← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

156

အခြေအနေကို သေသေချာချာ နားလည်သဘောပေါက်သွားပြီးနောက် ကျိုးဟောက်ယွီ ချက်ချင်းပင် ခပ်ဟဟ ရယ်မောလိုက်သည်။

"တကယ်လို့ အဲဒီ ယန်ထျန်းရှင်းဆိုတဲ့ကောင်က ပြဿနာရှာချင်တယ်ဆိုရင်လည်း သူ့ဘာသာသူ လာခိုင်းလိုက်ပေါ့ကွာ၊ မင်းတို့ ထျန်းပေါင် လေလံပွဲ အနေနဲ့ကတော့ ဒီကိစ္စထဲမှာ ဝင်မပတ်သက်မိဖို့ငါ့ဘက်က ကြိုတင်သတိပေးပါရစေ"

"ဟင်"

ဝမ်ဝမ်လုံမှ မျက်မှောင်ကြုတ်လျက် ကျိုးဟောက်ယွီကို စိုက်ကြည့်ကာ မေးခွန်းထုတ်တော့သည်။

"မင်းပြောတဲ့ စကားက တကယ့်ကို ရယ်စရာကောင်းလွန်းတယ်၊ ငါ့ ထျန်းပေါင် လေလံပွဲ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ငါတို့ကို ဝင်မပါဖို့ လာပြီး သတိပေးနေတယ်ဟုတ်လား၊ မင်းက ကိုယ့်ကိုယ်ကို ဘာကောင်မို့လို့ ဒီလောက်အထိ လာပြီး လေလုံးထွားရဲတာလဲ?"

ကျိုးဟောက်ယွီမှ ပုခုံးကို အသာအယာ တွန့်ပြလျက် ခပ်ဟဟ ရယ်မောလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ငါက သာမန် အရပ်သားတစ်ဦး သက်သက်ပါပဲ၊ ဒါပေမဲ့ငါ့ဘက်က ဒီလို စကားမျိုးကို ရဲရဲဝံ့ဝံ့ ပြောရဲတယ်ဆိုကတည်းက ငါ့မှာ အားကိုးအားထားပြုစရာ အစွမ်းတစ်ခုခု ရှိလို့ပေါ့၊ တကယ်လို့ မင်းတို့ရဲ့ ထျန်းပေါင် လေလံပွဲ အနေနဲ့ လူတကာရဲ့ အရှေ့မှာ အရှက်ကွဲ သိက္ခာကျရမယ့် ဘေးကနေ ကင်းဝေးချင်တယ်ဆိုရင်တော့ လိမ္မာယဉ်ကျေးစွာနဲ့ပဲ ငြိမ်ငြိမ်သက်သက် နေလိုက်တာက အကောင်းဆုံးပဲ"

"ငါတို့ ထျန်းပေါင် လေလံပွဲ ကို အရှက်ခွဲမယ် ဟုတ်လား၊ မင်းက တကယ့်ကို သတ္တိခဲပဲ၊ ဒီ ပင်းဟိုင်မြို့တော်အတွင်းမှာ ဘယ်သူကမှ ထျန်းပေါင် လေလံပွဲ ကို ဒီလိုစကားမျိုးနဲ့ လာပြီး မစိန်ခေါ်ရဲသေးဘူး"

ဝမ်ဝမ်လုံမှ ဒေါသတကြီးဖြင့် မျက်လုံးများကို မှေးစပ်လျက် ဆိုတော့သည်။ ကျိုးဟောက်ယွီ ခပ်ဟဟ ရယ်မောရင်း မေးလိုက်၏။

"ဒါဆိုရင် မေးပါရစေဦး၊ အကယ်၍ ထျန်းပေါင် လေလံပွဲ ကနေပြီးတော့ ရှေးဟောင်းပစ္စည်းအတုတွေကို လိမ်ညာရောင်းချနေပါတယ်ဆိုတဲ့ သတင်းသာ အပြင်မှာ ပေါ်ပေါ်ထင်ထင်ကြီး ပေါက်ကြားသွားမယ်ဆိုရင် ဘာဖြစ်သွားမလဲ"

