← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

180

ခေတ္တမျှ ကြာမြင့်ပြီးနောက် ကျန်းရှောင်ဟွာသည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ရုတ်ချည်း သတိပြုမိသွားခဲ့ရသည်။ သူမသည် ဝေ့ရှီယု၏ နောက်ကွယ်သို့ ခြေဖွဖွလှမ်းလျက် တိုးကပ်သွားပြီးနောက် အော်ဟစ်လိုက်တော့၏။

"အား"

ဝေ့ရှီယုသည် လန့်ဖျန့်သွားခဲ့ရသဖြင့် ကျန်းရှောင်ဟွာကို တုန်လှုပ်ခြောက်ခြားသော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်ရင်း ပြောလိုက်မိသည်။

"နင် ဘာလုပ်နေတာလဲ၊ ငါ့ကို လန့်သေအောင် လုပ်နေတာလား"

ကျန်းရှောင်ဟွာသည် ဝေ့ရှီယု၏ ဆူပူကြိမ်းမောင်းမှုကို လုံးဝ ဂရုမစိုက်ဘဲ သူမ၏ စူးစိုက်ကြည့်ရှုနေသော အကြည့်လမ်းကြောင်းအတိုင်း လိုက်လံကြည့်ရှုလိုက်ရာ ထိုနေရာတွင် ရပ်တန့်ထားသော အလွန်အမင်း ရင်းနှီးကျွမ်းဝင်လှသည့် ကားကလေးတစ်စီးနှင့် ၎င်းကားအတွင်း၌ အိပ်စက်အနားယူနေဟန်ရှိသော ရင်းနှီးပြီးသား လူသားတစ်ဦးကို မြင်တွေ့လိုက်ရတော့သည်။

"အော် ငါသိလိုက်ပြီ၊ နင်ဘာဖြစ်လို့ ငါ့ရဲ့ အသိုက်အမြုံဆီကို ရုတ်တရက်ကြီး ရောက်လာရတာလဲဆိုတာ၊ ဒါက ကျိုးဟောက်ယွီကြောင့်ကိုး၊ နင်ကတော့ လင်တရူးမ အဖြစ်ကို တကယ့်ကို ပြောင်းလဲသွားခဲ့ပြီပဲ"

ကျန်းရှောင်ဟွာမှ စနောက်ကျီစယ်လိုက်တော့သည်။

"နင် နင်နော်"

ဝေ့ရှီယုသည် မိမိရင်ထဲမှ သေးငယ်လှသော အတွေးစကလေးများကို အကဲခတ်ခံလိုက်ရသဖြင့် ပါးပြင်နှစ်ဖက်စလုံး ရဲရဲနီအောင် ရှက်သွေးဖြာသွားခဲ့ရပြီး ရှက်ရွံ့စွာဖြင့်ပင် ကျန်းရှောင်ဟွာ၏ ခန္ဓာကိုယ်ကို သူမ၏ လက်သီးဆုပ်ကလေးဖြင့် ခပ်ဖွဖွ ထုနှက်လိုက်မိတော့သည်။

"သူ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးလေ၊ သူ တကယ်ကို ပင်ပန်းနွမ်းနယ်နေတာကို ငါ မြင်ခဲ့ရလို့ သူ့ကို ဒီနေရာမှာ ခဏလောက် ပိုပြီးတော့ အနားယူစေချင်ရုံ သက်သက်ပါပဲ"

