← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

187

ကျိုးမင်မှာ ဝေခွဲမရဖြစ်နေရင်းမှ ပါးစပ်ကိုပိတ်ကာ တဟီးဟီးရယ်မောလိုက်သည်။

“အော်၊ အဲ့ဒီကောင်မ‌လေးကလည်း ဒီလိုပဲ ဖြစ်မှာပေါ့၊ ငါ့မောင်လေး ဟောက်ယွီက ငယ်ငယ်ကတည်းက လူချစ်လူခင် ပေါများတာလေ၊ ငါ့အိမ်ဟောင်းက ပန်းပင်တွေတောင် သူကိုင်လိုက်ရင် ပိုပြီး လှလှပပ ပွင့်လာတတ်တာမျိုး”

“တကယ်လားကျဲ၊ ဒါကြီးက နည်းနည်း အလွန်အကျွံ ဖြစ်မနေဘူးလား”

ဆွန်းချန်မှ ကျိုးဟောက်ယွီအား တစ်စုံတစ်ယောက်သော ပါရမီရှင်ကြီးအလား အံ့အားသင့်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

“အမှန်အတိုင်းပြောရရင် ကျဲလည်း ဒါကို အရမ်းဆန်းကြယ်တယ်လို့ ထင်တာပဲ၊ ဟောက်ယွီက အနှစ်တစ်ထောင်မှတစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်အလားပဲ”

ကျိုးမင်မှ ဟော့ပေါ့အိုးထဲမှ အစားအစာများကို ခပ်ယူရင်း ပြောလိုက်သည်။ ဤဆိုင်မှ ဟော့ပေါ့မှာ တကယ့်ကို အရသာရှိလှသဖြင့် သူမ၏ ခံတွင်းကို မြိန်စေ၏။ ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ ရင်ထဲ၌ ခံစားချက်လှိုင်းတံပိုးများ ထသွားရသည်။ ကျိုးမင်၏ စကားများသည် ရှေးလူကြီးသူမများ ပြောလေ့ရှိသည့် စကားများနှင့် ဆင်တူနေသဖြင့် သူ တိုးတိုးလေး ရေရွတ်မိသည်။

“တကယ်ပဲ ငါက အနှစ်တစ်ထောင်မှတစ်ယောက် ပေါ်တဲ့ ပါရမီရှင် ဖြစ်နေမလားမသိဘူး”

ဆွန်းချန်မှာ ကျိုးဟောက်ယွီ၏ မာန်တက်နေသော အမူအရာကို ကြည့်ကာ မျက်စောင်းထိုးလိုက်ပြီး ကျိုးဟောက်ယွီ တူဖြင့် ညှပ်ရန် ပြင်နေသည့် အစပ်အရသာ သွေးတုံးလေးကို လုယူစားပွဲပစ်လိုက်တော့သည်။ သူတို့သုံးဦးသည် ဆူပွက်နေသော ဟော့ပေါ့အိုးကြီးကို ဝိုင်းအုံကာ မြိန်ရှက်စွာ စားသောက်နေကြ၏။ ထမင်းစားပွဲဝိုင်း အလယ်လောက်တွင် ဆွန်းချန်သည် ရုတ်တရက် ဖုန်းတစ်ကောလ် ဝင်လာသဖြင့် ကျိုးဟောက်ယွီတို့ထံမှ ကပျာကယာ နှုတ်ဆက်ထွက်ခွာရန် ပြင်တော့သည်။

“ဟေ့ ချန်ဇီ ဘယ်သွားမလို့လဲ၊ အဝတောင် မစားရသေးဘူး"

“ငါ အချောလေးတစ်ယောက်နဲ့ ချိန်းထားတာ ရှိလို့၊ မင်းတို့ပဲ ဆက်စားကြတော့”

ဆွန်းချန်မှ ကုတ်အင်္ကျီကို အမြန်ကောက်စွပ်လိုက်ရင်း ကျိုးမင်ကို အားနာစွာဖြင့် ပြောလိုက်သည်။