"ဘာ ပစ္စည်းအတု ဟုတ်လား"

ဝမ်ဝမ်လုံမှာ မျက်လုံးများ အဝိုင်းသား ဖြစ်သွားရပြီး ချက်ချင်းပင် ဒေါသတကြီးဖြင့် ဆဲဆိုကြိမ်းမောင်းလိုက်တော့သည်။

"ထမင်းကိုသာ စိတ်ကြိုက်စားချင်စားလို့ရမယ် စကားကိုတော့ စိတ်အလိုရှိတိုင်း လျှောက်မပြောစမ်းနဲ့၊ အကယ်၍ မင်းသာ ဒီလို မဟုတ်မမှန်တဲ့ စကားတွေကို ဆက်ပြီး လျှောက်ပြောနေဦးမယ်ဆိုရင် ထျန်းပေါင် လေလံပွဲ အနေနဲ့ မင်းကိုအသရေဖျက်မှုနဲ့ တရားဝင် မပျက်မကွက် တရားစွဲဆိုသွားမှာ"

"ငါကတော့ မင်းနဲ့ အချိန်ဖြုန်းပြီး အပိုစကားတွေ ပြောမနေချင်ဘူး၊ အခုချက်ချင်းပဲ မင်းတို့ဆီက ဝါရင့် ရှေးဟောင်းပစ္စည်း အကဲဖြတ် ပညာရှင် နှစ်ယောက်လောက်ကို သွားခေါ်လိုက်စမ်းပါ၊ အဲဒီကျရင်ငါ့လိမ်နေတာ ဟုတ်၊ မဟုတ်ကို မင်း အလိုလို သိရလိမ့်မယ်"

ကျိုးဟောက်ယွီမှ မိမိ၏ အရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော မင်ကျောက်ပြားလေးကို လှမ်းယူလိုက်ပြီး လက်ထဲတွင် အေးအေးလူလူ ကစားလျက် ဆိုလိုက်သည်။

"မင်း ဆိုလိုတာက စောစောတင် မမလေးဝေ့ ဝယ်ယူလိုက်တဲ့ အဲဒီ မင်ကျောက်ပြားက အတုဖြစ်နေတယ်လို့ ပြောချင်တာလား"

ဝမ်ဝမ်လုံလည်း ကျိုးဟောက်ယွီ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့တော့သည်။

"ငါ အခုလို ပြောရင်လည်း မင်း ဘယ်လိုနည်းနဲ့မှ ယုံကြည်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဝါရင့်ပညာရှင်တချို့ကိုသာ အမြန်ဆုံး သွားခေါ်လိုက်ပါ၊ ပိုပြီးတော့ စိတ်ချရအောင် အများကြီး ခေါ်လာခဲ့ရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်"

ကျိုးဟောက်ယွီမှ ပြုံးလျက် ဆိုလိုက်သည်။ သူ့စကားလုံးများမှာ တည်ငြိမ်အေးဆေးလှသော်လည်း သူ့ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ မည်သူမျှ မငြင်းဆန်ဝံ့လောက်သော ပြတ်သားမှုနှင့် သြဇာတိက္ကမတို့ဖြင့် ပြည့်နှက်နေခဲ့ပေ၏။

"မင်း ခဏ စောင့်နေလိုက်စမ်း"

