အခန်း ၃၅၃
Vol. 32 Ch. 353
အခန်း (၃၅၃) ဒါရိုက်တာကျန်း
"အဲဒီမှာ ရပ်လိုက်စမ်း..." လီဟူက သူ့အား လက်တစ်ဖက်တည်းဖြင့် ထိုနေရာ၌ ဖိချထားလိုက်၏။
"သန်းခေါင်ကျော်မှ လမ်းပိတ်မှာကို အခု ဘာလုပ်ဖို့ ပိတ်နေတာလဲ... ဘယ်သူက မင်းကို ဒီအာဏာ ပေးထားလို့လဲ..."
"ဒီလမ်းက မင်းပိုင်တာ မဟုတ်ဘူးကွ..." လီဟူက လမ်းပိတ်ဆို့ထားသည့် အရာများကို ကန်ထုတ်ရင်း ပြောလိုက်သည်။
"မင်းက ငါ့ကို ရိုက်ချင်နေတာလား..."
"လူကို ကိုယ်ထိလက်ရောက် ကျူးလွန်နေတယ်... လူကို ကိုယ်ထိလက်ရောက် ကျူးလွန်နေတယ်... ဒီမှာ တစ်ယောက်ယောက်က လူကို ကိုယ်ထိလက်ရောက် ကျူးလွန်နေတယ်..."
အမျိုးသားက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေ၏။
တစ်ခဏအတွင်းမှာပင် လုံခြုံရေးဝန်ထမ်း အများအပြားသည် အသံကြားရာသို့ ပြေးလာကြပြီး အနောက်တွင်မူ ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဖြည်းညင်းစွာ လျှောက်လာခဲ့ပေသည်။
"ဘာတွေဖြစ်နေတာလဲ... ဒီနေရာက ကျိုတိုကွ... ဘယ်သူက ဒီမှာ ပြဿနာရှာရဲတာလဲ..." ဝတ်စုံပြည့် အမျိုးသားက ပြောလိုက်၏။
"အဖွဲ့ခေါင်းဆောင်ကျန်း... ကျွန်တော်တို့ လမ်းပိတ်ထားတာ မဟုတ်ဘူးလား... ဒီကောင်က မကျေနပ်ဘဲ ပြဿနာရှာနေတယ်..." ထိုလူက အလျင်အမြန် သတင်းပို့လိုက်သည်။
"ဘာသောက်ချိုးတွေလဲ... ဘယ်သူက ဒီလောက် မျက်ကန်းနေတာလဲ..."
"ဒီမှာ လမ်းပိတ်ထားတယ်ဆိုတော့ မင်းတို့ ဒီဘက်က သွားရမယ်..."
"သတိပေးတာကို နားမထောင်ဘူးလား... မင်းတို့က တကယ်ကို ပြဿနာရှာချင်နေတာပဲ..." ဝတ်စုံပြည့် အမျိုးသားသည်ခေါင်းဆောင်တစ်ဦးကဲ့သို့ ဩဇာတိက္ကမ အရှိန်အဝါများကို ထုတ်လွှင့်နေခဲ့ချေသည်။
"ညီအစ်ကို... မင်းက သာမန်လူတော့ မဟုတ်ဘူး... ဘာဖြစ်လို့ ဒီလောက်တောင် အတင်းအဓမ္မ လုပ်ချင်နေရတာလဲ..."
"ငါက နာမည်ကြီး ဒါရိုက်တာကျန်းရဲ့ တူ ကျန်းလုံပဲ... ဒီနေ့ ဒီက ဝန်ထမ်းရေးရာ ကိစ္စတွေကို ငါ တာဝန်ယူထားတယ်..."
"ငါက နယ်ပယ်သုံးခုလုံးရဲ့ ဆန်းဒါ လက်ဝှေ့ချန်ပီယံပဲ... တကယ်လို့ ပြဿနာ မကြီးကျယ်ချင်ဘူးဆိုရင် လက်ဆွဲနှုတ်ဆက်လိုက်ကြရအောင်... ငါ မင်းတို့ကို အခက်တွေ့အောင် မလုပ်ချင်ဘူး..."
