← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

155

"ယွမ် ကိုးသိန်းနှစ်သောင်း ကိုးသိန်းငါးသောင်း"

လေလံပွဲကြီး စတင်ပြီးနောက်တွင် ခန်းမကြီးအတွင်းရှိ လူအများအပြားမှာ မိမိတို့အလိုရှိရာ ဈေးနှုန်းများကို အပြိုင်အဆိုင် အော်ဟစ်ကာ လေလံဆွဲနေကြတော့သည်။ ဒုတိယထပ် သီးသန့်ခန်းအတွင်းရှိ ဝေ့ရှီယုသည်လည်း စိတ်လှုပ်ရှားသွားရ၏။

"အဲဒီ မင်ကျောက်ပြားလေးက တကယ်ပဲ အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ငါ့အဖေက စာရေးတာကို တော်တော်ဝါသနာပါတာဆိုတော့ ဒါလေးကို ဝယ်ပြီး အဖေ့ကို လက်ဆောင်ပေးလိုက်ရင်၊ အဖေ တကယ့်ကို သဘောကျသွားလိမ့်မယ်"

"တန်ဖိုးမရှိတဲ့ မင်ကျောက်ပြားအကျိုးလေးတစ်ခုကို ယွမ်သိန်းဂဏန်းတွေ ပေးပြီး ဝယ်တယ်ဟုတ်လား၊ မင်းတို့လို ချမ်းသာတဲ့ သူဌေးတွေပဲ ဒီလို အလုပ်မျိုးကို လုပ်နိုင်ကြတာပါ"

ကျိုးဟောက်ယွီမှ နှာခေါင်းတစ်ချက် ရှုံ့လျက် လှောင်ပြောင်သရော်လိုက်သည်။ ဝေ့ရှီယု ခပ်ဟဟ ရယ်မောလိုက်၏။

“နင့်ကို ကြည့်ရတာ တကယ့်ကို မနာလို ဖြစ်နေတဲ့အတိုင်းပဲ၊ စောစောတုန်းကတော့ ငါ့ကို ကိုယ့်စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးလို့ ပြောခဲ့ပြီးတော့ အခုကျတော့ နင်ကိုယ်တိုင်က သူဌေးတွေကို မုန်းတီးနေတဲ့ စိတ်ကို အထင်အပေါ်ကြီး ပြသနေတာလား၊ ဒါက လူတကာရဲ့ အရှေ့မှာ အထင်အမြင်သေးခံရမယ့် အပြုအမူမျိုးနော်"

"မင်း လုံးဝ အထင်မှားနေပြီ၊ ငါက မနာလိုဖြစ်နေတာလည်း မဟုတ်ဘူး ဘယ်သူ့ကိုမှလည်း မုန်းမနေဘူး၊ ငါကတော့ အခုလိုမျိုး ဈေးပြိုင်အော်နေတဲ့သူတွေကော၊ လေလံဆွဲဖို့ ပြင်နေတဲ့ မင်းအပါအဝင် အားလုံးကိုပါ တကယ့် လူတုံးတွေလို့ပဲ မြင်မိလို့"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ဆိုလိုက်သည်။

"ဟေး ဒါက လူကို တိုက်ရိုက် စော်ကားတာပဲတရားလွန်လွန်းရာ မကျဘူးလား၊ ငါက နင့်ကို ဘာမှလုပ်ခဲ့တာလည်း မဟုတ်ဘူးလေ"

ဝေ့ရှီယုမှ စိတ်ဆိုးမာန်ဆိုးဖြင့် နှုတ်ခမ်းလေး စူလျက် ရန်တွေ့ရှာသည်။

"ငါက လူကို စော်ကားနေတာ မဟုတ်ပါဘူး၊ လက်တွေ့ဘဝရဲ့ အမှန်တရားကို ပြောပြနေရုံ သက်သက်ပါပဲ၊ လမ်းဘေးအကင်ဆိုင်က သာမန် ဆယ်ယွမ် တန်ဖိုးပဲရှိတဲ့ မင်ကျောက်ပြားအစုတ်လေးကို ငွေသိန်းဂဏန်းတွေ အကုန်အကျခံပြီး ဝယ်နေတဲ့သူကို ငတုံးလို့ မခေါ်ရင် ဘာခေါ်ရမလဲ*

