← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

166

"ကဲ၊ လက်လွှတ်လိုက်တော့"

ကျိုးဟောက်ယွီမှ ညင်သာစွာ ညွှန်ကြားလိုက်သည်။ လီယုဝမ်သည် ကျိုးဟောက်ယွီအပေါ် အပြည့်အဝ ယုံကြည်ထားသူဖြစ်ရာ စိုးရိမ်စိတ်များကို လျှော့ချပြီး မျက်လုံးအစုံကို မှိတ်လျက် လက်ကိုလွှတ်လိုက်တော့ရာ သူမခန္ဓာကိုယ်လေးသည် အောက်သို့ ပြုတ်ကျလာခဲ့လေ၏။ ကျိုးဟောက်ယွီသည်လည်း သူမမျှော်လင့်ချက်ကို ပျက်ပြယ်အောင် မလုပ်ခဲ့ပေ။ တည့်တည့်ကျလာသော သူမ၏ ခြေတံရှည်လေးများနောက်မှတစ်ဆင့် ဆီးကြိုကာ သူမကို ရင်ခွင်ထဲသို့ တစ်ချက်မျှ မနာကျင်စေဘဲ မြဲမြံစွာ ဖမ်းထိန်းလိုက်နိုင်သည်။

"အစ်ကိုဟောက်ယွီက တကယ့်ကို တော်တာပဲ"

လီယုဝမ်မှာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးရှာသည်။ အမှန်တော့ သူမသည် စောစောက အနေအထားကြောင့် မိမိကိုယ်ကိုယ် အဝတ်အစားမလုံမခြုံ ဖြစ်သွားနိုင်သည်ကို ကောင်းကောင်းသိရှိထား၏။ သို့သော်လည်း အောက်တွင်ရှိနေသူမှာ ကျိုးဟောက်ယွီဖြစ်နေသောကြောင့် သူမ စိတ်ထဲမထားခဲ့ခြင်းဖြစ်၏။

"သုံးမီတာကျော် အမြင့်ကနေ ပေါင်၉၀ ကျော်ပဲလေးတဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းပေးရတာမျိုးက အထူးအဆန်း မဟုတ်ပါဘူး၊ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ"

ကျိုးဟောက်ယွီ ပြုံးလျက် ဆိုသည်။ သို့သော်လည်း မိန်းမလှလေးတစ်ဦး၏ ချီးကျူးမှုကို ခံလိုက်ရသဖြင့် သူ့ရင်ထဲ၌ အတိုင်းထက်အလွန် ကြည်နူးသွားရသည်မှာ အမှန်ပင်။

"အစ်ကိုဟောက်ယွီ၊ အစ်ကိုက ညီမကို ဒီအတိုင်းပဲ ဆက်ပြီး ပွေ့ချီထားတော့မှာလား"

လီယုဝမ်သည် ကျိုးဟောက်ယွီကို ကျောခိုင်းလျက်သား အနေအထားဖြင့် သူ့ရင်ခွင်ထဲတွင် ပွေ့ချီခြင်း ခံထားရဆဲဖြစ်သည်။ သူမ၏ ခြေထောက်များမှာ မြေကြီးနှင့်မထိဘဲ ရှိနေရုံမက ကျိုးဟောက်ယွီ၏ သန်မာလှသော လက်မောင်းကြီးများမှာ သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားသဖြင့် အနည်းငယ် အနေခက်လာကာ နှုတ်ခမ်းလေးကို မသိမသာ ဆူလိုက်မိ၏

"အော်၊ ငါမေ့သွားလို့"

ကျိုးဟောက်ယွီမှ ကြောင်အမ်းအမ်းဖြင့် တဟဲဟဲရယ်ရင်း လက်ကို ချက်ချင်းလွှတ်လိုက်ရာ လီယွီဝမ်သည် သူ့ခန္ဓာကိုယ်ပေါ်မှတစ်ဆင့် သဘာဝအတိုင်း အောက်သို့ လျှောဆင်းသွားတော့သည်။

"တကယ်တော့ အစ်ကို ပွေ့ထားချင်ရင်လည်း ရပါတယ်၊ အစ်ကို ပင်ပန်းသွားမှာ စိုးလို့ပါ"

