← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈) သေသည်အထိ တိုက်ခိုက်ခြင်း

"အရမ်း ကြီးမားတဲ့ ငှက်တစ်ကောင် ဟုတ်လား..."

တပ်မှူးက ခေါင်းခါလိုက်၏။

“ဒီခေတ်ကြီးမှာ ငှက်တစ်ကောင်က ဘယ်လောက် ကြီးနိုင်မှာလဲ…နိုင်ငံတွင်းကို ဝင်လာတဲ့ ဟွာရှတိုက်လေယာဉ်လောက်ပဲ ရှိမှာပေါ့…”

"ဆက်ပြီး ကင်းထောက်နေ... ရန်သူ့လေယာဉ်တွေကို တွေ့တာနဲ့ ချက်ချင်း ပစ်ချလိုက်..."

"နားလည်ပါပြီ..."

လက်အောက်ငယ်သား ထွက်သွားပြီးနောက်။

အခြားလူတစ်ယောက်က ပြာယာခတ်လျက် ပြေးဝင်လာခဲ့၏။ "ဒုက္ခပါပဲ ခေါင်းဆောင်... ကျွန်တော်တို့အုပ်စုထဲကို ရန်သူတွေ ခိုးဝင်လာတယ်... သူတို့က ဆယ်မိနစ်အတွင်း ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ လေးယောက်ကို သတ်သွားတယ်..."

“ကောင်းကင်ဘုရင်အဆင့်အောက်က လူတစ်ရာကျော်လည်း သေသွားတယ်...

ရန်သူက ရုပ်ဖျက်စွမ်းရည်ကို သုံးနေတာဆိုတော့ ရန်သူကို ကျွန်တော်တို့ လုံးဝ ရှာမတွေ့နိုင်ဘူး…”

“အခု လူတိုင်းက တစ်ယောက်ကိုတစ်ယောက် သံသယဖြစ်နေကြပြီး နိုင်ငံဆယ်ခု မဟာမိတ်တပ်ဖွဲ့တွေကလည်း အကုန် လူစုကွဲသွားကာ ကိုယ့်တိုက်ပွဲကိုယ် တိုက်နေကြရတယ်…”

ဤသတင်းက အစည်းအဝေးခန်းမထဲရှိ အဆင့်မြင့် အရာရှိများအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်မှာ သေချာလှပေ၏။

ထို့နောက် မျက်နှာတစ်ထောင်မြေခွေးက ရုပ်ဖျက်စွမ်းရည်ကို သိရှိကြောင်း ၎င်းတို့ သတိရသွားကြသည်။

သူတို့လူအဖြစ် ရုပ်ဖျက်ပြီးတာနဲ့ သူမက ၎င်းတို့၏ တပ်ဖွဲ့ဝင်တွေကို အသံတိတ် သတ်ဖြတ်နိုင်ပြီး ပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ ဒီအမှတ်အသားကိုတောင် သုံးနိုင်သေးတယ်လေ။

“ချီးပဲ…”

လူတိုင်း မျက်မှောင်ကြုတ်သွားကြ၏။

အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များပင်လျှင် မျက်နှာတစ်ထောင်မြေခွေး၏ ရုပ်ဖျက်စွမ်းရည်ကို အထက်တန်းလွှာများထံမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

သို့သော် သာမန်လူများအတွက်မူ အစစ်နှင့် အတုကို ခွဲခြားရန်မှာ အလွန် ခက်ခဲနေဆဲပင်။

တပ်မှူးတစ်ဦးက အေးစက်စွာ ပြောဆိုလိုက်သည်။ "အမိန့်ပေးလိုက်... လူတိုင်း ဦးထုပ်နဲ့ အင်္ကျီတွေကို ချွတ်ပြီး အင်္ကျီဗလာနဲ့ ရန်သူကို တိုက်ခိုက်ကြဖို့..."

မျက်နှာတစ်ထောင်မြေခွေးက သူမရဲ့ အင်္ကျီကို ချွတ်ရဲလိမ့်မယ်လို့ ငါ လုံးဝ မယုံဘူး…”

ဒါက တကယ်ကို အကြံကောင်းတစ်ခုပင်။

မျက်နှာတစ်ထောင်မြေခွေးက ဘယ်လောက်ပဲ ကောင်းကောင်း ရုပ်ဖျက်ထားပါစေ အင်္ကျီချွတ်သည်ဖြစ်စေ မချွတ်သည်ဖြစ်စေ သူ့ရဲ့ အမှတ်အသားက ဖော်ထုတ်ခံရမှာပဲလေ။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်.."

