← Chapters

အခန်း ၂၄၃

Vol. 24 Ch. 243

အခန်း ၂၄၃

Vol. 24 Ch. 243

Chapter 243

~

အခန်း ၂၄၃ : လျှိုကွမ်ချီ လက်ထပ်မည့်ကိစ္စနှင့် လျှိုဟိုင်ကျုံး ရောက်လာခြင်း ....

~

​နေ့လယ်ပိုင်းတွင် ရွှီတာမော့က လိုရှောင်အဲကို အိမ်သို့ ပြန်လိုက်ပို့ ပေးသည် ။

​ရွှီတာမော့နှင့် လိုရှောင်အဲတို့၏ ကိစ္စကို ယန်ကျီဝမ် သိပ်ဂရုမစိုက်ပေ ။

​လိုရှောင်အဲသည် ဇာတ်လမ်းမူရင်းထဲကအတိုင်း ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရနိုင်သေးသော်လည်း လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာ ရှိကြသည်ဖြစ်၍ သူ ဝင်မစွက်ဖက်သင့်ပေ ။ သူ၏ ကိုယ်ပိုင်ဘဝကို ဖြတ်သန်းနေရုံဖြင့် လုံလောက်ပေပြီ ။

​ထို့အပြင် သူနှင့် ရွှီတာမော့က အဆင်ပြေကြသည် .။ ရွှီတာမော့၏ စရိုက်က မည်သို့ပင်ရှိစေကာမူ အနည်းဆုံးတော့ သူ့အပေါ် ကောင်းမွန်ပေသည် ။

​ထို့ကြောင့် သူတို့ကို တားဆီးရန် သူ့တွင် အကြောင်းပြချက် မရှိချေ ။

​ထိုချိန်းတွေ့သည့်နေ့မှစ၍ လိုရှောင်အဲသည် ခြံဝန်းထဲသို့ ရံဖန်ရံခါ လာလည်တတ်သည် ။

​ထိုအချိန်အတောအတွင်း ယွီလီသည်ပင် လိုရှောင်အဲနှင့် သူငယ်ချင်းများ ဖြစ်သွား၏ ။

​ဤသည်က ယန်ကျီဝမ်ကို အနည်းငယ် ရှုပ်ထွေးသွားစေသည် ။

​အရင်က သူ့ကို လိုရှောင်အဲနှင့် ပတ်သက်ပြီး သဝန်တိုကာ စိတ်ပူနေခဲ့သော်လည်း ယခုတော့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေ ဖြစ်နေကြ၏ ။

​မိန်းမတစ်ယောက်၏ စိတ်ကို ခန့်မှန်းရန် ကြိုးစားလျှင် ရူးသွားနိုင်သည် ။

​သို့သော်လည်း ဆိုးကျိုးတော့ မရှိချေ ။ အစကတည်းက ခြံဝန်းထဲတွင် ယွီလီအတွက် ပေါင်းစရာ သူငယ်ချင်း မရှိပေ ။

​ခြံဝန်းထဲရှိ အိမ်နီးချင်းများနှင့် မပတ်သက်သည်က ပိုကောင်းသည် ။

​ယခုတော့ သူမက လိုရှောင်အဲနှင့် အဆင်ပြေနေပြီဖြစ်၍ သူမ သဘောအတိုင်းသာ ထားလိုက်တော့သည် ။

​နှစ်ကုန်ပိုင်းသို့ နီးကပ်လာသည်နှင့်အမျှ ခြံဝန်းထဲတွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားလာခဲ့သည် ။

​ထိုသည်က လျှိုကွမ်ချီ အိမ်ထောင်ကျမည့် ကိစ္စပင် ။

​သူက ခေါင်းဆောင်တစ်ဦး၏ သမီးနှင့် လက်ထပ်မည်ဖြစ်၍ လျှိုဟိုင်ကျုံးက မျက်နှာက အပြုံးပန်း ဝေနေ၏ ။ သူက အမြဲတမ်း ဂုဏ်သိက္ခါကို အလေးထားတက်ပြီး လျှိုကွမ်ချီကိုလည်း အချစ်ဆုံးဖြစ်သည် ။

​ထို့ကြောင့် သူက စားသောက်ပွဲကြီးတစ်ခု ကျင်းပကာ ခြံဝန်းထဲရှိ လူအားလုံးကို ဖိတ်ကြားရန် စီစဉ်ထားလေသည် ။

​ညစာစားနေစဉ် ယန်မိသားစုက ဤကိစ္စကို ဆွေးနွေးနေကြသည် ။

​ယန်ဖူကွေ့က ခေါင်းခါ၍ သက်ပြင်းချကာ..

