← Chapters

အခန်း ၅၅၂

Vol. 37 Ch. 552

အခန်း ၅၅၂

Vol. 37 Ch. 552

အခန်း (၅၅၂) - အစီစဉ်သစ်တစ်ခုနှင့် နိမိတ်အသစ် ၂

ယခုတစ်ကြိမ်တွင် လုဖေးအာ၏ လုပ်ဆောင်ချက်ကြောင့် နယ်မြေ ၁၈၇ သည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း တစ်ကြိမ်တည်းဖြင့် ကျန်းတောက်ကွမ်၏ ဩဇာကို ကျော်လွန်နိုင်မည်တော့ မဟုတ်ပေ။

သို့သော်လည်း သူမ၏ စကားများမှာ နယ်မြေ ၁၈၇ အတွင်းတွင် အတော်လေး ဩဇာရှိနေဆဲ ဖြစ်၏။

"ကျွန်မက သူတို့ကို ကျွန်မရဲ့ သစ်ပင်အိမ်က ရှင့်သစ်ပင်အိမ်နဲ့ အရမ်းနီးတယ်လို့ ပြောထားပြီးသား။"

လုဖေးအာက ထိုင်ခုံပေါ်တွင် မှီရင်း မျက်နှာထက်၌ မာယာများသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ပြီးတော့... ရှင်နဲ့ ကျွန်မ ပထမဆုံး တွေ့ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြထားတယ်။ ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး။"

သူမသည် ရွှီရှင်းနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့် ဖြစ်စဉ်ကို နယ်မြေ ၁၈၇ ၏ ထိပ်သီးအဖွဲ့ဝင်များထံ အခြေခံအားဖြင့် အကုန်လုံး ပြောပြခဲ့၏။

သူမ ရွှီရှင်း၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရပုံ၊ သေလုနီးပါး ဖြစ်ခဲ့ပုံ၊ ဗီဇပြောင်းဆေးများကို ယခုအခါ ကိုယ်တိုင် ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်းနှင့် ဗီဇပြောင်းလဲပြီးနောက် သေလုနီးပါး အခြေအနေမှ ပြန်လည် အသက်ရှင်လာပုံနှင့် ရွှီရှင်း၏ လက်ထဲမှ လွတ်မြောက်ခဲ့ပုံတို့ကိုပါ အသေးစိတ် ပြောပြခဲ့၏။

ဤအချက်များကြောင့် သူမ တစ်ယောက်တည်း ဆီးနှင်းတောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် အကြောင်းကိုလည်း သဘာဝကျကျ ရှင်းပြနိုင်ခဲ့ပေသည်။

သူမ၏ ခန္ဓာကိုယ်မှာ ဗီဇပြောင်းလဲသွားသဖြင့် ခန္ဓာကိုယ်စွမ်းရည် အလွန်တိုးတက်လာပြီး သာမန်ရှင်ကျန်သူများထက် ဆီးနှင်းတောင်တက်ရာတွင် အားသာချက် ကြီးမားသဖြင့် အမှတ်စာရင်းတွင် နေရာတစ်နေရာ ရရှိနိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော်...

ရွှီရှင်းက သူမ၏ သစ်ပင်အိမ်အထိ လိုက်လာခဲ့ကြောင်းနှင့်

သူမကို စာချုပ်ချုပ်ပြီး လက်အောက်ခံ ဖြစ်စေခဲ့ကာ နောက်ဆုံးတွင် နယ်မြေ ၁၈၈ ၏ ရှင်ကျန်သူ ဖြစ်လာခဲ့ပုံတို့ကိုတော့ လုံးဝ မပြောခဲ့ပေ။

သူမ ပြောခဲ့သည်မှာ...

