← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

183

စူပါမားကတ်ထဲမှ ထွက်လာပြီးနောက် ကျိုးဟောက်ယွီသည် လီယုဝမ်၏ လက်ကို ဒေါသတကြီး ခါချလိုက်သည်။

“ဘာလို့ ငါ့ကို အတင်းဆွဲခေါ်လာရတာလဲ၊ အဲ့ဒီမိန်းမက အသက်ကြီးတာကို အခွင့်ကောင်းယူပြီး မင်းကို မတရားနှိမ်နေတာ သိသိသာသာကြီးကို မမြင်ဘူးလား”

လီယုဝမ်မှာ ကျိုးဟောက်ယွီ၏ ဒေါသကြောင့် လန့်ဖျပ်သွားသော်လည်း သူပြောသည့် စကားလုံးများကို ကြားရသောအခါ ရင်ထဲ၌ နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားသည်။ သူမ၏ အစ်ကိုယောက်ယွီသည် သူမအပေါ် ငဲ့ကွက်ဆဲပင်။

“အစ်ကိုယောက်ယွီက ညီမအနိုင်ကျင့်ခံရမှာ မလိုလားဘူးဆိုတာ သိပါတယ်၊ ဒါက မတော်တဆဖြစ်သွားတာပါ၊ နောက်တစ်ခါ မဖြစ်စေရဘူးနော်”

လီယုဝမ်မှ ကျိုးဟောက်ယွီ၏ လက်မောင်းကို ကိုင်ကာ ကလေးဆိုး သည့်နှယ် လှုပ်ယမ်းလိုက်သည်။ ကျိုးဟောက်ယွီလည်း လီယုဝမ်၏ အာနွဲ့မှုအောက်တွင် ဒေါသတို့ အစအနမျှ မကျန်တော့ဘဲ သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်၏။

“ကဲပါ သွားကြစို့”

“အင်း"

လီယုဝမ်မှာ ကျိုးဟောက်ယွီနှင့်အတူ ရှေ့သို့ လျှောက်လှမ်းရင်း ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်နေမိသည်။ ထိုစဉ် လမ်းတစ်ဖက်ခြမ်းကို လှမ်းမြင်လိုက်ရသောအခါ သူမအကြည့်တို့ ရုတ်ချည်း ရပ်တန့်သွား၏။

“အစ်ကိုယောက်ယွီ၊ ညီမမှာ တစ်ခုခု လိုအပ်နေတယ်လို့ မထင်ဘူးလား”

ကျိုးဟောက်ယွီမှာ ဘာကိုဆိုလိုမှန်းမသိဘဲ ဇဝေဇဝါဖြင့် ကြည့်ကာ ခေါင်းခါပြလိုက်သည်။

“မိန်းမဆန်တဲ့ ဆွဲဆောင်မှုပေါ့"

လီယုဝမ် ပြောပြောဆိုဆိုဖြင့် ကျိုးဟောက်ယွီ၏ လက်ကောက်ဝတ်ကို ဆွဲကာ လမ်းတစ်ဖက်ခြမ်းသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

“ဒီမှာ မိန်းမဆန်တဲ့အငွေ့အသက် အရှိဆုံး ရေမွှေးက ဘယ်ဟာလဲ"

တစ်ကိုယ်လုံး ရေမွှေးနံ့ တထောင်ထောင်ထနေသော အရောင်းစာရေးမသည် လီယုဝမ်နှင့် သူမအနောက်မှ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော ကျိုးဟောက်ယွီတို့ကို အကဲခတ်သလို အမြန်ကြည့်လိုက်သည်။ ထို့နောက် လုပ်ပြုံး ပြုံးပြရင်း စင်ပေါ်မှ သေသပ်လှပသော ရေမွှေးပုလင်းတစ်ပုလင်းကို စမ်းသပ်သည့်အနေဖြင့် ထုတ်ပေးလိုက်၏။

“ဒါလေးကို ကြည့်ကြည့်ပါ၊ ဒီရေမွှေးနာမည်က 'Red poison' တဲ့၊ ပထမဆုံးရတဲ့ အနံ့က တကယ့်ကို စွဲမက်ဖို့ကောင်းတယ်၊ ဒါပေမဲ့ စကားလုံးနဲ့ အတိအကျ ဖော်ပြဖို့တော့ ခက်လိမ့်မယ်၊ လျှို့ဝှက်ဆန်းကြယ်ပြီး တောရိုင်းဆန်တဲ့ ဆွဲဆောင်မှုမျိုး ပေးစွမ်းနိုင်လို့ ညီမ သဘောကျမယ်လို့ ထင်ပါတယ်”