"မင်းတို့ မြန်မြန် ထွက်သွားကြ... ဒါဆိုရင် ဒီကိစ္စ ပြီးပြီ..." ကျန်းလုံက လက်ကမ်းပေးရင်း ပြောလိုက်၏။
"ကောင်းပြီလေ..." လီဟူက အနည်းငယ် ပြုံးကာ သူ၏လက်ကို ကမ်းပေးလိုက်သည်။
သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်သည့် အခိုက်အတန့်တွင် ကျန်းလုံ၏ မျက်နှာပေါ်၌ ကျေနပ်ဂုဏ်ယူမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပေ၏။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူ၏ မျက်နှာအမူအရာသည် လုံးဝ ပြောင်းလဲသွားခဲ့လေသည်။
"အား..." ကျန်းလုံသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်မှာ ပုံပျက်သွားခဲ့ပြီ ဖြစ်၏။
ထို့နောက် အရိုးကျိုးသံများ ထွက်ပေါ်လာကာ သူ၏ လက်မှာ မယုံကြည်နိုင်စွာဖြင့် တုန်ရီနေခဲ့ချေသည်။
အံ့အားသင့်စရာကောင်းလောက်အောင် သူ၏ လက်အရိုးများ ကျိုးသွားကြောင်း သူ တွေ့ရှိလိုက်ရပေ၏။
အသက်ရှူရ ခက်ခဲလာရင်း ကျန်းလုံသည် ပြင်းထန်သော ဒေါသကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ အလွန်အမင်း ထိတ်လန့်သွားခဲ့လေ၏။
သူ၏ ကိုယ်ပိုင်ခွန်အားသည် သာမန်လူတစ်ဦးထက် သုံးလေးဆ ပိုများသော်လည်း ဤလူ၏ ခွန်အားက လူများကို လွှမ်းမိုးနိုင်သော စွမ်းအားခံစားချက်ကို ပေးစွမ်းနေပေသည်။
"အဖွဲ့ခေါင်းဆောင်..." လူတိုင်းက အော်ဟစ်လိုက်ကြ၏။
"သွားစမ်း..." သူက အော်ဟစ်လိုက်ပြီး လုံခြုံရေးဝန်ထမ်း ခြောက်ဦးကို ရှေ့သို့ တက်ရန် ညွှန်ကြားလိုက်သည်။
ဘုန်း ဘုန်း ဘုန်း ဟူသော အသံများနှင့်အတူ ရိုက်နှက်သံများ ထွက်ပေါ်လာခဲ့၏။
လူအများအပြား ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ချေသည်။
ရှောင်လျိုက လူနှစ်ဦးကို ကန်ချလိုက်ပြီး လီဟူက လေးဦးကို အလဲထိုးလိုက်ပေ၏။
တစ်ခဏတာမျှ ကျန်းလုံသည် လုံးဝ ဆွံ့အသွားခဲ့လေသည်။
ဤနှစ်ဦးသည် ရန်စလို့ရသည့် သူများ မဟုတ်ချေ။
"ညီအစ်ကိုတို့... မင်းတို့က ဘယ်ဂိုဏ်းကလဲ... နာမည်လေး ပြောပြပါလား..." ကျန်းလုံက စမ်းသပ်မေးမြန်းလိုက်၏။
"မင်း သိဖို့ မတန်ပါဘူး..." ရှောင်လျိုက ပြန်ဖြေလိုက်သည်။
"အခု လမ်းဖွင့်ပေးပြီး ပုံမှန်အတိုင်း သွားခွင့်ပြုလိုက်..." ရှောင်လျို ရှေ့သို့ တက်လာခဲ့ပြီး ပြင်းထန်သော ဖိအားကြောင့် ကျန်းလုံမှာ အလိုအလျောက် ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရပေ၏။
"ညီအစ်ကို... ငါ မင်းကို မယုံလို့ မဟုတ်ပါဘူး..."