ကျိုးဟောက်ယွီမှ ပြုံးလျက် ပြန်လည်ချေပလိုက်သည်။ ဝေ့ရှီယု ချက်ချင်းပင် မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

"လျှောက်ပြီး မပြောစမ်းပါနဲ့၊ စောစောတင် လေလံမှူး လျူဖေးဝူကိုယ်တိုင်က ဒါက ဆရာကြီး အသုံးပြုခဲ့တဲ့ ရတနာပါလို့ သေသေချာချာ ပြောသွားတာကို၊ လမ်းဘေးက တန်ဖိုးမရှိတဲ့ ပစ္စည်းအစုတ်လေးတွေနဲ့ ဘယ်လိုနည်းနဲ့မှ နှိုင်းယှဉ်လို့ မရဘူးလေ"

"ဟဲဟဲ မင်း ယုံချင်ယုံ၊ မယုံချင်နေပေါ့၊ ငါ့ အမြင်မှာတော့ အဲဒီပစ္စည်းက သာမန် ဆယ်ယွမ်ပဲ တန်ဖိုးရှိတယ်"

ကျိုးဟောက်ယွီမှ ပုခုံးကို အသာအယာ တွန့်ပြလိုက်ပြီး အေးအေးလူလူ ဆိုလိုက်သည်။

"နင်က ဒီလို ရှေးဟောင်းရတနာတွေရဲ့ အကြောင်းကို ဘာမှ နားမလည်ဘဲနဲ့ လျှောက်ပြောနေတာပဲ၊ ငါကတော့ နင့်စကားကို လုံးဝ မယုံဘူး"

ဝေ့ရှီယုမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သီးသန့်ခန်းအတွင်းရှိ မိုက်ခရိုဖုန်းကို လှမ်းယူကာ၊ ချိုသာလှသော လေသံဖြင့် မိမိအလိုရှိရာ ဈေးနှုန်းကို အော်ဟစ်လိုက်တော့သည်။

"ယွမ် ၁၈သိန်း"

စင်မြင့်ထက်ရှိ လျူဖေးဝူသည် ထိုဈေးနှုန်းကို ကြားလိုက်ရသည့်ခဏတွင် မျက်နှာတစ်ခုလုံး ဝင်းပသွားရပြီး အော်ဟစ်လိုက်သည်။

"အမှတ်၆ သီးသန့်ခန်းက လူကြီးမင်းက ၁၈သိန်းအထိ ဈေးနှုန်း တိုးမြှင့်ပေးလိုက်ပါပြီ၊ ဒီထက် ပိုပြီး ဈေးပေးမယ့်သူ ရှိပါသေးသလား၊ ဒါက ဆရာကြီး ချန်ရစ်ခဲ့တဲ့ အဖိုးတန် ရတနာစစ်စစ် ဖြစ်လို့ စိတ်ဝင်စားရင် အမြန်ဆုံး လေလံဆွဲကြပါ"

သူမသည် အကြိမ်ကြိမ် နှိုးဆော်ခဲ့သော်လည်း ဝမ်းနည်းစရာကောင်းစွာဖြင့် ခန်းမကြီးအတွင်းရှိ လူအများအပြားထံမှ ဘာသံမျှ ပြန်လည်ထွက်ပေါ်မလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဝေ့ရှီယု၏ ဈေးနှုန်းတိုးမြှင့်မှုမှာ အလွန်အမင်း ပြင်းထန်လွန်းလှပြီး ယွမ် ၁၂သိန်းမှနေ၍ ၁၈သိန်းအထိ တစ်ဟုန်ထိုး ခုန်တက်သွားခဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ သူမနှင့် အပြိုင်အဆိုင် လေလံမဆွဲဝံ့ကြတော့ခြင်းဖြစ်ပေသည်။ ထို့အပြင် ထိုမင်ကျောက်ပြားလေး၏ လက်တွေ့တန်ဖိုးမှာလည်း အကန့်အသတ်ရှိလှရာ၊ ၁၈သိန်းဆိုသော ဈေးနှုန်းမှာ လူအများ၏ မျှော်မှန်းချက်ထက် များစွာ ကျော်လွန်နေသဖြင့် နောက်ဆုံးတွင် ထိုရတနာလေးမှာ ဝေ့ရှီယု၏ လက်ထဲသို့ အလွယ်တကူ ဆိုက်ရောက်သွားခဲ့တော့၏။

