← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) ဆော့ကစားဖို့ ကျောက်တုံးနည်းနည်းလောက် ဝယ်ခြင်း

သူဌေးဝမ်က မျက်လုံးများကို မှေးကျဉ်းကာ လှောင်ပြောင်လိုက်၏။ "အကြွေးပြန်ဆပ်ရမယ်ဆိုတာ သဘာဝပဲလေ အကုန်လုံးက အဖြူပေါ် အမည်းချရေးထားတာ သက်သေရှိတယ် မစ္စကျင်း က အကြွေးတွေကို ငြင်းချင်နေတာလား..."

"ငါ..."

အတိုင်ပင်ခံဆရာမ ကျင်းထျန်မှာ စကားမပြောနိုင်တော့ချေ။

ဖခင်ဖြစ်သူ လိမ်ခံရကြောင်း သူမ သိသော်လည်း မည်သည့် သက်သေအထောက်အထားမျှ မပြနိုင်ခဲ့ပေ။

ပိုက်ဆံ ပြန်ဆပ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

ကံကောင်းထောက်မစွာဖြင့် အကြွေးပမာဏမှာ ယွမ် တစ်သိန်းငါးသောင်းသာ ဖြစ်ပြီး သူမ၏ စုဆောင်းငွေဖြင့် လုံလောက်ပေသည်။

သို့သော် သူမ၏ ဖခင်သည် စုစုပေါင်း ယွမ် လေးသိန်းကျော် ရှုံးသွားခဲ့ရာ သာမန်မိသားစုတစ်ခုအတွက်တော့ အလွန် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင် ဖြစ်လေ၏။

ကျင်းကျန်းရှင်းသည် ခေါင်းကိုငုံ့ထားပြီး တိတ်ဆိတ်နေခဲ့သည်။

သူက အသက်ကြီးနေသော်လည်း တုံးအသူတစ်ယောက်တော့ မဟုတ်ချေ။

လူတွေကို ကျောက်စိမ်းလောင်းကစားဖို့ သွေးဆောင်တဲ့ သူတို့ရဲ့ အကြံအစည် ခြေရာလက်ရာတွေကို ကျောက်စိမ်းလောင်းကစားရုံက ဖုံးကွယ်ထားခဲ့တာ ကြာပါပြီ။

တကယ်လို့ တရားစွဲမယ်ဆိုရင်တောင် အနိုင်ရမှာ မဟုတ်ဘူး။

‘ဒီလောက်နဲ့ပဲ တော်ပါတော့မယ်... ယွမ် လေးသိန်းကျော် ပေးပြီး သင်ခန်းစာတစ်ခု ရလိုက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်’

သူ ရှုံးသွားသည်မှာ နည်းပါးသေးသည်ဟု ခံစားရ၏။

အချို့သော သူဌေးသားများ ယွမ်သန်းပေါင်းများစွာ ရှုံးသွားသည်ကို ယခင်က သူ မြင်တွေ့ခဲ့ဖူးသည်။

ကျောက်စိမ်းလောင်းကစားရုံပိုင်ရှင်တွင် အစွမ်းထက်သော အဆက်အသွယ်များ ရှိပြီး လူအများစုက သူ့ကို ရန်စရန် မရဲဝံ့ကြချေ။

နည်းပြဆရာမ ကျင်းထျန်က ငွေလွှဲပေးရန် ပြင်လိုက်ချိန်မှာပင်။

ဘေးတွင် ရပ်နေသော ချန်ဖုန်းက ရုတ်တရက် ဝင်ပြောလိုက်၏။ "ရှောင်ထျန်ထျန် ဘာတွေများ လောနေရတာလဲ အခု ကျောက်စိမ်းလောင်းကစားရုံကို ရောက်နေမှတော့ ကျောက်ရိုင်းတုံး နည်းနည်းလောက် မဝယ်ဘဲ ဘယ်ဖြစ်မလဲ..."

ရှောင်ထျန်ထျန် လား...

အတိုင်ပင်ခံဆရာမ ကျင်းထျန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဒီကောင်လေးက အရမ်း ရဲတင်းလွန်းနေပြီ အနည်းဆုံးတော့ ဆရာမကျင်း လို့ ခေါ်သင့်တယ် မဟုတ်ဘူးလား...

သူမကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်မှာ...