သူမ လွတ်မြောက်နိုင်ခဲ့ပြီး ရွှီရှင်းကို နောက်တစ်ကြိမ် မတွေ့တော့ကြောင်း ထပ်မံရှာဖွေရန်လည်း မရဲတော့ကြောင်းသာ ဖြစ်သည်။

တစ်ဖက်က လူများသည်လည်း သူမ၏ စကားကို အပြည့်အဝ ယုံကြည်ခဲ့ကြပေသည်။

"ဒါကို အစစ်ကို အတုလို ပြောပြီး၊ အတုကို အစစ်လို လုပ်တာ လို့ ခေါ်တယ်။"

လုဖေးအာက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်၏။

"ကျွန်မ ပြောခဲ့တဲ့ အချက်အလက်တွေ အကုန်လုံးက အမှန်တွေချည်းပဲ။ သူတို့ ဘာအမှားမှ ရှာမတွေ့နိုင်ဘူး။"

"လိမ်ညာမှုတစ်ခုကို ဖုံးကွယ်ဖို့ နောက်ထပ် လိမ်ညာမှုတွေ အများကြီး လိုတယ်။ ဒါကြောင့် မလိမ်ဘဲ အချို့အရာတွေကိုပဲ မပြောဘဲ ဝှက်ထားတာက အကောင်းဆုံး လိမ်ညာနည်းပဲ"

"ကျွန်မက အသေးစိတ် အချက်အလက်တွေ အများကြီး ပြောခဲ့တယ်။ သူတို့ မေးသမျှကိုလည်း ပြန်ဖြေခဲ့တယ်"

"အခုဆို သူတို့က ကျွန်မကို အပြည့်အဝ ယုံကြည်နေကြပြီ။ ကျွန်မက ရှင်နဲ့ တကယ် ထိပ်တိုက်တွေ့ခဲ့ဖူးပြီး ရှင့်လက်ထဲက လွတ်မြောက်လာနိုင်တဲ့ အင်အားကြီးသူတစ်ယောက်လို့ ထင်နေကြတာ။"

သူမက ရွှီရှင်းကို ကြည့်ရင်း ရယ်လျက်"ပြီးတော့... ရှင်သိလား။

နယ်မြေ ၁၈၇ မှာ ရှင့်နာမည်က အခုဆို နတ်ဆိုးဘုရင်နဲ့တောင် အတူတူပဲ။"

ရွှီရှင်းက အနည်းငယ် ပြုံးလိုက်မိသည်။

နတ်ဆိုးဘုရင်တဲ့လား...

အမှန်ပင် ဖြစ်နိုင်သည်။

အကြောင်းမှာ ယခု သူ စဉ်းစားနေသည့်အရာက နယ်မြေ ၁၈၇ ကို လုံးဝ ပျောက်ကွယ်သွားစေရန်သာ ဖြစ်သောကြောင့်ပင်။

လုဖေးအာက ဆက်လက် ရှင်းပြလေသည်။

သူမသည် ဆီးနှင်းတောင်နှင့် ပတ်သက်သည့် အချက်အလက်များစွာကိုလည်း ပြောပြခဲ့ပြီး အများစုမှာ အမှန်တရားများ ဖြစ်သဖြင့် ယုံကြည်ရလွယ်ကူ၏။

သူမ ပြောခဲ့သည်မှာ...

ဆီးနှင်းတောင်တစ်လုံးစီသည် တယ်လီပို့စနစ် တစ်ခုဖြစ်ပြီး ၎င်းကို အသက်သွင်းရန် ရှင်ကျန်သူ အများအပြား လိုအပ်ကြောင်း ဖြစ်သည်။

သို့သော်...

