← Chapters

အခန်း ၂၄၇

Vol. 24 Ch. 247

အခန်း ၂၄၇

Vol. 24 Ch. 247

Chapter 247

~

အခန်း ၂၄၇ : မဆိုင်တာတွေ ဘာလို့ လာပြောနေတာလဲ

~

​ရက်အနည်းငယ် ကြာပြီးနောက် လျှိုဟိုင်ကျုံး ဆေးရုံမှ ဆင်းလာခဲ့လေပြီ ။

​သူ၏ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာသော်လည်း စိတ်ပိုင်းဆိုင်ရာကမူ ယခင်ကထက် များစွာ ဆိုးရွားနေသည် ။ ခေါင်းတစ်ဖက်တစ်ချက်စီရှိ ဆံပင်ဖြူများကို အထင်အရှား မြင်တွေ့နေရကာ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း သိသိသာသာ နက်ရှိုင်းလာသဖြင့် ယခင်ကထက် များစွာ အိုမင်းရင့်ရော်သွားပုံ ပေါက်နေ၏ ။

​ရှောင်ချီ ထွက်သွားခြင်းက သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို ချက်ချင်း စုပ်ယူသွားသကဲ့သို့ ဖြစ်သွားစေပြီး ယခင်က ရှိခဲ့သော တက်ကြွမှုများအားလုံး ပျောက်ဆုံးသွားစေခဲ့သည် ။

​ဤသည်မှာလည်း နားလည်ပေးနိုင်သော ကိစ္စပင် ။ အကြောင်းမူကား လျှိုဟိုင်ကျုံး သည် သူ၏ အားအင်အားလုံးကို ရှောင်ချီ အပေါ်တွင်သာ ပုံအောထားခဲ့ပြီး သူ့ကို အလွန် အလိုလိုက်ထားခဲ့၏ ။

​ငယ်စဉ်ကတည်းက ရှောင်ချီ သည် အရိုက်ခံရခြင်း ၊ အဆူခံရခြင်းမျိုး လုံးဝ မရှိသလောက်ပင် ။ ဤသားအကြီးဆုံး အနေဖြင့် နောင်တစ်ချိန်တွင် အောင်မြင်ကြီးပွားလာကာ သူ အိုမင်းလာချိန်၌ လုပ်ကျွေးပြုစုလိမ့်မည်ဟု လျှိုဟိုင်ကျုံး က အမြဲ မျှော်လင့်ထားခဲ့လေသည် ။

​သို့သော် မထင်မှတ်ဘဲ မိသားစု၏ စုဆောင်းငွေ အားလုံးကို ရှောင်ချီ ၏ မင်္ဂလာဆောင်အတွက် အကုန်အကျခံ သုံးစွဲလိုက်ပြီးနောက် ဒုတိယနေ့၌ပင် ရှောင်ချီ သည် နှုတ်ဆက်စကား တစ်ခွန်းမှ မပြောဘဲ ဇနီးဖြစ်သူနှင့်အတူ ထွက်ပြေးသွားခဲ့သည် ။

​ဤထိုးနှက်ချက်က လျှိုဟိုင်ကျုံး အတွက် အလွန် ကြီးမားလှပေသည် ။

​သူသည် မျက်နှာပျက်မည်ကို အမြဲတမ်း အလွန် စိုးရိမ်တတ်သူ ဖြစ်သည် ။ ယခုအခါ သားဖြစ်သူက အသိမပေးဘဲ ထွက်သွားသောကြောင့် သူသည် အရှက်ကွဲသွားရပြီဟု ခံစားနေရကာ သူ၏ ရင်ထဲတွင် စိတ်ပျက်မှုနှင့် ဒေါသတို့ ပြည့်နှက်နေတော့သည် ။

​ထိုနေ့တွင် ယန်ကျီဝမ် နှင့် ယန်ဖူကွေ့ တို့ အိမ်ရှေ့တွင် စကားစမြည် ပြောဆိုနေကြစဉ် လျှိုဟိုင်ကျုံး အပြင်မှ ပြန်လာသည်ကို အမှတ်မထင် တွေ့လိုက်ရသည် ။

​လျှိုဟိုင်ကျုံး ၏ မှုန်ကုပ်နေသော မျက်နှာထားကို မြင်သောအခါ ယန်ဖူကွေ့ က ရှေ့သို့ တိုးသွားကာ စိုးရိမ်ဟန်ဖြင့်...

