← Chapters

အခန်း ၃၅၂

Vol. 32 Ch. 352

အခန်း ၃၅၂

Vol. 32 Ch. 352

အခန်း (၃၅၂) လမ်းပိတ်ဆို့ခြင်း

ညစာစားပွဲသည် မကြာမီပင် ပြီးဆုံးသွားခဲ့၏။

အချိန်အနည်းငယ်မျှ စကားစမြည် ပြောဆိုပြီးနောက် သူတို့သည် အချိန်တစ်ခုကို သဘောတူညီခဲ့ကြကာ ကားတစ်စီးကို စီစဉ်ပြီး စုယွမ်တို့အဖွဲ့လည်း ထွက်ခွာလာခဲ့ကြသည်။

အဘိုးစု၏ နေအိမ်မှာ ဤနေရာနှင့် အလွန်နီးကပ်သဖြင့် အဘိုးစုအိမ်သို့ သွားရန် စုယွမ်က ယာဉ်မောင်းကို ညွှန်ကြားလိုက်ပေသည်။

မကြာမီမှာပင် သူတို့သည် အဘိုးစုအိမ်သို့ ရောက်ရှိလာခဲ့၏။

အစောင့်များကို နှုတ်ဆက်ပြီး အတိုချုံး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စုယွမ်သည် စုမိသားစု ခြံဝင်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

"ရှောင်စု… ဘယ်လေတိုက်လို့ ရောက်လာတာလဲ…" အဘိုးစုသည် စုယွမ်ကို မြင်ချိန်တွင် အလွန် ဝမ်းသာသွားခဲ့လေ၏။

"ကျွန်တော် အဘိုးကို မေးစရာလေးတစ်ခု ရှိလို့ပါ…" စုယွမ်က ပြောလိုက်သည်။

အဘိုးစုသည် အသက်အရွယ် ကြီးရင့်နေသူတစ်ဦး ဖြစ်သော်လည်း သူ၏ ဦးနှောက်မှာ တာ့ရှား(တရုတ်)နိုင်ငံတွင် အကောင်းဆုံးများထဲမှ တစ်ခုအပါအဝင် ဖြစ်ပေ၏။

သူသည် စွမ်းရည်မြင့်မားပြီး ဩဇာတိက္ကမကြီးမားသူဖြစ်ကာ တစ်ကမ္ဘာလုံးကို သူ၏ လက်ဖျားတွင် ကစားနိုင်သူတစ်ဦးလည်း ဖြစ်ချေသည်။

"အိုး…" အဘိုးစုက နားမလည်စွာဖြင့် မေးလိုက်၏။

"အဘိုးကျောက်က ဒီည ကျွန်တော့်ကို ညစာစားဖို့ ဖိတ်တယ်… ပြီးတော့ ကိစ္စတစ်ခုကိုလည်း ကူညီပေးခဲ့သေးတယ်…" စုယွမ်က ဝင်ထိုင်ရင်း ပြောလိုက်သည်။

အဘိုးစုက ခဏမျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ကာပြောလိုက်၏။ "အင်း… အဘိုးကျောက်က ငါ့ရဲ့ မိတ်ဆွေကောင်းဖြစ်သလို ယုံကြည်ရတဲ့သူ တစ်ယောက်ပါပဲ…"

ဤစကားကို ကြားချိန်တွင် စုယွမ်သည် လုံးဝ စိတ်သက်သာရာ ရသွားခဲ့တော့သည်။

"ဝန်ကြီးကျောက်နဲ့ ကျွန်တော် မနက်ဖြန် တွေ့ဖို့ စီစဉ်ထားတယ်…"

"ကျွန်တော် 7nmLithography ပုံကြမ်းတွေကို ပြင်ဆင်ထားတယ်…" စုယွမ်က ဆက်ပြောလိုက်သည်။

ဤစကားကို ကြားချိန်တွင် အဘိုးစုသည် တည်ငြိမ်မနေနိုင်တော့ချေ။

"7nmLithography…"

"မင်း ငါ့ကို နောက်နေတာလား…" အဘိုးစုက အလျင်အမြန် မေးလိုက်၏။

"မဟုတ်ပါဘူး… ဒါက တကယ့်အစစ်ပါ…" စုယွမ်က တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။