"အဲဒီ မင်ကျောက်ပြား မင်းအဖေကို လက်ဆောင်မပေးတာက ပိုပြီးတော့ အဆင်ပြေလိမ့်မယ်၊ ငါ စိုးရိမ်တာကတော့ မင်းအဖေ ဒါကို မြင်ရင် နှလုံးရောဂါ ထဖောက်သွားမှာကိုပဲ"

ကျိုးဟောက်ယွီမှ တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

"နင် ဘာကို ဆိုလိုတာလဲ"

ဝေ့ရှီယုမှ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

"ငါက ဒီပစ္စည်းကို အဖေ့ကို လက်ဆောင်ပေးဖို့အတွက် သက်သက် ဝယ်ခဲ့တာလေ၊ အကယ်၍ အဖေ့ကို လက်ဆောင်မပေးရင် ငါ့အနေနဲ့ အလဟဿ ငွေကုန်ကြေးကျ ခံခဲ့ရတဲ့သဘော ဖြစ်မနေဘူးလား"

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက လုဟန်က မင်းအဖေကို ရှေးဟောင်းပစ္စည်းအတုတစ်ခု ပေးခဲ့လို့ သူ တော်တော်ဒေါသထွက်ခဲ့ရသေးတယ် မဟုတ်လား၊ တကယ်လို့ မင်းကပါ အခုတစ်ခါ ရှေးဟောင်းပစ္စည်းအတုတစ်ခုကို ထပ်ပြီး လက်ဆောင်ပေးမယ်ဆိုရင်တော့ ငါ့အနေနဲ့ မင်းအဖေဖြစ်ပျက်သွားမယ့် မျက်နှာအမူအရာကို ကြိုတင်ပြီး ပုံဖော်ကြည့်လို့ ရနေပြီ၊ မင်းကို သမီးတစ်ယောက်အနေနဲ့ မွေးမြူခဲ့မိတာကို တကယ့်ကို နောင်တရသွားလိမ့်မယ်"

ကျိုးဟောက်ယွီ ခေါင်းကို ခါယမ်းလျက် သက်ပြင်းချကာ ဆိုလိုက်သည်။

"နင် ဘာပြောလိုက်တယ်၊ ပစ္စည်းအတု ဟုတ်လား ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ"

ဝေ့ရှီယုမှ။ မယုံကြည်နိုင်လောက်အောင် အော်ဟစ်မိရှာသည်။

"ထျန်းပေါင် လေလံပွဲလို နေရာမျိုးကနေ လေလံတင်တဲ့ ပစ္စည်းက ဘယ်လိုနည်းနဲ့များ အတု ဖြစ်နိုင်မှာလဲ"

ကျိုးဟောက်ယွီ ပြုံးလိုက်သည်။

"လောကမှာ လူဆိုတာ အမှားနဲ့ မကင်းနိုင်ကြပါဘူး၊ ဒါက ဓမ္မတာပါပဲ၊ ထျန်းပေါင် လေလံပွဲဆိုတဲ့ နာမည်ကြီးကိုပဲ ကြည့်ပြီးတော့ ဒီနေရာမှာ ရောင်းချသမျှ ပစ္စည်းအားလုံးက အစစ်အမှန်တွေချည်းပဲလို့ လုံးဝ မထင်ထားနဲ့၊ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလေ"

"ဒါ ဒါကတော့"

ဝေ့ရှီယုမှာ စကားအနည်းငယ် ဆွံ့အသွားရပြီး ရင်ထဲတွင် ယိမ်းယိုင် စိုးရိမ်သွားရရှာသည်။ ကျိုးဟောက်ယွီမှာ သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် အကြံပြုလိုက်၏။

"မင်း ငါပြောတဲ့ စကားကို မယုံကြည်ရင်လည်း ကိစ္စမရှိပါဘူး၊ ငါ ဒီပစ္စည်းကို မင်းရဲ့ အဖေကို လက်ဆောင်မပေးခင်မှာ အပြင်က ဝါရင့် ပညာရှင်တချို့ကို သေသေချာချာ ပြန်ပြီး စစ်ဆေးခိုင်းကြည့်လိုက်တာက အကောင်းဆုံးပဲ မဟုတ်လား"

"နင်က ဒီလို ရှေးဟောင်းပစ္စည်းတွေရဲ့ အကြောင်းကို အဲဒီလောက်အထိ အကျွမ်းတဝင်ရှိပြီး တတ်ကျွမ်းနားလည်နေတာလား"