ဝမ်ဝမ်လုံသည် ခဏမျှ တွေဝေသွားရရှာသည်။ ဘာပဲဖြစ်ဖြစ် သူသည် ထျန်းပေါင် လေလံပွဲ ၏ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ရသော ဂုဏ်သိက္ခာကြီးကို အလဟဿ စွန့်စားခြင်း မပြုဝံ့ပါချေ။ အကယ်၍ ဤမင်ကျောက်ပြားမှာ တကယ်ကြီး အတုဖြစ်နေခဲ့မည်ဆိုလျှင် ပြဿနာကို လူမသိသူမသိ တိတ်တဆိတ် ဖြေရှင်းလိုက်ခြင်းသာ အကောင်းဆုံးသော နည်းလမ်း ဖြစ်ပေလိမ့်မည်။ ဝမ်ဝမ်လုံသည် ချက်ချင်းပင် မိမိဖုန်းကို ထုတ်ယူကာ လှမ်း၍ ဆက်သွယ်လိုက်တော့သည်။ ဤမျှ ကြီးမားလှသော ကိစ္စရပ်ကို သူကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် မရှိသဖြင့် အထွေထွေမန်နေဂျာထံသို့ အမြန်ဆုံး တင်ပြရန် ဖြစ်ပေ၏။ ဘေးနားမှနေ၍ ဤအခြေအနေကို စောင့်ကြည့်နေခဲ့သော ဝေ့ရှီယုမှာမူ ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်သွားရရှာသည်။ သူမသည် ကျိုးဟောက်ယွီ၏ ဘေးနားသို့ ပိုမိုနီးကပ်စွာ တိုးကပ်သွားခဲ့ပြီး သူ့နားရွက်နားသို့ ကပ်လျက် တိုးတိုးလေး မေးမြန်းလိုက်သည်။

"နင် တကယ်ပဲ သေချာလို့လား၊ အကယ်၍ ဒါက တမင်သက်သက် စနောက်နေတဲ့ ကိစ္စမျိုးဆိုရင်တော့ ပြဿနာတွေက ငါပါ ထိန်းချုပ်လို့မရတဲ့အထိ ကြီးမားသွားလိမ့်မယ်နော်"

"မစိုးရိမ်ပါနဲ့၊ အဲဒီ မင်ကျောက်ပြားက တကယ်ကြီး အတု"

ဝေ့ရှီယု၏ နွေးထွေးလှသော ထွက်သက်ဝင်သက် လေငွေ့လေးများကြောင့် ကျိုးဟောက်ယွီ၏ နားရွက်လေးမှာ အနည်းငယ် ယားယံသွားရသော်လည်း သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းလျက် အေးအေးလူလူပင် ပြန်လည်ဖြေကြားလိုက်သည်။ သ

ိပ်မကြာလိုက်ဘဲ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဆံပင်ဖြူဖြူနှင့် ဝါရင့် အဘိုးအို ငါးဦးကို ဦးဆောင်လျက် သီးသန့်ခန်းအတွင်းသို့ အပြေးအလွှား လှမ်းဝင်လာခဲ့တော့၏။ သူ့ကို မြင်လိုက်ရသည့်အခါ ဝမ်ဝမ်လုံမှ ကပျာကယာ နှုတ်ဆက်လိုက်သည်။

"အထွေထွေမန်နေဂျာကျန်း"

"ကျန်တဲ့ ကိစ္စတွေကိုတော့ ငါ အကဲဖြတ်ပြီးတဲ့ အခါမှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့"

မန်နေဂျာကျန်းမှ လက်ကို ဝှေ့ယမ်းလျက် ဝါရင့် အဘိုးအို ငါးဦးကို ထိုမင်ကျောက်ပြားအား သေသေချာချာ အနီးကပ် စစ်ဆေးရန်အတွက် အချက်ပြလိုက်တော့သည်။ ထိုဝါရင့် ပညာရှင် အဘိုးအို ငါးဦးသည် တစ်ဦးပြီးတစ်ဦး လှည့်လည်လျက် မှန်ဘီလူးများဖြင့် အသေးစိတ် အကဲခတ်ကြည့်ရှုကြပြီးနောက်၊ သူတို့အချင်းချင်း တီးတိုး တိုင်ပင်ဆွေးနွေးနေကြတော့၏။ သိပ်မကြာခင်မှာတင် သူတို့ထဲမှ ကိုယ်စားလှယ် အဘိုးအိုတစ်ဦးမှာ ရှေ့သို့ လှမ်းတက်ခဲ့ပြီး၊ တည်ကြည်လေးနက်စွာဖြင့် ကြေညာလိုက်သည်။