ဝေ့ရှီယု၏ ရှင်းလင်းချက် လေသံများသည် တဖြည်းဖြည်းနှင့် ပိုမိုတိုးညှင်းသွားခဲ့ရပြီး နောက်ဆုံးတွင်မူ လုံးဝပင် မကြားရလောက်အောင် ဖြစ်သွားခဲ့ရရှာသည်။ ကျန်းရှောင်ဟွာအနေဖြင့်မူ ဝေ့ရှီယု၏ နှုတ်ခမ်းကလေးများ လှုပ်ရှားနေသည်ကိုသာ မြင်တွေ့နေရသဖြင့် သူမသည် မိမိအပေါ် ဆက်လက်၍ ဆင်ခြေပေးနေဆဲဖြစ်ကြောင်းသာ ရိပ်မိလိုက်တော့၏။ ဤအချက်မှာ ကောင်မလေးများ၏ ရင်ထဲတွင်ရှိသော သေးငယ်လှသော မေတ္တာစိတ်လေး ဖြစ်ပေသည်။ သူတို့သည် ချစ်ရသူကို တစ်ချက်မျှ မြင်တွေ့ခွင့်ရရှိရန်အတွက်သာ ကျောင်းဝင်းတစ်ခုလုံးကို ပတ်ပတ်လည် လျှောက်လှမ်းနေမိတတ်ကြသလို မမျှော်လင့်ဘဲ ဆုံတွေ့နိုင်မည့် အခွင့်အရေးကလေး တစ်ခုတည်းအတွက်လည်း တစ်နေရာတည်းတွင် ရက်ပေါင်းများစွာ တည်ငြိမ်စွာ စောင့်ဆိုင်းနေမိတတ်ကြသည်။ ထိုလူသား၏ စကားလုံးတစ်လုံးတည်းအတွက် မိမိကိုယ်ကိုယ် အလွန်အမင်း ပင်ပန်းနွမ်းနယ်အောင် လုပ်ဆောင်မိတတ်ကြပြီး ထိုအရာအားလုံးမှာမူ ထိုလူသားကို ခေတ္တမျှလောက် ပိုမို၍ စိုက်ကြည့်ခွင့်ရရှိရန်အတွက်သာ ဖြစ်ပေ၏။ သူတို့သည် ထိုလူသားတစ်ယောက် ကောင်းမွန်စွာ ကျင်လည်နိုင်ပါစေကြောင်းကိုသာ ရင်ထဲမှ အမြဲတမ်း ဆုတောင်းပေးနေမိကြရှာသည်။

မွန်းလွဲ ၂နာရီခန့်သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင်မူ ဝေ့ရှီယုသည် နောက်ဆုံးတွင် ကားပေါ်သို့ လှမ်းတက်ရန် ပြင်ဆင်လိုက်တော့သည်။ ကျိုးဟောက်ယွီမှာမူ ထိုအချိန်တွင် အိပ်ရာမှ နိုးထနေခဲ့ပြီဖြစ်၏။ လျင်မြန်ဖြတ်လတ်လှသော ကျိုးဟောက်ယွီသည် ဝေ့ရှီယု၏ မျက်နှာကို မြင်တွေ့လိုက်ရသည်နှင့်တပြိုင်နက် အရာအားလုံးကို ချက်ချင်းပင် ရိပ်မိသွားခဲ့သော်လည်း သူမ၏ ရှက်ရွံ့တတ်သော သဘာဝကို ကောင်းစွာသိရှိထားသဖြင့် မည်သည့်စကားကိုမျှ ထုတ်ဖော်မပြောဆိုခဲ့ပါချေ။ သူသည် ကားပေါ်မှ ဆင်းလိုက်ပြီး သူမအတွက် ကားတံခါးကို ဂရုတစိုက်ဖြင့် အသာအယာ ဖွင့်လှစ်ပေးလိုက်ရုံမျှသာ ပြုလုပ်ခဲ့သည်။ ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ လန်းဆန်းတက်ကြွနေသော မျက်နှာကို မြင်တွေ့လိုက်ရသည့်အခါမှ မိမိအနေဖြင့် ဤနေရာတွင် နာရီပေါင်းများစွာကြာအောင် မတ်တပ်ရပ်လျက် စောင့်ဆိုင်းနေခဲ့ရခြင်းမှာ တကယ့်ကို ထိုက်တန်လှပေသည်ဟု ရင်ထဲတွင် ခံစားလိုက်ရတော့၏။

"ဘယ်နေရာကို သွားချင်လို့လဲ"

ဖြစ်နိုင်သည်မှာ ကျိုးဟောက်ယွီ၏ ရင်ထဲတွင်လည်း တစ်စုံတစ်ရာ ထိခိုက်လှုပ်ရှားသွားခဲ့ခြင်းကြောင့် ဖြစ်စေ သူ့လေသံမှာမူ မသိစိတ်အလိုအလျောက် အလွန်အမင်း နူးညံ့ပျော့ပြောင်းသွားခဲ့ရသည်။

"ကျားရှင်းကလပ်ကို မောင်း"

ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ ရုတ်ချည်းပင် ထွက်ပေါ်လာသော နူးညံ့သိမ်မွေ့မှုများကြောင့် ခဏမျှ ကြောင်အမ်းသွားခဲ့ရရှာသည်။