သူမ တမင် ပြောင်းလဲပြောခဲ့သည့် အချက်တစ်ခုတော့ ရှိသည်။

သူမက တယ်လီပို့စနစ်ကို အသက်သွင်းရန် လိုအပ်သည့် လူဦးရေမှာ ရှင်ကျန်သူ၏ ကိုယ်ပိုင်စွမ်းရည်နှင့် သက်ဆိုင်ကြောင်း ပြောခဲ့ပေသည်။

အားကောင်းသူဆိုလျှင် တစ်ယောက်၊ နှစ်ယောက်လောက်နှင့်ပင် အသက်သွင်းနိုင်သော်လည်း အားနည်းသူဆိုလျှင် ဆယ်ယောက်ကျော် စုပေါင်းလျှင်ပင် မအောင်မြင်နိုင်ကြောင်း ဆိုခဲ့သည်။

အနည်းဆုံးတော့ သူမ ကိုယ်တိုင် တစ်ယောက်တည်းဖြင့် အသက်မသွင်းနိုင်ခဲ့ကြောင်းလည်း ထည့်ပြောခဲ့၏။

ဤစကားကို ကြားလိုက်ရသည့်အခါ ရွှီရှင်းက သူမကို အချိန်အတော်ကြာ ငေးကြည့်နေမိပေသည်။

ဒီအကြောင်းပြချက်က တကယ့်ကို ယုတ္တိရှိလွန်း၏။

အကယ်၍ သူကိုယ်တိုင် ဆီးနှင်းတောင်ပေါ် မတက်ခဲ့ဖူးဘူးဆိုလျှင် သူလည်း ဒီစကားကို ယုံမိနိုင်သည်။

အထူးသဖြင့် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အမှတ်စာရင်းကို ကြည့်လိုက်လျှင် တောင်ထိပ်ကို တက်နိုင်သော်လည်း တယ်လီပို့စနစ် မအသက်ဝင်သေးသည့် နယ်မြေများရှိသောကြောင့် ဤရှင်းပြချက်က အပြည့်အဝအသုံးဝင်နိုင်ပေသည်။

အကြောင်းမှာသူတို့က အင်အား မလုံလောက်သေးသောကြောင့်ပင်။

"ဒါကြောင့်..."

လူဖေးအာက ကောက်ကျစ်သော အပြုံးဖြင့် ဆက်ပြောရာ"ကျွန်မက သူတို့ကို ကျွန်မရှိတဲ့ နေရာဆီ အင်အားကြီးတဲ့ ရှင်ကျန်သူ တချို့ လာခေါ်ပြီး ကျွန်မနဲ့အတူ ဆီးနှင်းတောင်တက်ဖို့ ပြောလိုက်တယ်။"

"သူတို့ကို ကိုယ့်အနီးက ဆီးနှင်းတောင်တွေ မတက်ဖို့လည်း ပြောထားတယ်"

"ဘာဖြစ်လို့လဲဆိုတော့ တက်လည်း အလကားပဲလေ"

"ကျွန်မဆီသာ လာခဲ့ရင် ကျွန်မ ကူညီပေးနိုင်တယ်"

"ပြီးတော့ အမှတ်စာရင်းပေါ်တက်ဖို့လည်း ပိုလွယ်သွားမယ်လို့ ပြောထားတယ်။"

"နေရာကလည်း ရှာရလွယ်တယ်။"

"ကျွန်မ သစ်ပင်အိမ်က ပထမဆုံး ခရမ်းနက်ရောင် အလင်းတိုင်ရဲ့ အနောက်ဘက် ကီလိုမီတာ နှစ်ဆယ်လောက်မှာ ရှိတယ်လို့ ပြောထားတယ်။"

"ကျွန်မ တက်ခဲ့တဲ့ ဆီးနှင်းတောင်ကတော့ အလင်းတိုင်ရဲ့ အနောက်ဘက် ကီလိုမီတာ ခုနစ်ဆယ်လောက်မှာ ရှိတယ်လို့ ပြောထားတယ်"

"ကျွန်မက ရှင်နဲ့ တွေ့ဖူးတာ အမှန်ပဲဆိုတော့ သစ်ပင်အိမ်တွေ နီးနေတာကလည်း သဘာဝကျတယ်။သူတို့အားလုံး ယုံသွားကြတယ်နော်"

"အကုန်လုံးက အမှန်အတိုင်း ပြောထားတာဆိုတော့ ဘာအမှားမှ မရှိဘူးလေ"

"ဒါဆို..."