​" လောင်လျှို .. နေလို့ရော ကောင်းသွားပြီလား .. အရမ်းကြီးလည်း စိတ်ထဲ မထားပါနဲ့ကွာ .. ရှောင်ချီ က အပြင်ထွက်ပြီး ကိုယ့်လမ်းကိုယ် ဖောက်ချင်ရုံ သက်သက်ပါ .. မကြာခင် ပြန်လာချင် ပြန်လာမှာပေါ့ .. ပြီး​တော့ ခင်ဗျားမှာ လျှိုကွမ်ထျန်း နဲ့ လျှိုကွမ်ဖူ တို့ ရှိသေးတာပဲ မဟုတ်လား .. သူတို့ကလည်း ကလေးကောင်းတွေပါ .. "

​လျှိုဟိုင်ကျုံး သည် မူလကတည်းက စိတ်ဓာတ်ကျနေခဲ့သဖြင့် ယန်ဖူကွေ့ ၏ စကားကို ကြားသောအခါ ချက်ချင်းပင် ပို၍ ဒေါသထွက်သွား၏ ။

​သူက ယန်ဖူကွေ့ ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး...

​" လောင်ယန် .. ခင်ဗျားစကားက ဘာသဘောလဲ .. ရှောင်ချီ က ကျုပ်သားဗျ .. သူ ထွက်သွားတာကို ကျုပ်က စိတ်ကောင်းနေမယ်လို့ ခင်ဗျား ထင်နေတာလား .. လျှိုကွမ်ထျန်း နဲ့ လျှိုကွမ်ဖူ က ဘာလုပ်လို့ရမှာလဲ .. သူတို့က ရှောင်ချီ နဲ့ ယှဉ်လို့ရလို့လား .. "

​ထိုသို့ပြောပြီးနောက် လျှိုဟိုင်ကျုံး က ဒေါသတကြီးဖြင့် လှည့်ကာ အိမ်သို့ ပြန်သွားသည် ။ ယန်ဖူကွေ့ နေရာတွင်ပင် ဆွံ့အစွာ ရပ်ကျန်ရစ်ခဲ့သည် ။

​ဤသည်ကို မြင်သောအခါ ယန်ကျီဝမ် က မတတ်နိုင်သလို ခေါင်းခါယမ်းလိုက်ပြီး ယန်ဖူကွေ့ အား...

​" အဖေက အနာပေါ် ဆားသွားပက်နေတာ.. လျှိုမိသားစု ရဲ့ အခြေအနေကို အဖေ မသိတာ ကျနေတာပဲ .. ရှောင်ချီ ကမှ ဒုတိယဦးလေး ရဲ့ သားအရင်းလေ .. သူ့မျက်လုံးထဲမှာတော့ လျှိုကွမ်ထျန်းနဲ့ လျှိုကွမ်ဖူ က မွေးစားသားတွေလို ဖြစ်နေတာ .. အဖေ အဲ့လို ပြောလိုက်တော့ ဒုတိယဦးလေး ဒေါသထွက်သွားတာ အံ့သြစရာ မဟုတ်ပါဘူး .. "

​ယန်ဖူကွေ့ ထိုစကားကို ကြားသောအခါ အနေရခက်သွားပြီး ခါးသီးစွာ ပြုံး၍...