"မန်နေဂျာကျန်း၊ ဒီမင်ကျောက်ပြားက တကယ့်ကို အတုဖြစ်ပါတယ်၊ ဒါက ကျုပ်တို့ ပြီးခဲ့တဲ့တစ်ခေါက်က စစ်ဆေးခဲ့ဖူးတဲ့ ဆရာကြီးရဲ့ ရတနာအစစ်အမှန် လုံးဝ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က တမင်သက်သက် ပစ္စည်းချင်း လဲလှယ်သွားခဲ့တာ ဖြစ်ရပါမယ်"

"ကောင်းပါပြီ နားလည်ပါပြီ၊ လူကြီးမင်းတို့ အားလုံး အလုပ်ပြန်လုပ်နိုင်ကြပါပြီ"

မန်နေဂျာကျန်းမှ လက်ကို ဝှေ့ယမ်းလျက် ပညာရှင် အဖွဲ့ကို ပြန်လည်ထွက်ခွာခွင့် ပေးလိုက်ပြီးနောက် ကျိုးဟောက်ယွီဘက်သို့ လှည့်ကာ အလွန်အမင်း တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

"မင်း ဒီမင်ကျောက်ပြားအတု ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ဘက်က ဘယ်လိုမျိုး ပြန်ဖြေရှင်းပေးစေချင်လဲဆိုတာကို ပြောပြပါဦး"

"ဒါကတော့ မင်းတို့ဘက်က ဘယ်လောက်အထိ ရိုးသားဖြောင့်မတ်တဲ့ စေတနာရှိသလဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ဆိုလိုက်သည်။ မန်နေဂျာကျန်းမှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် စေ့စပ်ညှိနှိုင်းလိုသော လေသံဖြင့် တိုးတိုးဆိုရှာ၏။

"ငါတို့ ဘက်က ဒီမင်ကျောက်ပြားကို မူလဈေးနှုန်းရဲ့ သုံးဆ ပေးပြီးတော့ ပြန်လည်ဝယ်ယူ ပေးပါ့မယ်၊ ဘယ်လိုသဘောရလဲ"

"သုံးဆ ဟုတ်လား"

ကျိုးဟောက်ယွီမှာ မျက်လုံးများ အဝိုင်းသား ဖြစ်သွားရတော့သည်။ သူသည် သာမန်အားဖြင့် ဤ ထျန်းပေါင် လေလံပွဲ ကို မိမိ၏ ရိုက်ပုတ်မှု ပြဿနာထဲတွင် ဝင်ရောက်မပတ်သက်စေရန်အတွက်သာ သက်သက် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သော်လည်း ဤ မန်နေဂျာကျန်းမှာ ဤမျှအထိ ကြီးမားလှသော လျော်ကြေးမျိုး ပေးလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ စောစောတုန်းက ဝေ့ရှီယုသည် ဤပစ္စည်းကို ယွမ် ၁၈သိန်း အကုန်အကျခံပြီး ဝယ်ယူခဲ့ခြင်း ဖြစ်ရာ အကယ်၍ ထိုဈေးနှုန်း၏ သုံးဆဆိုလျှင် မည်မျှအထိ များပြားလှသော ပမာဏ ဖြစ်သွားမည်နည်း။ ကျိုးဟောက်ယွီမှာ ရုတ်တရက် ရင်ထဲတွင် မူးဝေသွားရရှာသည်။ ဒါက သာမန် မြှောက်ကိန်းပုစ္ဆာလေးတစ်ခု သက်သက်မျှသာ ဖြစ်သော်လည်း ငွေကြေးပမာဏ အလွန်အမင်း ကြီးမားလွန်းလှသဖြင့် သူ့ဉာဏ်ထဲတွင် ချက်ချင်းပင် တွက်ချက်၍ မရနိုင်လောက်အောင် ဖြစ်ရသည်။

