← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

199

ရှထုံထျန်း၏ သိုင်းပညာရပ်များမှာ လုံးဝဥဿုံ ဖျက်ဆီးခြင်း ခံလိုက်ရလေပြီဖြစ်သည်။

“ညီလေး၊ ရှထုံထျန်းကို မင်းစိတ်ကြိုက် စီရင်ဖို့ လွှဲပေးခဲ့ပါတယ်"

ထိုစကားကို ဆိုပြီးနောက် လပြာရောင်သူရဲကောင်းသည် သဲသောင်ပြင်ပေါ်တွင် လေပြေတစ်ချက်အသွင် ချက်ချင်းပင် အစဖျောက် ပျောက်ကွယ်သွားခဲ့တော့သည်။ ကျိုးဟောက်ယွီသည် နှုတ်ခမ်းဖျားတွင် အေးစက်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် မြေပြင်ပေါ်တွင် လဲကျနေသည့် ရှထုံထျန်းထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့၏။

“ရှထုံထျန်း"

အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာရာ ရှထုံထျန်းအဖို့ ထိုအသံမှာ သေမင်း၏ ခေါင်းလောင်းသံကို ကြားလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူသည် ယခင်က ကျိုးဟောက်ယွီ၏ အသက်ကို နုတ်ယူရန် အထိပင် ပြုလုပ်ခဲ့ဖူးသဖြင့် ယခုအချိန်တွင် ကျိုးဟောက်ယွီမှာ သူ့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။ ဝဋ်သည် တကယ်ကို မြန်လှပေ၏။ သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်တုန်ရင်ရင် ဖြစ်လာခဲ့ရသည်။

“ရှထုံထျန်း၊ မင်းကိုငါ ငါးမန်းစာ ကျွေးပစ်မယ်"

ကျိုးဟောက်ယွီမှ အေးစက်စွာ ပြောလိုက်၏။

“မင်း မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ့ရဲ့ စုဆောင်းထားတဲ့ ငွေတွေအားလုံးကို ပေးပါ့မယ်"

ရှထုံထျန်းက တုန်တုန်ရီရီဖြင့် အသနားခံလေတော့သည်။

“စုဆောင်းထားတာ ဘယ်လောက်ရှိလဲ"

“ယွမ်သန်းတစ်ရာ၊ ဒါက ငါ့ရဲ့ ဘဏ်ကတ်ပြားပါ လျှို့ဝှက်နံပါတ်က ကိုးခြောက်လုံးပါ"

ရှထုံထျန်းသည် သူ့အိတ်ကပ်ထဲမှ ရွှေရောင်ကတ်ပြားတစ်ခုကို တုန်တုန်ရင်ရင်ဖြင့် ထုတ်ပေးလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုရင်တော့ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"

ကျိုးဟောက်ယွီသည် ကတ်ပြားကို လှမ်းယူလိုက်ပြီး ယခုအခါ ဒုက္ခိတတစ်ဦး ဖြစ်သွားရှာသည့် ရှထုံထျန်းကို တစ်ချက် စိုက်ကြည့်လိုက်သည်။ အင်အားချည့်နဲ့နေသူကို ဆက်လက်နှိပ်စက်ခြင်းမှာ လူကြီးလူကောင်းတို့၏ အလုပ်မဟုတ်ချေ။ သူသည် ထိုဘဏ်ကတ်ပြားကို အသုံးပြုကာ အနီးအနားမှ ကားတစ်စီးကို ဝယ်ယူလိုက်ပြီး ဖန်လိုင်ဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ခွာခဲ့တော့သည်။

“မင်းငါ့ဆီက လုယူသွားတဲ့အရာတွေကို တစ်နေ့ကျရင် ငါ ပြန်သိမ်းပိုက်ရမယ်၊ အခုတော့ ငါ ထျန်းလုံတောင်တန်းဆီကို သွားပြီး ဆရာ့ကို ရှာလို့ ကလဲ့စားချေဖို့ ပြင်ရမယ်"