အဘိုးစု၏ မျက်လုံးများထဲရှိ အံ့အားသင့်မှုများသည် တစ်ခဏအတွင်းမှာပင် ဖြတ်ပြေးသွားခဲ့လေ၏။

"ဦးလေးစုက ဒီနယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆိုတော့ မနက်ဖြန်ကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်…" စုယွမ်က ပြောလိုက်သည်။

"ကောင်းပြီလေ…" အဘိုးစုက ချက်ချင်းပင် သဘောတူလိုက်၏။

အချိန်အနည်းငယ်မျှ စကားပြောဆိုပြီးနောက် စုယွမ်သည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သူ့ကို ပဟေဠိဖြစ်စေခဲ့သည့် အရာမှာ အဘိုးစုနှင့် အဘိုးကျောက် နှစ်ဦးစလုံးက သူ၏ဖခင်အပေါ် အလွန်စိတ်ဝင်စားနေခြင်းပင်။

ဤသည်မှာ တကယ့်ကို နားလည်ရခက်သော ကိစ္စရပ်တစ်ခု ဖြစ်ပေ၏။

အဘိုးကျောက် စီစဉ်ပေးသော ကားပေါ်သို့ တက်ပြီးနောက် စုယွမ်သည် သူ အသစ်ဝယ်ယူထားသော ဗီလာသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။

…

မကြာမီမှာပင် ဒုတိယနေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

နံနက်စောစောတွင် စုယွမ် နိုးထလာပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ ဂုဏ်သတင်း အမှတ်များသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ယခုဆိုလျှင် 7nmLithographyကို လဲလှယ်နိုင်ပြီ ဖြစ်၏။

စုယွမ်သည် ဒေတာများကို ရှင်းလင်းရန် တွန့်ဆုတ်မနေခဲ့ဘဲ Lithography သတင်းအချက်အလက်များနှင့် လဲလှယ်လိုက်လေသည်။

ရုတ်တရက် USB drive တစ်ခုသည် စုယွမ်၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။

ဤကဲ့သို့သော အဆင့်မြင့်နည်းပညာများကို စုယွမ်အနေဖြင့် နားမလည်သဖြင့် ထိုအရာကို ဖွင့်ကြည့်ရန်ပင် မကြိုးစားခဲ့ချေ။

ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်သူများထံသာ လွှဲအပ်ထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

ချိန်းဆိုထားသော အချိန်မှာ နံနက် ၉ နာရီခွဲ ဖြစ်၏။

စုယွမ်သည် နံနက် ၈ နာရီ တွင် နံနက်စာ စားပြီးနောက် သက်တော်စောင့် လီဟူနှင့်အတူ အဘိုးကျောက် စေလွှတ်ထားသော ကားကို အောက်ထပ်တွင် စောင့်ဆိုင်းနေခဲ့သည်။

ယနေ့ သွားရမည့်နေရာမှာ အထူးလုံခြုံရေး ကန့်သတ်ထားသည့် နေရာတစ်ခု ဖြစ်သဖြင့် အထူးခွင့်ပြုချက်ရထားသော ယာဉ်များသာ ဝင်ရောက်ခွင့် ရှိပေသည်။

နံနက် ၈ နာရီခွဲခန့်တွင် အနက်ရောင် Volkswagen ကားတစ်စီးသည် တံခါးရှေ့သို့ ရောက်ရှိလာခဲ့၏။

ကားလိုင်စင်နံပါတ်မှာ A00749 ဖြစ်သည်။

စုယွမ်နှင့် လီဟူတို့ ကားပေါ်တက်ကာ သဘောတူညီထားသော နေရာသို့ ထွက်ခွာလာခဲ့ကြသည်။

"ဥက္ကဋ္ဌစု… ကျွန်တော်တို့ သွားမယ့်နေရာက ဗဟိုသုတေသနဌာနပါ… ကားနဲ့ဆို မိနစ် ၃၀ လောက် မောင်းရမယ်… ၉ နာရီလောက်ဆို ရောက်ပါလိမ့်မယ်…" ယာဉ်မောင်းက ပြောလိုက်၏။