လီယုဝမ်မှာ ရေမွှေးပုလင်းကို ယူ၍ နှာခေါင်းနား ကပ်ကာ အနံ့ခံကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ပီတိတို့ လွှမ်းသွားပြီး မိန်းမောသွားရသည်။

“သူ့ရဲ့ ဦးဆုံးရတဲ့ အနံ့ ကတော့"

သို့သော်လည်း ပုလင်းပေါ်က ၁၃၉၉ ယွမ် ဆိုသည့် ဈေးနှုန်းကတ်ပြားကို မြင်လိုက်ရသောအခါ သူမ ထိတ်လန့်သွားပြီး ချက်ချင်းပင် လေသံကို ပြန်ထိန်းလိုက်ရသည်။

“ဒီအနံ့ကို သိပ်မကြိုက်ဘူး”

လီယုဝမ်မှ ရေမွှေးပုလင်းကို ကောင်တာပေါ်သို့ ပြတ်ပြတ်သားသား ပြန်ချလိုက်သည်။ ကျိုးဟောက်ယွီမှာ သူမကို အံ့ဩသလို တစ်ချက်ကြည့်မိ၏။ လှပသော အရောင်းစာရေးမသည်လည်း လီယုဝမ်၏ အမူအရာကို မြင်သည်နှင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားကာ ရင်ထဲမှ အထင်သေးစွာဖြင့် မျက်လုံးပင့်လိုက်ပြီး ကောင်တာပေါ်က ယွမ်နှစ်ဆယ်ဝန်းကျင်သာရှိမည့် ဈေးပေါသော ရေမွှေးအချို့ကို မရိုးမရွဖြင့် ထုတ်ကာ လီယုဝမ်ရှေ့သို့ ချပေးလိုက်သည်။ လီယုဝမ်က ပုလင်းကိုကောက်ယူကာ သေချာအနံ့ခံပြီး မေးလိုက်သည်။

“ဒီရေမွှေးရဲ့ ရှေ့ပြေးအနံ့၊ အလယ်အနံ့နဲ့ နောက်ခံအနံ့တွေက ဘာတွေလဲ"

“မသိဘူးလေ၊ ဗူးခွံပေါ်မှာ ပါလိမ့်မယ်”

အရောင်းစာရေးမမှ ဝတ်ကျေတန်းကျေ ပြောလိုက်သည်။

“အော်၊ ဗူးခွံပေါ်ကပုံက ရည်ညွှန်းရုံပဲ ထင်လို့”

အရောင်းစာရေးမမှာ စိတ်မရှည်တော့ဘဲ ပြန်ဖြေဖို့ပင် ပျင်းရိနေဟန်ရှိသည်။ ကျိုးဟောက်ယွီ၏ မျက်မှောင်တို့ အနည်းငယ် တွန့်သွား၏။ လီယုဝမ်သည် စာရေးမ၏ သဘောထားကို ရိပ်မိသဖြင့် မျက်နှာပျက်သွားကာ ရေမွှေးပုလင်းကို ကောင်တာပေါ် ပြန်တင်ပြီး ကျိုးဟောက်ယွီကို အတင်းဆွဲခေါ်ရန် ပြင်သော်လည်း သူအတင်းရုန်းထားသဖြင့် သူမ ရုန်းမရချေ။ ကျိုးဟောက်ယွီတစ်ယောက် တစ်ကျော့ပြန် ဒေါသထွက်တော့မည်အမှတ်ဖြင့် လီယုဝမ်မှာ စိုးရိမ်တကြီး လှမ်းဆွဲလိုက်စဉ်မှာပင် သူဘဏ်ကတ်တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ကာ စာရေးမထံ ပစ်ပေးလိုက်သည်ကို မြင်လိုက်ရသည်။

“သွား၊ စောစောက ပထမဆုံး ထုတ်ပြတဲ့ ရေမွှေးပုလင်းကို ဗူးလှလှလေး ထုပ်ပေးလိုက်”