'မင်းတို့မှာ ကလပ်တွေ ဘယ်နှခုလောက်တောင် ရှိနေတာလဲ'

ကျိုးဟောက်ယွီမှာ မိမိစိတ်ထဲတွင် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။ သူသည် ဝေ့ရှီယု၏ နှုတ်ခမ်းဝဆီမှနေ၍ ထွက်ပေါ်လာသော ကလပ်အမည်တစ်ခုကိုမျှ နှစ်ကြိမ်တိုင်တိုင် ထပ်မံ၍ မကြားဖူးသေးပါချေ။ ထို့ကြောင့်ပင် ကားကလေးသည် ဤဆန်းကြယ်လှသော လေထုကြီးအလယ်တွင် ကျားရှင်းကလပ်ရှိရာသို့ တရွေ့ရွေ့နှင့် ရောက်ရှိလာခဲ့တော့သည်။ သူတို့ ရောက်ရှိလာသည်နှင့်တပြိုင်နက် ကျန်းရှောင်ဟွာသည် မိမိ၏ ဘောင်းဘီတွင် မီးများ စွဲကပ်နေသည့်အလား ကားပေါ်မှနေ၍ အသည်းအသန် ခုန်ဆင်းသွားခဲ့တော့သည်။ သူမသည် ဤကဲ့သို့သော မွန်းကြပ်ဖွယ် လေထုကြီးအတွင်းတွင် ဆက်လက်၍ မအောင့်အီးနိုင်တော့ခြင်းကြောင့် ဖြစ်ပေ၏။

"နင် အခု သွားလို့ရပြီ၊ ဒီည ငါတို့ကို လာရောက်ကြိုဆိုဖို့ မလိုတော့ဘူး"

ဝေ့ရှီယုကလည်း ဤမသက်မသာဖြစ်ရသော လေထုကြီးကြောင့် စိတ်အာရုံများ ရှုပ်ထွေးလျက် ပြောလိုက်သည်။ သို့သော်လည်း ကျိုးဟောက်ယွီကမူ ထိုအရာများကို လုံးဝ ဂရုစိုက်ဟန် မပြပါချေ။ ကျိုးဟောက်ယွီသည် မိမိ၏ ဖုန်းထဲမှ ဒီဒီ အငှါးယာဉ် အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီး သူ့ငွေစာရင်းအတွင်းသို့ ငွေအမြောက်အမြား လွှဲပြောင်းဝင်ရောက်လာခြင်း ရှိမရှိကိုပင် မစစ်ဆေးရသေးမီမှာပင် ရုတ်ချည်းပင် အငှားယာဉ် ခေါ်ဆိုမှုအသစ်တစ်ခုကို လက်ခံရရှိလိုက်ပြန်သည်။

၎င်းမှာ နတ်ဘုရားထိုက်ရှန်းလောင်ကျွင်းထံမှပင် ဖြစ်ပေတော့သည်။ ကျိုးဟောက်ယွီတွင်လည်း ထိုက်ရှန်းလောင်ကျွင်းထံသို့ မေးမြန်းချင်သော အချက်အလက်အချို့ ရှိနေခဲ့သဖြင့် သူသည် ကား၏ စတီယာရင်ဘီးကို လျင်မြန်စွာ လှည့်ပတ်လိုက်ရင်း အရှိန်အဟုန်ဖြင့် မောင်းနှင်ခဲ့တော့၏။ မလှမ်းမကမ်းနေရာသို့ ရောက်ရှိလာခဲ့သည့်အခါ သူသည် ထိုက်ရှန်းလောင်ကျွင်းတစ်ယောက် ထိုက်ချီ အဝတ်အစားများကို ဆင်ယင်လျက် ရင်ပြင်ကြီးအတွင်းရှိ သက်ကြီးရွယ်အို အဘိုးအိုအုပ်စုကြီးနှင့်အတူ ထိုက်ချီသိုင်းကွက်များကို လေ့ကျင့်နေသည်ကို မြင်တွေ့လိုက်ရသည်။

"ထိုက်ရှန်းလောင်ကျွင်း"