"ကောင်းပါပြီ… အလုပ်ရှုပ်သွားရပြီ…" စုယွမ်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ တစ်ရေးအိပ်ရန် ပြင်ဆင်လိုက်သည်။

လမ်းတစ်လျှောက်လုံး မည်သူမျှ စကားမပြောကြဘဲ ယာဉ်မောင်းကလည်း စကားတစ်ခွန်းမျှ မဟဘဲ ကားကိုသာ မောင်းနှင်နေခဲ့၏။ ခရီးသည်ထိုင်ခုံမှ လီဟူမှာမူ အနည်းငယ် ပျင်းရိနေခဲ့ပေသည်။

"ညီလေး… မင်း တော်တော်လေး ကျွမ်းကျင်တာပဲ… လုံခြုံရေးလည်း လုပ်ရသေးတယ်… ယာဉ်မောင်းလည်း လုပ်ရသေးတယ်ပေါ့…" လီဟူက ပြုံးကာ မေးလိုက်သည်။

"ဟင်… အစ်ကိုက ဘယ်လိုသိတာလဲ…" ယာဉ်မောင်းက နားမလည်စွာဖြင့် ပြန်မေးလိုက်၏။

"မနေ့ညက ငါ မင်းကို မြင်လိုက်တယ်လေ…" လီဟူက ပြန်ဖြေသည်။

"လက်ရည်နည်းနည်းလောက် စမ်းကြည့်ချင်လား…" လီဟူက ယာဉ်မောင်းကို မေးလိုက်၏။

"ဟားဟားဟား… ကျွန်တော် အစ်ကို့ကို မနိုင်ပါဘူး…"

"အစ်ကိုက စုမိသားစုက အစ်ကိုကျောက်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ…" ယာဉ်မောင်းက အနည်းငယ် ပြုံးကာ ပြောလိုက်ပေသည်။

"ဟင်… မင်း ဆိုလိုတာက ကျောက်ထျန်းလား… ငါတို့ တိုက်ခိုက်ခဲ့ဖူးတာကို မင်းက ဘယ်လိုလုပ် သိတာလဲ…" လီဟူက မေးလိုက်၏။

"သိပ်မဝေးတဲ့ နေရာကဆိုတော့ ကျွန်တော် ကြားခဲ့ရတာပါ…"

"အစ်ကိုဟူ… အရင်တုန်းက ဘာအလုပ်လုပ်ခဲ့တာလဲ… အစ်ကိုက အရပ်သားဘဝမှာ အမြဲတမ်း နေခဲ့တာတော့ မဖြစ်နိုင်ဘူးမလား…" ယာဉ်မောင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ငါက သာမန်လူတွေကြားမှာပဲ အမြဲတမ်း အလုပ်လုပ်နေခဲ့တာပါ…" လီဟူက အလိမ်မခံခဲ့ချေ။

"ကျီး…" ရုတ်တရက် ယာဉ်မောင်းသည် ဘရိတ်ကို ဆောင့်နင်းလိုက်လေ၏။

"ဟေ့… ဘာလုပ်တာလဲ…" လီဟူက ထိတ်လန့်သွားခဲ့သည်။

"ရှေ့ကလူက ဘာလုပ်နေတာလဲ… လမ်းကို ပိတ်ထားတယ်…" ယာဉ်မောင်းက ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့၏။

လီဟူက ရှေ့သို့ ကြည့်လိုက်ရာ လမ်းတစ်ခုလုံး လုံးဝ ပိတ်ဆို့ခံထားရကြောင်း အမှန်တကယ်ပင် တွေ့လိုက်ရပေသည်။

ဆိုင်းဘုတ်တစ်ခု ကိုင်ဆောင်ထားသော လူတစ်ဦးသည် လမ်းတစ်ခုလုံးကို ပိတ်ဆို့ထားပြီး "ယာဉ်များ ဖြတ်သန်းခွင့်မပြု" ဟူသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားလေ၏။