ဝေ့ရှီယုမှ ကျိုးဟောက်ယွီကို အထင်ကြီး လေးစားသော မျက်လုံးများဖြင့် အပေါ်အောက် အကဲခတ်ကြည့်ရှုလျက် မေးမြန်းလိုက်သည်။

"ငါ ဘာမှ နားမလည်ပါဘူး"

ကျိုးဟောက်ယွီမှာ လက်ကို ဝှေ့ယမ်းလျက် ဤကိစ္စနှင့် ပတ်သက်၍ ရှည်ရှည်ဝေးဝေး ရှင်းပြခြင်း မပြုတော့ချေ။ စင်စစ်အားဖြင့် သူသည် မိမိ၏ ထက်မြက်လှသော ရွှေမျက်မှန် အစွမ်းကြောင့်သာ ဤမင်ကျောက်ပြား၏ အားနည်းချက် ပြဿနာကို မြင်တွေ့ခဲ့ခြင်းဖြစ်ပေသည်။ အကယ်၍ ဝေ့ရှီယုသာ သူ့ကို သေသေချာချာ ရှင်းပြခိုင်းမည်ဆိုလျှင် သူ၏ သိုင်းပညာလျှို့ဝှက်ချက်များကို ဖွင့်ဟရတော့မည် ဖြစ်ရာ၊ ဘာမှမတတ်ကျွမ်းသယောင် ဆင်ခြေပေးလိုက်ခြင်းဖြစ်၏။

"ဟွန့်၊ လျှို့ဝှက်ချက်တွေ တအားများလွန်းတာပဲ၊ မပြောချင်လည်း နေပါတော့"

ဝေ့ရှီယုမှ စိတ်မရှည်ဟန်ဖြင့် ဆိုရှာသည်။ သူမမျက်နှာတွင် အထင်အမြင်သေးဟန် အနည်းငယ် ပြသနေသော်လည်း ရင်ထဲတွင်မူ ကျိုးဟောက်ယွီ၏ စကားကို အတော်လေး ယုံကြည်မိနေခဲ့လေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောက်ယွီသည် သာမန်အားဖြင့် စနောက်တတ်သော်လည်း၊ တကယ့် ကိစ္စအစစ်အမှန်များနှင့် ကြုံတွေ့ရသည့် အခါမျိုးတွင်မူ ဘယ်တော့မှ မဟုတ်မမှန် လိမ်ညာပြောဆိုတတ်သူ မဟုတ်ကြောင်းကို သူမ ကောင်းကောင်းကြီး သိရှိနေသောကြောင့် ဖြစ်ပေ၏။ လေလံပွဲကြီးမှာတော့ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ကျင်းပနေခဲ့ပြီး၊ ဝေ့ရှီယုသည်လည်း မိမိသဘောကျသော ပစ္စည်းအချို့ကို မကြာခဏ လေလံဆွဲခဲ့သည်။ သို့သော်လည်း စောစောတုန်းက မင်ကျောက်ပြားကို ဝယ်ယူခဲ့စဉ်ကနှင့် မတူဘဲ အခုတစ်ခါတွင်မူ သူမသည် ပစ္စည်းတစ်ခုခုကို လေလံမဆွဲမီ အချိန်တိုင်းတွင် ကျိုးဟောက်ယွီကို အရင်ဆုံး လှမ်း၍ အကဲခတ်တောင်းဆိုကာ တိုင်ပင်ဆွေးနွေးလေ့ ရှိနေခဲ့တော့သည်။

“ဒုန်း ဒုန်း ဒုန်း"

ရုတ်တရက် သီးသန့်ခန်း၏ တံခါးကြီးကို အပြင်ဘက်မှနေ၍ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ပြင်းထန်စွာ လာရောက်ခေါက်သံ ကြားလိုက်ရပြီး၊ ဝမ်ဝမ်လုံ၏ ဒေါသတကြီးဖြင့် အော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။

"ဝေ့ရှီယု၊ မင်းကတော့ ဒီတစ်ခေါက် ငါ့ကို တကယ့်ကို ဒုက္ခတွင်းထဲ တွန်းပို့လိုက်တာပဲ၊ အခုချက်ချင်း တံခါးဖွင့်ပြီး ငါနဲ့အတူ လိုက်ခဲ့စမ်း မဟုတ်ရင်တော့ ငါ တံခါးကို ရိုက်ချိုးပစ်ရလိမ့်မယ်"

