← Chapters

အခန်း ၃၅၇

Vol. 32 Ch. 357

အခန်း ၃၅၇

Vol. 32 Ch. 357

အခန်း (၃၅၇) နှစ်လအတွင်းမှာ ထုတ်လုပ်နိုင်ခဲ့ပြီ

လူတိုင်း လုံးဝ အံ့အားသင့်သွားကြလေ၏။

ထိုနေရာတစ်ဝိုက်လုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပေသည်။

7nmLithographyကို ချိုးဖျက်နိုင်ခဲ့ခြင်းမှာ ယုံကြည်ရန် ခက်ခဲလွန်းလှပေ၏။

ဤသည်မှာ လက်ခံနိုင်ဖွယ်ရာ မရှိချေ။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် အလွန် ရုတ်တရက်ဆန်လွန်းနေသောကြောင့်ပင်။

သူတို့ မရောက်လာမီက အဟန့်အတားတစ်ခုအတွက် စိုးရိမ်ပူပန်နေခဲ့ကြသော်လည်း ယခုအခါတွင် 7nmLithographyကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဟု သူတို့က တိုက်ရိုက်ပင် ပြောလာခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်မှာ အလွန်ပင် ရုတ်တရက်ဆန်လွန်းလှ၏။

ပရောဂျက်အဖွဲ့ကို တိုက်ရိုက် တာဝန်ယူထားသော အဘိုးလော့သည် တုန်ရီလာခဲ့ချေသည်။

"ငါ အပေါ်တက်ပြီး သွားကြည့်လို့ ရမလား..." အဘိုးလော့က သတိထားကာ မေးလိုက်သည်။

"ရတာပေါ့..."

"ဒီမှာရှိတဲ့ သူတိုင်းက ကျွမ်းကျင်သူတွေချည်းပဲ... အဘိုးလော့ကို အရင် လေ့လာခွင့် ပြုလိုက်ပါ..." စုယွမ်က ပြောပြီးနောက် ဘေးသို့ ဖယ်ရပ်လိုက်လေ၏။

အဘိုးလော့သည် အလျင်အမြန် ရှေ့သို့ တက်သွားပြီး စာရွက်စာတမ်းများကို စတင်လှန်လှောကြည့်ရှုလိုက်ပေသည်။

စာမျက်နှာတစ်ခုပြီးတစ်ခု အဘိုးလော့သည် လုံးဝ နစ်မြောသွားခဲ့ပြီး စာမျက်နှာတစ်ခုစီတိုင်းကို သေချာစွာ စစ်ဆေးကာ စဉ်းစားဆင်ခြင်နေခဲ့၏။

အောက်ဘက်ရှိ နည်းပညာဝန်ထမ်းများသည်လည်း စူးစိုက်စွာ ကြည့်ရှုနေခဲ့ကြချေသည်။

စာမျက်နှာအနည်းငယ် ဖတ်ပြီးချိန်တွင် အဘိုးလော့၏ မျက်နှာပေါ်၌ နက်ရှိုင်းသော အံ့အားသင့်မှုများ ပေါ်လာခဲ့ပေ၏။

ဤနေရာရှိ နည်းပညာအဆင့်အတန်းမှာ အလွန်အမင်း အဆင့်မြင့်မားလွန်းလှပေသည်။

ယနေ့ကမ္ဘာပေါ်ရှိ မည်သည့်နည်းပညာကမျှ ၎င်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိဟု ဆိုနိုင်ပေ၏။

အဓိကအချက်တိုင်းသည် ဉာဏ်ကြီးရှင်တစ်ဦး၏ လက်ရာကဲ့သို့ဖြစ်ပြီး မည်သည့် လူသားကမျှ တွေးတောနိုင်မည် မဟုတ်ချေ။

အထူးသဖြင့် အရေးအကြီးဆုံး အချက်များတွင် ဖြေရှင်းနည်းမှာ အလွန် ရိုးရှင်းနေပြီး မျှော်လင့်မထားသော နည်းလမ်းဖြင့် ပြဿနာကို အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းထားခြင်းပင်။

ဤစာရွက်စာတမ်း စာမျက်နှာ ဆယ်မျက်နှာကို ဖတ်ပြီးချိန်တွင် အဘိုးလော့သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူ ယခင်က ကြုံတွေ့ခဲ့ရသော နည်းပညာပိုင်းဆိုင်ရာ ပြဿနာများအားလုံးမှာ ယခုအခါ အလွယ်တကူ ဖြေရှင်းပြီးသား ဖြစ်သွားခဲ့လေ၏။

"ဒီစာရွက်စာတမ်းက... ကမ္ဘာကြီးပေါ်ကနေ လာတာ မဟုတ်တဲ့ပုံပဲ..."