​" ဒီ လောင်လျှိုက မျက်နှာကို တော်တော် ဂရုစိုက်တာပဲ.. အိမ်တိုင်း အခက်အခဲ ဖြစ်နေကြတဲ့ ဒီလိုအချိန်မှာ သူက ခြံဝန်းထဲက လူအားလုံးကို ဖိတ်ပြီး စားသောက်ပွဲ လုပ်ဦးမလို့တဲ့.. အဲ့ဒါဆို ပိုက်ဆံ ဘယ်လောက်တောင် ကုန်လိုက်မလဲ .. "

​ရန်ရွေ့ဟွားက ...

​" ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား.. လျှိုဟိုင်ကျုံးက မျက်နှာကို အရေးအကြီးဆုံး ထားတာလေ.. သူ့ရဲ့ သားအကြီးဆုံးက ခေါင်းဆောင်တစ်ယောက်ရဲ့ သမီးနဲ့ လက်ထပ်တာကို စားသောက်ပွဲ မလုပ်ရင်သာ ထူးဆန်းနေမှာ .. "

​ယန်ကျီဝမ်က ယွီလီကို လှမ်းကြည့်လိုက်သည် ။ သူမ၏ မျက်လုံးများထဲတွင် အားကျသည့် အရိပ်အယောင် အနည်းငယ်ကို မြင်လိုက်ရ၏ ။

​သူက ပြုံး၍ သူမကို နှစ်သိမ့်လိုက်သည် ။

​" လီလီ.. မင်း အားကျနေစရာ မလိုပါဘူး.. ခက်ခဲတဲ့ အချိန်တွေ ကုန်လွန်သွားရင် ကိုယ်လည်း မင်းအတွက် စားသောက်ပွဲကြီးတစ်ခု လုပ်ပေးပါ့မယ် .. "

​ယွီလီ အံ့သြသွားပြီး အလွန် ကြည်နူးသွားမိသည် ။

​သို့သော်လည်း သူမက ခေါင်းခါ၍..

​" မလိုပါဘူး.. ပိုက်ဆံတွေကို ဘာလို့ အကုန်ခံမှာလဲ.. ခုလို ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေရတာက ကျွန်မ မျှောင်လင့်ထားတာထက်တောင် ပိုကောင်းနေသေးတယ် .. "

​" ရပါတယ်..ကိုယ် မိသားစုမှာ ဒီလောက် ပိုက်ဆံလေးက ဘာမှ မဖြစ်ပါဘူး .. "

​" အဲ့ဒီအချိန်ကျမှပဲ အခြေအနေ ကြည့်ကြတာပေါ့ .. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ ။

​၁၉၆၂ ခုနှစ်ရောက်လျှင် အစာခေါင်းပါးမှုက အခြေခံအားဖြင့် ပြီးဆုံးသွားမည် ဖြစ်သည် ။

​ထိုအချိန်ကျမှ စားသောက်ပွဲ လုပ်ရန် သူ အခွင့်အရေး ရှာလိုက်မည် ။

​ယန်ဖူကွေ့က ဆက်၍..

​" ဒါပေမဲ့ ခြံဝန်းထဲက လူအားလုံးကို ဧည့်ခံဖို့ဆိုတာ ပစ္စည်းတွေ အများကြီး ကုန်မှာပဲ.. ငါ ခန့်မှန်းရသလောက်တော့ လောင်လျှို ဒီတစ်ခါတော့ တော်တော် သွေးထွက်မှာ သေချာတယ် .. "

​ယန်ကျီဝမ်က ရယ်လိုက်ပြီး..

​" ဟားဟား ..အဖေက ဘာလို့ အဲ့ဒါကို စိတ်ပူနေရတာလဲ.. ဒုတိယဦးလေးက သဘောကျနေတာပဲ မဟုတ်လား .. "

​သူ မှတ်မိတာ မမှားလျှင် ဤအချိန်တွင် လျှိုကွမ်ချီက အနောက်မြောက်ဒေသ ဖွံ့ဖြိုးရေး တည်ဆောက်မှုတွင် ပါဝင်ကူညီရန် စာရင်းပေးသွင်းထားပြီး ဖြစ်ရမည် ။

​စားသောက်ပွဲ ပြီးသည်နှင့် တစ်ပြိုင်နက် သူ ထွက်ခွာသွားပေတော့မည် ။

​သို့သော်လည်း အရင်က ပြောခဲ့သည့်အတိုင်းပင် ဤအရာများက သူနှင့် မသက်ဆိုင်ချေ ။ သူသည် သူ၏ ကိုယ်ပိုင်ဘဝကိုသာ ဖြတ်သန်းရန် လိုအပ်သည် ။

​" အဲ့ဒါလည်း ဟုတ်တာပါပဲ.. ဒါပေမဲ့ ငါ စိတ်ပူနေတာက အဲ့ဒီကိစ္စ မဟုတ်ဘူး .. "

​ယန်ဖူကွေ့က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်၍ ခေါင်းခါကာ..