"နင် ရိုက်ချိုးရဲလား"

ဝေ့ရှီယုလည်း အထဲမှနေ၍ ပြတ်သားစွာ ခြိမ်းခြောက်လိုက်သည်။

"ဒါက ထျန်းပေါင် လေလံပွဲရဲ့ ပိုင်နက်နယ်မြေကွ၊ ငါ ဘာဖြစ်လို့ မလုပ်ရဲရမှာလဲ"

ဝမ်ဝမ်လုံမှာ အပြင်ဘက်မှနေ၍ ဒေါသတကြီးဖြင့်ပြန်လည်အော်ဟစ်တော့သည်။ ကျိုးဟောက်ယွီမှာ သူတို့နှစ်ဦး၏ စကားပြောဆိုသံကို ကြားလိုက်ရသည့်အခါ အနည်းငယ် ဆွံ့အသွားရပြီး ချက်ချင်းပင် ဝေ့ရှီယုကို လှည့်၍ စူးစမ်းလိုက်၏။

"ဘာဖြစ်လို့လဲ၊ ဘာပြဿနာတွေ တက်နေလို့လဲ"

"ဘာမှ အထူးတလည် မဟုတ်ပါဘူး၊ သာမန် ပြဿနာလေးပါပဲ"

ဝေ့ရှီယုမှ တတ်နိုင်သမျှ တည်ငြိမ်ဟန်ဆောင်လျက် ပြန်လည်ဖြေကြားလိုက်သည်။ သို့သော်လည်း သူမရင်ထဲတွင်မူ အလွန်အမင်း ထိတ်လန့်ဗျာများနေခဲ့လေပြီဖြစ်၏။ သူမသည် ပြီးခဲ့သော ပြဿနာကိစ္စမှ အေးအေးလူလူ ပြီးဆုံးသွားခဲ့ပြီဟု ထင်မှတ်နေခဲ့သော်လည်း အခုကျမှ တစ်ဖက်လူမှာ ယခုလိုမျိုး တံခါးဝအထိ လာရောက် ပြဿနာရှာနေခြင်းကို ကြည့်လျှင် မိမိ၏ လိမ်ညာမှုမှာ ကောင်းကောင်းကြီး ပေါက်ကြားသွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“ဂျိန်း"

သီးသန့်ခန်း၏ တံခါးကြီးမှာ အပြင်ဘက်မှနေ၍ ခပ်ပြင်းပြင်း ကန်ကျောက်ခြင်းကို ခံလိုက်ရပြီး ပွင့်ထွက်သွားခဲ့ရကာ ဝမ်ဝမ်လုံသည် သန်မာထွားကျိုင်းလှသော လူငယ်တစ်ဒါဇင်ခန့်ကို အနောက်မှ ခြံရံလျက်၊ အရှေ့ဆုံးမှ‌နေ၍ ဒေါသတကြီး လှမ်းဝင်လာခဲ့တော့သည်။ ထိုလူငယ်များကို ကြည့်ရုံတင်ဖြင့် သာမန်လူတန်းစားများ မဟုတ်ဘဲ တကယ့် လက်ရဲဇက်ရဲ ရှိလှသော သက်တော်စောင့်များ ဖြစ်ကြောင်း သိသာလှပေ၏။

"ဝေ့ရှီယု ပြီးတော့ မင်းရဲ့ ဘေးနားက ကောင်၊ ငါ့ကို အင်အားသုံးပြီး တိုက်ခိုက်ခိုင်းအောင် မလုပ်နဲ့၊ အေးအေးဆေးဆေးပဲ ငါနဲ့အတူတူ လိုက်ခဲ့ကြစမ်းပါ"

ဝမ်ဝမ်လုံမှ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။

"မင်း ငါ့ကို ခေါ်သွားချင်တယ်ဆိုရင်တော့ အနည်းဆုံးတော့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုခု ပေးဦးလေ"

ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်လျက် ဆိုသည်။

"အကြောင်းပြချက် ဟုတ်လား"

ဝမ်၀မ်လုံမှ လှောင်ပြောင်သရော်လိုက်ပြီး မေးသည်။

"မင်း သူများကို ရိုက်နှက်ခဲ့တာက မကြာသေးဘူးလေ၊ အခုကျမှ အားလုံးကို ချက်ချင်း မေ့သွားတာလား"