သူမ၏ ကိုယ်ပိုင်ဖခင်သည် ယခုလေးတင် ယွမ် လေးသိန်းကျော် ရှုံးသွားခဲ့ပြီး ဤသည်မှာ သက်ရှိထင်ရှား ဥပမာတစ်ခု ဖြစ်နေခြင်းပင်။

‘နင်က ကျောက်တုံးတွေ ဝယ်ချင်သေးတယ်ပေါ့...

နင့်မှာ ပိုက်ဆံတွေ အများကြီး ရှိနေလို့လား…’ဟု တွေးကာ

သူမက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောဆိုလိုက်၏။ "ချန်ဖုန်း ဒီကျောက်စိမ်းလောင်းကစားရုံက လူလိမ်တွေပဲလေ နင့်ပိုက်ဆံတွေကို အလကား ဘာလို့ သွားပေးရမှာလဲ နင် ရူးနေတာလား..."

"မစ္စကျင်း စကားပြောတာ ဆင်ခြင်ပါ..."

သူဌေးဝမ်၏ မျက်နှာ အရောင်ပြောင်းသွားပေသည်။

‘ဒီမှာ ကျောက်ရိုင်းတုံး ရွေးနေတဲ့ ဖောက်သည်တွေ အများကြီး ရှိသေးတယ် အဲဒီလိုပြောတာ ငါ့စီးပွားရေးကို ဖျက်ဆီးချင်လို့လား…’

ချန်ဖုန်းက ရယ်မောလိုက်ပြီး ပြောလိုက်၏။ "သူဌေးဝမ်က တရားဝင် စီးပွားရေးသမားတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ် ဒီက ကျောက်တုံးတွေ အကုန်လုံး အတုဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ကျွန်တော်က ကျောက်စိမ်းလောင်းကစားတာကို နည်းနည်းပါးပါး နားလည်တော့ ကျောက်စိမ်းတချို့ ရှာတွေ့နိုင်ကောင်းပါရဲ့..."

"တကယ်လား..."

နည်းပြဆရာမ ကျင်းထျန်က သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ချန်ဖုန်း၏ စကားကို သူမ သံသယဖြစ်မိသော်လည်း သူမ သိထားသည့် ချန်ဖုန်း၏ အကြောင်းများအရ သူက အရှုံးခံမည့်သူမျိုး မဟုတ်ကြောင်း တွေးလိုက်မိပေ၏။

သူဌေးဝမ်က သူတို့ကို မတားဆီးခဲ့ချေ။

မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းလောင်းကစားရုံ ဖွင့်ထားသည်မှာ ငွေရှာရန်အတွက်ပင် ဖြစ်လေသည်။

ဤနေရာတွင် ကျောက်တုံးပေါင်း တစ်ထောင်ကျော် ရှိပြီး အများစုမှာ ကျောက်စိမ်း ထွက်လာမည်၊ မထွက်လာမည်ကို သူ့ကိုယ်သူပင် သေချာ မသိနိုင်ချေ။

ရှေ့မှ ကောင်လေးမှာ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးရာ သူက ဘာကိုများ သိနိုင်မည်နည်း။

တစ်စုံတစ်ယောက်က သူ့ကို ပိုက်ဆံလာပေးသရွေ့ သူ ဝမ်းသာနေမည်သာ ဖြစ်သည်။

[ ဒင်... ပိုင်ရှင်တွင် ကျောက်စိမ်းလောင်းကစားစွမ်းရည် မရှိပါ ဆရာသခင်အဆင့် ကျောက်စိမ်းလောင်းကစားစွမ်းရည်ကို အောင်မြင်စွာ ရရှိပါသည်... စနစ်ပွိုင့် ၂၀၀ ကို နုတ်ယူလိုက်ပါသည်…]

[ ဒင်... ပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့် ၃၁၅၀ ဖြစ်ပါသည်…]

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။

ကျောက်စိမ်းလောင်းကစားရုံရှိ ကျောက်တုံးများ အားလုံးရှိရာ ဘယ်ဘက်ခြမ်းသို့ သူ လျှောက်သွားလိုက်သည်။

ဆရာသခင်အဆင့် ကျောက်စိမ်းလောင်းကစားစွမ်းရည်ကို ရရှိပြီးနောက်တွင်မူ။

ထိုကျောက်တုံးများသည် ယခုအခါ သူ၏မျက်လုံးထဲတွင် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး မည်သည့်ကျောက်တုံးက ကျောက်စိမ်း ထွက်လာနိုင်သည်ကို သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေ၏။

ကျင်းကျန်းရှင်းက နည်းပြဆရာမ ကျင်းထျန်၏ လက်မောင်းကို ခပ်ဖွဖွ ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။ "သမီး... သမီးရဲ့ သူငယ်ချင်းက ယုံရပါ့မလား သူ အရိုက်ခံရတော့မယ်လို့ အဖေ ခံစားနေရတယ်..."