အရောင်းစာရေးမမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးမှ ပြာပြာသလဲပြုံးကာ ဘဏ်ကတ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ကျိုးဟောက်ယွီကို ဖားသည့်အပြုံးဖြင့် ပြုံးပြရင်း ရေမွှေးပုလင်းကို အမြန်ထုပ်ပိုးကာ လီယုဝမ်ထံ ကမ်းပေးလိုက်၏။ တင်းမာမှုကို လျှော့ချချင်ဟန်ဖြင့် စာရေးမမှာ လီယုဝမ်ကို မြှောက်ပင့်ကာ ပြောလိုက်သည်။

“ညီမရဲ့ ရည်းစားက တကယ့်ကို အလိုလိုက်တာပဲနော်”

ကျိုးဟောက်ယွီမှာ အေးစက်စက် လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ငါ့ညီမ"

လီယုဝမ်မှာ ရေမွှေးအိတ်ကို လက်တစ်ဖက်ဖြင့် ပျော်ရွှင်စွာ ဆွဲကိုင်ရင်း ကျိုးဟောက်ယွီ၏ လက်မောင်းကို ချိတ်ကာ နှုတ်ခမ်းလေးဆူလျက် စာရေးမကို ကြည့်လိုက်သည်။

“အစ်ကိုက တကယ့်ကို အားကိုးရတဲ့ အစ်ကိုကြီးပဲ"

ကျိုးဟောက်ယွီမှာ အရောင်းစာရေးမကို တစ်ချက်ပင် လှည့်မကြည့်ဘဲ လီယုဝမ်ကို ဆွဲ

ကာ ရေမွှေးဆိုင်ထဲမှ ဝင့်ဝင့်ကြွားကြွား ထွက်လာခဲ့တော့သည်။

“ညီမ၊ နောက်လည်း ကြွခဲ့ပါဦး"

စာရေးမ၏ စူးရှရှအော်သံမှာ အနောက်တွင် ကျန်ရစ်ခဲ့သော်လည်း ကျိုးဟောက်ယွီမှာတော့ ဘယ်တော့မှ ပြန်လာတော့မည်မဟုတ်ချေ။ ရေမွှေးတစ်ပုလင်းတည်းနှင့်တင် သူ သုံးလေးငါးရက်တိုင်တိုင် ပင်ပင်ပန်းပန်း ရှာထားရသမျှ ပိုက်ဆံတွေ ပြောင်သလင်းခါသွားခဲ့ပြီဖြစ်ရာ ဤသို့ လူဂုဏ်ထံ ဟန်ဆောင်လိုက်ရခြင်းမှာ သူ့ရင်ကို အောင့်တက်သွားစေသည်။ ရေမွှေးဆိုင်နှင့် ဝေးရာသို့ ရောက်သောအခါ လီယုဝမ်မှာ သူ့ကို လမ်းဘေးမှ ကျောက်ခုံတန်းတစ်ခုတွင် ဝင်ထိုင်ခိုင်းပြီး ရေမွှေးပုလင်းကို စိတ်လှုပ်ရှားစွာ ထုတ်ကာ လေထဲသို့ ဖြန်းလိုက်၏။ ပြင်းရှရှ ရေမွှေးနံ့မှာ သူတို့နှစ်ဦးလုံးကို ချက်ချင်း လွှမ်းခြုံသွားစေသည်။ သူတို့နှစ်ယောက်လုံး မျက်လုံးလေးမှိတ်ကာ ထိုရနံ့ကို သာယာကြည်နူးစွာ ရှူရှိုက်လိုက်ကြသည်။

“အစ်ကိုယောက်ယွီ၊ ဒီလိုလှတဲ့ ရေမွှေးလေး လက်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ညီမမှာတော့ ပြန်ပေးဆပ်ဖို့ နည်းလမ်းမရှိဘူး"

“ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်မလို့လား၊ အဲ့ဒီလို အူကြောင်ကြောင်ကောင်မလေးမျိုးကို ငါက အလိုမရှိဘူး"

“အစ်ကိုယောက်ယွီကလည်း၊ ညီမကို နှာခေါင်းရှုံ့နေပြန်ပြီ"

လီယုဝမ်မှ ကျိုးဟောက်ယွီကို မျက်စောင်းလေးခဲကာ စိတ်ကောက်ပြရှာသည်။ ကျိုးဟောက်ယွီမှာ ခပ်ဖွဖွ ရယ်မောရင်း လက်လှမ်းကာ လီယုဝမ်၏ ဆံပင်များကို အသည်းယားကာ ဖွပစ်လိုက်၏။