"နည်းလို့လား"

မန်နေဂျာကျန်းနှာ ကျိုးဟောက်ယွီ၏ မှင်တက်နေသော မျက်နှာအမူအရာကို ကြည့်ရှုလိုက်ပြီးနောက် သွားကို တင်းတင်းကြိတ်လျက်၊ အလွန်အမင်း ရိုးသားဖြောင့်မတ်စွာဖြင့် ထပ်မံဆိုလိုက်သည်။

"ဒါဆိုရင်လည်း ငါတို့ဘက်က ငါးဆ အထိ တိုးမြှင့်ပြီး ပေးပါ့မယ်၊ ဒါက ဒီဘက်က ပေးနိုင်တဲ့ အမြင့်ဆုံး ပမာဏ ဖြစ်ပြီး ဒီထက်ပိုပြီးတော့ ဘယ်လိုနည်းနဲ့မှ မတတ်နိုင်တော့ပါဘူး"

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျိုးဟောက်ယွီမှာ လုံးဝ ဆွံ့အ ကြောင်အမ်းသွားရတော့သည်။ သူသည် မိမိ၏ ရိုက်ပုတ်မှု ပြဿနာကိုပင် ချက်ချင်း မေ့လျော့သွားခဲ့ရပြီး၊ ကပျာကယာဖြင့် ပြောလိုက်ရ၏။

"အဲဒီ ဈေးနှုန်းက တကယ့်ကို အဆင်ပြေပါတယ်၊ အခုချက်ချင်းပဲ ငွေလွှဲပေးလိုက်ပါတော့၊ ကျုပ် ဘဏ်ကတ်က ဒီမှာ ရှိပါတယ်"

ထိုသို့ ပြောဆိုရင်းနှင့် ကျိုးဟောက်ယွီသည် မိမိ၏ အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်ယူကာ မန်နေဂျာကျန်း၏ လက်ထဲသို့ ကပျာကယာ ကမ်းပေးရန် ပြင်လိုက်တော့သည်။ ဘေးနားမှ ဝေ့ရှီယုသည် ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လျက်၊ စိတ်အလိုမကျဟန်ဖြင့် သူ့လက်မောင်းကို ခပ်ပြင်းပြင်း တစ်ချက် ဆိတ်ဆွဲလိုက်၏။

"နင်က ဘာဖြစ်လို့ အဲဒီလောက်အထိ လောနေရတာလဲ၊ အဲဒီငွေတွေက နင်နဲ့ ဘာဆိုင်လို့လဲ၊ အခြေအနေကို သေသေချာချာ သဘောပေါက်ပါဦး၊ အဲဒီ မင်ကျောက်ပြားကို ငါ့ငွေနဲ့ငါကိုယ်တိုင် ဝယ်ခဲ့တာလေ၊ တကယ်လို့ တစ်ခုခုလျော်ကြေးရမယ်ဆိုရင်လည်း အဲဒီငွေကငါ့ဆီကိုပဲ ရောက်ရမှာ မဟုတ်ဘူးလား"

"အဟမ်း"

ကျိုးဟောက်ယွီမှာ တကယ့်ကို အရှက်ရသွားရပြီး ချက်ချင်းပင် အိုးတိုးအမ်းတမ်းဖြင့် ခပ်ဟဟ ရယ်မောလျက် ပြောရှာသည်။