တစ်နာရီခန့် ခြေကျင်လျှောက်လှမ်းပြီးနောက် ရှထုံထျန်းသည် နောက်ဆုံးတွင် မတ်တပ်ရပ်နိုင်ခဲ့ပြီး နက်ရှိုင်းသော တောင်တန်းကြီးဆီသို့ ဦးတည်ထွက်ခွာသွားခဲ့တော့သည်။ ဖန်လိုင်နန်းဆောင် ထက်တွင် လေပြေအေးလေးများ ညင်သာစွာ တိုက်ခတ်နေပြီး အနောက်ဘက်ကောင်းကင်ယံရှိ တိမ်တိုက်နီကြီးများမှာ မီးလျှံများအလား ရဲရဲနီနေပေ၏။ နန်းဆောင်၏ အောက်ခြေတွင်မူ များပြားလှစွာသော လူအုပ်ကြီး စုဝေးရောက်ရှိနေကြပြီး အားလုံးမှာ အမြင့်ဆုံးသော နန်းဆောင်ဆီသို့ လည်ပင်းတဆန့်ဆန့်ဖြင့် ငေးမောကြည့်ရှုနေကြကာ သူတို့၏ အမူအရာများမှာ မိန်းမောတွေဝေနေကြကုန်သည်။

“ဒါ ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးလား"

“နန်းဆောင်ပေါ်က မိန်းကလေးက တကယ်ကို လှပလွန်းတာပဲ"

“အကယ်၍ ငါသာ အဲဒီလို ဇနီးမျိုးနဲ့ လက်ထပ်ရရင် သေပျော်ပါပြီ"

လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက် တက်ကြွစွာ ဝေဖန်ပြောဆိုနေကြသည်။ နန်းဆောင်၏ အထက်တွင်မူ နုပျိုချောမောလှသော မိန်းမပျိုလေးတစ်ဦးသည် ခရမ်းဖျော့ရောင် ဝတ်စုံကို ဆင်မြန်းလျက် စိမ်းစိုသော ပလွေ တစ်လက်ကို ကိုင်ဆောင်ကာ ရပ်တံ့နေ၏။ သူမ၏ သာယာငြိမ့်ညောင်းလှသော ပလွေသံစဉ်မှာ ဖန်လိုင်ကမ်းရိုးတန်းတစ်ခုလုံး ပျံ့လွင့်နေပေရာ ထိုမိန်းကလေးမှာ ကျောက်ဇီလန်ပင် ဖြစ်သည်။

“ဟဲဟဲ၊ ဒီမိန်းကလေးက တကယ့်ကို ထူးခြားဆန်းပြားတဲ့ ရတနာလေးပဲ"

ရွှေရောင်ဝတ်ရုံကို ဆင်မြန်းကာ အမည်းရောင် ယပ်တောင်ကို ကိုင်ဆောင်ထားသည့် ချောမောခန့်ညားသော အမျိုးသားတစ်ဦးသည် မြေပြင်ကို အသာအယာ နင်းခြေလျက် ငှက်တစ်ကောင်အလား လေထဲသို့ ပျံတက်ကာ ကျောက်ဇီလန် ရပ်နေသည့် နန်းဆောင်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။ ကျောက်ဇီလန်၏ မျက်လုံးအစုံတွင် စိတ်ပျက်ရိပ်အချို့ ဖြတ်ပြေးသွားခဲ့၏။

‘ဟောက်ယွီက ရောက်မလာတော့ဘူးလား၊ ဒါဆိုရင် ငါ့ရဲ့ ကုမရတဲ့ ရောဂါဆိုးအတွက် ဆေးမြစ်ကို ငါတစ်ယောက်တည်းပဲ ရှာဖွေရတော့မှာပေါ့'