​" ငါက သူ့ကို နှစ်သိမ့်ပေးရုံ သက်သက်ပါ .. သူ ဒီလောက်ကြီး တုံ့ပြန်လာမယ်လို့ ဘယ်သူက ထင်မှာလဲ .. "

​ယန်ကျီဝမ် က သက်ပြင်းချလိုက်ပြီး...

​" အဖေ့ စေတနာက ကောင်းပေမဲ့ အကျိုးသက်ရောက်မှုက ပြောင်းပြန် ဖြစ်သွားတာပဲ .. ဒုတိယဦး​လေး က အခု အချိန်မှာ စိတ်ဒုက္ခရောက်နေတာဆိုတော့ သူ့ကို သွားမဆွတာ အကောင်းဆုံးပဲ .. "

​" အေးပါ.. အေးပါ .. "

ယန်ဖူကွေ့ က စိတ်ပျက်စွာဖြင့် ခေါင်းညိတ်လိုက်သည် ။

​သူတို့နှစ်ယောက် စကားပြောနေစဉ် အလယ်ခြံဝင်း ထံမှ ရုတ်ရုတ်သဲသဲ အသံတစ်ခု ထွက်ပေါ်လာသည် ။

​မကြာမီပင် ဇာတ်ကောင်များ အရှေ့ခြံဝင်း သို့ ရောက်ရှိလာကြ၏ ။

​ယန်ကျီဝမ် က မော့ကြည့်လိုက်ရာ လျှိုကွမ်ထျန်း နှင့် လျှိုကွမ်ဖူ တို့ ရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည် ။

​လျှိုကွမ်ထျန်း က လျှိုကွမ်ဖူ ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ဒေါသတကြီးဖြင့်...

​" ငါ့ကြက်ဥကို မင်း ဘာလို့ ခိုးစားတာလဲ .. အမေက အဲဒါ ငါ့အတွက် ပြုတ်ပေးထားတာကွ .. "

​လျှိုကွမ်ဖူ ကလည်း အလျှော့မပေးဘဲ ရုန်းကန်ကာ...

​" ဘယ်သူက ခိုးစားလို့လဲ .. အမေက အဲဒါ ငါ့ကို ပေးထားတာ .. ငါ့ကို လာမစွပ်စွဲနဲ့ .. "

​ညီအစ်ကို နှစ်ယောက်သည် အပြန်အလှန် ငြင်းခုံနေကြပြီး အသံက ပိုကျယ်လာသည် ။

​မကြာမီ လျှိုဟိုင်ကျုံး အနောက်ဘက်မှ ပြေးထွက်လာကာ ပြာနှမ်းနေသော မျက်နှာဖြင့်...

​" မင်းတို့ ဘာတွေ ငြင်းနေကြတာလဲ .. အိမ်မှာ သောက်ပြဿနာက မလောက်သေးလို့လား .. "

​ဖခင်ဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ လျှိုကွမ်ထျန်း နှင့် လျှိုကွမ်ဖူ တို့မှာ ချက်ချင်းပင် ကြောက်လန့်သွားကြပြီး ထပ်မံ မငြင်းခုံရဲကြတော့ဘဲ ခေါင်းငုံ့ကာ အသံမထွက်ရဲဘဲ ရပ်နေကြသည် ။

​လျှိုဟိုင်ကျုံး သည် သူ၏ သားနှစ်ယောက်ကို ကြည့်ရင်း ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာကာ...