"ငါ တောင်းပန်ပါတယ်၊ ရုတ်တရက် တော်တော် စိတ်လှုပ်ရှားသွားလို့ အကုန်လုံးကို မေ့သွားခဲ့မိတာပါ၊ ဒါပေမဲ့ ဒီကိစ္စမှာ ငါကိုယ်တိုင် အမှန်တရားကို ပေါ်အောင် အဓိက ကူညီပေးခဲ့တာဆိုတော့ ငါလည်း အဲဒီငွေထဲကနေ တစ်ခုခုတော့ ခံစားခွင့် ရှိသင့်တာ မဟုတ်ဘူးလား"

"အဲဒီ ကိစ္စတွေကိုတော့ ငါတို့ အပြင်ရောက်မှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့"

ဝေ့ရှီယုမှ နူးညံ့စွာဖြင့် ပြန်လည်

ဖြေကြားလိုက်ပြီးနောက် မန်နေဂျာကျန်းဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

"မန်နေဂျာကျန်း၊ ကျွန််မအနေနဲ့ အဲဒီ လျော်ကြေးငွေတွေအပေါ်မှာ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး၊ ကျွန််မ ဂရုစိုက်တာကတော့ တစ်ခုတည်းပါပဲ ကျွန်မ မိတ်ဆွေက စောစောတုန်းက တစ်ခြားသူကို လက်ပါပြီး ရိုက်နှက်ခဲ့တဲ့ ပြဿနာကို ရှင်တို့ဘက်က ဝင်မပတ်သက်ဘဲ ဒီအတိုင်းပဲ လွှတ်ပေးထားလိုက်ဖို့ မျှော်လင့်ပါတယ်"

"အဲဒါကတော့ ကျွန်တော့်ဘက်က ဝင်မပါဘဲ နေဖို့ဆိုတာ တကယ့်ကို မသင့်တော်ပါဘူး"

မန်နေဂျာကျန်းမှာ အလွန်အမင်း လမ်းပျောက်လျက် ခက်ခဲနေဟန် ရှိပေသည်။

"ငါတို့ရဲ့ ထျန်းပေါင် လေလံပွဲ အနေနဲ့ကတော့ လာရောက်သူတွေရဲ့ လုံခြုံရေး ကို အမြဲတမ်း ပထမဦးစားပေးအဆင့် သတ်မှတ်ထားတာမလို့ ဒီလို ရိုက်ပုတ်တိုက်ခိုက်မှု ပြဿနာမျိုးကိုတော့ မဖြစ်မနေ ဖြေရှင်းရမှာပါ"

"လုံခြုံရေးက အရေးကြီးတာ မှန်ပေမဲ့လည်း ရှင်တို့ရဲ့ ဂုဏ်သိက္ခာ ကကော အရေးမကြီးဘူးလို့ ထင်နေတာလား"

ဝေ့ရှီယုမှ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မန်နေဂျာကျန်းကို အဓိပ္ပာယ်ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်တော့သည်။

"အင်း"

မန်နေဂျာကျန်းသည် ခဏမျှ သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် ချက်ချင်းပင် တရားမျှတဟန်ဖြင့် ဒေါသတကြီး ကြေညာလိုက်တော့သည်။

"အဲဒီ ယန်မိသားစုက ကောင်စုတ်က ကျွန်တော့်ထျန်းပေါင် လေလံပွဲ အတွင်းမှာတင် အခုလိုမျိုး အမျိုးသမီးတွေကို ထိပါးနှောက်ယှက်ရဲတာလား၊ ကျွန်တော့်အမြင်မှာတော့ သူအခုလိုမျိုး အရိုက်ခံလိုက်ရတာက တကယ့်ကို ထိုက်တန်ပါတယ်၊ ဒီကိစ္စအတွက် ကျွန်တော့်ဘက်က ဘာမှ ဆက်ပြီး အရေးယူ ဆောင်ရွက်နေဖို့ မလိုတော့ဘူး"

"ဒါဆိုရင်တော့ မန်နေဂျာကျန်းကို တကယ့်ကို ကျေးဇူးတင်ပါတယ်"