"ငါက ဘာသာမဲ့ဝါဒီ တစ်ယောက်ပဲ... ဒါပေမဲ့ အခုတော့ ငါ စတင်ပြီး ယိမ်းယိုင်လာပြီ..."

"ဒီမှာရှိတဲ့ နည်းပညာတွေက ငါတို့ထက် အတိုင်းအတာ တော်တော်များများ ပိုမြင့်တဲ့ ယဉ်ကျေးမှုတစ်ခုက နည်းပညာတွေနဲ့ တူနေတယ်..."

"ဒါက တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်..."

"ဥက္ကဋ္ဌစု... ဒီစာရွက်စာတမ်းက ဘယ်ကရောက်လာတာလဲ ဆိုတာကို မေးလို့ ရမလား..." အဘိုးလော့က သူ၏ လှုပ်ရှားနေသော စိတ်ခံစားမှုများကို တည်ငြိမ်အောင် ထိန်းချုပ်ကာ မေးလိုက်သည်။

"အင်း..."

"အဘိုးလော့... အဲဒါကို ပြောပြဖို့ အဆင်မပြေပါဘူး..." စုယွမ်က သဘာဝကျကျပင် အဘိုးလော့၏ မေးခွန်းကို ငြင်းဆန်လိုက်ပေ၏။

"ငါ စိတ်လောသွားမိပြီ.." အဘိုးလော့သည် သူ၏အမှားကို သဘောပေါက်သွားကာ အလျင်အမြန် တောင်းပန်လိုက်သည်။

"အားလုံးပဲ... မင်းတို့ ဘယ်လို ထင်ကြလဲ..." အဘိုးလော့က ဖတ်ရှုခြင်းကို ရပ်တန့်ကာ လူတိုင်းကို လေးနက်စွာ ကြည့်လိုက်၏။ နည်းပညာရှင်များသည်လည်း ထပ်တူပင် သဘောကျသွားခဲ့ကြပေသည်။

"ဒီစာရွက်စာတမ်းက ငါတို့ရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ လုံလောက်တယ်..."

"ဒီစာရွက်စာတမ်းနဲ့ဆိုရင် 7nmLithographyက လက်တစ်ကမ်းမှာ ရှိနေပြီလို့ ရဲရဲကြီး ပြောရဲတယ်... ဒါ့အပြင် ဒီစာရွက်စာတမ်းထဲက အဆင့်မြင့် နည်းပညာတွေနဲ့ သဘောတရားတွေအပေါ် အခြေခံပြီး 3nmLithographyကို အချိန်တိုအတွင်းမှာ အလွယ်တကူ တီထွင်နိုင်တယ်..." သုတေသီတစ်ဦးက ပြောလိုက်သည်။

"ဟုတ်တယ်... ဒီစာရွက်စာတမ်းက ငါတို့အတွက် အရမ်းကို အရေးကြီးတယ်... ဒါကို ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းအဖြစ် သတ်မှတ်ဖို့ အကြံပြုချင်တယ်..." အခြားတစ်ဦးကလည်း ဝင်ပြောလိုက်၏။

အစည်းအဝေးခန်းမ တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားခဲ့ချေသည်။

နှစ်များစွာကြာအောင် တာ့ရှား(တရုတ်)နိုင်ငံ၏ နည်းပညာသည် ပြင်ပကမ္ဘာမှ မဆုတ်မနစ်သော ဖိနှိပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုအခါတွင်မူ ပြည်ပနိုင်ငံများနှင့် တိုက်ပွဲ၊ ထိုးစစ်နှင့် ခံစစ်သည် ယခုပင် စတင်လေပြီ။

ယနေ့ ဤနေရာတွင် ရှိနေသူတိုင်းသည် သမိုင်း၏ သက်သေများ ဖြစ်ကြပေ၏။

ဤသည်မှာ မည်သို့လျှင် စိတ်လှုပ်ရှားဖွယ် မကောင်းဘဲ နေမည်နည်း။

"ဥက္ကဋ္ဌစု... တာ့ရှား(တရုတ်)ရဲ့ သိပ္ပံသုတေသနအတွက် မင်းရှိနေတာက တကယ့်ကို ကြီးမားတဲ့ ကောင်းချီးတစ်ခုပါပဲ..."

"ရိုးရိုးသားသား ပြောရရင် နည်းပညာဆိုင်ရာ အဟန့်အတားတွေကို ငါတို့ ချိုးဖျက်နိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ပဲ ငါ့မှာ ရှိခဲ့တာ... ဒါပေမဲ့ ယုံကြည်မှုတော့ လိုအပ်နေခဲ့တယ်..."