"ပြုပြင်ထိန်းသိမ်းရေး လုပ်နေတာများလား…" လီဟူက နားမလည်စွာဖြင့် မေးလိုက်သည်။

"မဖြစ်နိုင်ဘူး… ကျွန်တော် အဲဒီလို အကြောင်းကြားစာမျိုး မရခဲ့ပါဘူး… တကယ်လို့ ပြုပြင်ထိန်းသိမ်းရေး အလုပ်တွေရှိရင် မနက်စောစောကတည်းက လမ်းပိတ်ထားမှာပေါ့… ဒီလူက တာဝန်ရှိသူ မဟုတ်တာ သေချာတယ်…"

ယာဉ်မောင်းက ကားဟွန်းကို နှစ်ကြိမ်ဆက်တိုက် တီးလိုက်သော်လည်း တစ်ဖက်လူထံမှ စိတ်မကျေနပ်သည့် အကြည့်တစ်ချက်ကိုသာ ပြန်လည် ရရှိခဲ့လေ၏။

အပြင်ဘက်တွင်လည်း လူအများအပြား ပိတ်မိနေပြီး လျှပ်စစ်စက်ဘီးများ၊ စက်ဘီးများနှင့် ကိုယ်ပိုင်ကားများ အပါအဝင် ယာဉ်အမျိုးမျိုးမှာလည်း အားလုံး တားဆီးခံထားရကာ ရှေ့သို့ ဆက်လက် ဖြတ်သန်းခွင့် မရရှိခဲ့ကြချေ။

"ဘာလုပ်နေတာလဲ… ငါ အလျင်လိုနေတယ်ကွ…" မာစီဒီးကားတစ်စီးပေါ်မှ အမျိုးသားတစ်ဦး ဆင်းလာပြီး မေးခွန်းထုတ်လိုက်သည်။

"လမ်းပိတ်ထားတာ မမြင်ဘူးလား…"

"ဒီမှာ တခြားလမ်း တစ်လမ်းရှိတယ်… အဲဒီကနေ ကွေ့သွားလိုက်…" လမ်းပိတ်ထားသူက ခိုင်မာစွာ ပြောလိုက်၏။

"မဟုတ်ဘူးလေ… ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ လမ်းပိတ်ထားရတာလဲ… မင်းက တာဝန်ရှိသူလား… ခွင့်ပြုချက် ရထားလို့လား…" မာစီဒီး ယာဉ်မောင်းက မကျေနပ်စွာဖြင့် ပြောလိုက်သည်။

"ခွေးကောင်… လမ်းပိတ်ထားတယ်လို့ ပြောနေတာကို ဒီမှာ ဘာလို့ အချိန်ဆွဲနေတာလဲ… တကယ်လို့ မင်းသာ ဒီဘက်ကို ကွေ့သွားရင် သွားလို့ရနေတာ ကြာပြီ… စကားများမနေနဲ့…" ထိုလူက ဒေါသတကြီး ပြောလိုက်၏။

"တောက်… ဒါက ပြည်သူပိုင်လမ်းကွ… မင်းရဲ့ ကိုယ်ပိုင်လမ်း မဟုတ်ဘူး… ဒီမှာ ဘာလာအော်နေတာလဲ…" မာစီဒီး ယာဉ်မောင်းမှာ သိသိသာသာပင် ပို၍ ဒေါသထွက်သွားခဲ့သည်။

"ခွေးကောင်… မာစီဒီး အစုတ်လေး မောင်းရုံနဲ့ မင်းကိုယ်မင်း အထာကျတယ်လို့ ထင်နေလား… ငါ ပြောလိုက်မယ်… မင်း ဒီမှာပဲ စောင့်မလား ဒါမှမဟုတ် လှည့်ပြန်မလား စဉ်းစား… ဘာဖြစ်လို့ ဒီလောက် ပြဿနာရှာနေရတာလဲ…" လမ်းပိတ်ထားသူသည် ပို၍ပင် မောက်မာလာခဲ့လေ၏။

"သေစမ်း… မင်း ငါ့ကို နောက်နေတာလား… ငါ အစည်းအဝေးသွားဖို့ အလျင်လိုနေတယ်… ပြီးတော့ ကားတွေကလည်း ပိတ်နေပြီ… ငါသာ လမ်းကြောင်းပြောင်းလိုက်ရင် အချိန်မီတော့မှာ မဟုတ်ဘူး…" မာစီဒီး ယာဉ်မောင်းက ပြောလိုက်သည်။