သာယာလှသော ပလွေသံစဉ်မှာ ယခုအခါ အနည်းငယ် ညှိုးငယ်ဆွေးမြေ့ဖွယ် ဖြစ်သွားခဲ့ရသည်။ ထိုရွှေရောင်ဝတ်စုံနှင့် အမျိုးသားသည် နန်းဆောင်အနားသို့ ချဉ်းကပ်ခါနီးအချိန်တွင် ရုတ်တရက် မမြင်နိုင်သော စွမ်းအင်အတားအဆီး နံရံတစ်ခုနှင့် ပြင်းထန်စွာ တိုးမိသွားခဲ့ပြီး ဝက်တစ်ကောင်အလား အကျယ်ကြီး အော်ဟစ်ကာ လေထဲမှ ပက်လက်လန်၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရတော့၏။ ကျောက်ဇီလန်သည် သူမ၏ ပလွေကို သိမ်းဆည်းလိုက်ပြီး မြေပြင်ပေါ်ရှိ လူပင်လယ်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ရုတ်တရက် သူမ၏ မှေးမှိန်နေသော မျက်လုံးအစုံမှာ လင်းလက်တောက်ပသွားခဲ့ရ၏။ လူအုပ်ကြီး၏ အပြင်ဘက်ရှိ ကားတစ်စီးပေါ်မှ ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် ဆင်းသက်လာသည့် အမျိုးသားတစ်ဦးကို သူမ လှမ်းမြင်လိုက်ရပေရာ ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျိုးဟောက်ယွီပင် ဖြစ်သည်။

“လမ်းလေး နည်းနည်း ဖယ်ပေးကြပါဦး"

“အားလုံးပဲ လမ်းလေး ခဏလောက် ဖယ်ပေးကြပါ"

ကျိုးဟောက်ယွီသည် လူအုပ်ကြီး၏အပြင်ဘက်ဆုံး အလွှာမှတစ်ဆင့် အတွင်းဘက်ဆုံးအထိ ရောက်ရှိရန် ခက်ခဲစွာ တိုးဝှေ့ဝင်ရောက်ခဲ့ရသည်။

“ငါတို့က မဖယ်ပေးရင် ဘာဖြစ်လဲ"

“မဖယ်ပေးတော့ရော မင်းက ဘာတတ်နိုင်မှာလဲ"

“မင်းက နန်းဆောင်ပေါ်က နတ်သမီးလေးကို သိလို့လား"

သူ့ရှေ့တွင်ရှိသော ကတုံးဆံပင်ကေနှင့် လူအချို့မှာ လက်ပိုက်လျက် ကျိုးဟောက်ယွီအား နန်းဆောင်အတွင်းသို့ မဝင်ရောက်နိုင်ရန် ပိတ်ဆို့ထားကြသည်။

“သေချာတာပေါ့ ငါ သူမကို သိတာပေါ့၊ ငါက သူမကို တွေ့ဖို့ လာတာပါ၊ ကျွန်တော်တို့ အတူတူ ကုမရတဲ့ ရောဂါတွေအတွက် ဆေးသွားရှာကြမလို့"

ကျိုးဟောက်ယွီမှ အလျင်အမြန် ရှင်းပြလိုက်သည်။

“ဒါဆိုလည်း မင်းကိုယ်မင်း ကျိုးချောင်လို့ပဲ ပြောလိုက်ပါလား"

“ဟုတ်တယ်၊ မင်းက သူမရဲ့ ယောက်ျားဖြစ်ပြီး သူမနဲ့ ကလေးယူတော့မယ်လို့ပါ တစ်ခါတည်း ပြောလိုက်ပါလား။”

ထိုကတုံးဆံပင်ကေနှင့် လူစုမှာ အကျယ်ကြီး လှောင်ရယ်ကြလေတော့သည်။

“ဟောက်ယွီကော၊ ရောက်လာပြီပဲ"

သာယာချိုမြိန်လှသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ဇီလန်သည် ကျိုးဟောက်ယွီ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့တော့သည်။

“အာ"

“မင်းက မင်းက သူမကို တကယ်ကြီး သိတာလား"

“မင်းက တကယ်ကြီး အာချောင်နေတာတော့ မဟုတ်ပါဘူးနော်"

ထိုလူစု၏ လှောင်ရယ်သံများ ချက်ချင်း ရပ်တံ့သွားခဲ့ရကာ သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့ရသည်။ ဤမျှ ဖရိုဖရဲ ဖြစ်နေသော အမျိုးသားတစ်ဦးမှာ ဤကဲ့သို့ နတ်သမီးအလား လှပသော အမျိုးသမီးကို အမှန်တကယ် သိကျွမ်းနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ချေ။