"သမီး..."

နည်းပြဆရာမ ကျင်းထျန်မှာ ချန်ဖုန်းက ကျောက်စိမ်းလောင်းကစားခြင်းကို တကယ် နားလည်၊ မလည် မသိခဲ့ချေ။

သူမ၏ အကြည့်များက ရှေ့ရှိ ဧရိယာတစ်ခုလုံးသို့ ရောက်ရှိသွား၏။

ဤနေရာရှိ အပေါဆုံး ကျောက်တုံးများမှာ အနည်းဆုံး ယွမ် ငါးထောင်ခန့် ရှိပြီး ဈေးကြီးသော ကျောက်တုံးများမှာ ယွမ် နှစ်သိန်းမှ သုံးသိန်းအထိ ရှိကာ အချို့ဆိုလျှင် ယွမ် ခြောက်သိန်းမှ ခုနစ်သိန်းအထိပင် ရှိချေသည်။

ချန်ဖုန်းက ကျောက်တုံးတစ်တုံးဆီသို့ လျှောက်သွားကာ ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒီကျောက်တုံးကို ယူမယ်..."

"ဒီတစ်ခုရော ဟိုတစ်ခုရော ယူမယ်..."

သူက ကျောက်တုံး ခုနစ်တုံး၊ ရှစ်တုံးခန့်ကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်ရာ နည်းပြဆရာမ ကျင်းထျန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားရပေ၏။

‘ဒါက အရမ်း ပေါ့ပေါ့ဆဆ နိုင်လွန်းတယ်’

သူဌေးဝမ်က ဖျော့တော့စွာ ပြုံးလိုက်သည်။ "လူငယ်လေး ဒီက စည်းကမ်းက ကျောက်တုံးကို မယူခင် ပိုက်ဆံအရင် ရှင်းရတယ်..."

"ဘာတွေ လောနေတာလဲ ကျွန်တော် ရွေးလို့ မပြီးသေးဘူး..."

ချန်ဖုန်းက ရှေ့သို့ ဆက်လျှောက်သွားပြီး ကျောက်တုံးတိုင်းလိုလိုကို ဆယ်စက္ကန့်ထက်ပင် မပိုအောင် ကြည့်ရှုပြီးနောက် ရပ်တန့်လိုက်သည်။

"ဟိုတစ်ခု..."

"ဒီတစ်ခုရော..."

နောက်ပိုင်းအချိန်များတွင် သူသည် လောင်းကစားရုံတစ်ခုလုံးရှိ ကျောက်တုံးများ အားလုံးကို လက်တွေ့ကျကျ ရှင်းလင်းပစ်ခဲ့ပြီး သူ လက်ညှိုးထိုးပြသော ကျောက်တုံးများကို ဝန်ထမ်းများက ဘေးရှိ နေရာလွတ်တစ်ခုသို့ ရွှေ့ပြောင်းပေးခဲ့သည်။

၎င်းတို့က တောင်ပူစာလေးတစ်ခုအလား စုပုံသွားလေ၏။

အချိန်တိုအတွင်းမှာပင်။

လူတိုင်းက ဘာတွေဖြစ်နေသနည်းဟု သိချင်စိတ်ဖြင့် ဝိုင်းအုံလာကြပေသည်။

သူဌေးဝမ်၏ မျက်နှာအမူအရာမှာ တစ်ခါတည်း အရောင်ပြောင်းသွား၏။

ဒီကျောက်တုံးတွေကို ဝယ်ဖို့ဆိုရင် ယွမ် ရှစ်သန်း၊ ကိုးသန်းလောက် ကုန်ကျနိုင်မယ်လို့ သူ အကြမ်းဖျင်း တွက်ချက်လိုက်သည်။

‘ဒီကောင်လေးမှာ ယွမ် ရှစ်သန်း၊ ကိုးသန်းလောက် ရှိလို့လား...