လီယုဝမ်မှ ခေါင်းကလေးငုံ့ကာ ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး‌ ပြောသည်။

"ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့"

ကျိုးဟောက်ယွီ လက်ကိုလှမ်း၍ လီယုဝမ်၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်မိသည်။

"ဒါဆို သွားကြရအောင်၊ ကျောင်းတံတိုင်း အတူတူ ကျော်ကြမယ်၊ ညီမတစ်သက်မှာ ကျောင်းတံတိုင်း တစ်ခါမျှ မကျော်ဖူးဘူး၊ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာကြီးနော်"

လီယုဝမ်သည် လက်မောင်းလေးများကို ဆန့်ထုတ်ကာ ကျိုးဟောက်ယွီ၏ လက်မောင်းကို နွဲ့ဆိုးဆိုးဖြင့် ဖက်တွယ်လိုက်သည်။

"ကျောင်းတံတိုင်းကျော်တာ ဘာရင်ခုန်စရာ ရှိလို့လဲ၊ မင်း စာကို သေသေချာချာ မကြိုးစားရင် နောက်ကျလို့ အလုပ်ရှာမရတဲ့အခါကျမှ တကယ့်ကို ရင်တုန်ရင်ခုန် ဖြစ်ရလိမ့်မယ်"

ကျိုးဟောက်ယွီ စနောက်လိုက်သည်။ လီယုဝမ်သည် လျှာကလေးထုတ်ကာ ပုခုံးလေးတွန့်လျက် ပြောရှာ၏။

"စိတ်မပူပါနဲ့ အစ်ကိုဟောက်ယွီရဲ့၊ ညီမ စာကို သေသေချာချာ ကြိုးစားမှာပါ၊ ကျောင်းတံတိုင်းကျော်တယ်ဆိုတာ ညီမဘဝမှာ ဒီတစ်ခါပဲ လုပ်မှာပါ"

"ဒါနဲ့မင်းနဲ့ မင်းရဲ့အဆောင်ဖော်နဲ့ ရန်ဖြစ်ကြတာ သူမ မင်းကို လက်ပါလိုက်တာမျိုးတော့ မရှိပါဘူးနော်"

ကျိုးဟောက်ယွီသည် အရေးအကြီးဆုံး မေးခွန်းကို သတိရသွားပြီး လီယုဝမ်တွင် ဒဏ်ရာရသွားမည်ကို စိုးရိမ်သဖြင့် သူမတစ်ကိုယ်လုံးကို အကဲခတ်လျက် သေသေချာချာ လှည့်ပတ်ကြည့်ရှုတော့သည်။

"မရှိပါဘူး၊ သမီးတို့ စကားနည်းနည်းများကြရုံတင်ပါ၊ ညီမက စိတ်အနှောင့်အယှက်ဖြစ်လို့ အဆောင်မှာ ဆက်မနေချင်တော့တာ"

လီယုဝမ်မှ ရှင်းပြသည်။ ကျိုးဟောက်ယွီ၏ ယုံကြည်ရခက်သည့် မျက်နှာထား ဖြစ်နေသည်ကို မြင်သောအခါ သူမ ခပ်ရိုးရိုးပင် ထပ်ပြော၏။

"အစ်ကို့အိမ်ကိုရောက်ရင်ပဲ ဖြစ်ဖြစ် ညီမတစ်ကိုယ်လုံးကို သေသေချာချာ စစ်ဆေးကြည့်လို့ရပါတယ်"

"မင်းက အဲလိုပြောရုံနဲ့ ငါက မစစ်ဆေးဘဲ နေမယ်မထင်နဲ့နော်၊ မင်းရဲ့ လက်တွေ ခြေထောက်တွေကို သေသေချာချာ ကြည့်ရဦးမှာ"

ကျိုးဟောက်ယွီမှ စနောက်လိုက်ပြန်သည်။

"ကျောပြင်ကိုလည်း ကြည့်ရဦးမယ်နော်၊ မိန်းကလေးတွေ ရန်ဖြစ်ရင် အမြဲတမ်း ကျောကို ကုတ်တတ်ကြတာမို့ အဲဒါကိုလည်း စစ်ဆေးဖို့ ညီမ အကြံပြုချင်တယ်"

