အခန်း ၂၄၅
Vol. 24 Ch. 245
Chapter 245
~
အခန်း ၂၄၅ : ရည်ရွယ်ချက် တူသူများ
~
စားသောက်ပွဲက နေ့လယ်ပိုင်းအထိ ကြာမြင့်ခဲ့ပြီးနောက် ဧည့်သည်များ တဖြည်းဖြည်း ပြန်သွားကြသည် ။
စားကြွင်းစားကျန်များကို ဝိုင်းဝန်း ရှင်းလင်းပေးပြီးနောက် လူတိုင်း ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့ကြသည် ။
ယန်ကျီဝမ်က အိမ်သို့ စော၍ ပြန်သွား၏ ။
ရန်ရွေ့ဟွားက ပန်းကန်များ ကူဆေးပေးရသဖြင့် အနည်းငယ် နောက်ကျမှ ပြန်ရောက်လာသည် ။
သူမ အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ညည်းတွားလိုက်သည် ။
" နစ်နာလိုက်တာ.. ဟင်းကျန် တစ်ပွဲလေးတောင် မရှိဘူး.. ညစာ ချက်စရာ မလိုတော့ဘူးလို့ မျှော်လင့်ထားတာ .. "
ယန်ဖူကွေ့က ယန်ကျီဝမ်နှင့်အတူ ရေနွေးကြမ်းသောက်နေ၏ ။
ထိုစကားကို ကြားသောအခါ သူက ရယ်လိုက်ပြီး..
"ဟားဟားဟား... မိန်းမရယ်.. မင်းက တွေးလွန်းနေပါပြီ.. အခုက ဘယ်လို အချိန်တွေလဲ.. လူတိုင်း ဝဝလင်လင် စားရဖို့ဆိုတာ ရှားရှားပါးပါး ကိစ္စလေ.. ဘယ်လိုလုပ် အကျန်အကြွင်း ရှိနိုင်မှာလဲ.. စားလောက်ရုံ ရှိရင်ပဲ တော်လှပြီ .. "
ယန်ကျီဝမ်က ရေနွေးတစ်ငုံသောက်ကာ ပြုံးလိုက်ပြီး ..
" အမေ.. ကျွန်တော်တို့ အိမ်မှာ စားစရာ မရှားပါဘူး.. အဲ့ဒီလောက်ကြီးလည်း မျှော်လင့် မနေပါနဲ့... "
" ဟုတ်တယ်.. အိမ်မှာ ငါးတစ်ကောင် ကျန်နေသေးတယ်လေ.. ညစာအတွက် အဲ့ဒါ ချက်လိုက်တာပေါ့ .. "
ယန်ဖူကွေ့က ဝင်ပြောလိုက်သည် ။
" စားမယ်.. စားမယ်.. စားမယ်.. ရှင်တို့က စားဖို့ပဲ သိတာ.. ငါးချက်ရင် ဆီကုန်တယ်ဆိုတာ မသိဘူးလား.. ဟွန့် .. "
သူမက ညည်းညူနေသော်လည်း ကိုယ်တိုင်မူ ငါးချက်ရန် အသာတကြည်ပင် သွားပြင်ဆင်လေသည် ။
သားအဖနှစ်ယောက် အချင်းချင်း ကြည့်ကာ ရယ်မောလိုက်ကြ၏ ။
ထိုည ညစာစားပြီးနောက် ယန်ကျီဝမ်က ရှီတိုးကို ချီ၍ သူ၏ ဇနီး ယွီလီနှင့်အတူ အနောက်ခန်းသို့ ပြန်ရောက်ရောက်ချင်းပင် ရွှီတာမော့က သူ့ကို လာရှာသည် ။
သူက ယန်ကျီဝမ်အား လျှို့ဝှက်စွာဖြင့်..