“သေချာတာပေါ့ သူက ကျွန်မကို သိတယ်၊ညသူက ကျွန်မရဲ့ ဟောက်ယွီကောပဲ"

ကျောက်ဇီလန်မှ ပြုံးလျက် ပြောလိုက်သည်။

“ဇီလန်၊ ရက်ပိုင်းအတွင်းမှာ မင်းက ပိုပြီးတော့တောင် လှပလာပါလား"

မိမိရှေ့မှ နတ်သမီးအလား လှပလွန်းသော အမျိုးသမီးလေးကို ကြည့်ရင်း ကျိုးဟောက်ယွီသည် စိတ်နှလုံးထဲတွင် များစွာ ပေါ့ပါးသွားခဲ့ရပြီး ကောင်းကင်ယံမှ မှောင်မိုက်သော တိမ်တိုက်ကြီးများ ပျောက်ကွယ်ကာ ပြာလွင်သော ကောင်းကင်ပြင်ကြီး ပေါ်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

“ကျွန်မတို့ နောက်ထပ် အစီအစဉ်အတွက် ဆွေးနွေးဖို့ တိတ်ဆိတ်တဲ့ နေရာတစ်ခုဆီ သွားကြရအောင်၊ ဟောက်ယွီကော"

ကျောက်ဇီလန်သည် သူမ၏ စိမ်းစိုသော ပလွေလေးကို ညင်သာစွာ ဆုပ်ကိုင်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးလေး ဆင်မြန်းထားရာ အလွန်ပင် ချစ်စရာ ကောင်းနေတော့သည်။

“ကောင်းပြီလေ"

ကျိုးဟောက်ယွီသည် မိမိ၏ နောက်ကွယ်မှ မနာလိုဝန်တိုမှုများဖြင့် သွေးရောင်လွှမ်းနေသော မျက်ဝန်းအစုံမှာ မိမိအား သတ်ပစ်ချင်စွက်ဖြင့် စိုက်ကြည့်နေကြောင်း ထင်ရှားစွာ ခံစားမိလိုက်သည်။

“နတ်သမီးလေး၊ မင်းက ဘာလို့ ငါ့ကို စကားမပြောဘဲနဲ့ ဒီလို ဆင်းရဲပြီး အသုံးမကျတဲ့ ကောင်ကိုကျမှ စကားပြောနေရတာလဲ၊ သူ့လိုကောင်နဲ့ စကားပြောတာ ဘာအဓိပ္ပာယ် ရှိလို့လဲ"

လည်ပင်းတွင် ရွှေဆွဲကြိုးကြီး ဆင်မြန်းထားသည့် လူသန်ကြီးတစ်ဦးမှာ ဟောက်ယွီအား အေးစက်စွာ စိုက်ကြည့်လျက် ‘မင်းလိုကောင်က ဒီနေရာကနေ ထွက်သွားစမ်း၊ ဒါ မင်းနဲ့ တန်တဲ့နေရာ မဟုတ်ဘူး’ ဟု ဆိုလိုသည့်အလား ကြည့်နေ၏။

“ကျွန်မက သူ့ကိုပဲ ရွေးပြီး စကားပြောချင်တာ ဘာဖြစ်လဲ၊ သူ ဆင်းရဲပြီး အသုံးမကျရင်ရော ဘာဖြစ်လဲ၊ ဟောက်ယွီကော လာ၊ ကျွန်မတို့ နောက်ထပ် အစီအစဉ်ကို သွားပြီး တိုင်ပင်ကြရအောင်"