လီယုဝမ်မှ တခစ်ခစ်ရယ်ရင်း ပြောသည်။ သူမ၏ မျက်နှာထက်မှ အပြုံးများကို မြင်ရမှသာ ကျိုးဟောက်ယွီလည်း စိတ်အနည်းငယ် ပေါ့ပါးသွားတော့၏။ စောစောက ဖုန်းထဲတွင် သူမ ရှိုက်ကြီးတငင် ငိုနေသည်ကို ကြားခဲ့ရသဖြင့် ကျိုးဟောက်ယွီတစ်ယောက် တကယ်ပဲ စိုးရိမ်ပူပန်ခဲ့ရခြင်းဖြစ်၏။ ယခုအခါ သူမ ဘာမှမဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူ့စိတ်များ လန်းဆန်းသွားတော့သည်။ သူတို့နှစ်ဦးသည် လမ်းဘေးတံတိုင်းနံရံဆီသို့ ယှဉ်တွဲလျက် လျှောက်လှမ်းခဲ့ကြပြီးနောက် ကျိုးဟောက်ယွီမှာ ဒူးထောက်ကာ သူ့ပုခုံးကို ပုတ်လျက် ညင်သာစွာ ဆိုလိုက်သည်။

"ငါ့ပုခုံးပေါ်ကို နင်းလိုက်ပါ၊ ဒါဆိုရင် ပိုပြီး လွယ်ကူသွားလိမ့်မယ်"

"ဟုတ်ကဲ့"

လီယုဝမ်မှာ တွေဝေမနေဘဲ ချက်ချင်းပင် သူမ၏ ဖိနပ်ကိုချွတ်ကာ ခြေဗလာလေးဖြင့် ကျိုးဟောက်ယွီ၏ ပုခုံးပေါ်သို့ လှမ်းနင်းလိုက်သည်။

"တံတိုင်းကို လက်နှစ်ဖက်နဲ့ မြဲမြဲကိုင်ထားနော်၊ ကျကျနန ကိုင်ထားမိဖို့ သေချာပါစေ"

ကျိုးဟောက်ယွီမှာ လီယုဝမ်၏ခြေကျင်းဝတ်နှစ်ဖက်ကို မြဲမြံစွာ ဆွဲကိုင်ထားရင်း အောက်မှနေ၍ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ ဤအနေအထားအရ အကယ်၍ သူသာ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ပါက မမြင်အပ်သော ဆန်းကြယ်သည့်မြင်ကွင်းကို အလွယ်တကူ မြင်တွေ့နိုင်မည်ဖြစ်သော်လည်း သူသည် ခေါင်းကို အောက်သို့သာ စိုက်ထားပြီး လုံးဝ မော့မကြည့်ခဲ့ချေ။ ဤအခြေအနေသည် စောစောက အမျိုးသမီးအဆောင်တွင် ကြုံတွေ့ခဲ့ရသည်နှင့် လုံးဝကွဲပြားခြားနားလှပေသည်။ ထိုစဉ်ကမူ ကျိုးဟောက်ယွီအနေဖြင့် အောက်ကနေ မော့ကြည့်ရန် မတတ်သာခဲ့သော်လည်း ယခုအခါတွင်မူ သူ မတ်တတ်ထရပ်ပြီး လီယွီဝမ်ကို တံတိုင်းပေါ်သို့ တွန်းတင်ပေးရန်သာ လိုအပ်သောကြောင့်ဖြစ်၏။

"အစ်ကိုဟောက်ယွီ ရပြီ၊ အစ်ကိုလည်း အပေါ်ကို တက်လာခဲ့တော့"