"ပြီးတော့ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ... မြန်မြန် သူတို့ကို ဝိုင်းထား... ပြီးရင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတွေ လိုက်သွား... ကျန်တဲ့သူတွေက သူတို့ကို လက်နက်တွေနဲ့ ဖိနှိပ်ထား... သူတို့ကို ငါးမိနစ်အတွင်း ငါတို့ ဖြုတ်ချပစ်ရမယ်..."

"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."

ယခုအခါ စစ်မြေပြင်ရှိ အခြေအနေသည် ထပ်မံ ပြောင်းလဲသွားပြန်၏။

စစ်သည်များ အားလုံးသည် ၎င်းတို့၏ အင်္ကျီများကို ချွတ်လိုက်ကြပြီး ၎င်းတို့၏ ကြံ့ခိုင်သော ကြွက်သားများကို ဖော်ပြနေကြသည်။

သေချာတာပေါ့ အချို့သော ထိပ်တန်းကျွမ်းကျင်သူများကမူ သူတို့၏ အင်္ကျီများကို ချွတ်ရန် မလိုအပ်ချေ။

သူတို့က တစ်ယောက်တည်း လှုပ်ရှားနေကြတာလေ။

ထို့အပြင် မျက်နှာတစ်ထောင်မြေခွေး၏ ရုပ်ဖျက်စွမ်းရည်က ၎င်းတို့အပေါ် လုံးဝ အသုံးမဝင်ချေ။ ဝိုင်းရံပိတ်ဆို့ထားမှုက သိသာထင်ရှားသော အမြန်နှုန်းဖြင့် ကျုံ့ဝင်လာပေ၏။

ဤလုပ်ရပ်များက မျက်နှာတစ်ထောင်မြေခွေးနှင့် မီးတောက်အကတို့အား ၎င်းတို့ကိုယ်ကို ဖော်ပြရန် အတင်းအကျပ် ဖိအားပေးလိုက်ပြီး ၎င်းတို့အနေဖြင့် ရန်သူများအဖြစ် ရုပ်ဖျက်ရန် မဖြစ်နိုင်တော့ချေ။

ထိုအဖြစ်က သူမတို့မှာ ယန်ရီတို့နဲ့ ပြန်ပေါင်းဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။

စစ်မြေပြင်မှာ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပါပဲ…

ယခုအခါ ၎င်းတို့သည် ဟွာရှနယ်စပ်မှ ၁၆ ကီလိုမီတာ အကွာတွင် ရှိနေပေ၏။

“အပြင်ဘက် ပတ်လည်မှာ ကာကွယ်ရေးလိုင်း သုံးခု ရှိတယ်…”

ရှေ့တွင် ပေါ်လာသော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးဦးကို ကြည့်ရင်း ယန်ရီ၏ မျက်နှာအမူအရာမှာ အလွန် လေးနက်သွားခဲ့သည်။

သူက မျက်နှာတစ်ထောင်မြေခွေးကို ပြောလိုက်၏။ "ဒီကောင်တွေက ထပ်မစောင့်နိုင်တော့ဘူးနဲ့ တူတယ်... သူတို့ သုံးယောက်ကို ငါ ကိုင်တွယ်လိုက်မယ်... မင်းတို့ဘာသာမင်းတို့ ကြည့်လုပ်ကြတော့... မေးစရာရှိသေးလား..."

"ပြဿနာမရှိဘူး..."

မျက်နှာတစ်ထောင်မြေခွေးက အံကြိတ်ကာ ပြန်ဖြေလိုက်၏။

သူမနှင့် မီးတောက်အကတို့ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အခြားသူများဆီသို့ ထပ်မံ ပြေးဝင်သွားကြ၏။

အဇူရာနန်းတော်တွင် မူလက အဖွဲ့ဝင် နှစ်ဆယ် ရှိသော်လည်း ယခုအခါ ဆယ့်သုံးဦးသာ ကျန်ရှိတော့သည်။ တိုက်ပွဲအတွင်း ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးဦးနှင့် ကြယ်ငါးပွင့်အဆင့် တိုက်ခိုက်ရေးမှူး လေးဦး သေဆုံးသွားခဲ့၏။