ကျိုးဟောက်ယွီသည် ကားပေါ်မှ ဆင်းလိုက်ရင်း တုံ့ဆိုင်းမှုအချို့ဖြင့် လှမ်း၍ အော်ခေါ်လိုက်မိသည်။ ဤနတ်ဘုရားကြီးသည် လူ့ပြည်လောက၏ ပတ်ဝန်းကျင်နှင့် တကယ့်ကို လျင်မြန်စွာပင် တစ်သားတည်း ကျရောက်နေခဲ့ပြီ ဖြစ်ရာ စင်စစ်အားဖြင့်မူ မိမိကိုယ်တိုင်သာ အရူးတစ်ယောက်နှင့် ပိုမို၍ တူညီနေခဲ့ခြင်း ဖြစ်ပေ၏။ တစ်စုံတစ်ဦးမှာ မိမိကို လှမ်း၍ အော်ခေါ်နေသံကို ကြားလိုက်ရသည့်အခါ နတ်ဘုရား ထိုက်ရှန်းလောင်ကျွင်းသည် မိမိ၏ အစွမ်းထက်လှသော အရှိန်အဝါများကို တဖြည်းဖြည်းနှင့် ရုပ်သိမ်းလိုက်ပြီးနောက် ကျိုးဟောက်ယွီရှိရာသို့ ဖြည်းညှင်းစွာ လှမ်းလျှောက်လာခဲ့တော့သည်။ ခေတ္တမျှအတွင်း ကျိုးဟောက်ယွီ၏ ရင်ထဲတွင် ထူးခြားလှသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရပြီး မိမိကိုယ်ကိုယ် အဆမတန် အသက်ကြီးရင့်သွားခဲ့ရသကဲ့သို့ပင် ထင်မှတ်မိသွားခဲ့ရ၏။

"နတ်ဘုရားကြီး၊ ခင်ဗျားက အခုတစ်ကြိမ်မှာလည်း ခွန်းလွန်တောင်ဆီကို ထပ်ပြီးတော့ သွားဦးမှာလား"

ကျိုးဟောက်ယွီမှ နတ်ဘုရားကြီးအတွက် ကားတံခါးကို အသာအယာ ဖွင့်လှစ်ပေးလိုက်ရင်း မေးမြန်းလိုက်သည်။

"မှန်တာပေါ့"

နတ်ဘုရား ထိုက်ရှန်းလောင်ကျွင်းသည် မိမိ၏ ထိုက်ချီအဝတ်အစားထက်မှ ဖုန်မှုန့်များကို တည်ကြည်စွာဖြင့် ခါထုတ်ပစ်လိုက်ရင်း မာနထောင်လွှားလှသော လေသံဖြင့် ခပ်ဖွဖွ ရေရွတ်လိုက်သည်။

"ဒီနေ့ ခင်ဗျား ဝတ်ထားတဲ့ ဝတ်စုံက တကယ့်ကို အလိုက်ဖက်ဆုံးပါပဲ"

သို့သော်လည်း ကျိုးဟောက်ယွီသည် ထိုနတ်ဘုရားကြီးထံမှနေ၍ တစ်စုံတစ်ရာကို အကူအညီတောင်းခံရန် လိုအပ်နေခဲ့သဖြင့်ပြောရခြင်းဖြစ်သည်။

"တကယ်လား ငါလည်း ထင်သားပဲ၊ အထူးသဖြင့် ဒီပုခုံးထက်က ပန်းကလေးက ငါ့ရဲ့ အရှိန်အဝါနဲ့ တကယ့်ကို အလိုက်ဖက်ဆုံးအရာပဲ မဟုတ်လား"

နတ်ဘုရားကြီးမှာ ဆိုလိုက်ရင်း မိမိလည်ပင်းအကျီကော်လာထက်မှ ပန်းပွင့်အသေးစားကလေးကို အသာအယာ ပွတ်သပ်နေခဲ့သည်။

'ကြည့်စမ်းပါဦး၊ သူရဲ့ စစ်မှန်သော သဘာဝအရည်အသွေးများက ချက်ချင်း ထွက်ပေါ်လာခဲ့ပြီ မဟုတ်ပါလား'

"ခင်ဗျား အရင်တုန်းက ပြောခဲ့သလိုမျိုး ကျွန်တော်က တကယ့်ကို နှစ်ပေါင်းတစ်ထောင်မှာ တစ်ကြိမ်သာ ပေါ်ထွန်းတတ်တဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ တကယ့် အမှန်တရားပဲလားထ