လီယုဝမ်သည် ကျိုးဟောက်ယွီ၏ ကျောပြင်ပေါ်တွင် မတ်တတ်ရပ်ကာ ကျောင်းတံတိုင်းကို အလွယ်တကူ ကျော်တက်သွားခဲ့ပြီးနောက် အောက်တွင် စည်းကမ်းရှိလှစွာ နေထိုင်နေသော ကျိုးဟောက်ယွီကို ငုံ့ကြည့်ရင်း သူမရင်ထဲ၌ တစ်ချက်မျှ နွေးထွေးသွားရပြန်သည်။ ဤယောကျာ်းသည် သူမအပေါ် အလွန်အမင်း ကောင်းမွန်ရုံတင်မကဘဲ မည်သည့် မကောင်းသော ရည်ရွယ်ချက်၊ လျှို့ဝှက်ချက်မျိုးမျှ မရှိချေ။ ထိုကဲ့သို့သော လူမျိုးကို လီယုဝမ်အနေဖြင့် မည်သို့လျှင် ရင်မခုန်ဘဲ နေနိုင်ပါမည်နည်း။ ကျိုးဟောက်ယွီသည်လည်း ကျော့ရှင်းသော အမူအရာဖြင့် တံတိုင်းကို လွယ်ကူစွာ ကျော်တက်လာပြီးနောက် မတ်တတ်ရပ်ကာ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လျက် ခပ်အေးအေးပင်‌ ပြောလိုက်သည်။

"ကဲ၊ သွားကြရအောင်"

သို့သော်လည်း ကျိုးဟောက်ယွီမှာ သူမကို ဟိုတယ်သို့ ကားမောင်းခေါ်ဆောင်လာသောအခါ လီယုဝမ်တစ်ယောက် အနည်းငယ် ဆွံ့အသွားရသည်။ သူမသည် ရင်တထိတ်ထိတ်ဖြင့် စိုးရိမ်ပူပန်စွာ ကျိုးဟောက်ယွီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်မေးရှာ၏။

"အစ်ကို၊ ညီမကို ဘာလို့ ဒီလိုနေရာမျိုး ခေါ်လာရတာလဲ၊ အစ်ကို့အိမ်ကိုပဲ တိုက်ရိုက်သွားလို့ မရဘူးလား"

"ငါ့အိမ်ကို သွားလို့မရလို့၊ အခုလောလောဆယ် ငါက သူများအိမ်မှာ မှီခိုနေရတာဆိုတော့ မင်း အခုလောလောဆယ် ဟိုတယ်မှာပဲ ခေတ္တတည်းခိုနေရမယ် ထင်တယ်"

ကျိုးဟောက်ယွီမှာ မတတ်နိုင်ဟန်ဖြင့် ပြောရှာသည်။ လီယုဝမ်သည် သူ၏ စိတ်မကောင်းဖြစ်ရသော အသံကို ခံစားမိသွားသဖြင့် ထပ်မံ၍ အတင်းအကျပ် မမေးတော့ပေ။ သူမ အလိုက်တသိဖြင့် ပြော၏။

"ညီမအတွက်ကတော့ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်၊ ဒါပေမဲ့ သမီးကို အဆောင်ကိုပဲ ပြန်ပို့ပေးပါလား၊ ဟိုတယ်တွေက စရိတ်စက အရမ်းကြီးတယ် မဟုတ်လား"

"စရိတ်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ မင်းရဲ့ အစ်ကိုဟောက်ယွီက ဟိုတယ်ခန်းခပေးဖို့ ပိုက်ဆံမပြတ်လပ်ပါဘူး"

ကျိုးဟောက်ယွီမှ စနောက်လိုက်သည်။

"ညီမက အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး"

လီယုဝမ်မှ အသည်းအသန် ပြန်လည်ရှင်းပြရန် ပြင်သော်လည်း ကျိုးဟောက်ယွီ လက်ကိုလှမ်း၍ သူမခေါင်းလေးကို အသာအယာ ပုတ်လျက် ညင်သာစွာ ပြောလိုက်သည်။

"ကဲပါ ငါနားလည်ပါတယ်၊ ငါနှစ်ယောက်ကြားထဲမှာ အများကြီး ရှင်းပြနေဖို့ မလိုပါဘူး"

"ဟုတ်ကဲ့၊ ဒါဆိုလည်း အစ်ကို စီစဉ်တဲ့အတိုင်းပဲ လုပ်ပါ့မယ်"

လီယုဝမ်မှ အလိုက်တသိ ပြန်ဖြေပြီး ဘာမျှ ထပ်မပြောတော့ပေ။ ကျိုးဟောက်ယွီနှင့် သူမတို့နှစ်ဦး ဓာတ်လှေကားထဲသို့ အတူတူ ဝင်လိုက်ကြစဉ်မှာပင် တိုက်တိုက်ဆိုင်ဆိုင် တိုက်ဆိုင်မှုတစ်ခုအနေဖြင့် စောစောက သူတို့ ကြုံတွေ့ခဲ့ဖူးသော ဘေးဆံပင်ရှည်ချထားသည့် လူငယ်နှင့် ထပ်မံ၍ ဆုံတွေ့ကြရပြန်၏။