ဟက်...တကယ်လို့ ငါ့ကို လာစနောက်ရဲရင်တော့ မင်း နောင်တရသွားစေရမယ်…’ဟု သူဌေးဝမ် တွေးလိုက်သည်။

ဘေးတွင် ရပ်နေသော ကျင်းကျန်းရှင်းမှာလည်း ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားရပေသည်။ ကျောက်တုံးပေါင်း တစ်ရာကျော်တောင် ရှိနေတာ...

တကယ်လို့ မသိတဲ့သူသာဆိုရင် ဆင်ဂယ်ဒေး အထူးပရိုမိုးရှင်းနဲ့ ရှင်းထုတ်ရောင်းချနေတယ်လို့တောင် ထင်သွားနိုင်တယ်။

ကျောက်စိမ်း ထွက်နိုင်သည့် ကျောက်တုံးများကို အားလုံးနီးပါး ရွေးချယ်ပြီးစီးသွားသည်ကို မြင်သောအခါ ချန်ဖုန်းက နည်းပြဆရာမ ကျင်းထျန်အား ရုတ်တရက် ကြည့်ကာ ရယ်မောလိုက်၏။ "နင့်ဆီမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆော့ကစားဖို့အတွက် နည်းနည်းလောက် မဝယ်ချင်ဘူးလား..."

"အာ..."

နည်းပြဆရာမ ကျင်းထျန် အနည်းငယ် မှင်တက်သွားသည်။

မူလက ဖခင်ဖြစ်သူ၏ အကြွေးများကို ပြန်ဆပ်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ သူမကိုယ်တိုင် ကျောက်တုံးများ ဝယ်ယူရန် ဖြစ်လာခဲ့ပေ၏။

ချန်ဖုန်းက တိုးတိုးလေး ပြောလိုက်သည်။ "စိတ်မပူပါနဲ့ နင် သေချာပေါက် ရှုံးမှာမဟုတ်ဘူး..."

"အဲဒါက..."

တစ်ဖက်လူ၏ ယုံကြည်မှုအပြည့်ရှိသော ဟန်ပန်ကို မြင်သောအခါ နည်းပြဆရာမ ကျင်းထျန်က အံကြိတ်ကာ မေးမြန်းလိုက်၏။ "ဘယ်ကျောက်တုံးက ကျောက်စိမ်းထွက်မလဲဆိုတာ နင် သေချာ သိလို့လား..."

"စိတ်မပူပါနဲ့ ရှုံးရင် ငါ တာဝန်ယူပေးမယ် ကျောက်စိမ်းလောင်းကစားရုံက နင့်အဖေဆီက ယွမ် လေးသိန်းကျော် လိမ်ယူသွားတာလေ နင် လက်စားမချေချင်ဘူးလား..."

"ကောင်းပြီ ငါ့လက်ထဲမှာ ယွမ် နှစ်သိန်းကျော် ရှိတယ် နင် ဝယ်ချင်တာကိုသာ ရွေးလိုက်တော့..."

နည်းပြဆရာမ ကျင်းထျန်သည်လည်း အစွမ်းကုန် ပုံအောရန် ဆုံးဖြတ်လိုက်ပေသည်။

သူမက အငြိုးအတေး ထားတတ်သူဖြစ်ပြီး အတင်းအကျပ် ဖိအားပေးမခံရပါက ပိုက်ဆံ ပြန်ဆပ်ချင်မည် မဟုတ်ချေ။

ချန်ဖုန်း၏ လမ်းညွှန်မှုအောက်တွင်

အတိုင်ပင်ခံဆရာမ ကျင်းထျန်သည် စုစုပေါင်း ကျောက်တုံး ဆယ်တုံးကို ဝယ်ယူခဲ့လေ၏။

"ငါတို့တော့ ဒုက္ခပါပဲ ငါ့သမီးရဲ့ ပိုက်ဆံတွေ အကုန်ကုန်ပြီ တကယ်လို့ ကျောက်စိမ်းသာ မထွက်လာရင် ငါတို့နှစ်ယောက်လုံး အဖမ်းခံရတော့မယ်..."