လမ်းပိတ်ထားသော အမျိုးသားက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီးနောက် သူ့အား အထင်သေးစွာ ကြည့်ကာ ပြောလိုက်၏။

"လမ်းပိတ်တယ်ဆိုတာ လမ်းပိတ်တာပဲ… မင်း စကားပြောလို့ ပြီးရင် ထွက်သွားလို့ရပြီ…"

"အေး… တကယ်လို့ မင်းမှာ အဆက်အသွယ်တွေ ရှိရင်လည်း သူတို့ကို ခေါ်လိုက်လို့ရတယ်…"

မာစီဒီး ယာဉ်မောင်းမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ပေသည်။

အနောက်ဘက်ရှိ ကားအချို့မှာလည်း ဖြတ်သန်း၍ မရနိုင်ဘဲ ထိုလူ၏ မောက်မာပုံကို မြင်ပြီးနောက် လှည့်ကာ မောင်းထွက်သွားကြလေ၏။

သို့သော် စုယွမ်တို့အဖွဲ့အတွက်မူ ဤလမ်းသည် တစ်ခုတည်းသော သွားရာလမ်း ဖြစ်ပေသည်။ လမ်းကြောင်းပြောင်းခြင်းသည် အချိန်အလွန် ကုန်ဆုံးစေမည် ဖြစ်၏။

"အစ်ကိုဟူ… ကျွန်တော် အောက်ဆင်းပြီး သွားကြည့်လိုက်ဦးမယ်…" အခြေအနေကို မြင်ပြီးနောက် ယာဉ်မောင်း ရှောင်လျိုသည် လမ်းပိတ်ရန် ခွင့်ပြုချက်မရှိကြောင်း ဦးစွာ စုံစမ်းအတည်ပြုပြီးမှ ကားပေါ်မှ ဆင်းသွားခဲ့သည်။

"ငါ မင်းနဲ့ လိုက်ခဲ့မယ်…" လီဟူက တိုက်ရိုက်ပင် ပြောလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် ကားပေါ်မှဆင်းကာ ထိုလမ်းသွားလမ်းလာထံသို့ သွားရောက်ခဲ့ကြသည်။

"မင်္ဂလာပါ… ကျွန်တော် ခုနကပဲ မေးကြည့်လိုက်တာ… ဒီမှာ လမ်းပိတ်ခွင့် မရှိဘူးတဲ့… ခင်ဗျားရဲ့ ပစ္စည်းတွေကို ဘေးဖယ်ပေးပါ… ကျွန်တော်တို့ ဖြတ်သွားပါရစေ…" ရှောင်လျိုက ပြောလိုက်သည်။

လမ်းပိတ်ထားသူသည် ရှောင်လျို၏ အနောက်ဘက်ရှိ Volkswagen ကားကို တစ်ချက်ကြည့်လိုက်ပြီး အထင်သေးစွာ ပြုံးလိုက်ကာ ပြောလိုက်၏။

" မင်း ဘယ်သူ့ကို မေးတာလဲ…"

"မင်းတို့လို ကားမျိုးနဲ့ ဘယ်သူ့ကို သိနိုင်မှာမို့လို့လဲ…"

"ဒီမှာ ရုပ်ရှင်ရိုက်နေတယ်ကွ…"

"ဒါရိုက်တာက ဒါရိုက်တာကျန်း… ပြီးတော့ နာမည်ကြီး မင်းသား ချိုက်ခွန်းလည်း ဒီနေ့ ဒီမှာ ရုပ်ရှင်ရိုက်နေတယ်…"

"မင်းတို့ကောင်တွေ နာမည်ကြီး မင်းသား ရုပ်ရှင်ရိုက်ပြီးတဲ့အထိ စောင့်ပြီးမှ သွားကြ…"

"ပြီးတော့ လမ်းပိတ်ဆို့မှု အကြောင်းကြားစာကို ၁၂ နာရီ တိတိကျရင် ထုတ်ပြန်လိမ့်မယ်…"

"မင်းတို့ စောင့်ချင်လည်း စောင့်လို့ရတယ်…" ဟု ပြောကာ သူသည် လှည့်ထွက်သွားရန် ပြင်လိုက်လေ၏။

All Chapters