​" သူ တံခါးလာခေါက်မှာကို ငါ စိတ်ပူနေတာ .. "

​ယန်ကျီဖန့်က နားမလည်ဟန်ဖြင့် ...

​" အဖေ.. သူ့သား အိမ်ထောင်ကျတာကို သူက ဘာလို့ ကျွန်တော်တို့ဆီ လာမှာလဲ .. "

​" အရူး.. မင်း အလုပ်လုပ်နေတာ လအတော်ကြာနေပြီကို ဘာတိုးတက်မှုမှလည်း မရှိသေးဘူး .. "

​ယန်ဖူကွေ့က သူ့ကို ဆူပူလိုက်ပြီးနောက် ....

​" မင်းရဲ့ အစ်ကို နှစ် ဘာလုပ်နေလဲဆိုတာ မင်း မေ့သွားပြီလား .. "

​" ဝယ်ယူရေးလေ .. "

​ယန်ကျီဖန့်က ခဏရပ်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားကာ..

​" အဖေ.. အဖေ ဆိုလိုတာက ဒုတိယဦးလေးက အစ်ကို့ဆီကနေ ထောက်ပံ့ရေး ပစ္စည်းတွေ ဝယ်ယူဖို့ အကူအညီ လာတောင်းမယ်လို့ ပြောတာလား .. "

​" ဒါမှမဟုတ်ရင် ဘာဖြစ်ရမှာလဲ .. "

​ယန်ဖူကွေ့က စိတ်မရှည်စွာဖြင့်..

​" တခြား ပစ္စည်းတွေက ရပါတယ်.. ဒါပေမဲ့ အသားနဲ့ ပတ်သက်လာရင်တော့ လောင်လျှိုမှာ အဲ့ဒီလောက် အစွမ်းအစ မရှိဘူး.. ခြံဝန်းတစ်ခုလုံးမှာ မင်းရဲ့ အစ်ကိုပဲ အဲ့ဒီ အရည်အချင်း ရှိတာ .. "

​" ဪ.. သိပြီ .. "

​ယန်ကျီဖန့်က ချက်ချင်း နားလည်သွားပြီး....

​" ဒါပေမဲ့ အဖေ.. အဖေ ပြောတာ တစ်ခု မှားနေတယ် .. "

​" ဘာကိုလဲ .. "

​ယန်ဖူကွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည် ။

​ယန်ကျီဖန့်က ဂုဏ်ယူစွာဖြင့်..

​" ကျွန်တော် တိုးတက်မှု မရှိဘူးဆိုတဲ့ ကိစ္စလေ.. ကျွန်တော့် ဆရာက ပြောတယ်.. ကျွန်တော့်မှာ ပထမအဆင့် အလုပ်သမား တစ်ယောက်ရဲ့ ကျွမ်းကျင်မှု အဆင့် ရှိနေပြီတဲ့.. ကျွန်တော် စက်ရုံမှာ အလုပ်ဝင်တာ သက်တမ်း မကြာသေးလို့ အရည်အချင်းစစ် စာမေးပွဲ ဖြေဖို့ အခွင့်အရေး မရသေးတာပါတဲ့ .. "

​ယန်ဖူကွေ့က အထင်သေးသည့် လေသံဖြင့်..

​" မင်း အောင်သွားရင်တောင် ပထမအဆင့် အလုပ်သမားပဲ ဖြစ်မှာလေ.. ဘာတွေများ ဂုဏ်ယူစရာ ရှိလို့လဲ.. ဟိုးအရင်တုန်းက မင်းက အဆင့် ၈ အလုပ်သမား ဖြစ်ချင်တယ်လို့ ပြောခဲ့တာလေ .. "

​ထိုစကားကို ကြားသောအခါ ယန်ကျီဖန့်၏ မျက်နှာက ချက်ချင်းပင် နီရဲသွားတော့သည် ။

​ဟိုးအရင် သူ ကြွားဝါခဲ့စဉ်က ဖစ်တာအလုပ်သည် ဤမျှလောက် ခက်ခဲမည်ဟု သူ မည်သို့ သိနိုင်မည်နည်း ။

​တကယ်တမ်း ကိုယ်တိုင် ကြုံတွေ့ရမှသာ သူ နားလည်သွားခဲ့သည် ။

​ယန်ကျီဝမ် အဆင့် ၄ အလုပ်သမား စာမေးပွဲကို လဝက်နှင့် အောင်မြင်သွားသည်ကို မြင်သောအခါ လွယ်ကူလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့မိသည် ။

​သို့သော် သူ့ကိုယ်သူ အထင်ကြီးလွန်း မိသွား၏ ။

​ယန်ကျီဝမ်က ရယ်လိုက်ပြီး..