ဤစစ်မြေပြင်တွင် နိုင်ငံဆယ်ခု မဟာမိတ်အဖွဲ့၌ ပင်မနတ်ဘုရား သုံးပါးထက်မက အများအပြား ရှိနေပေသည်။

မျက်နှာတစ်ထောင်မြေခွေးနှင့် သူမ၏အဖွဲ့အတွက် ပိတ်ဆို့မှုကို ဖောက်ထွက်ရန်မှာ မဖြစ်နိုင်သော အလုပ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။

‘ဟင်းး…ငါ့ အနေနဲ့ သေရမှာကို မကြောက်ပါဘူး ငါကြောက်တာက မီးတောက်အကကို ချန်ဖုန်းဘေးဆီ မခေါ်သွားပေးနိုင်မှာကိုပဲ’ ဟု ​မျက်နှာတစ်ထောင်မြေခွေးက စိတ်ထဲက တွေးရင်း သက်​ပျင်းချလိုက်မိသည်။

မီးတောက်အကက ထိုအချိန်တွင် သူမ၏ အတွေးများကို နားလည်ပုံရပြီး သက်ပြင်းချလိုက်သည်။ "စိတ်မပူပါနဲ့... အသက်ရှင်ဖို့အတွက် ငါလည်းတိုက်ပွဲဝင်မယ်... အနှစ်နှစ်ဆယ်ကျော် ကြာပြီဆိုတော့ သူ့ကို ငါလည်း တွေ့ချင်တယ်..."

ထို့နောက် သူမက ရှေ့သို့ ပြေးထွက်သွားတော့၏။

ထိုအချိန်၌ စီရိုနိုင်ငံ၏ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူက ယန်ရီကို ကြည့်ကာ ပြုံးလိုက်သည်။

"အဇူရာနန်းတော်ရဲ့ ပင်မနတ်ဘုရားဆယ်ပါးထဲမှာ မင်း ယန်ရီက တိုက်ခိုက်ရေးစွမ်းအားမှာ ယှဉ်နိုင်သူ မရှိဘူးလို့ ငါ ကြားဖူးတာ ကြာပြီ... ဒီနေ့တော့ ငါတို့သုံးယောက် မင်းနဲ့ တွေ့ဆုံခွင့်ရဖို့ အခွင့်ကောင်းပဲ..."

"ဟီးဟီး... ပင်မနတ်ဘုရား ယန်ရီ... တကယ်လို့ မင်းက ငါတို့သုံးယောက်ကို မိနစ်နှစ်ဆယ်လောက် တောင့်ခံနိုင်မယ်ဆိုရင် မင်းအသက်ကို ငါတို့ ချမ်းသာပေးမယ်..."

သယ်ရိနိုင်ငံ ၏ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူက ဖျော့တော့စွာ ပြုံးလိုက်၏။ တစ်ယောက်ယောက်ကို လွတ်လမ်းပေးမယ်ဆိုတဲ့ သူ့ရဲ့စကားက နောက်ပြောင် ပြောတာသက်သက်ပါပဲ။

သူတို့ရဲ့ အမြင်မှာတော့ ယန်ရီ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူက သူတို့သုံးယောက်ကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။ သူက ငါးမိနစ်လောက် တောင့်ခံနိုင်ရင်ပဲ အတော်လေး ကောင်းနေပါပြီ။

တကယ်လို့ သူက မိနစ်နှစ်ဆယ်လောက် တောင့်ခံထားနိုင်မယ်ဆိုရင် အဲဒီအချိန်ကျရင် အဇူရာနန်းတော်ရဲ့ တခြား ပင်မနတ်ဘုရားတွေ ရောက်လာသင့်တယ်လို့ ဆိုလိုတာပဲ။

အဲဒီအချိန်ကျရင် သူတို့ ဆုတ်ခွာသင့်သလား ဒါမှမဟုတ် စစ်ကူလွှတ်သင့်သလား။

အဲဒါက အထက်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။

အခြား ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးက စကားပြောရန် ပြင်လိုက်ချိန်မှာပင်။

ရုတ်တရက် ယန်ရီ၏ လက်ထဲတွင် ထန်ဓား တစ်လက် ပေါ်လာခဲ့သည်။

တိတ်ဆိတ်စွာနဲ့ပဲ...နောက်တစ်စက္ကန့်တွင်

သူ၏ အရှိန်အဝါ ပေါက်ကွဲထွက်ပေါ်လာ၏။

"သတ်..."