“အစ်ကိုယောက်ယွီ၊ ညီမ ခေါင်းပဲပြတ်ပြတ် သွေးပဲထွက်ထွက် ခံနိုင်တယ်၊ ဆံပင်ပုံစံ ပျက်သွားတာတော့ မခံနိုင်ဘူး”

ကျိုးဟောက်ယွီမှ သဘောကျစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“သွားကြစို့ မိုးချုပ်တော့မယ်”

“ဟုတ်ကဲ့”

ရှေ့မှ ကခုန်မြူးထူးပြီး သွားနေသော လီယုဝမ်၏ ကျောပြင်ကို ကြည့်ရင်း ကျိုးဟောက်ယွီ၏ မျက်နှာပေါ်မှာ အပြုံးတို့ တဖြည်းဖြည်း မှေးမှိန်သွားရသည်။

'Red Poison ဒါက ရေမွှေးအဆိပ်လား၊ ဒါမှမဟုတ် အချစ်ဆိပ်လား'

ကျိုးဟောက်ယွီသည် မိမိလုပ်ရပ် မှန်သလား မှားသလား မဝေခွဲတတ်တော့ချေ။ သူမ ဤထက်ပို၍ ရုန်းမထွက်နိုင်အောင် မဖြစ်စေရန် လီယုဝမ်နှင့် ပတ်သက်မှုကို အခုပဲ အပြတ်ဖြတ်သင့်သည်ဟု သူခံစားနေရသော်လည်း ရက်ရက်စက်စက် မလုပ်ရက်နိုင်ပြန်ပေ။ လီယုဝမ်၏ အပြုံးကို မြင်ရလျှင် သူပျော်ရွှင်ရသည်။ သို့သော် သူသာ ထွက်ခွာသွားခဲ့လျှင် ထိုအပြုံးကို ရက်စက်စွာ ရိုက်ချိုးပစ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုအဖြစ်မျိုးကို သူအလိုမရှိပေ။ ကမ္ဘာကြီး ဒီလောက်ကျယ်ပြောတာ ဆုံတွေ့ခွင့်ရတာတင်ပဲ ရေစက်မဟုတ်ပါလား။ သို့သော်၊ ဤရေစက်မှာ အိမ်ထောင်ဖက်ဖြစ်မည့် ရေစက်မျိုးတော့ မဟုတ်ခဲ့ချေ။

လိုက်ကာများကို ဖယ်ရှားလိုက်သောအခါ နွေးထွေးသော နေရောင်ခြည်မှာ အခန်းထဲသို့ ဖြာကျလာသည်။ နောက်ထပ် သာယာလှပသော နေ့တစ်နေ့ပင်။ ပိုက်ဆံမှ အရာရာကို စကားပြောသည်ဟု ဆိုရမည်။ ဝေ့ရှီယု၏ မိသားစုမှာ သူတို့ဒရိုင်ဘာဖြစ်သူ ကျိုးဟောက်ယွီအတွက် စီစဉ်ပေးထားသော နေရာမှာ တကယ့်ကို သားနားလှပလွန်းသည်။ လင်းထိန်နေပြီး မြင်ကွင်းမှာလည်း အလွန်လှပသည့်အပြင် မွေ့ရာပင် ပါရှိသေး၏။ သို့သော် ကျိုးဟောက်ယွီမှာတော့ ထိုမွေ့ရာပေါ်တွင် မအိပ်ဖြစ်တော့သည်မှာ ကြာပြီဖြစ်သည်။