ကျိုးဟောက်ယွီမှ မေးမြန်းလိုက်သည်။ နတ်ဘုရားကြီးသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မိမိ၏ ဒေါသအာရုံများကို သွားရောက်ပုတ်ခတ်မိလိုက်သကဲ့သို့ ရုတ်ချည်းပင် အော်ဟစ်လိုက်တော့၏။

"သေချာတာပေါ့၊ ငါ ကျင်လည်ခဲ့ရတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဘယ်တုန်းကများ မုသားစကား ပြောဆိုဖူးလို့လဲ၊ ငါ့ရဲ့ ဆန်းကြယ်တဲ့ မျက်လုံးအစုံနဲ့ဆိုရင် နတ်မင်းကြီး တောင်မှ မင်းကို မယှဉ်နိုင်ဘူ"

"ဂျိန်း ဘုန်း"

ကောင်းကင်ထက်မှနေ၍ ပြင်းထန်လှသော မိုးကြိုးမုန်တိုင်းတစ်ခုမှာ သူ့စကားလုံးများကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက်တော့သည်။

"အဟမ်း၊ ဒါဆိုရင်တော့ ကျွန်တော် ဘာဖြစ်လို့ မိုင်ပေါင်းထောင်ချီ စိတ်ဝိဉာဉ် အသံလွှင့် မှော်ပညာရပ်ကို ဘာဖြစ်လို့ လုံးဝ မသင်ယူနိုင်ရတာလဲ"

ယခုအချိန်အထိ ကျိုးဟောက်ယွီ၏ ရင်ထဲတွင် ထိုမှော်ပညာရပ်ကို လုံးဝ မတတ်မြောက်နိုင်သေးသည့် အခြေအနေအတွက် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေဆဲ ဖြစ်ပေသည်။

"မသင်ယူနိုင်ဘူး ဟုတ်လား၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ၊ မင်းက အဲဒီပညာရပ်ကို ဘယ်လို အသုံးချရမယ်ဆိုတာကို မသိသေးရုံသက်သက်ပါပဲ၊ ဒီလောကကြီးထဲမှာ မင်း မသင်ယူနိုင်တဲ့ မှော်ပညာရပ်ဆိုတာ ဘာတစ်ခုမှ မရှိပါဘူး၊ အရာအားလုံးက မင်းကိုယ်တိုင်ကော သင်ယူလိုစိတ်နဲ့ ကြိုးပမ်းလိုစိတ် ရှိမရှိအပေါ်မှာသာ မူတည်နေတာပါ"

နတ်ဘုရားကြီးမှာ သူ့မုတ်ဆိတ်မွေးများကို လှုပ်ခါလျက် ဆိုလိုက်သည်။ မသင်ယူနိုင်ဘူး ဟုတ်လား။ ဖြစ်နိုင်သည်မှာ မိမိ၏ ကျင့်ကြံခြင်း နည်းလမ်းများ မှားယွင်းနေခြင်းကြောင့် ဖြစ်လေမည်လား။ သို့သော်လည်း ဤမိုင်ပေါင်းထောင်ချီ အသံလွှင့်မှော်ပညာရပ်ကို သင်ယူရန်အတွက် အခြားသော ဆန်းကြယ်လှသည့် နည်းလမ်းများ ရှိနေသေးဦးမည်လား'

"နတ်ဘုရားကြီး"

ကျိုးဟောက်ယွီသည် ထပ်မံ၍ မေးမြန်းရန် ပြင်ဆင်လိုက်သော်လည်း နတ်ဘုရား ထိုက်ရှန်းလောင်ကျွင်းမှာ ချက်ချင်းပင် ကြားဖြတ်၍ တားဆီးလိုက်တော့သည်။

"မင်း ထပ်ပြီးတော့ မေးမြန်းမနေပါနဲ့၊ အချို့သောအရာတွေကိုတော့ ကံကြမ္မာရဲ့ အလိုအလျောက်သာ ချန်ထားရစ်ခဲ့တာက အကောင်းဆုံးပါပဲ၊ ဒါက ငါ မင်းကို ပြောပြနိုင်တဲ့ နောက်ဆုံး အမှန်တရားနော်၊ ဒါကို မင်းရဲ့ ကားခအဖြစ် သတ်မှတ်လိုက်"