"ဒီမှာ ပါဝင်ပတ်သက်နေတဲ့ အကျိုးစီးပွားတွေ အရမ်းများတယ်... မင်းတို့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..."
"ဒါရိုက်တာကျန်းကို မင်းတို့ သိလား... သူက ငါ့ရဲ့ ဦးလေးပဲ..."
"ဒီနေ့ မင်းတို့ ငါ့ကို မျက်နှာမသာပေးတာ ဂရုမစိုက်ပေမဲ့ ဒါရိုက်တာကျန်းကိုတော့ မျက်နှာပေးသင့်တယ် မဟုတ်လား..." ကျန်းလုံ၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်နေခဲ့သည်။
လူတစ်ရာခန့် မပါဘဲ ဤလူနှစ်ဦးကို လုံးဝ အနိုင်ယူနိုင်မည် မဟုတ်ချေ။
"ဒါရိုက်တာကျန်း ဟုတ်လား... လမ်းတွေပိတ်ဖို့ သူ့မှာ ဘာအာဏာ ရှိနေလို့လဲ..." ရှောင်လျိုက ပြောလိုက်၏။
"ငါ့ဦးလေးက သယ်ယူပို့ဆောင်ရေးဌာနက လူတွေကို သိတယ်... ပြီးတော့ နေ့လယ် ၁၂ နာရီကနေ ၁၂ နာရီခွဲအထိ လမ်းပိတ်ဖို့ အချိန်ရထားတယ်..." ကျန်းလုံက ပြောလိုက်သည်။
"အခုမှ ၉ နာရီပဲ ရှိသေးတာလေ..." ရှောင်လျိုက ဆက်ပြောလိုက်၏။
"အဲဒါလည်း မရဘူး..."
"နာမည်ကြီးမင်းသား ချိုက်ခွန်း အကြောင်း သိရဲ့လား..."
"ဒီနေ့က သူ့ရဲ့ ဇာတ်ဝင်ခန်းလေ... မင်းတို့ သိတဲ့အတိုင်း နေ့လယ်ဘက် နာရီဝက်ဆိုတာ အရမ်းကျပ်တယ်... ဒါကြောင့် သဘာဝကျကျပဲ ငါတို့ လမ်းကို ကြိုတင်ပိတ်ထားရတာပေါ့..." ကျန်းလုံသည် သူ မည်သည့်နေရာတွင် မှားယွင်းသွားမှန်း လုံးဝ မသိရှိခဲ့ချေ။
"ဟမ်.. သူက ဘယ်လို နာမည်ကြီးပဲဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်မှာလဲ... ဖယ်စမ်းပါ..." ရှောင်လျိုသည် သဘာဝကျကျပင် မည်သည့် နာမည်ကြီးများကိုမျှ ဂရုမစိုက်ခဲ့ပေ။
"ဘယ်သူက ဒီလောက် မောက်မာနေတာလဲ..." နေကာမျက်မှန်နှင့် နှာခေါင်းစည်း တပ်ဆင်ထားသော လူငယ်တစ်ဦး ဖြည်းညင်းစွာ လျှောက်လာခဲ့၏။
နာမည်ကြီးမင်းသား ချိုက်ခွန်း ဖြစ်ပေသည်။
"ဘုရားရေ... ချိုက်ခွန်းပဲ..."
"ချိုက်ခွန်းက ဒီမှာ ရုပ်ရှင်ရိုက်နေတာကိုး..."
"အခုတော့ သဘောပေါက်ပြီ... ရုပ်ရှင်ရိုက်နေတာ ချိုက်ခွန်းဆိုတော့ ပရိသတ်တွေဖြစ်တဲ့ ငါတို့က တခြားလမ်းကနေ သွားဖို့ ဆန္ဒရှိပါတယ်..."