​" အဖေ.. တတိယညီလေးကို စိတ်ဓာတ်ကျအောင် မပြောပါနဲ့.. သူ အခု တော်တော် ကြိုးစားနေတာပါ .. "

​" အဲ့ဒါပြောတာ .. "

​ယန်ကျီဝမ်က သူ့ဘက်မှ ကူပြောပေးသည်ကို မြင်သောအခါ ယန်ကျီဖန့်က ယုံကြည်မှု ပြန်ရလာသည် ။ သူက ယန်ကျီဝမ်ကို တောင်းဆိုလိုက်၏ ။

​" အစ်ကိုနှစ်.. နောက်လမှာ ကျွန်တော် စာမေးပွဲ ဖြေလို့ရအောင် ခေါင်းဆောင်ကို ပြောပေးနိုင်မလား.. ကျွန်တော် အောင်ရမယ်လို့ ယုံကြည်မှု အပြည့် ရှိတယ် .. "

​ရန်ရွေ့ဟွားက ဝင်ဆူလိုက်သည် ။

​" ဘာတွေ လျှောက်ပြောနေတာလဲ.. နင့် အစ်ကိုက အဲ့လောက်အထိ အစွမ်းထက်တယ် ထင်နေလား.. ပြီးတော့ ခေါင်းဆောင်ကို အကူအညီ တောင်းရတာ အလကား ရမယ်လို့ ထင်နေတာလား.. နင့်အလုပ်ကိုသာ နင် ရိုးရိုးသားသား လုပ်စမ်းပါ .. "

​ယန်ဖူကွေ့ကလည်း အပြစ်တင်လိုက်သည် ။

​" မင်းအမေ ပြောတာ မှန်တယ်.. မင်းရဲ့ အစ်ကိုက မင်းအတွက် အလုပ်စီစဉ်ပေးတာတင် တော်တော် ကောင်းနေပြီ.. မင်းရဲ့ အစ်ကိုကို ပြဿနာ သွားမရှာစမ်းနဲ့ .. "

​" ဟုတ် .. "

​ယန်ကျီဖန့် အနည်းငယ် စိတ်ပျက်သွားသည် ။

​ယန်ကျီဝမ်က ရယ်လိုက်ပြီး..

​" ရပါတယ်.. အခုက အခြေအနေ အထူးကာလဆိုတော့ ၃ နှစ် စောင့်နေဖို့ မလိုပါဘူး.. နောက်ရက်ကျရင် ခေါင်းဆောင်နဲ့ သွားပြောကြည့်ပေးမယ် .. "

​" ကျေးဇူးတင်ပါတယ် အစ်ကိုနှစ် .. "

​ယန်ကျီဖန့်၏ မျက်လုံးများ တောက်ပသွားပြီး အမြန် ကျေးဇူးတင်လိုက်သည် ။

​ယန်ဖူကွေ့က လေးနက်စွာဖြင့်..

​" ဒုတိယသား.. ဒါ အခက်အခဲ မဖြစ်ဘူးလား.. တတိယသားကို ကူညီဖို့အတွက်နဲ့ မင်း မျက်နှာ အပျက်ခံလို့ မရဘူးနော် .. "

​" အခက်အခဲ မဖြစ်ပါဘူး.. စကားတစ်ခွန်း ပြောရုံလောက်ပါပဲ .. "

​ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။

​လွန်ခဲ့သည့် အချိန်အနည်းငယ်က လီဟွိုက်တဲ က သူ့ကို အရင်က ကျားရိုးအရက် လိုချင်ကြောင်း ပြောထားခဲ့သည် ။ အကယ်၍ သူသာ ကျားရိုးအရက် သွားပို့ပေးလိုက်လျှင် ပိုက်ဆံ အနည်းငယ် ရနိုင်မည့်အပြင် ယန်ကျီဖန့်၏ ကိစ္စကလည်း စကားတစ်ခွန်းသာ ဖြစ်သွားပေလိမ့်မည် ။

​လီဟွိုက်တဲ ငြင်းဆန်မည် မဟုတ်ပေ ။

​" အဲ့ဒါဆိုရင်လည်း ပြီးတာပါပဲ .. "

​ယန်ဖူကွေ့က ထပ်မပြောတော့ချေ ။

​" ယန်ကျီဝမ် အိမ်မှာ ရှိလား .. "

​ဤအချိန်မှာပင် တံခါးအပြင်ဘက်မှ လျှိုဟိုင်ကျုံး၏ အသံ ထွက်ပေါ်လာသည် ။

​ယန်ဖူကွေ့က ရယ်လိုက်ပြီး..