"အဲဒီရိုက်ပုတ်တဲ့ကိစ္စက ပြီးသွားပြီ မဟုတ်ဘူးလား"

ကျိုးဟောက်ယွီ ဇဝေဇဝါ ဖြစ်သွားရပြီး ချက်ချင်းပင် ဝေ့ရှီယုဘက်သို့ လှည့်ကာ စစ်ဆေးလိုက်သည်။

"မင်း စောစောတုန်းက အဲဒီမန်နေဂျာကို ဘာတွေ သွားပြောခဲ့လို့လဲ၊ ဘာဖြစ်လို့ သူတို့က အခုလိုမျိုး ငါ့ တံခါးဝအထိ ထပ်ပြီး ပြဿနာလာရှာနေရတာလဲ"

"ဘာမှ အထူးတလည် မဟုတ်ပါဘူး၊ သာမန် လိမ်ညာမှုလေးတစ်ခု သက်သက်ပါပဲ၊ အခု အဲဒီအမှန်တရားက ပေါက်ကြားသွားတော့ သူတို့က ငါ့ကို လာပြီး ပြဿနာရှာနေကြတာပေါ့"

ဝေ့ရှီယုမှ တတ်နိုင်သမျှ တည်ငြိမ်ဟန်ဆောင်လျက် တီးတိုးဝန်ခံရှာသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ဝမ်လုံမှာ ဒေါသအဟုန် လုံးဝ ထိန်းမရတော့ဘဲ အော်ဟစ်တော့၏။

"ဝေ့ရှီယု၊ မင်းရဲ့ လိမ်ညာမှုက တကယ့်ကို ပေါ်ပေါ်ထင်ထင်ကြီး ဖြစ်လွန်းတယ်နော်၊ မင်းကြောင့် ငါတစ်ယောက် အထက်လူကြီးတွေရဲ့ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခြင်းကို ခံခဲ့ရရုံတင်မကဘဲ အခုလည်း ယန်မိသားစုရဲ့ သားကြီးကိုယ်တိုင်က ငါ့အထွေထွေမန်နေဂျာ ရုံးခန်းထဲမှာ ထိုင်နေပြီး၊ ဒီကိစ္စအတွက် ပြတ်သားတဲ့ ရှင်းလင်းချက်တစ်ခုကို အတင်းအကြပ် တောင်းဆိုနေတယ်၊ မင်းကတော့ ငါ့ ဘဝတစ်ခုလုံးကို ကောင်းကောင်းကြီး ဖျက်ဆီးပစ်လိုက်တာပဲ"

"အဲဒီလောက်အထိ စိုးရိမ်မနေပါနဲ့ဦး၊ ရှင် ဒုက္ခမရောက်စေရပါဘူး၊ တကယ်လို့ ရှင့်အနေနဲ့ ဒီနေရာမှာ ဆက်ပြီး အလုပ်လုပ်ရတာ အဆင်မပြေဘူးဆိုရင် ကျွန်မ ကုမ္ပဏီကိုသာ ပြောင်းပြီး အလုပ်လုပ်လိုက်ပါ၊ ကျွန်မပေးမယ့် လစာနဲ့ ခံစားခွင့်တွေက ဒီနေရာထက် ဘယ်လိုနည်းနဲ့မှ လျော့သွားမှာ မဟုတ်ဘူး"

ဝေ့ရှီယုမှ အလေးအနက်ထား၍ ဆိုလိုက်သည်။

"အဲဒီ အနာဂတ်အကြောင်းတွေကို အခုအချိန်မှာ လာပြီး ပြောမနေနဲ့ဦး၊ မင်းတို့ နှစ်ယောက်လုံး ငါနဲ့အတူ အခုချက်ချင်း အမြန်ဆုံး လိုက်ခဲ့ကြစမ်း၊ ငါ့အနေနဲ့ လက်ပါပြီး အင်အားမသုံးချင်တာမို့လို့ လိမ္မာယဉ်ကျေးစွာနဲ့ပဲ ပူးပေါင်းဆောင်ရွက်ပေးကြပါ"

ဝမ်ဝမ်လုံမှ အေးစက်လှသော လေသံဖြင့် ထပ်မံ၍ အမိန့်ပေးလိုက်တော့သည်။

All Chapters