"အွန်း.. လမ်းနည်းနည်းလောက် ပိတ်ထားတာ အဆင်ပြေပါတယ်..." လျှပ်စစ်စက်ဘီး စီးနင်းလာသော မိန်းကလေးအချို့မှာ ချိုက်ခွန်း ရောက်လာပြီလားဟု တွေးကာ စိတ်လှုပ်ရှားသွားကြလေ၏။
သူတို့သည် လွန်ခဲ့သော တစ်ခဏကပင် ညည်းညူနေခဲ့ကြသော်လည်း ယခုအခါတွင် ရူးသွပ်သော ပရိသတ်လေးများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်၏။
"မဟုတ်သေးဘူးလေ... နာမည်ကြီးတွေက လမ်းတွေကို ကြိုတင်ပိတ်ထားဖို့ ဘာအခွင့်အရေး ရှိလို့လဲ..." မာစီဒီးကားမောင်းသူ အမျိုးသားက မကျေမနပ်ဖြစ်ကာ မေးလိုက်သည်။
"ရှင့် ဘာသိလို့လဲ... သူက နာမည်ကြီးမင်းသား ချိုက်ခွန်းလေ... ရုပ်ရှင်တစ်ကားအတွက် သန်းနဲ့ချီပြီးတော့တောင် ဝင်ငွေရတာ... ဒါကြောင့် သူ ကြိုတင်ပြင်ဆင်ဖို့ သေချာပေါက် လိုအပ်တာပေါ့..."
"မဟုတ်ရင် ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေအတွက် ရှင်က လျော်ပေးရမှာလား..."
"ဟုတ်တယ်... တောသားတွေရဲ့... ရှင်တို့ နားမလည်ရင် အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့..." ပရိသတ်အချို့က ဝင်ပြောလိုက်ရာ မာစီဒီးကားမောင်းသူ အမျိုးသားမှာ ဒေါသထွက်သွားခဲ့လေ၏။
"ငါက ချိုက်ခွန်းပဲ... မင်းတို့နှစ်ယောက်... ဒါက ငါ့ရဲ့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ပဲ... အခုလို ပြဿနာရှာနေတာ နည်းနည်း ရိုင်းစိုင်းလွန်းနေပြီ မဟုတ်ဘူးလား..." သူ့အား မှတ်မိသွားကြောင်း သိလိုက်ရချိန်တွင် ချိုက်ခွန်းက နေကာမျက်မှန်ကို ချွတ်ကာ ထိုအမျိုးသားနှစ်ဦးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းတို့က စည်းကမ်းမလိုက်နာဘဲနဲ့ မင်းတို့ကိုယ်မင်းတို့ မှန်တယ်လို့ ထင်နေတုန်းလား..." ရှောင်လျို ဒေါသထွက်သွားခဲ့၏။
"ဟမ့်... ငါက နာမည်ကြီးမင်းသားလေ... ငါ့အတွက် အရာရာ ဦးစားပေးရမှာပေါ့..."
"ငါ ဒီမှာ ရုပ်ရှင်ရိုက်နေတာက မင်းတို့အားလုံးအတွက် ကောင်းချီးတစ်ခု မဟုတ်ဘူးလား... ဒီနေရာအတွက် လူအသွားအလာတွေ များလာအောင် ငါက လုပ်ပေးနေတာ... ဒါက ပြည်သူတွေအတွက် အကျိုးရှိတာပဲ..."
"ပြီးတော့ မင်းတို့က ဒီမှာ ပြဿနာလာရှာနေတယ်..." ချိုက်ခွန်းက တိုက်ရိုက်ပင် စွပ်စွဲလိုက်လေ၏။
"မင်း..." ရှောင်လျို၏ ဒေါသမီးမှာ ချက်ချင်းပင် တောက်လောင်သွားခဲ့သည်။
"ကောင်းပြီ..."
"ကားကိုမောင်းပြီး တိုက်ဖွင့်လိုက်..."
"ကားပျက်စီးသွားတာကို ငါ လျော်ပေးမယ်..." စုယွမ်က ကားပြတင်းပေါက်ကို ဖွင့်ကာ ပြောလိုက်၏။
"ဟင်..." ချိုက်ခွန်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ရိုးရိုးရှင်းရှင်း ပုံပေါက်နေသော Volkswagen ကားကို တစ်ချက်ကြည့်လိုက်ပြီး အတွင်းမှလူသည် အဘယ်ကြောင့် ဤမျှ မောက်မာနေရသနည်းဟု တွေးတောလိုက်ပေ၏။
"ဟေ့ ကားထဲကကောင်... မင်းက နည်းနည်း မောက်မာနေပါလား..."