​"ဟဟ.. အသက်ရှည်ဦးမယ်.. ဒီအဘိုးကြီး တကယ်ကြီး ရောက်လာတာပဲ .. "

​သူက...

​" ဒုတိယသား.. ခဏနေကျရင် သူ့ကို သဘောမတူလိုက်နဲ့နော်.. ဒီအစဉ်အလာကို အစဖော်ပေးလိုက်လို့ မဖြစ်ဘူး .. "

​အကယ်၍ ယန်ကျီဝမ်သာ သဘောတူလိုက်ပြီး နောင်တစ်ချိန် အခြားလူများကပါ အကူအညီ လာတောင်းလျှင် ငြင်းရခက်ချေမည် ။

​ထို့ကြောင့် အစကတည်းက လက်မခံသည်က အကောင်းဆုံးပင် ။

​" နားလည်ပါပြီ .. "

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။

​သူ ကူညီရန် အစီအစဉ် မရှိချေ ။ ငွေအနည်းငယ် ရသည်နှင့် ဒုက္ခရောက်သည်နှင့် မတန် ။

​ထို့အပြင် လျှိုဟိုင်ကျုံး၏ စရိုက်နှင့်ဆိုလျှင် သူ၏ ဒုတိယဦးလေး ဆိုသည့် အဆင့်အတန်းကို အသုံးချကာ ဈေးနှိမ်ရန်ပင် ကြိုးစားလာနိုင်သေးသည် ။

​လျှိုဟိုင်ကျုံးက တစ်ချက် လှမ်းခေါ်လိုက်ပြီးနောက် သူ့ဟာသူ ဝင်လာသည် ။

​" ထမင်းစားနေကြတာလား .. "

​ယန်ဖူကွေ့က ယဉ်ကျေးစွာဖြင့်..

​" သြော် လောင်လျှို ပါလား.. ကျုပ်တို့နဲ့အတူ ဝင်စားသွားလေ .. "

​" မစားတော့ပါဘူး ဗျာ.. "

​လျှိုဟိုင်ကျုံးက လက်ကာပြလိုက်ပြီး ယန်ကျီဝမ်ကို ကြည့်ကာ ....

​" ယန်ကျီဝမ်.. မင်းရဲ့ ကွမ်ချီလေး အိမ်ထောင်ကျမယ့်ရက်က နောက်နှစ်ရက်နေရင် ရောက်တော့မယ်.. ငါ ဒီလာခဲ့တာက မင်းကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ .. "

​ယန်ကျီဝမ်က သိလျက်နှင့်ပင် မေးလိုက်သည် ။

​" ဒုတိယဦးလေး.. ဘာအကူအညီများလဲ ခင်ဗျ.. ကျွန်တော်တို့ အားလုံးက ခြံဝန်းတစ်ခုတည်းက အိမ်နီးချင်းတွေပဲလေ.. ကျွန်တော် ကူညီနိုင်မယ်ဆိုရင် သေချာပေါက် ကူညီပေးမှာပါ .. "

​လျှိုဟိုင်ကျုံးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ...

​" ဦးလေးက ခြံဝန်းထဲက လူအားလုံးအတွက် စားသောက်ပွဲတစ်ခု ကျင်းပပေးဖို့ စီစဉ်ထားတယ်လေ.. ဒါက ပစ္စည်းတွေ အများကြီး လိုအပ်တယ်.. တခြားဟာတွေက ပြဿနာမရှိပေမယ့် အသားလိုမျိုး ပစ္စည်းတွေက အခုချိန်မှာ ရဖို့ တော်တော် ခက်ခဲတယ်ဆိုတာ မင်းလည်း သိတာပဲလေ.. အဲ့ဒါကြောင့် မင်းက အဝယ်တော်တစ်ယောက် ဖြစ်နေတော့ ဦးလေးက မင်းကို သတိရပြီး အကူအညီ လာတောင်းရတာပါပဲ .. "

All Chapters