ကျင့်စဉ် ကို နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီးနောက် ကျိုးဟောက်ယွီတစ်ယောက် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးအနေဖြင့် စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။ သူ ဒီဒီ မောင်းရန် ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့၏။ ဒီနေ့တွင် ကျိုးဟောက်ယွီသည် စိတ်အခြေအနေ ကောင်းရုံသာမက ကံလည်း အလွန်ကောင်းနေသည်။ တစ်မနက်ခင်းလုံး ထူးဆန်းပြီး ချမ်းသာသော ခရီးသည် အများစု အထူးသဖြင့် ခရီးဝေးသွားမည့်သူများကိုသာ တင်ခဲ့ရသည်။ သူတို့ ကားပေါ်တက်လာလျှင် စကားသိပ်မပြောကြသော်လည်း သူ့ကိုချည်း စူးစိုက်ကြည့်နေတတ်ကြသည်။ ခရီးသည်အားလုံးနီးပါးမှာ အမျိုးသားတွေသာ ဖြစ်မနေလျှင် ကျိုးဟောက်ယွီတစ်ယောက် သူတို့ သူ့ကို စိတ်ဝင်စားနေကြသည်ဟု ထင်မိမည်မှာ အမှန်ပင်။ မွန်းတည့်ချိန် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် လျော့ပါးသွားချိန်တွင် ကျိုးဟောက်ယွီမှာ ဒရိုင်ဘာထိုင်ခုံပေါ်၌ ရရှိထားသော ပိုက်ဆံများကို ရေတွက်ပြီးနောက် မှန်ထဲတွင် မိမိကိုယ်ကိုယ် ဘယ်ဘက်ညာဘက် စောင်းငဲ့ကြည့်ကာ သဘောကျနေမိသည်။ မိမိကိုယ်ကိုယ် ပို၍ပင် ချောမောခန့်ညားလာသည်ဟု သူ ထင်မြင်နေမိ၏။

“အား"

ကျိုးဟောက်ယွီမှာ ရုတ်ချည်း သက်တောင့်သက်သာမရှိ ဖြစ်လာသော သူ့နားရွက်ကို ကိုင်လိုက်မိပြီး နာကျင်လွန်းသဖြင့် အော်လိုက်မိသည်။ ကျိုးဟောက်ယွီ မှန်ထဲတွင် သူ့နားရွက်အနောက်ဘက်ကို လှည့်ကြည့်လိုက်၏။ ထိုနေရာတွင် တစ်ခုခု ရှိနေသလို ခံစားရသော်လည်း သေချာတော့မမြင်ရချေ။ သူ စမ်းတဝါးဝါးဖြင့် တို့ထိကြည့်လိုက်ရာ မနာတော့သည်ကို သိရသဖြင့် နားရွက်ကို အနောက်သို့သာ လှန်ထားလိုက်တော့သည်။ ၎င်းမှာ အလယ်ဗဟိုတွင် အနီစက်ကလေးတစ်စက် ပါရှိသော အနက်ရောင် အမှတ်အသားတစ်ခု ဖြစ်သည်။ ထိုအနီစက်ကလေးမှနေ၍ အနက်ရောင်လိုင်းများ ဖြာထွက်နေပြီး သူ့နားရွက်နောက်ဘက် တစ်ပြင်လုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားကာ ပင့်ကူနှင့် ဆင်တူသော်လည်း ပင့်ကူစစ်စစ်တော့မဟုတ်သော ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုအမှတ်အသားမှာ သက်ရှိတစ်ခုကဲ့သို့ ရှိနေပြီး ကျိုးဟောက်ယွီ မျက်တောင်ခတ်လိုက်တိုင်း အနည်းငယ် လှုပ်ရှားသွားသယောင် ထင်ရသည်။

“ဒါက ဘာကြီးလဲ"

ကျိုးဟောက်ယွီမှ တွေးတောရင်း လက်ဖြင့် ပွတ်တိုက်ကြည့်မိသည်။ ၎င်းမှာ ဆေးခြယ်ထားခြင်း သို့မဟုတ် ကပ်ထားခြင်းမျိုးမဟုတ်ဘဲ အသားထဲတွင် စွဲမြဲမြုပ်နှံနေသကဲ့သို့ ဖြစ်နေကာ ပွတ်ထုတ်၍မရချေ။

'ဒါ ဘာကြီးလဲ၊ သူ အရင်က ဒီအရာမျိုး မရှိခဲ့ဖူးပါ၊ နောက်မှ ထွက်လာခြင်းလား၊ မဟုတ်ရင် ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်ကို ကျင့်ကြံခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများလား'

ကျိုးဟောက်ယွီမှာ စိတ်ထဲမှ ရေရွတ်နေမိသည်။ ပတ်ဝန်းကျင် အရေပြားများ နီရဲလာသည်အထိ အကြာကြီး ပွတ်တိုက်ပြီးနောက်တွင်လည်း ထိုအရာမှာ ကွာမကျလာချေ။ မနာကျင်တော့သဖြင့် သူလည်း ဆက်ပြီး စိတ်မပူတော့ဘဲ အခွင့်အရေးရမှသာ နတ်ဘုရားများကို မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

All Chapters