“ငါ ဒီနေ့ ဒီနေရာမှာပဲ ရပ်နေမယ်...
မင်း တိုက်ရဲရင် တိုက်ကြည့်လိုက်...”
ချိုက်ခွန်းက ကားရှေ့တွင် ရပ်ကာ အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်၏။
သူတို့သည် သူ၏ ရိုက်ကူးရေးကို အနှောင့်အယှက်ပေးရုံသာမက အတင်းအကျပ် ဝင်ရောက်ရန်ပင် ကြိုးစားနေခဲ့ကြသည်။
ဤကိစ္စကိုသာ ဒါရိုက်တာကျန်း သိသွားပါက သူ့အတွက် မျက်နှာပျက်စရာ မဖြစ်နိုင်ပေလော။
ထိုစကားကို ကြားလိုက်ရချိန်တွင် စုယွမ်သည် ကားတံခါးကို ဖွင့်ကာ ဖြည်းဖြည်းချင်း ဆင်းလာခဲ့၏။
“မင်း... ဘာပြောလိုက်တာလဲ...”
စုယွမ်က အေးစက်သော လေသံဖြင့် မေးလိုက်သည်။
“ငါ...”
ချိုက်ခွန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
သူ့ရှေ့မှ လူငယ်ကို ကြည့်လိုက်ရင်း အလွန်ရင်းနှီးနေသည့် ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသော်လည်း၊ မည်သည့်နေရာတွင် တွေ့ဖူးခဲ့သည်ကိုမူ အမှတ်မရနိုင်ခဲ့ချေ။
“အစ်ကို...
ငါတို့ အရင်က ဘယ်မှာများ ဆုံဖူးကြလား...”
ချိုက်ခွန်းက သတိထား၍ မေးလိုက်၏။
ဤအချိန်တွင် ကျန်းလုံသည် ဒဏ်ရာရနေသော လက်ကို ဖိကိုင်ထားလျက် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့၏။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လာသည်ကို မြင်လိုက်ရချိန်တွင် နာကျင်မှုကိုပင် မေ့လျော့သွားသည့်အလား သူ၏ မျက်နှာပေါ်တွင် ချက်ချင်း အားတက်သရော အရိပ်အယောင်များ ပေါ်လာခဲ့လေသည်။
“ဦးလေး... ဒီမှာ ပြဿနာရှာနေတဲ့လူရှိတယ်...”
ကျန်းလုံက အလျင်အမြန် လှမ်းအော်ပြောလိုက်၏။
ထို့နောက် တင်းမာလေးနက်သော မျက်နှာအမူအရာဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အလျင်အမြန် လျှောက်လာခဲ့သည်။
ချိုက်ခွန်းအနီးသို့ ရောက်လာပြီးနောက် သူသည် စုယွမ်တို့ဘက်သို့ လှည့်ကြည့်လိုက်ရာ ဒေါသကြောင့် မျက်နှာမှာ တင်းမာနေခဲ့လေ၏။
“ဦးလေး... ဒီလူသုံးယောက်ပဲ...
ဒီလူသုံးယောက်က အတင်းအကျပ် ဝင်ရောက်ဖို့ ကြိုးစားနေကြတာ...
သူတို့ကို အားလုံး ဖမ်းလိုက်...”
ကျန်းလုံက အငြိုးတကြီး ပြောလိုက်သည်။
“ငါ...”
သို့သော် စုယွမ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဒါရိုက်တာကျန်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး မယုံကြည်နိုင်သည့် လေသံဖြင့်အလျင်အမြန် မေးလိုက်လေသည်။
“ခင်ဗျားက... ဥက္ကဋ္ဌစု... ဟုတ်လား...”