ထန်ဓားက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ကာ နောက်ဆုံး ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

ထိုသူက ထိုက်ရိနိုင်ငံ က ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမယ့် သုံးယောက်ထဲမှာတော့ အားအနည်းဆုံးပင်။

"ချီးပဲ..."

တစ်ဖက်လူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပေ၏။

သူက မူလက နည်းနည်းလောက် ကြွားဝါချင်ခဲ့တာလေ... ဘာပဲဖြစ်ဖြစ် သူက ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး ဘယ်အဖွဲ့အစည်းမှာမဆို အရေးပါတဲ့သူ တစ်ယောက်ပဲလေ။

အခုကရော...သူ ပါးစပ်တောင် မဟရသေးခင်မှာ ယန်ရီက တိုက်ခိုက်နေပြီ။

‘ငါက အားအနည်းဆုံး ဖြစ်နေလို့လား...

ချီးပဲ...

အဇူရာနန်းတော်က လူတွေက တကယ့် လူယုတ်မာတွေပဲ…’ ဟု စိတ်ထဲ ကျိန်ဆဲရင်း….

သူ အနောက်သို့ အလျင်အမြန် ဆုတ်ခွာနေစဉ်မှာပင် ယန်ရီ၏ ထန်ဓားက ရောက်ရှိလာပြီဖြစ်ပြီး သူ၏ အရှိန်အဝါများကလည်း တရိပ်ရိပ် မြင့်တက်လာကာ ပို၍ပို၍ အစွမ်းထက်လာပုံရပေသည်။

"အဇူရာနန်းတော်ကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို သေဖို့ကောင်းတယ်..."

ယန်ရီက သူ၏ ခွန်အားအားလုံးကို စုစည်းလိုက်ပုံရပြီး ပြိုင်ဘက်ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် သတ်ဖြတ်လိုနေ၏။

“ချီးပဲ…”

"ရပ်လိုက်စမ်း..."

အခြားနှစ်ဦးကလည်း လှုပ်ရှားလိုက်ကြသည်။

သို့သော် ယန်ရီက ရှောင်တိမ်းရန် မကြိုးစားခဲ့သလို မိမိကိုယ်ကို ကာကွယ်ရန်လည်း မရည်ရွယ်ခဲ့ချေ။

သူက တိုက်ခိုက်မှု နှစ်ခုကို ထိပ်တိုက် ရင်ဆိုင်လိုက်သော်လည်း သူ၏ အရှိန်အဝါမှာ လျော့ကျမသွားဘဲ ထန်ဓားက လေထုထဲတွင် လင်းလက်သွားကာ

မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားသည်။

"မလုပ်နဲ့..."

ထိုက်ရိနိုင်ငံ၏ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူမှာ အလွန် ထိတ်လန့်သွားပုံရပေသည်။

သူက အနောက်သို့ ရှောင်တိမ်းရန် အသည်းအသန် ကြိုးစားလိုက်၏။

ဒါပေမယ့် အရမ်း နောက်ကျသွားပြီလေ။

ထန်ဓားက သူ၏ ရင်ဘတ်ကို ဖောက်ဝင်သွားပြီး နှစ်ပိုင်းပိုင်းပစ်လိုက်လေ၏။

တိုက်ပွဲက အခုမှ စဖြစ်နေတုန်းမှာပင်...

ပထမဆုံး ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ သေသွားပြီ…

တစ်ခုတည်းသော ပေးဆပ်လိုက်ရမှုကတော့ လဲ့ယန် ပြင်းထန်စွာ ဒဏ်ရာရသွားခြင်းပင်။

“ဘုရားရေ...ဒါက တချို့လူတွေ သူတို့ရဲ့ တစ်သက်တာလုံးမှာ ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်တဲ့ အဆင့်တစ်ခုပဲ

အခုတော့ သူက အရမ်းကို လွယ်လွယ်ကူကူနဲ့ သေသွားပြီလား…”

လူအုပ်ကြားတွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာပြီး တိုက်ခိုက်နေသော ကျွမ်းကျင်သူအချို့ပင် သူတို့၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ကြ၏

“သူ... သေသွားပြီလား…”

“ချီးပဲ…”

သယ်ရိနိုင်ငံ၏ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူမှာလည်း မျက်နှာ ဖြူရော်သွား၏။ "သူက တစ်ယောက်ချင်းစီ သတ်ချင်နေတာ... ငါတို့ သူ့ကို အဲဒီအခွင့်အရေး ပေးလို့မဖြစ်ဘူး... ဝိုင်းတိုက်ကြ... အတူတူ ဝိုင်းတိုက်ကြ..."