“မင်ကျဲ တကယ်ကို အားနာပါတယ်၊ ကျဲက ဒီလောက်အဝေးကြီးက လာရတာကို ကျွန်တော်က အချိန်အကြာကြီး အဖော်မလုပ်ပေးနိုင်ဘူး ဖြစ်နေပြီ”

“ရပါတယ် ချန်ဇီရဲ့၊ ကိစ္စရှိရင်လည်း သွားပါ၊ အလုပ်က ပိုအရေးကြီးတာပေါ့”

ကျိုးမင်မှ အလိုက်တသိ ပြုံးပြလိုက်သည်။

“ဟုတ်ကဲ့ မင်ကျဲ၊ ကျဲ ဒီကို ရောက်တုန်း ရောက်ခိုက် ရက်နည်းနည်းလောက် ထပ်နေသွားဦးနော်၊ နောက်မှ ပြန်ဆုံကြတာပေါ့”

ထိုသို့ပြောပြီးနောက် ဆွန်းချန်သည် အခန်းထဲသို့ အပြေးအလွှား သွားမည့်သူအလား ဟော့ပေါ့ဆိုင်တံခါးကို တွန်းဖွင့်ကာ အပြင်သို့ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။

“ဟောက်ယွီ၊ ချန်ဇီ လိုက်ဖားနေတဲ့ သူဌေးမက ဘယ်လိုလူစားမျိုး ဖြစ်မလဲ"

"ဒီကောင်ကတော့ ကယ်မရတော့ဘူး”

ကျိုးဟောက်ယွီမှာ ဆွန်းချန်၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချမိသည်။

“နင်လည်း သူ့ကို ခဏခဏ ဖျောင်းဖျပေးဦး၊ တကယ်တမ်း လောကကြီးမှာ ဘာမှမရှိတဲ့ ဆင်းရဲသားတစ်ယောက်က ဘဝကို ချက်ချင်း ပြောင်းလဲပစ်ပြီး ချမ်းသာပြီး လှပတဲ့ မိန်းမကို လက်ထပ်နိုင်ဖို့ဆိုတာ တကယ့်လက်တွေ့မှာ ရာခိုင်နှုန်း အင်မတန် နည်းလွန်းတာ”

နှစ်ယောက်သား ဝဝလင်လင် စားသောက်ပြီးနောက် ကျိုးဟောက်ယွီမှာ လိုလိုလားလားဖြင့် ငွေရှင်းလိုက်သည်။ သူတို့ ဟော့ပေါ့ဆိုင်အပြင်ဘက်သို့ လျှောက်လာကြစဉ် တိုက်ခတ်လာသော လေအေးတစ်ချက်ကြောင့် ကျိုးမင်တစ်ယောက် မရည်ရွယ်ဘဲ နှာချေမိသွား၏။ ထိုအခါမှသာ သူမ၏ လည်စည်းပဝါ ကို ဟော့ပေါ့ဆိုင်ထဲ၌ မေ့ကျန်ခဲ့ကြောင်း သတိရတော့သည်။ ကျိုးဟောက်ယွီမှာ လည်စည်းပဝါကို သွားယူရန် ဆိုင်ထဲသို့ ချက်ချင်း ပြန်ပြေးဝင်သွားခဲ့သည်။ သူ ပြန်ထွက်လာသောအခါတွင်မူ ကျိုးမင်သည် မျက်လုံးသေးသေး၊ ကိုယ်လုံးအလတ်စားနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံနေရသည်ကို လှမ်းမြင်လိုက်ရ၏။ ကျိုးဟောက်ယွီ ထိုလူ့အနားသို့ လျှောက်သွားလိုက်ရာ ထိုသူမှ ပြောနေသည်ကို ကြားလိုက်ရသည်။