"အစ်ကိုကြီး မင်းကတော့ တကယ့်ကို လူစွမ်းကောင်းပဲ၊ ဂေါ်ဖီထုပ်အကောင်းစားကြီးတွေကို ရအောင် ခူးဆွတ်နိုင်ရုံတင်မကဘူး၊ တစ်ရက်တည်းနဲ့ နှစ်ထုပ်တောင် ဆွတ်ခူးနိုင်တယ်ပေါ့"

ဆွေတာ့ဟိုင်မှ အားကျမနာလိုသော မျက်လုံးများဖြင့် ဆိုလေသည်။ ကျိုးဟောက်ယွီသည် သူ့ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ပြန်လည်စကားမဆိုဘဲ မေးခွန်းတစ်ခုသာ ထုတ်လိုက်၏။

"ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးချင်တယ်၊ မင်းက အရိုက်ခံနိုင်တဲ့လူလား"

"အဲလိုကြီး မလုပ်ပါနဲ့ အစ်ကိုကြီးရာ၊ ကျွန်တော်က စနောက်ပြီး ပြောလိုက်တာပါ၊ စိတ်မဆိုးပါနဲ့"

ဆွေတာ့ဟိုင်မှာ အရှက်ပြေ ရယ်မောရင်း အကြောက်အကန် ငြင်းရှာသည်။

"အစ်ကိုဟောက်ယွီ သူ့ကို မရိုက်ပါနဲ့၊ သူ့ကို ဂရုစိုက်မနေနဲ့တော့"

လီယုဝမ်သည် ကျိုးဟောက်ယွီ ဒေါသထွက်နေသည်ကို မြင်သောအခါ ချက်ချင်းပင် သူ့လက်မောင်းကို တင်းကျပ်စွာ ဝိုင်းဖက်လိုက်တော့သည်။ ကျိုးဟောက်ယွီ၏ ရင်ထဲတွင် လှုပ်ရှားသွားရပြီး လေသံကို ချက်ချင်း လျှော့ချလိုက်ရတော့စ။

"ကဲ ကဲ ငါမရိုက်တော့ဘူး၊ လက်ကို အရင်လွှတ်ဦး"

"မလွှတ်ပါဘူး၊ ညီမက အစ်ကို့ကို ဖက်ထားချင်လို့ပါ"

လီယုဝမ်မှာ ထိုစကားကို ကြားသောအခါ ပို၍ပင် တင်းကျပ်စွာ ဝိုင်းဖက်လိုက်ပြီး သူမ၏ မျက်နှာလေးကို ကျိုးဟောက်ယွီ၏ ပုခုံးထက်သို့ မှီကပ်လျက် စိတ်ကောက်သံလေးဖြင့် ဆိုသည်။

"အစ်ကိုဟောက်ယွီ၊ ညီမ အစ်ကို့ကို ဖက်လို့တောင် မရဘူးလား"

"ရတာတော့ ရပါတယ်၊ ဒါပေမဲ့"

ကျိုးဟောက်ယွီသည် သူ့လက်မောင်းမှာ မရည်ရွယ်ဘဲ မမြင်အပ်သော၊ မထိတွေ့အပ်သော နေရာတစ်ခုဆီသို့ သွားရေ

ာက်ထိကပ်နေမိသဖြင့် အလွန်အမင်း အရှက်ရနေမိသည်။ သို့သော်လည်း လီယုဝမ်မှာမူ ဤအရှက်ရစရာ အခြေအနေကို လုံးဝ သတိမထားမိဘဲ ထိုကြည်နူးစရာ ခံစားချက်ကို သဘောကျနှစ်သက်နေပုံရ၏။

"ဒင်"

ထိုအသံနှင့်အတူ ဓာတ်လှေကား တံခါးပွင့်သွားသောအခါမှ ကျိုးဟောက်ယွီသည် လီယုဝမ်၏ပုခုံးကို ကပျာကယာ ဆွဲကိုင်လျက် အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်ခဲ့ရတော့သည်။

All Chapters