ယခုအချိန်တွင်မူ နတ်ဘုရားကြီးသည် တကယ့် စစ်မှန်လှသော နတ်ဘုရားတစ်ပါးကဲ့သို့ တွေးတော၍ မရနိုင်လောက်အောင် ဆန်းကြယ်လှသော မျက်နှာပေးဖြင့် စကားလုံးအနည်းငယ်ကိုသာ ပြောသွားခဲ့ခြင်းဖြစ်ပေသည်။ ထို့နောက် သူသည် ကားပေါ်မှ ဆင်းလိုက်ရင်း မိမိ၏ မုတ်ဆိတ်မွေးများကို အသာအယာ သပ်တင်လျက် ပေါ့ပေါ့ပါးပါးပင် လှမ်းလျှောက်ကာ ပျောက်ကွယ်သွားခဲ့တော့ရာ ကျိုးဟောက်ယွီတစ်ဦးတည်းသာလျှင် ဦးခေါင်းတစ်ခုလုံး မရေတွက်နိုင်သော မေးခွန်းထုတ်မှုများစွာဖြင့် ကျန်ရစ်ခဲ့ရတော့သည်။

သူ ပြီးခဲ့သည့်အကြိမ်က ဆုံတွေ့ခဲ့ရသော မျက်မှန်နှင့် လူသားတစ်ဦး၏ အဖြစ်အပျက်ကြောင့် ဤကမ္ဘာလောကကြီးအတွင်း နတ်ဘုရားများ၏ တည်ရှိမှုကို သိရှိနားလည်ထားပြီး သူတို့နှင့် ဆက်သွယ်နိုင်စွမ်းရှိသူမှာ မိမိတစ်ဦးတည်းသာ မဟုတ်နိုင်မှန်း သူသံသယဝင်မိသွားခဲ့သည်။ သူ၏ လမ်းကြောင်းသည် ယခုအချိန်တွင် အတော်လေး ချောမွေ့နေဆဲ ဖြစ်သော်လည်း အကယ်၍ သူသာ နတ်ဘုရားများနှင့် ဆုံတွေ့ဖူးသော အခြားသော အစွမ်းထက်သူများနှင့် ထိပ်တိုက်ဆုံတွေ့လာခဲ့ပါက မည်သို့ ဖြစ်ပျက်လာနိုင်ပါအံ့နည်း။ အမှန်စင်စစ်တွင်မူ ထိုခွန်းလုံတောင်ကြီးအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေခဲ့သဖြင့် ဤနတ်ဘုရားများသည် ရက်အနည်းငယ်မျှအတွင်း ဤနေရာသို့ အသည်းအသန် ပြေးဝင်လာနေကြရခြင်းဖြစ်မည်နည်း။ ၎င်းအရာမှာ မိမိနှင့်ကော တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေမည်လား။

"ဟူး"

သူသည် ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ရသည့် ကိစ္စရပ်များကို တွေးတောရန်အတွက် တကယ့်ကို မသင့်လျော်လှပါချေ။ ကျိုးဟောက်ယွီသည် မိမိဦးခေါင်းကို လက်ဝါးဖြင့် ခပ်ပြင်းပြင်းတစ်ချက် ရိုက်နှက်လိုက်ရင်း ကားကို မောင်းနှင်ကာ ထွက်ခွာခဲ့တော့သည်။ သူသည် မွန်းလွဲပိုင်း အချိန်ကာလတစ်ခုလုံးကို အလွန်အမင်း စိတ်ပျက်အားလျော့သော မျက်နှာပေးဖြင့် ကားမောင်းနှင်ခဲ့သဖြင့် ယွမ်အနည်းငယ်မျှသာ ရှာဖွေနိုင်ခဲ့ပြီး အိမ်သို့ ပြန်လည်၍ မိမိ၏ ပစ္စည်းများကို သေသေချာချာ သိမ်းဆည်းရှင်းလင်းရင်း မိုင်ပေါင်းထောင်ချီ အသံလွှင့်မှော်ပညာရပ်ကို မည်သို့ ကျင့်ကြံရမည်ကိုသာ အသေအချာ လေ့လာရန် ဆုံးဖြတ်လိုက်တော့၏။