“မင်္ဂလာပါ အလှလေး၊ ကျွန်တော့်နာမည် လျူထုန် လို့ ခေါ်ပါတယ်၊ အာမခံကုမ္ပဏီတစ်ခုက အရောင်းမန်နေဂျာပါ၊ အလှလေး စကားပုံတစ်ခု ရှိတယ်မဟုတ်လား၊ ‘မတော်တဆမှုဆိုတာ ထင်မှတ်မထားတဲ့အချိန်မှာ ဖြစ်တတ်တယ်’ တဲ့၊ အာမခံလေးတစ်ခုလောက် ဝယ်ထားပါလား၊ ဒါဆိုရင် အလှလေးရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံချက် ပေးနိုင်တာပေါ့၊ တကယ်လို့ တစ်နေ့နေ့မှာ ကားတိုက်ခံရတာဖြစ်ဖြစ်၊ ဖျားနာတာဖြစ်ဖြစ် ရှိခဲ့ရင်တောင် ကြီးမားတဲ့ ငွေကြေးဖိအားကြောင့် အလှလေးရဲ့ မိသားစု ဒုက္ခမရောက်တော့ဘူးပေါ့”

“အော် ဟုတ်လား”

ကျိုးမင်မှာ လျူထုန်ကမ်းပေးသော အာမခံလက်ကမ်းစာစောင်ကို သံသယစိတ်ဖြင့် လှမ်းယူလိုက်သည်။ လျူထုန်မှ ဆက်လက်၍ မက်လုံးပေးပြန်၏။

“အလှလေး၊ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မတော်တဆ ထိခိုက်မှု အာမခံက အမြင့်ဆုံး ယွမ်နှစ်သန်းအထိ လျော်ကြေးပေးတာ၊ ဒါက တခြား အာမခံကုမ္ပဏီတွေထက် ၂၀ ရာခိုင်နှုန်း ပိုများတာ”

ကျိုးမင်မှာ ဘာမှမပြောဘဲ လက်ကမ်းစာစောင်ကို ပို၍ အာရုံစိုက်ကာ ဖတ်ရှုနေမိသည်။ ၎င်းကို မြင်သောအခါ လျူထုန် ပိုမိုဆွဲဆောင်မှုရှိသော အခြေအနေများကို ပါးနပ်စွာ ကမ်းလှမ်းလာပြန်၏။

“ဒါတင်မကသေးဘူးနော်၊ ကျွန်တော်တို့ ကုမ္ပဏီက လက်ရှိမှာ နှစ်ကုန်ပရိုမိုးရှင်း လုပ်နေတာ၊ ဒီလရဲ့ ပထမဆုံး ဖောက်သည် ၁၀၀၀ အတွက် ‘တစ်ခုဝယ်ရင် တစ်ခုလက်ဆောင်’ အစီအစဉ် ရှိတယ်၊ အကယ်၍ အလှလေးက တစ်နှစ်စာ အာမခံဝယ်ရင် ကျွန်တော်တို့ ကုမ္ပဏီက နောက်ထပ် တစ်နှစ်စာ အခမဲ့ ထပ်တိုးပေးမှာ၊ အခုဆိုရင် အစောင်ပေါင်း ၉၉၉ စောင် ရောင်းပြီးသွားပြီ၊ ဒီလအတွက် ပရိုမိုးရှင်းက တစ်နေရာပဲ ကျန်တော့တာ”

လျူထုန်သည် လူတို့အမြတ်အစွန်းအနည်းငယ် လိုချင်သော အားနည်းချက်ကို ပါးနပ်စွာ အသုံးချလိုက်ခြင်းဖြစ်ရာ ကျိုးမင်တစ်ယောက် အောင်မြင်စွာဖြင့် စည်းရုံးခြင်း ခံလိုက်ရတော့သည်။

“ဒီအာမခံက ကားမတော်တဆမှုတွေကိုပါ အကျုံးဝင်ရဲ့လား”

ကျိုးမင်သည် တစ်နေ့လုံး တက္ကစီမောင်းနေရပြီး အန္တရာယ်တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေရသော မောင်ဖြစ်သူ ကျိုးဟောက်ယွီအတွက် အာမခံ ဝယ်ပေးချင်နေခြင်းဖြစ်သည်။