ကျင်းကျန်းရှင်းမှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။

သူက သမီးဖြစ်သူကို ဖျောင်းဖျရန် ကြိုးစားခဲ့သော်လည်း သူမက သူမ၏ သူငယ်ချင်းကိုသာ ယုံကြည်နေခဲ့၏။

‘ငါတို့ ဘာလုပ်ကြမလဲ…’

သူက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး မော့ကြည့်လိုက်ချိန်တွင် အေးစက်စွာ ပြုံးနေသော သူဌေးဝမ်ကို မြင်တွေ့လိုက်ရပေသည်။

သူ၏ နှလုံးသားမှာ တစ်ချက်ခုန်သွား၏။

သူဌေးဝမ်က နှာဘူးကျသော မိန်းမလိုက်စားသူတစ်ဦးဖြစ်ကြောင်း သူ ကြားဖူးထားသည်။ တကယ်လို့ နောက်ပိုင်း ပိုက်ဆံမထုတ်ပေးနိုင်ရင် သူ့သမီးကို ဖျက်ဆီးပစ်လိမ့်မည်။

သူ အလွန်အမင်း စိုးရိမ်ပူပန်နေချိန်မှာပင်။

ချန်ဖုန်းက ပိုက်ဆံ ရှင်းပြီးသွားခဲ့ပြီ ဖြစ်ကာ စုစုပေါင်း ယွမ် ၈.၄၅ သန်း ဖြစ်ပေ၏။

သူဌေးဝမ်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု တစ်ချက် ဖြတ်ပြေးသွားသည်။

ချန်ဖုန်းက ယွမ် ရှစ်သန်းကျော်တန်ဖိုးရှိသော ပစ္စည်းများကို ဤမျှ လွယ်ကူစွာ ဝယ်ယူနိုင်လောက်အောင် ချမ်းသာလိမ့်မည်ဟု သူ တကယ် မထင်မှတ်ထားခဲ့ချေ။

ထို့နောက်တွင် ချန်ဖုန်းသည် ကျောက်တုံးကို ကျောက်ဖြတ်သည့် နေရာသို့ ရွှေ့ပြောင်းကာ ဖြတ်ရန်အတွက် ကျောက်ဖြတ်ဆရာထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်လေ၏။

လူအုပ်ကြီးက ဝိုင်းအုံလာကြသည်။

ကျောက်စိမ်းလောင်းကစားရုံရှိ ဝန်ထမ်းတစ်ဦးက တိုးတိုးလေး ပြောလိုက်၏။ "သူဌေး အဲဒီကောင်လေးက ရွေးတုန်းက ကျောက်တုံးတွေကို သေချာတောင် မကြည့်ခဲ့ဘူး အဲဒါတွေက တကယ်ပဲ ကျောက်စိမ်း ဖြစ်လာနိုင်ပါ့မလား..."

"အလကား သောက်ရူးစကားတွေ လာပြောမနေနဲ့..."

သူဌေးဝမ်က လှောင်ပြောင်လိုက်သည်။ "အဘိုးကြီးကျန်း တောင် ဒီကျောက်တုံးတွေကို သေချာ မသိနိုင်တာကို သူလို ကောင်လေးက ဘယ်လိုလုပ် ခွဲခြားသိနိုင်မှာလဲ သူက ဟန်ရေးပြချင်နေတဲ့ သူဌေးသားတစ်ယောက် ဖြစ်ရမယ်..."

သူ စကားပြော၍ မပြီးဆုံးမီမှာပင် ကျောက်ဖြတ်ဆရာက ကျောက်တုံးကို ဖြည်းညင်းစွာ ဖြတ်တောက်လိုက်လေပြီ။

သူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွား၏။

မြစိမ်းရောင် အလင်းတန်းတစ်ခုက မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့ပေသည်။

"ဒါက..."

သူဌေးဝမ် လုံးလုံးလျားလျား ဆွံ့အသွားရသည်။

သူ့ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ထိုကျောက်တုံးသည် တကယ်တော့ ရေခဲကျောက်အမျိုးအစား ဖြစ်နေခြင်းပင်။

ဤကျောက်တုံး၏ အရွယ်အစားအရဆိုလျှင် ယွမ် ငါးသန်းမှ ခြောက်သန်းအထိ တန်ဖိုးရှိနိုင်သော်လည်း ချန်ဖုန်း ဝယ်ယူခဲ့စဉ်က ယွမ် နှစ်သိန်းခွဲသာ သုံးစွဲခဲ့ရခြင်း ဖြစ်ပေ၏။

All Chapters