ကျောက်ဇီလန်မှ နှုတ်ခမ်းလေးကို အသာအယာ စူလိုက်ရင်း ကျိုးဟောက်ယွီ၏ လက်ကိုဆွဲကာ လူအုပ်ကြီး၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့တော့သည်။ ရွှေဆွဲကြိုးနှင့် လူသန်ကြီးမှာမူ အိုးတိုးအမ်းတမ်းဖြင့် ကျန်ရစ်ခဲ့ရ၏။ သူသည် ဤနုပျိုနွဲ့နှောင်းသော နတ်သမီးလေးကို ရန်မစရဲချေ။ အကြောင်းမူကား လွန်ခဲ့သည့် ရက်ပိုင်းက ဖန်လိုင်နန်းဆောင်မှ ထိပ်တန်းသိုင်းပညာရှင် အချို့ပင် သူမ၏ လက်ချက်ဖြင့် အရေးနိမ့်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။ သူတို့နှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်လှသော အခန်းတစ်ခုသို့ အတူတူ ရောက်ရှိလာခဲ့ကြပြီးနောက် နောက်ထပ် အစီအစဉ်ကို ဆွေးနွေးကြတော့သည်။ အခန်းအတွင်းရှိ ရွှေရောင်ဝိုင်းစားပွဲထက်တွင် မြေပုံတစ်ခုကို တဖြည်းဖြည်း ဖြန့်ခင်းလိုက်၏။

"ဟောက်ယွီကော၊ ဒါက ကျွန်မတို့ နောက်ထပ် သွားရမယ့် နေရာပဲ"

ကျောက်ဇီလန်မှာ စားပွဲပေါ်ရှိ ရွှေရောင်မြေပုံကို ညွှန်ပြလိုက်သည်။

“ဒါက စွမ်းအင်တွေ ပြည့်နှက်နေတဲ့ နက်ရှိုင်းတဲ့ တောင်တန်းကြီးတစ်ခုပဲ၊ အဲဒီတောင်ပေါ်မှာ ‘လျှို့ဝှက်ဆန်းကြယ်အိုင်’ လို့ ခေါ်တဲ့ ရေအိုင်ကြီး ရှိတယ်၊ ယိကျင်းရဲ့ သဘောတရားတွေအရ ဆိုရင်တော့ ဒီနေရာမှာ‌ ကောရဲ့ ရောဂါကို ကုသပေးနိုင်မယ့် အစွမ်းထက် ဆေးပင် ရှိနေလိမ့်မယ်"

“အရမ်းမဝေးပါဘူး၊ ကားမောင်းသွားရင် နှစ်ရက်လောက်ပဲ ကြာမှာပါ"

“ဟုတ်တယ် ဒါပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်အိုင်ထဲကို မဝင်ခင်မှာ ကျွန်မတို့က တည်ငြမ်ပြီး အန္တရာယ်များတဲ့ ဒေသတစ်ခုကို ဖြတ်ကျော်ရလိမ့်မယ်၊ အဲဒီနေရာမှာ အဆိပ်ငွေ့တွေ ပြည့်နှက်နေပြီး အဆိပ်ပြင်းမြွေတွေနဲ့ ကြောက်မက်ဖွယ် သားရဲ တိရစ္ဆာန်တွေ အများကြီး ရှိတယ်၊ ပြီးတော့ ကိုးပါးမြေအောက်နဂါးကြီးကလည်း စောင့်ကြပ်နေတာဆိုတော့ လျှို့ဝှက်ဆန်းကြယ်အိုင်ထဲကို ဝင်ဖို့ကတော့ လွယ်ကူမှာ မဟုတ်ဘူး"

ကျောက်ဇီလန်မှ ထိုသို့ပြောကာ မြေပုံကို သူမ၏ သိုလှောင်လက်စွပ် ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

“ချီးကျူးဖို့ ကောင်းပါတယ်၊ အသုံးမကျတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် ငါ ဒီအခက်အခဲကို ကျော်ဖြတ်ရမယ်၊ ငါ တစ်သက်လုံး ဒီလို ဘဝမျိုးနဲ့ မနေနိုင်ဘူး"

“ဟောက်ယွီ‌ကောမှာ ရည်မှန်းချက် ရှိတာပဲ၊ ဇီလန်က ကောကို အစွမ်းကုန် ပံ့ပိုးကူညီပြီး သူဌေးကြီးတစ်ယောက် ဖြစ်လာအောင် ကူညီပေးပါ့မယ်၊ ကဲ အခုပဲ ထွက်ခွာကြရအောင်"

ကျောက်ဇီလန်မှ သူမ၏ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ မျက်လုံးများတွင် ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

“သွားကြစို့"

ကျိုးဟောက်ယွီမှ ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

All Chapters