ရွှီရှင်းက မေးလိုက်၏။

"လာမယ့်သူ များလား"

လုဖေးအာက ခေါင်းညိတ်ပြီးမှ ခေါင်းပြန်ခါလိုက်သည်။

"သုံးယောက်ပဲ"

"အဆင့် ၂၊ ၄ နဲ့ ၈ က လူတွေ"

"သူတို့ပဲ အလင်းတိုင်နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိတာ။"

"ဟုတ်လား။"

ရွှီရှင်း မျက်ခုံးပင့်လိုက်မိ၏။

"ကျန်းတောက်ကွမ် မလာဘူးလား"

"သူ မလာနိုင်ဘူး"

လုဖေးအာက အားရဝမ်းသာသည့် အပြုံးဖြင့် ပြောလိုက်ရင်း"သူက ကျွန်မတို့ဘက်မှာ မရှိဘူး။နယ်မြေ ၁၈၇ နဲ့ ၁၈၆ ကြားက နေရာမှာ ရှိတာ။"

"အဲဒီဘက်က အရမ်းအေးပြီး နှင်းထုက လေးမီတာတောင် ထူနေပြီ။"

"အခုဆို သူ တကယ် ဒုက္ခရောက်နေတာ"

"ကျွန်မတို့ တယ်လီပို့စနစ် အသက်ဝင်ဖို့ကိုပဲ စောင့်နေရတယ်"

"အစကတော့ သူလည်း အနားက ဆီးနှင်းတောင် တက်မလို့ပဲ။ဒါပေမယ့် လူအများကြီး ပူးပေါင်းရမယ်ဆိုတာ ကြားတာနဲ့ လက်လျှော့လိုက်တယ်။"

"သူ့အနားမှာ အင်အားကြီးသူ မရှိဘူးလေ။တက်လည်း အကျိုးမရှိဘူး။"

"...မင်း လုပ်တာ ကောင်းတယ်"

ရွှီရှင်းက လူဖေးအာ၏ အစီအစဉ်ကို အလွန် ကျေနပ်သွား၏။

အကယ်၍ သူတို့ကို ဒီဘက် ဆွဲခေါ်နိုင်မည်ဆိုလျှင်...

လုဖေးအာ၊ မာဟုန်ဝေတို့အပါအဝင် နယ်မြေ ၁၈၇ ၏ ထိပ်တန်းဆယ်ယောက်ထဲမှ ငါးယောက်မှာ သူ့ဘက်တွင် ရှိလာမည် ဖြစ်သည်။

ကျန်သည့် ငါးယောက်မှာလည်း...

ကျန်းတောက်ကွမ်ကဲ့သို့ နယ်မြေ ၁၈၈ ထဲတွင် မရှိကြခြင်း ဖြစ်နိုင်ပေသည်။

ထိုသို့ဆိုလျှင်...

နယ်မြေ ၁၈၇ မှ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အခြေခံအားဖြင့် ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။

"သူတို့ ဘယ်တော့ ရောက်လာမလဲ"

"ကျွန်မက ဒီနေ့ ဆီးနှင်းတောင်နားမှာ ဗီဇပြောင်းသားရဲတွေ လှုပ်ရှားနေတယ်လို့ ပြောထားတယ်"

"ဒါကြောင့် မနက်ဖြန်မှ လာဖို့ ပြောလိုက်တယ်"

"မဟုတ်ရင် သူတို့က နယ်မြေ ၁၈၈ က ရှင်ကျန်သူတွေနဲ့ အတူတူ ရောက်လာရင် သဘာဝမကျတော့ဘူးလေ"

လုဖေးအာက လက်နှစ်ဖက်ဖြန့်ကာ ပြောလိုက်၏။

"ကောင်းတယ်"

ရွှီရှင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း...