သူတို့နှစ်ဦး ယန်ရီဆီသို့ ထပ်မံ ပြေးဝင်သွားကြပြန်သည်။

ထို​အခိုက် သူတို့နှစ်ယောက်၏ စွမ်းအားများ ရုတ်တရက် မြင့်တက်လာ၏။

သူတို့သည်လည်း နိုင်ငံရပ်ခြား စစ်မြေပြင်တွင် မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ဖူးပြီး သူတို့၏ အဖွဲ့လိုက်လုပ်ဆောင်မှုမှာလည်း အလွန် ကောင်းမွန်လှပေသည်။

အဲဒါတင် မကသေးဘူး...သူတို့ပတ်လည်ရှိ ရဟတ်ယာဉ်များကလည်း စက်သေနတ်များဖြင့် ပစ်ခတ်နေကြသည်။

ကျည်ဆန်တွေက ယန်ရီကို အန္တရာယ်မပေးနိုင်ဘူး။

ဒါပေမဲ့ အနည်းဆုံးတော့ တစ်ဖက်လူရဲ့ အာရုံကို လွှဲပေးနိုင်တယ်လေ။

ယန်ရီ၏ ထန်ဓားက ကျည်ဆန်တစ်တောင့်ကို ခုတ်ပိုင်းလိုက်ပြီး ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ နှစ်ဦးက ရှေ့သို့ ပြေးဝင်လာကာ တိုက်ပွဲကို ချက်ချင်း စတင်လိုက်ကြ၏။

တစ်ဖက်မှာလည်း…

မျက်နှာတစ်ထောင်မြေခွေးကလည်း အထွေထွေ ထိုးစစ်ကို စတင်လိုက်သည်။

၎င်းတို့သည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာအပြင် ရဟတ်ယာဉ်များနှင့် တင့်ကားများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေကြရ၏။

လက်နက်ကြီးများက ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ ဒဏ်ရာရစေနိုင်သည်။

မဝေးလှသော နေရာမှ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးသည်လည်း စစ်ကူပေးရန် ရောက်ရှိလာခဲ့သည်။

အခြေအနေက ပိုပိုပြီး အရေးတကြီး ဖြစ်လာနေပြီ…

ထိုအချိန်မှာပင်

ဘယ်ကလာမှန်းမသိသော ကျည်ဆန်တစ်တောင့်က ရဟတ်ယာဉ်တစ်စင်း၏ ဆီတိုင်ကီကို ထိမှန်သွားခဲ့သည်။

ထို့နောက် ချက်ချင်း ပေါက်ကွဲသွားကာ မီးရောင်က ကောင်းကင်ကို လင်းထိန်သွားစေသည်။

လူတိုင်းက ပတ်ပတ်လည်ကို ကြည့်လိုက်ကြပေမယ့် ရန်သူကို မတွေ့ကြဘူး။

ရဟတ်ယာဉ် ဘယ်လို ထိမှန်သွားသလဲဆိုတာကိုလည်း သူတို့ လုံးဝ မသိကြချေ။

သူတို့ လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေချိန်မှာပင်။

ဒုတိယတစ်စင်း…

တတိယတစ်စင်း…

စတုတ္ထတစ်စင်း…

တစ်မိနစ်ပင် မပြည့်လိုက်ချေ၊ ရဟတ်ယာဉ် ငါးစင်း ပေါက်ကွဲသွားခဲ့လေပြီ။

ကောင်းကင်တစ်ခုလုံး မီးပင်လယ်ကြီး ဖြစ်သွားတော့၏။

မရေမတွက်နိုင်သော အပျက်အစီးများ ကျဆင်းလာကာ

စစ်မြေပြင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့၏။

“ဘာတွေဖြစ်ကုန်တာလဲ…”

All Chapters