ထိုသို့ ပြုလုပ်ထားမှသာ နောင်တစ်ချိန်တွင် လနတ်သမီး ချန်အယ် ထပ်မံ၍ ရောက်ရှိလာခဲ့သည့်အခါ မိမိအနေဖြင့် သူမအပေါ် မုသားစကား ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း သက်သေပြနိုင်လိမ့်မည် ဖြစ်ပေသည်။ ၎င်းမှာ ကျိုးဟောက်ယွီကိုယ်တိုင်လည်း မိမိအနေဖြင့် ဘာဖြစ်လို့ ထိုအလှတရားအပေါ် ဤမျှအထိ စွဲလမ်းတုံ့ပြန်နေမိသည်ကိုမူ တွေးတော၍ မရပါချေ။ ဖြစ်နိုင်သည်မှာ ဤလောကရှိ အမျိုးသားတိုင်း၏ သဘာဝအတိုင်း အလှတရားကို မြတ်နိုးတတ်သော စိတ်အာရုံကြောင့် ဖြစ်စေ သို့မဟုတ် သူသည် သူမအပေါ်တွင် တကယ်ပဲ စစ်မှန်စွာ ချစ်မြတ်နိုးသွားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း အစီအစဉ်များသည် အပြောင်းအလဲများ၏ နောက်ကွယ်သို့ မည်သည့်အခါမျှ လိုက်ပါနိုင်ခြင်း မရှိပါချေ။

လီယုဝမ် သည် ကျောင်းဆောင်အတွင်းမှနေ၍ အပြင်သို့ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်မှာ ပြင်းထန်လှသော အငြင်းပွားမှုများသည် သူတို့နှစ်ဦးအကြားမှ ဆက်ဆံရေးကို အလုံးစုံ ဖြတ်တောက်ပစ်ခဲ့ပြီဖြစ်ရာ ယခုတစ်ကြိမ်တွင်မူ လီယုဝမ်သည် အပြင်သို့ တိုက်ရိုက်ပြောင်းရွှေ့လျက် ကျိုးဟောက်ယွီနှင့်အတူ နေထိုင်လိုသော ဆန္ဒများ ပြင်းပြနေခဲ့ခြင်းဖြစ်၏။ သူမသည် အခန်းငှားရမ်းခ အားလုံးကို မိမိဘာသာ အကုန်အကျခံရန် အသင့်ရှိနေခဲ့ပြီး ကျိုးဟောက်ယွီအနေဖြင့် မိမိနှင့်အတူ အချိန်အနည်းငယ်မျှ ပိုမို၍ ကုန်ဆုံးပေးရန်သာ မျှော်လင့်နေခဲ့ရှာသည်။ ကျိုးဟောက်ယွီသည် မတတ်သာသည့်အဆုံး လီယုဝမ်ကို သွားရောက်ကြိုရန်အတွက် ထွက်ခွာခဲ့ရပြီး ယနေ့ညတွင်မူကား သူသည် ဟိုတယ်တစ်ခုခုတွင်သာ သေချာပေါက် ထပ်မံ၍ အိပ်စက်ရပေဦးမည်။

သို့သော်လည်း သူမ မည်မျှပင် ဂျစ်တိုက်လျက် အလိုလိုက်ခံချင်နေပါစေဦးတော့ ကျိုးဟောက်ယွီသည် လီယုဝမ်၏ ခန္ဓာကိုယ်ထက်မှနေ၍ အလွန်အမင်း ရင်းနှီးကျွမ်းဝင်လှသော ခံစားချက်များနှင့် တောင့်တမှုအချို့ကိုသာ အမြဲတမ်း ခံစားရလေ့ရှိပြီး ၎င်းအရာမှာ အချစ်စစ် လုံးဝ မဟုတ်ပါချေ။ ထို့ကြောင့်ပင် လီယုဝမ်သည် မည်မျှပင် ကောင်းမွန်ထက်မြက်လှသည် ဖြစ်စေ သို့မဟုတ် သူမ သူ့အပေါ်တွင် မည်မျှပင် ချစ်မြတ်နိုးနေပါစေဦးတော့ သူတို့နှစ်ဦးအကြားတွင် အတူတကွ လက်တွဲနိုင်ရန်မှာကား ဘယ်လိုမှ မဖြစ်နိုင်သော အရာတစ်ခု ဖြစ်ပေသည်။ သူမသည် သူ၏ ညီမလေးတစ်ဦးအဖြစ်သာ ကျိုးဟောက်ယွီ၏ချစ်လှစွာသော ညီမလေးအဖြစ်သာ ထာဝရ တည်ရှိနိုင်တော့မည်။

Book -19

All Chapters