"တာ့ရှား(တရုတ်)ရဲ့ ခေတ်မီနည်းပညာတွေ ကမ္ဘာ့ထိပ်တန်းမှာ ရပ်တည်နိုင်တာကို ငါ့သက်တမ်းမှာ မြင်တွေ့ရပါ့မလား ဆိုတာ ငါ မသိခဲ့ဘူး... ဒါပေမဲ့ အခုတော့ ငါ မြင်တွေ့ခဲ့ရပြီ..."

"ဥက္ကဋ္ဌစု... တာ့ရှား(တရုတ်)က သုတေသီအားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်..." အဘိုးလော့က ပြောရင်း သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာခဲ့လေသည်။

ပရိသတ်ထဲရှိ သုတေသီများသည်လည်း လွန်ခဲ့သောနှစ်များစွာက သူတို့ ကြုံတွေ့ခဲ့ရသော အရှက်ကွဲမှုများနှင့် နေ့ရောညပါ ကြိုးပမ်းအားထုတ်ခဲ့ရမှုများကို ပြန်လည်သတိရလာကာ မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့ကြပေ၏။

သို့သော် ယခုအခါတွင် အရာအားလုံး ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။

အလင်းရောင်လှေငယ်လေးသည် တောင်တန်းပေါင်း သောင်းသောင်းမကကို ဖြတ်ကျော်သွားခဲ့လေပြီ။

ဤစာရွက်စာတမ်းဖြင့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်တော့မည် ဖြစ်သည်။

သူတို့ ကြိုးကြိုးစားစား သုတေသနပြုခဲ့သော နည်းပညာများကို ဖယ်ထုတ်ထားပြီး ထပ်မံအသုံးပြုတော့မည် မဟုတ်သော်လည်း ဤအရာသည် အလုံးစုံသော အခြေအနေအတွက် အံ့မခန်း အကျိုးကျေးဇူးများ ရှိနေမည်မှာ သေချာလှပေ၏။

"ဒီစာရွက်စာတမ်းကို ဒီမှာပဲ ထားခဲ့ပါမယ်... ကျွန်တော့်အတွက် သိမ်းမထားပါဘူး..."

"နည်းပညာကို လူတိုင်းအတွက် ထောက်ပံ့ပေးထားပြီးပါပြီ... ကျွန်တော့တို့ တာ့ရှား(တရုတ်)နိုင်ငံမှာ 7nmLithographyကို အမြန်ဆုံး ရရှိနိုင်ဖို့ ခင်ဗျားတို့အားလုံး ကြိုးကြိုးစားစား လုပ်ဆောင်ကြမယ်လို့ မျှော်လင့်ပါတယ်..." စုယွမ်က လေးနက်စွာ ပြောလိုက်သည်။

"ဟုတ်တယ်... ဒီစာရွက်စာတမ်းက ခဲခဲယဉ်းယဉ်း ရခဲ့တာပဲ..."

"ဒီနေ့ကစပြီး လူတိုင်းရဲ့ အလုပ်က သုတေသနလုပ်ရုံလောက် ရိုးရှင်းတော့မှာ မဟုတ်ဘူး... နည်းပညာ သုတေသနလုပ်တဲ့ အဆင့်ကနေ Lithographyကို တည်ဆောက်တဲ့ အဆင့်ဆီ ပြောင်းလဲသွားလိမ့်မယ်..."

"ဒီကိစ္စက အရမ်းကို အရေးကြီးတယ်..."

"ငါ မင်းတို့ကို တစ်နှစ် အချိန်ပေးမယ်..."

"တစ်နှစ်အတွင်းမှာ Lithography အသက်ဝင်လာတာကို မြင်ချင်တယ်..." ကျောက်ဟွေ့ဟွမ်က ပြောလိုက်၏။

"ဟားဟားဟားဟား..." ထိုစကားကို ကြားချိန်တွင် အဘိုးလော့က ရယ်မောလိုက်ပေသည်။

"အိုး... အဘိုးလော့... ဘာလို့ ရယ်နေတာလဲ... ငါ အချိန်အလုံအလောက် မပေးလို့လား..." ကျောက်ဟွေ့ဟွမ်က မေးလိုက်၏။

"မဟုတ်ပါဘူး... ဝန်ကြီးကျောက်က ငါ့ကို အချိန်တွေ အရမ်းပေးလွန်းလို့ပါ..."

"ငါတို့ သုတေသန မစတင်ခင်ကတည်းက Lithography တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကို ပြင်ဆင်ထားပြီးသားပဲလေ..."

"ဒါ့အပြင် အခုဆိုရင် ငါတို့ဆီမှာ ပြီးပြည့်စုံတဲ့ နည်းပညာနဲ့ သဘောတရားတွေ ရှိနေပြီလေ..."

"ငါတို့က ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်နေခဲ့ကြတာမှ မဟုတ်တာ..."