ဝေ့ရှီယုမှ စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မန်နေဂျာကျန်းမှာမူ ရင်ထဲတွင် တိတ်ဆိတ်စွာဖြင့် သက်ပြင်းချမိရှာ၏။ ယန်ထျန်းရှင်းနှင့် ယန်ကျန်းဝမ်တို့ ညီအစ်ကိုနှစ်ဦးမှာ အခုအချိန်အထိ မိမိရုံးခန်းအတွင်း၌ ထိုင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သဖြင့်၊ ဤကိစ္စကို နောက်ကွယ်တွင် ပြန်လည်ဖြေရှင်းရန်မှာ တကယ့်ကို မလွယ်ကူလှသော ကိစ္စ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း စီးပွားရေးသမားတစ်ဦးအနေဖြင့်မူ မိမိတို့၏ လုပ်ငန်းဂုဏ်သိက္ခာမှာ အရာအားလုံးထက် ပိုမို၍ အရေးကြီးလှသဖြင့် မန်နေဂျာကျန်းသည် ဤကဲ့သို့သော ရွေးချယ်မှုကိုသာ မဖြစ်မနေ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပေသည်။

"လူကြီးမင်းတို့ နှစ်ယောက်လုံး ပျော်ပျော်ပါးပါး ဆက်ပြီးတော့ လေလံဆွဲနိုင်ကြပါစေ၊ ကျွန်တော့်အနေနဲ့ ဆက်ပြီး နှောင့်ယှက်မနေတော့တာကြောင့် ခွင့်ပြုပါဦး"

မန်နေဂျာကျန်းမှည လက်နှစ်ဖက်ကို စုစည်းလျက် တရုတ်ရိုးရာ ဂါရဝပြု နှုတ်ဆက်လိုက်ပြီးနောက် ရှေ့သို့ လှမ်းတက်ကာ စားပွဲပေါ်ရှိ မင်ကျောက်ပြားကို ကောက်ယူလျက်၊ ထိုနေရာမှ လှည့်ထွက်သွားခဲ့တော့သည်။

"နေပါဦး အဲဒီ လျော်ကြေးငွေ ကိစ္စကကော၊ မင်းတို့ဘက်က ပြန်ပြီးတော့ ငွေမပေးတော့ဘူးလား"

ကျိုးဟောက်ယွီမှာ အနောက်မှနေ၍ လှမ်းပြီး အော်ဟစ်မေးမြန်းလိုက်သည်။ ထိုမှာ တကယ့်ကို များပြားလှသော ငွေကြေးပမာဏကြီး ဖြစ်ပေသည်။ ထိုလျော်ကြေးငွေမှာ မိမိအတွက် မဟုတ်သည်မှာ မှန်သော်လည်း အနည်းဆုံးတော့ မိမိအနေဖြင့်လည်း ဝေစုလေးတစ်ခုခုတော့ ရရှိသင့်သည်ဟု သူ ခံစားနေရခြင်းဖြစ်သည်။ အကယ်၍ ထိုငွေ၏ ဆယ်ပုံတစ်ပုံမျှသာ ရရှိခဲ့လျှင်ပင် သူ၏ အိတ်ကပ်ထဲတွင် တကယ့်ကို ခမ်းနားကြီးကျယ်သွားမည် မဟုတ်ပါလား။

"ကျွန်‌တော့်ဘက်က မမလေးဝေ့ စောစောတုန်းက ပေးချေခဲ့တဲ့ လေလံငွေအပြည့်အဝကိုဘဲ မူလ ငွေပေးချေခဲ့တဲ့ ဘဏ်အကောင့်ထဲကို အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးသွားမှာပါ၊ အဲဒီ သုံးဆတို့ ငါးဆတို့ဆိုတဲ့ လျော်ကြေးငွေအပိုတွေကိုတော့ သဘာဝအရ ကျုပ်ဘက်က ပေးဆောင်ဖို့ မလိုတော့ပါဘူး"

မန်နေဂျာကျန်းမှ နူးညံ့စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

All Chapters