" ကျီဝမ်.. ခဏလောက် အပြင်ထွက်ခဲ့ဦး .. "
" ဒီမှာ မပြောနိုင်စရာ ဘာရှိလို့လဲ .. "
ရွှီတာမော့က အပြင်ထွက်ပြောရန် အတင်းခေါ်နေသည်ကို မြင်သောအခါ ယန်ကျီဝမ်က ရှီတိုးကို ယွီလီ့လက်ထဲသို့ လွှဲပေးကာ အပြင်သို့ ထွက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ ။
ရွှီတာမော့က ယန်ကျီဝမ်ကို အိမ်ထောင့်ချိုးသို့ ဆွဲခေါ်သွားပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ညီလေး.. ခဏနေကျရင် ပွဲသွားကြည့်မလား .. "
" ဘာပွဲလဲ .. "
ယန်ကျီဝမ် အနည်းငယ် ရှုပ်ထွေးသွားသည် ။
ရွှီတာမော့က ရယ်လိုက်ပြီး..
" ဒီနေ့ လျှိုကွမ်ချီတို့ မင်္ဂလာဆောင်တယ်လေ.. ငါ သူတို့ကို သွားချောင်းနားထောင်မလို့ .. "
ဤသို့သော ကိစ္စမျိုးက ရိုးရိုးလေးပင် ။
ဟိုးအရင် ကျားဒုံရွှီ အိမ်ထောင်ကျစဉ်ကလည်း သူနှင့် ရှာကျူးအပါအဝင် လူငယ်တစ်စု သွား၍ ချောင်းနားထောင်ခဲ့ကြသည် ။
မနှစ်က ယန်ကျီဝမ် အိမ်ထောင်ကျစဉ်ကလည်း ရှာကျူးနှင့် လျှိုကွမ်ချီတို့ လာရောက် နားထောင်ခဲ့ကြသေးသည် ။
သို့သော်လည်း ယန်ကျီဝမ်က ဤကိစ္စကို သိပ်ပြီး စိတ်မဝင်စားလှပေ ။
သူက ခေါင်းခါ၍...
" ထားလိုက်ပါတော့.. ကျုပ် သိပ်စိတ်မဝင်စားဘူး .. "
ထိုသို့ပြောပြီးနောက် သူ ပြန်လှည့်ရန် ပြင်လိုက်သည် ။
" မလုပ်ပါနဲ့ .. "
ရွှီတာမော့က သူ့ကို ဆွဲထားလိုက်ပြီး ..
" မင်းနဲ့ ခယ်မလေးတို့ လက်ထပ်တုန်းကလည်း ရှာကျူးနဲ့ လျှိုကွမ်ချီ.. အဲ့နှစ်ကောင် ချောင်းနားထောင်ခဲ့ကြတယ်လို့ ကြားတယ် .. "
ထိုစကားကို ကြားသောအခါ ယန်ကျီဝမ် သတိရသွားသည် ။
ထိုကိစ္စအတွက်နှင့် သူက ရှာကျူးနှင့် လျှိုကွမ်ချီကို တစ်ကြိမ် ရိုက်နှက်ခဲ့ဖူးသေးသည် ။
' ငါ အနစ်နာခံလို့ မဖြစ်ဘူး .. ငါ့ တုန်းက အဲ့ကောင်တွေ ချောင်းနားထောင် ထားတာ... '
သူ တွေးလိုက်သည် ။
ထို့ကြောင့် သူ ခေါင်းညိတ်လိုက်ပြီး ..
" ကောင်းပြီလေ.. အဲ့ဒါဆိုလည်း ဒီည သွားနားထောင်ကြတာပေါ့ .. "
...