​" ငါ့နောက် လိုက်ခဲ့ကြစမ်း .. "

​ထိုသို့ပြောပြီးနောက် လျှိုဟိုင်ကျုံး သည် မှုန်ကုပ်နေသော မျက်နှာဖြင့် အိမ်သို့ ပြန်ဝင်သွားသည် ။

​ထိုစကားကို ကြားသောအခါ လျှိုကွမ်ထျန်းနှင့် လျှိုကွမ်ဖူ တို့ တုန်လှုပ်သွားကြသည် ။

​သူတို့ ပြဿနာတက်ပြီ ဆိုသည်ကို နှစ်ယောက်စလုံး သိလိုက်ကြသည် ။

​သို့သော် ငယ်စဉ်ကတည်းက လျှိုဟိုင်ကျုံး ၏ ရိုက်နှက်မှုကို ခံခဲ့ရသောကြောင့် သူ့အပေါ် အလွန်ကြောက်ရွံ့စိတ် ရှိနေကြရာ အရိုက်ခံရမည်ကို သိနေသော်လည်း မည်သို့မှ မငြင်းဆန်ရဲကြဘဲ ညှိုးနွမ်းစွာဖြင့် သူ၏ အနောက်မှ လိုက်ပါသွားကြတော့သည် ။

​" အား .. အား .. "

​မျှော်လင့်ထားသည့်အတိုင်း အနောက်ခြံဝင်း ထံမှ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာလေသည် ။

​လျှိုဟိုင်ကျုံး သည် ရှောင်ချီ ကိုသာ အမြဲတမ်း မျက်နှာသာပေးလေ့ရှိပြီး လျှိုကွမ်ထျန်း နှင့် လျှိုကွမ်ဖူ တို့ကို ဂရုမစိုက်ရုံသာမက အမြဲတမ်း ရိုက်နှက် ဆဲဆိုလေ့ရှိသည် ။

​ယခု ရှောင်ချီ ထွက်သွားသောကြောင့် သူ အလွန်စိတ်ဆင်းရဲနေချိန်တွင် ဤနှစ်ယောက်မှာ ကံဆိုးစွာဖြင့် ဒေါသထွက်ပေါက် ဖြစ်သွားရလေသည် ။

​ယန်ကျီဝမ် သည်လည်း ဤမြင်ကွင်းကို မြင်ပြီးနောက် မတတ်နိုင်သလို ခေါင်းခါယမ်းလိုက်သည် ။

​လျှိုကွမ်ထျန်း နှင့် လျှိုကွမ်ဖူ တို့က သူတို့၏ အစ်ကိုကြီး ရှောင်ချီ ထွက်ပြေးသွားသောကြောင့် မျက်နှာသာပေးခံရရန် အခွင့်အရေး ရပြီဟု ထင်မှတ်နေပုံရပေသည် ။

​သို့သော် လျှိုဟိုင်ကျုံး က အိမ်ပြန်ရောက်သည်နှင့် သူတို့ကို ပြင်းပြင်းထန်ထန် ပညာပေးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ ။ သူတို့ သေလမ်း ရှာမိပုံလေပြီ ။

​ယန်ဖူကွေ့ က သက်ပြင်းချလိုက်ပြီး...

​" ဒီ လောင်လျှို ကတော့ တကယ့်ကို တစ်မျိုးပဲ .. ဘယ်လိုပဲဖြစ်ဖြစ် လျှိုကွမ်ထျန်း နဲ့ လျှိုကွမ်ဖူ ကလည်း သူ့သားတွေပဲလေ .. သူက လက်ပါလွန်းတယ် .. "

​ယန်ကျီဝမ် က ခေါင်းခါလိုက်ပြီး...

​" ဒါက ဆန်းတဲ့ ကိစ္စမှ မဟုတ်တာ .. ဒါပေမဲ့ သူများ မိသားစု ကိစ္စဆိုတော့ ကျွန်တော်တို့လည်း ဘာမှ ဝင်ပြောလို့ မရဘူးလေ .. "

​ယန်ဖူကွေ့ က ခေါင်းညိတ်ကာ စိတ်မကောင်းစွာ သက်ပြင်းချလိုက်ပြီး...