“အကျုံးဝင်တာပေါ့၊ ကားမတော်တဆမှုတွေက မတော်တဆ ထိခိုက်မှု အာမခံအောက်မှာ ပါဝင်ပြီးသား၊ ပြီးတော့ စိစစ်တဲ့လုပ်ငန်းစဉ်ကလည်း လျှပ်စီးလို မြန်တယ်၊ အာမခံငွေ ပြန်အမ်းတာလည်း စိတ်ချရအောင် သီးသန့်လူနဲ့ အစအဆုံး ဝန်ဆောင်မှု ပေးတာ”

စည်းရုံးသိမ်းသွင်းခြင်း ခံလိုက်ရသဖြင့် ကျိုးမင်သည် လျူထုန်၏ ကမ်းလှမ်းမှုကို ချက်ချင်း သဘောတူလိုက်တော့သည်။ သူမသည် ကျိုးဟောက်ယွီအတွက် အာမခံတစ်ခု ဝယ်ယူလိုက်ပြီး စရန်ငွေ ယွမ် ၂၀၀ ပေးချေလိုက်၏။ ကျိုးဟောက်ယွီ အနားသို့ ရောက်လာသောအခါ တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိလိုက်သဖြင့် ရှေ့သို့ အမြန်တိုးကာ မေးလိုက်သည်။

“မင်း ဘယ်အာမခံကုမ္ပဏီကလဲ၊ မင်းရဲ့ ဝန်ထမ်းကတ်ကို ပြစမ်း”

လျူထုန်မှာ ကျိုးဟောက်ယွီကို ပြာပြာသလဲ လှမ်းကြည့်လိုက်ရင်း သူ့အိတ်ထဲမှ နာမည်ကတ်ပြားတစ်ခုကို တုန်တုန်ရင်ရင်ဖြင့် ထုတ်ပြသည်။ ကျိုးဟောက်ယွီမှာ အာမခံအရောင်းသမားကို သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်ရာ ထိုသူ၏ မရိုးသားသော စိတ်အခြေအနေကို ခံစားလိုက်ရ၏။ ကတ်ပြားကို ငုံ့ကြည့်လိုက်ပြီးနောက် ကျိုးဟောက်ယွီမှာ ရုတ်တရက် အော်ပြောလိုက်သည်။

“မင်းရဲ့ ဝန်ထမ်းကတ်က အတုကြီးပဲ"

လျူထုန်မှာ လန့်ဖျပ်သွားပြီး ချက်ချင်းပင် လှည့်ပြေးတော့သည်။ ကျိုးမင်မှ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“လူလိမ် မပြေးနဲ့၊ ငါ့ရဲ့ ယွမ်နှစ်ရာ ပြန်ပေး"

လျူထုန်သည် ဘောင်းဘီထဲ မီးတောက်နေသည့်အလား အသက်လုကာ ထွက်ပြေးတော့သည်။ ကျိုးဟောက်ယွီမှာ နှာခေါင်းရှုံ့လိုက်ရင်း အနောက်ကနေ လိုက်လံဖမ်းဆီးတော့၏။ သေချာတာတော့ လျူထုန်သည် တကယ့်ကို ကျွမ်းကျင်နေသော ဝါရင့်လူလိမ်တစ်ဦး ဖြစ်ပေသည်။ သူ၏ အပြေးနှုန်းမှာ မြန်ဆန်လှရာ ကျိုးဟောက်ယွီအနေဖြင့် ခေတ္တမျှ အမီမလိုက်နိုင် ဖြစ်နေရ၏။

'ဒီလူလိမ်အဘိုးကြီး၊ နောက်တစ်ခါကျရင် နတ်ဘုရားတွေဆီက ပညာတစ်ကွက်လောက် သွားသင်ဦးမှပဲ'