ညကိုးနာရီခန့်တွင် ရွှီတာမော့က ယန်ကျီဝမ်ကို လာခေါ်သည် ။
သူတို့နှစ်ယောက် လျှိုဟိုင်ကျုံးက လျှိုကွမ်ချီအတွက် ပြင်ဆင်ပေးထားသော မင်္ဂလာအခန်းအပြင်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာကြ၏ ။
သူတို့ ပြတင်းပေါက်နားသို့ ကွေ့ဝင်လိုက်သည်နှင့် မှောင်မည်းနေသော အရိပ်အချို့ကို မြင်လိုက်ရသည် ။
ယန်ကျီဝမ်နှင့် ရွှီတာမော့တို့ လန့်သွားကြပြီး နောက်ဆုတ်ရန် ပြင်လိုက်ကြသည် ။
ထိုနေရာမှ အသံတိုးတိုး ထွက်ပေါ်လာသည် ။
" အသံမထွက်နဲ့.. မြန်မြန်လာ.. တိတ်တိတ်လေးနေ .. "
' လမ်းတူသူတွေ လာဆုံနေကြပါလား .. '
သူတို့နှစ်ယောက်က ရှာကျူး၏ အသံကို ချက်ချင်း မှတ်မိသွားကြသဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည် ။
လူပျိုကြီး ပီပီ ခြံဝန်းထဲရှိ လူငယ်တစ်ယောက်ယောက် အိမ်ထောင်ကျတိုင်း ချောင်းနားထောင်တတ်သည် ။ သူ့လိုလူမျိုး နောက်တစ်ယောက် မရှိတော့ချေ ။
ဤသည်ကို မြင်သောအခါ ယန်ကျီဝမ်နှင့် ရွှီတာမော့တို့လည်း ကိုယ်ကို ကိုင်းကာ လျှောက်လာကြသည် ။
အနီးသို့ရောက်သောအခါ သူတို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည် ။
' သောက်ခွေး .. '
ရှာကျူးအပြင် လျှိုကွမ်ထျန်းနှင့် လျှိုကွမ်ဖူ ညီအစ်ကိုနှစ်ယောက်ပါ ထိုနေရာတွင် ရှိနေကြလေ၏ ။
' ကိုယ့်အစ်ကိုအရင်းနဲ့ မရီးကို ချောင်းနားထောင်ရတယ်လို့.. ဒီနှစ်ယောက်ကတော့ လက်မအကြီးကြီး ပေးရမယ်.. .. '
ထို့အပြင် ယန်ကျီဝမ်က သူ၏ တတိယညီဖြစ်သူ ယန်ကျီဖန့်ကိုပါ မြင်လိုက်ရသေးသည် ။
ယန်ကျီဖန့်က ယန်ကျီဝမ် လာသည်ကို မြင်သောအခါ အနည်းငယ် ရှက်ရွံ့သွားပြီး အနေခက်စွာဖြင့် ခေါင်းငုံ့သွားလေသည် ။
ယန်ကျီဝမ်က ဘာမှ မပြောခဲ့ချေ ။
နောက်နှစ်ဆိုလျှင် ယန်ကျီဖန့် အသက်ဆယ့်ခုနစ်နှစ် ပြည့်တော့မည်ဖြစ်ရာ သူသည်လည်း မိန်းမကိစ္စများကို စတင်တွေးတောတတ်မည့် အရွယ်သို့ ရောက်နေလေပြီ ။
သို့သော်လည်း အိမ်ထောင်ဘက် ရှာရန်အတွက်မူ သူ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်ခန့် စောင့်ရပေဦးမည် ။
ထိုလူစုက မင်္ဂလာအခန်း၏ ပြတင်းပေါက်အောက်တွင် ဝပ်နေကြပြီး အတွင်းမှ အသံများကို သေချာ နားစွင့်နေကြသည် ။
မကြာမီပင် အခန်းတွင်းမှ မီးများ ငြိမ်းသွားသည် ။
ခဏအကြာတွင်တော့ တရှပ်ရှပ် အသံများကို ကြားလာရ၏ ။
အပြင်ဘက်ရှိ လူအနည်းငယ်မှာ ချက်ချင်းပင် နိုးကြားသွားကြသည် ။
ရှာကျူးက တိုးတိုးလေး ပြောလိုက်သည် ။
" လောင်းကြေးဖွင့်ပြီ.. လျှိုကွမ်ချီ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ .. "
" ငါးမိနစ် .. "
လျှိုကွမ်ထျန်းက ဖြေသည် ။
" သုံးမိနစ်လို့ ထင်တယ် .. "
ထိုသူကတော့ လျှိုကွမ်ဖူ ။
" ဆယ်မိနစ်လောက် .. "
ထိုသူကတော့ ယန်ကျီဝမ် ဖြစ်၏ ။
သူ ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက သူ့ကို ဝိုင်းကြည့်လာကြသည် ။
ယန်ကျီဝမ်က ရှုပ်ထွေးဟန်ဖြင့်..