​" ဒီ ရှောင်ချီ ကလည်း တကယ့်ကို သောက်သုံးမကျဘူး .. မိန်းမရပြီးတာနဲ့ ထွက်ပြေးတယ် ဆိုတာ ဘယ်သူက လုပ်လို့လဲ .. လောင်လျှို က သူ အိုလာရင် လုပ်ကျွေးဖို့ မျှော်လင့်ထားတာ .. အခုတော့ သူ ဘယ်တော့ ပြန်လာမလဲ ဆိုတာ ဘယ်သူ သိတော့မှာလဲ .. "

​" ခက်မယ် ထင်တယ် .. "

​ယန်ကျီဝမ် က ဆက်၍...

​" အနောက်မြောက်ဘက် ဒေသကြီး ကို သွားတာဆိုတော့ သူ သိပ်မကြာခင်တော့ သေချာပေါက် ပြန်လာမှာ မဟုတ်ဘူး .. ပြီးတော့ သူကိုယ်တိုင်ကလည်း ပြန်လာချင်မှ ပြန်လာတော့မှာ .. "

​ယန်ဖူကွေ့ ၏ မျက်လုံးများက အရောင်လက်သွားပြီး...

​" ဒုတိယသား .. မင်းစကားက ဘာအဓိပ္ပာယ်လဲ .. ဒါက သူ့အိမ်ပဲလေ .. ဘယ်လိုလုပ် သူ ပြန်မလာဘဲ နေမှာလဲ .. "

​ယန်ကျီဝမ် က ခေါင်းခါယမ်းလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ ။

​သူ မူရင်း ဝတ္ထုကိုဖတ်ဖူးသည်ဟု ပြော၍မရပေ ။

​ရှောင်ချီ သည် အရာရှိ တစ်ဦး၏ သမီးနှင့် လက်ထပ်ခဲ့သော်လည်း သူက အိမ်စောင့် သမက်အဖြစ် ဝင်သွားရသည်နှင့် ပိုတူနေသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည် ။

​သို့မဟုတ်လျှင် ထိုသို့ ထွက်သွားပြီးနောက်ပိုင်း သူ မည်သို့ကြောင့် တစ်ကြိမ်တစ်ခါမှ ပြန်မလာရသနည်း ။

​ပေကျင်း တွင် သူ့အတွက် အိမ်တစ်လုံး ရှိသေးသည် ဆိုသည်ကိုပင် သူ မေ့သွားလောက်ပြီ ။

​သို့သော်လည်း ဆိုရိုး စကားအတိုင်းပင် ။ ဤအရာများသည် သူများ မိသားစု ကိစ္စများသာ ဖြစ်ပြီး သူက သူ၏ ဘဝကိုသာ ကောင်းမွန်စွာ ရှင်သန်သွားရန် လိုအပ်ပေသည် ။

​မွန်းလွဲပိုင်း အချိန် ....

​အနောက်ခြံဝင်း ရှိ လျှိုမိသားစု ထံမှ သနားစဖွယ် အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည် ။ လျှိုကွမ်ထျန်း နှင့် လျှိုကွမ်ဖူ တို့ တစ်ရက်တည်း နှစ်ကြိမ်တိုင်တိုင် အရိုက်ခံလိုက်ရသဖြင့် ယနေ့ ထီပေါက်သော နေ့ပင် ။

​အလယ်ခြံဝင်း ။

​ယီကျုံးဟိုင် ၏ အိမ် ။

​ပထမအဒေါ်သည် ထိုသနားစဖွယ် အော်ဟစ်သံများကို နားထောင်ရင်း သနားဟန်ဖြင့်...

​" ဒီ အ​ဘိုးကြီး လျှိုကတော့ လွန်လိုက်တာ .. ရှောင်ချီ ထွက်သွားလို့ သူ အရမ်း ဒေါသထွက်နေတာ မှန်ပေမဲ့ ကလေးတွေကို ဒီလိုမျိုး မရိုက်သင့်ဘူးလေ .. သူတို့ ထိခိုက်ဒဏ်ရာ ရသွားရင် ဘယ်လိုလုပ်မလဲ .. "

​ယီကျုံးဟိုင် က သက်ပြင်းချလိုက်ပြီး...