ကျိုးဟောက်ယွီသည် စိတ်ထဲကနေ ကျိန်ဆဲရင်း ဇွဲမလျှော့ဘဲ ဆက်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။ လျူထုန်သည်လည်း အဆုံးမှာတော့ သာမန်လူတစ်ဦးသာ ဖြစ်သဖြင့် ဤမျှအကြာကြီး ပြေးပြီးနောက် အမောဆို့ကာ အရှိန်ကျလာတော့၏။ နောက်ဆုံးတွင်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ထားပြီး ကြံ့ခိုင်မှု အလွန်ကောင်းမွန်သော ကျိုးဟောက်ယွီမှ အမီလိုက်မိသွားတော့သည်။ ကျိုးဟောက်ယွီ အရှိန်မြှင့်လိုက်ပြီး လျူထုန်၏ ဖင်ကို အရှိန်ပြင်းပြင်းဖြင့် လေထဲဝဲကာ ကန်ချလိုက်သည်။ လျူထုန်မှာ အလန့်တကြား အော်ဟစ်လိုက်ရပြီး ရှေ့သို့ မှောက်ခုံကြီး လဲကျသွားတော့၏။

“ဆက်ပြေးဦးလေ”

ကျိုးဟောက်ယွီသည် ဤမျှအကြာကြီး လိုက်ခဲ့ရသော်လည်း ချွေးတစ်စက်ပင် မထွက်ချေ။ လျူထုန်သည် မိမိထက် အစွမ်းထက်သော ပြိုင်ဘက်နှင့် တိုးနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သဖြင့် ဒူးထောက်ကာ ကပျာကယာ ကုန်းထပြီး အသနားခံတော့သည်

“အစ်ကိုကြီး ကျွန်တော် မှားပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ အခုပဲ ယွမ်နှစ်ရာကို ပြန်ပေးပါ့မယ်”

လျူထုန်သည် တုန်တုန်ရင်ရင်ဖြင့် ယွမ်နှစ်ရာကို ထုတ်ကာ ကျိုးဟောက်ယွီထံ ကမ်းပေးလိုက်သည်။ ကျိုးဟောက်ယွီ နှာခေါင်းရှုံ့လိုက်ရင်း ပိုက်ဆံကို ဆွဲလုလိုက်ရာ လျူထုန်မှာ အဆင်ပြေသွားပြီအထင်ဖြင့် သက်ပြင်းချလိုက်မိ၏။ သို့သော် မထင်မှတ်ဘဲ ကျိုးဟောက်ယွီမှာ လျူထုန်၏ ဝမ်းဗိုက်တည့်တည့်ကို နောက်ထပ်တစ်ချက် ကန်ထည့်လိုက်ပြန်ရာ လျူထုန်မှာ ညည်းတွားရင်း မြေပြင်ပေါ်သို့ လိမ့်ကျသွားရရှာသည်။

“မင်း ဝန်ထမ်းကတ်အတုတွေတောင် လုပ်ထားတာဆိုတော့ လူအများကြီးကို လိမ်ခဲ့ပြီးပြီပေါ့”

“အစ်ကိုကြီး၊ ကျွန်တော် ဒါမျိုးလုပ်တာ ဒါ ပထမဆုံးအကြိမ်ပါ၊ အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ ရွေးချယ်စရာမရှိလို့ပါ၊ အစ်ကိုကြီး ကျွန်တော် တကယ်မှားမှန်း သိပါပြီ၊ ပိုက်ဆံလည်း ပြန်ပေးပြီးပြီပဲ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ အိမ်မှာ အိပ်ရာထဲလဲနေတဲ့ ကျွန်တော့်ရဲ့ သနားစရာ အမေအိုကြီးကို ငဲ့ညှာသောအားဖြင့်ပါ၊ ကျွန်တော် နေ့ရောညပါ အမှားကို နောင်တရပြီး အစ်ကိုကြီးအတွက် ဆုတောင်းပေးပါ့မယ်”

“မလိုပါဘူး၊ မင်း နောင်တရချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိပါ၊ အခုချက်ချင်း မင်းရဲ့ ဆုံးဖြတ်ချက်ကို လက်တွေ့လုပ်ရပ်နဲ့ သက်သေပြလိုက်စမ်း”

“ဟမ်၊ ဘယ်လို သက်သေပြရမလဲ"

ကျိုးဟောက်ယွီမှ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်

“ငါ မင်းရဲ့ ခြေထောက်နှစ်ဖက်စလုံးကို ရိုက်ချိုးပစ်မယ်”

All Chapters