှောင်လန်က “ကုန်းရှမီး၊ ဖီတျန်အိုက်ရှန်နီ” ဟူသော စကားစုကို အကြိမ်ကြိမ် ရွတ်ဆိုနေလေသည်။

ချန်မေ့လန်သည် ထိုသံစဉ်ကို ရင်းနှီးနေသော်လည်း မည်သည့်သီချင်းဖြစ်ကြောင်းကိုမူ သေချာမမှတ်မိချေ။

ကလေးကိုမေးမြန်းရန် ပြင်လိုက်စဉ် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်တွင် လုကျင်းယွီ၏ဖက်တွယ်ထားမှုကို ခံရရင်း ထိုင်နေသော ကျိုးရွှယ်ချင်းအား သူမ မြင်တွေ့လိုက်ရသည်။

သူမသည် လက်နှစ်ဖက်ဖြင့် ဗိုက်ကိုဖိထားကာ နာကျင်ပြီး ဝမ်းနည်းနေပုံရသည်။

လုကျင်းယွီသည် သူမကို ပြုံးဖြီးဖြီးဖြင့် ဖက်ထားကာ တစ်ခုခုပြောဆိုနေပြီး သူမကလည်း နားထောင်ရင်း ခေါင်းညိတ်ပြနေသည်။

ဆိုင်ကယ် လှုပ်ခါမှုနှင့်အတူ သူမ၏မျက်နှာပေါ်တွင် နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေလေ၏။

သုံးဘီးဆိုင်ကယ်က ချန်မေ့လန်ကို လျှပ်တစ်ပြက်ဖြတ်ကျော်သွားရာ ဆိုင်ကယ်အင်ဂျင်သံထက်ပင် ပိုမိုကျယ်လောင်စွာကြားနေရသော ကျိုးရွှယ်ချင်း၏ နာကျင်စွာညည်းတွားသံများက သူမ မည်မျှနာကျင်နေကြောင်းကို ဖော်ပြနေလေသည်။

ထို့အပြင် သူတို့ ငွေအမြောက်အမြား ရှာနိုင်ခဲ့သည်မဟုတ်ပါလော။

လုကျင်းယွီသည် ကျိုးရွှယ်ချင်းအတွက် ကားတစ်စီးပင် ငှားမပေးနိုင်ဘဲ သူမကို သုံးဘီးဆိုင်ကယ်ဖြင့်သာ အိမ်သို့ပြန်ခေါ်သွားသည်လော။

ယန်ကျောက်သည် ရက်အတော်ကြာသည်အထိ နံနက်စောစော အချိန်များတွင်မှ အိမ်ပြန်ရောက်လေ့ရှိသည်။

ယနေ့မှာ စနေနေ့ဖြစ်ရာ သူ စောစောပြန်ရောက်လာ၏။

ချန်မေ့လန် အိမ်ထဲသို့ ဝင်ဝင်ချင်း လျှပ်စစ်လွန်ပူဖောက်သံကို ကြားလိုက်ရသည်။ ခေါင်မိုးစွန်းအောက်တွင် လေအေးပေးစက်ကြီးနှစ်လုံး ရှိနေ၏။

All Chapters