" ဘာလဲ..တစ်ခုခု မှားနေလို့လား .. "
လူတိုင်း ချက်ချင်းပင် တိတ်ဆိတ်သွားကြသည် ။
သူတို့ ယှဉ်၍မရ ။ တကယ်ကို ယှဉ်၍ မရနိုင်ချေ ။
ဤကောင်က အမြဲတမ်း နာရီနှင့်ချီ၍ တွက်ချက်တတ်သူဖြစ်၍ ဆယ်မိနစ်ဆိုသည်က သူ့အတွက် အလွန်တိုတောင်းလွန်းနေလောက်ပြီ ။
လူတိုင်းက ယန်ကျီဝမ်ကို လျစ်လျူရှုလိုက်ကြသည် ။
ရှာကျူးက ရွှီတာမော့ကို ကြည့်လိုက်ပြီး ..
" ရွှီတာမော့.. မင်းရော ဘယ်လောက်လောင်းမလဲ .. "
" တစ်မိနစ် .. "
ရွှီတာမော့က ပြောသည် ။
ယန်ကျီဝမ် အံ့သြသွားသည် ။
' အဲ့ဒီလောက်တောင် တိုတာလား .. '
ထို့နောက် ရှာကျူးက ယန်ကျီဖန့်ကို ကြည့်ကာ..
" ယန်တတိယကောင်.. မင်းအလှည့် ရောက်ပြီ .. "
ယန်ကျီဖန့်က ခဏစဉ်းစားလိုက်ပြီး ..
" နှစ်မိနစ်လောက် ထင်တယ် .. "
" ငါက စက္ကန့်သုံးဆယ် လောင်းတယ် .. "
ရှာကျူးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။
ယန်ကျီဝမ် .. ' ... '
' သူတို့အကုန်လုံးက အဲ့လောက်တောင် တိုကြတာလား ..
'
' ဒါပေမဲ့ ဘာလို့ တခြားလူတိုင်းက ဒါကို ပုံမှန်လို့ ထင်နေရတာလဲ .. '
' ငါတစ်ယောက်တည်း မူမမှန် ဖြစ်နေတာလား .. '
သူ၏ ယခင်ဘဝက သူသည် အောက်ခြေအလုပ်သမား တစ်ယောက်သာဖြစ်ပြီး ရည်းစားပင် မရှိခဲ့ဖူး ။ ထိုကွာခြားချက်ကို သူ သေချာ မသိချေ ။
သို့သော် ယခင်ဘဝက လက်မှုပညာရှင် တစ်ယောက်အနေဖြင့် သူသည် အနည်းဆုံး ဆယ်မိနစ်နှင့် အထက် အမြဲ ကြာတတ်သည် ။
သို့သော် ဤဘဝတွင်မူ သူ၏ ခန္ဓာကိုယ်က ခွန်အားဆေးလုံးကြောင့် အသွင်ပြောင်းသွားခဲ့ပြီး ယခင်ဘဝကထက် ပို၍ သန်မာလာခဲ့သည် ။
ထို့ကြောင့် ထိုကွာခြားချက်ကို သူ မဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည် ။
လူတိုင်း ခန့်မှန်းပြီးကြသောအခါ သူတို့ ငြိမ်ကျသွားကြသည် ။
ဆယ်စက္ကန့်အကြာတွင် အတွင်းမှ အသံတိုးတိုးတစ်ခု ထွက်ပေါ်လာပြီးနောက် မည်သည့် လှုပ်ရှားမှုမျှ ထပ်မရှိတော့ချေ ။
ယန်ကျီဝမ် .. ' ... '
လျှိုကွမ်ထျန်းနှင့် လျှိုကွမ်ဖူ ညီအစ်ကိုနှစ်ယောက် .. ' ... '
ရွှီတာမော့ .. ' ... '
ယန်ကျီဖန့် .. ' ... '
ရှာကျူး .. ' ... '
ဤသည်က သူတို့ မျှော်လင့်မထားခဲ့သည့် အရာပင် ။
အထူးသဖြင့် ရှာကျူးဖြစ်သည် ။ သူ၏ စက္ကန့်သုံးဆယ် ခန့်မှန်းချက်က အလွန် လျှော့တွက်ထားသည်ဟု အစက ထင်ထားခဲ့သည် ။