"ငါတို့ တာ့ရှား(တရုတ်)နိုင်ငံရဲ့ 7nmLithography ပေါ်ထွက်လာဖို့ တစ်နှစ်တာ အချိန်လိုမှာ မဟုတ်တာ က သေချာတယ်..."

"တကယ်လို့ ဒီလို အဆင့်မြင့် နည်းပညာနဲ့ ဖြေရှင်းနည်းတွေ ရှိနေလျက်နဲ့တောင် ထုတ်လုပ်ဖို့ တစ်နှစ် အချိန်ယူရဦးမယ်ဆိုရင် ငါတို့က အသုံးမကျတဲ့လူတွေ ဖြစ်မနေဘူးလား..."

"ဒီနေရာမှာ ငါ အာမခံတယ်..."

"မနက်ဖြန်ကစပြီး ငါတို့ သုတေသနဌာန တစ်ခုလုံး Lithographyအပေါ် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စတင်တော့မယ်..."

"ငါ တစ်နှစ် အချိန်မလိုဘူး... နှစ်လပဲ လိုတယ်..." အဘိုးလော့က ခိုင်မာစွာ ပြောလိုက်သည်။

"နှစ်လ ဟုတ်လား..."

"အဘိုးလော့... သေချာလို့လား..." ကျောက်ဟွေ့ဟွမ်၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်နေခဲ့ချေသည်။

7nmLithography မြန်မြန် ပေါ်ထွက်လာလေလေ တာ့ရှား(တရုတ်)အပေါ် ပြင်ပဖိအားတွေ လျော့နည်းလေလေ ဖြစ်ပေမည်။

နှစ်လ...

ဘာမှမရှိသည့် အခြေအနေမှ တစ်စုံတစ်ခုအဖြစ်သို့။ ဤသည်မှာ ကမ္ဘာကြီးကိုပင် အံ့အားသင့်စေနိုင်မည့် အချိန်တစ်ခု ဖြစ်၏။

အကယ်၍ ဤသတင်းသာ ထွက်သွားပါက အခြားနိုင်ငံများ၏ လှောင်ပြောင်ခြင်းကို ခံရနိုင်ပေသည်။

သို့သော် ယခုအခါတွင် အဘိုးလော့၏ မျက်နှာအမူအရာမှာ နောက်ပြောင်နေသည့်ပုံ မပေါ်ချေ။

"ဟုတ်တယ်... ငါတို့မှာ အဲဒီ ယုံကြည်မှု ရှိတယ်..."

"အားလုံးပဲ... ငါလို အဖိုးကြီးတစ်ယောက်တောင် ဒီယုံကြည်မှု ရှိနေရင် မင်းတို့ရော ရှိကြရဲ့လား..." အဘိုးလော့က လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်၏။

"အဘိုးလော့... စိတ်မပူပါနဲ့... ဒီရက်ခြောက်ဆယ်အတွက် အစားမစား ရေမသောက်ဘဲ နေရမယ်ဆိုရင်တောင် ငါတို့က ဒါကို နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပါ..."

"ငါ ဒီနေ့ကို စောင့်နေခဲ့တာ ကြာပြီ..."

"ဥက္ကဋ္ဌစုကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်သလို တာ့ရှား(တရုတ်) ပြည်သူတွေကိုလည်း စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး..."

"တကယ်လို့ ငါတို့မှာ ဒီလို ဆုံးဖြတ်ချက်မျိုး မရှိဘူးဆိုရင် ငါတို့က ဘာအသုံးကျတော့မှာလဲ..." လူတစ်ဦး၏ စိတ်အားထက်သန်သော စကားများသည် လူတိုင်း၏ ဆုံးဖြတ်ချက်များကို မီးတောက်လောင်စေခဲ့လေသည်။

စုယွမ်သည် ဤမြင်ကွင်းကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပေ၏။

ဤသည်မှာ တာ့ရှား(တရုတ်)ပြည်သူများ၏ စည်းလုံးညီညွတ်မှုပင်။

လူမည်မျှလောက်များ မြင့်မားသော ရည်မှန်းချက်များ ရှိနေကြသနည်း။

ဤသည်မှာပင် တာ့ရှား(တရုတ်)နိုင်ငံက သူ၏ အခက်အခဲများကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားနိုင်ခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။

"လူတိုင်းရဲ့ ရလဒ်တွေကို ကျွန်တော် စောင့်မျှော်နေပါမယ်..."

"အဲဒီအချိန်ကျရင် အားလုံးအတွက် လက်ဆောင်ကြီးတစ်ခု ကျွန်တော် စီစဉ်ပေးပါ့မယ်..." စုယွမ်က လေးနက်စွာ ကတိပေးလိုက်လေသည်။

All Chapters