​" ဒါ သူတို့ မိသားစု ကိစ္စလေ .. ငါတို့ ဝင်စွက်ဖက်လို့ မရဘူး .. "

​သူ ယခင်က လျှိုဟိုင်ကျုံး ကို စကားပြောဖူးသော်လည်း လျှိုဟိုင်ကျုံး က ပြတ်ပြတ်သားသား ပြန်လည် ချေပခဲ့ဖူးသည် ။

​ခင်ဗျား ရိုက်ချင်ရင်တောင် ခင်ဗျားမှာ ကလေးမှ မရှိတာ ဟုပင် စကားနာ ထိုးခဲ့သေးသည် ။

​ထိုကိစ္စ ဖြစ်ပွားပြီးနောက်ပိုင်း ယီကျုံးဟိုင် ဝင်မစွက်ဖက်တော့ချေ ။

​သားသမီး မရှိခြင်းက သူ့ရင်ထဲမှ အနာကျင်အဆုံး ဒဏ်ရာပင် ။ လျှိုဟိုင်ကျုံး က ထိုသို့ ပြောလိုက်သောအခါ သူ မည်သို့ သည်းခံနိုင်ပါမည်နည်း ။

​တစ်ခါတစ်ရံတွင် ကံကြမ္မာက မတရားပေ ။

​တချို့က မိုးခေါင်လို့ သေရပြီး တချို့က ရေကြီးလို့ သေရသည် ။

​သူ ကလေး လိုချင်သော်လည်း မရနိုင်ခဲ့ ။ သို့သော် လျှိုဟိုင်ကျုံး တွင်တော့ ကလေးများစွာ ရှိနေပြီး နေ့တိုင်း သေမတတ် ရိုက်နှက်နေလေသည် ။

​ကံကောင်းထောက်မစွာဖြင့် ကျားဒုံရွှီ က မဆိုးလှပေ ။ သူ အိုမင်းလာချိန်တွင် အားကိုးစရာ လူတစ်ယောက် ရှိနေဦးမည် ဖြစ်သည် ။

​သို့သော်လည်း မကြာသေးမီက ကျားဒုံရွှီ သည် အနည်းငယ် ဂဏှာမငြိမ် ဖြစ်နေခဲ့သည် ။

​သူသည် မျက်ကွယ်တွင် အခြားသူများထံမှ အကြံဉာဏ်များကို လျှို့ဝှက်စွာ သွားရောက် တောင်းခံခဲ့သေးသည် ။

​သူ တစ်ခုခုကို ရိပ်မိသွားပုံ ရလေသည် ။

​သို့သော် သူ ရှိနေသရွေ့တော့ ကျားဒုံရွှီ သည် မည်သည့် ပြဿနာမှ ဖန်တီးနိုင်မည် မဟုတ်ပေ ။

​အဆင့် ၄ အလုပ်သမား စာမေးပွဲကို အောင်မြင်ချင်နေသည်လော ။

တစ်သက်လုံး ဖြစ်လာမည် မဟုတ် ။

​မည်သို့ပင် ဆိုစေကာမူ ကျားမိသားစု ၏ ဘဝ အခြေအနေ တိုးတက်လာပါက သူ မည်သို့ ကျေးဇူးရှင် အနေဖြင့် ဩဇာညောင်းနိုင်တော့မည်နည်း ။

​ပထမအဒေါ်က ထိုစကားကို ကြားပြီးနောက် ဆက်မပြောတော့ချေ ။ အကြောင်းမှာ ယီကျုံးဟိုင် ပြောသည်ကလည်း အမှန်ပင် ဖြစ်နေသည် ။

​သူမ မည်သို့ပင် စိုးရိမ်နေစေကာမူ သူများ မိသားစု ကိစ္စများကို ဝင်ရောက် စွက်ဖက်ခွင့် သူမတွင် မရှိပေ ။

All Chapters