လျှိုကွမ်ချီက အပြင်ပန်းသာ ကြည့်ကောင်းပြီး အသုံးမကျသူ ဖြစ်နေကာ ဆယ်စက္ကန့်နှင့် ပြီးသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အထဲတွင် လှုပ်ရှားမှု ထပ်မရှိတော့သည်ကို မြင်သောအခါ သူတို့ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည် ။
စင်္ကြံလမ်းဝသို့ ရောက်သောအခါ လျှိုကွမ်ဖူက ရိုးသားစွာဖြင့် မေးလိုက်သည် ။
" အစ်ကိုကျီဝမ်.. အဲ့ဒီတုန်းက အစ်ကို ဘယ်လောက်ကြာခဲ့လဲ .. "
လျှိုကွမ်ထျန်းနှင့် ယန်ကျီဖန့်တို့လည်း ယန်ကျီဝမ်ကို ကြည့်လိုက်ကြသည် ။
ယန်ကျီဝမ်က လက်တစ်ချောင်း ထောင်ပြလိုက်သည် ။
" အဲ့ဒါ ဘာသဘောလဲ .. "
တခြားသူများ နားမလည်နိုင် ဖြစ်သွားကြသော်လည်း ရှာကျူးကမူ အနည်းငယ် ရိပ်မိသွားသဖြင့် မပျော်မရွှင်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည် ။
ယန်ကျီဖန့်က ခန့်မှန်းလိုက်သည် ။
" တစ်မိနစ်လား .. "
သူက သူ၏ အစ်ကိုနှစ်ကို ကြောက်သဖြင့် သွားမချောင်းရဲခဲ့ချေ ။
ယန်ကျီဝမ်က ခေါင်းခါပြလိုက်သည် ။
လျှိုကွမ်ထျန်းက သံသယဖြင့် ...
" တစ်နာရီတော့ မဖြစ်နိုင်ဘူး မဟုတ်လား .. "
ယန်ကျီဝမ်က ထပ်၍ ခေါင်းခါလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည် ။
" ငါပြောချင်တာက..တစ်ညလုံး.. "
ထိုစကားတွင် မှားယွင်းမှု မရှိချေ ။
အကယ်၍ ယွီလီကသာ ရပ်ရန် မတောင်းဆိုခဲ့လျှင် သူ အဆုံးသတ်ရန် ရည်ရွယ်ချက် ရှိခဲ့မည်မဟုတ်ပေ ။
" ဟမ့်.. "
ရှာကျူးက သူ့ကို ဂရုမစိုက်တော့ဘဲ နှာမှုတ်လိုက်သည် ။
သူက ရွှီတာမော့ကို ကြည့်ကာ လေးနက်စွာဖြင့် မေးလိုက်သည် ။
" ရွှီတာမော့.. မင်း နယ်က မုဆိုးမလေးတွေကို မကြာခဏ ပရောပရည် လုပ်တတ်တယ်လေ.. ရိုးရိုးသားသား ပြောစမ်း.. မင်းရဲ့ ပထမဆုံးအကြိမ်မှာ ဘယ်လောက်ကြာခဲ့လဲ .. "
ရွှီတာမော့က ခဏစဉ်းစားလိုက်ပြီး ..
" သုံးမိနစ်လောက်တော့ ကြာတယ်.. ဒီလိုကိစ္စမျိုးမှာ တိုးတက်ဖို့ဆိုတာ အသားကျအောင် အရင်လုပ်ရတာလေ .. "
လူတိုင်း ခေါင်းညိတ်လိုက်ကြသည် ။ ဤသည်ကသာ ပုံမှန်လူတစ်ယောက်နှင့် ပိုတူပေသည် ။
ယန်ကျီဝမ်သည်တော့......... မပြောတာက ပိုကောင်းပေလိမ့်မည် ။
အမှန်တွင် ရွှီတာမော့သည်လည်း သူ၏ ပထမဆုံးအကြိမ်က ထိုမျှလောက် မကြာခဲ့ပေ ။ လျှိုကွမ်ချီထက် အနည်းငယ်သာ ပိုသာခဲ့ခြင်း ဖြစ်သည် ။
သို့သော် ယောက်ျားတိုင်းက မျက်နှာကို ဂရုစိုက်တတ်ကြသည် ။ အထူးသဖြင့် ဤကိစ္စမျိုးနှင့် ပတ်သက်လာလျှင် သူတို့က မည်သည့်အခါမှ အရှုံးမပေးတတ်ကြချေ ။
ကိစ္စများ ပြီးဆုံးသွားပြီဖြစ်၍ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြတော့သည် ။