"ဒီတာဝန်ကို မင်းကို ပေးခဲ့တာ မှန်သွားပြီ"

"တကယ်လားဟင်"

လုဖေးအာက မျက်တောင်လေးခတ်လိုက်ပြီး ထိုင်ခုံမှ ထရပ်ကာ ရွှီရှင်း၏ နောက်ဘက်သို့ လျှောက်သွားလေသည်။

ထို့နောက် သူမ၏ လက်နှစ်ဖက်ဖြင့် ရွှီရှင်း၏ ပုခုံးကို ညင်သာစွာ နှိပ်နယ်ပေးရင်း အသံကို ပျော့ပျောင်းစွာဖြင့်"သခင်...ကျွန်မကို ခရမ်းရောင်ဓားမြှောင်တစ်လက် ထပ်လုပ်ပေးလို့ ရမလားဟင်"

"တစ်လက်တည်းပါနော်..."

လုဖေးအာ၏ အားအကောင်းဆုံး တိုက်ခိုက်နည်းမှာ လက်နှစ်ဖက်စလုံးဖြင့် ဓားမြှောင်ကိုင်ပြီးတိုက်ခိုက်ခြင်းပင်။

သို့သော် ယခု သူမထံတွင် ခရမ်းရောင်ဓားမြှောင် တစ်လက်သာ ရှိနေသဖြင့် အားမရနိုင်သေးချေ။

ဒါပေမယ့်...

တစ်ခါတည်း နှစ်လက်တောင်းဖို့က အနည်းငယ် အားနာနေသဖြင့် ယခုအခွင့်အရေးကို အသုံးချပြီး တောင်းလိုက်ခြင်းပင်။

ရွှီရှင်းက သူမ၏ ကျွမ်းကျင်သော နှိပ်နယ်ပေးမှုကို ခံစားရင်း မျက်လုံးကို မှေးလိုက်၏။

ဝန်ခံရလျှင်...သူမ၏ လက်မှာ တကယ် ကောင်းပေသည်။

ဖိအားလည်း အနေတော်ပင်။

မထင်မှတ်ထားဘဲ ဒီလို ကျွမ်းကျင်မှုမျိုးလည်း ရှိနေ၏။

ခဏ အနားယူပြီးနောက် ရွှီရှင်း ထရပ်လိုက်ကာ "လောလောဆယ် ကုန်ကြမ်း မလုံလောက်သေးဘူး"

"ဝမ်ရှီးက အခု သွားစုဆောင်းနေတုန်း။ဒီနေ့ မင်းတာဝန်က သစ်ပင်အိမ်ကို စောင့်ပြီး ရောက်လာမယ့် ရှင်ကျန်သူတွေကို လက်ခံပေးဖို့ပဲ။"

"တာဝန်ကို ကောင်းကောင်း ပြီးမြောက်ရင် မင်းအတွက် အရင်ဆုံး လုပ်ပေးမယ်"

"တကယ်လား"

လုဖေးအာ၏ မျက်နှာထက်တွင် အလွန်ဝမ်းသာသည့် အပြုံး ပေါ်လာကာ "စိတ်ချပါ သခင်။ကျွန်မ သေချာပေါက် တာဝန်ပြီးအောင် လုပ်ပါ့မယ်"

လုဖေးအာ ထွက်သွားပြီး မကြာမီပင်...

ရွှီရှင်း အနားယူရန်ပင်မလုပ်ရသေးခင် ကျိချောင်းယန်ထံမှ စာတစ်စောင် ရောက်လာ၏။

"ရွှီရှင်း... ဒီနိမိတ်ကို အခြေခံပြီး ဆီးနှင်းတောင်ထိပ်ကို ပိုလွယ်လွယ်တက်နိုင်မယ့် နည်းလမ်းတစ်ခု ငါ ရှာတွေ့ထားတယ်"

ထိုစကားကို မြင်လိုက်သည့်အခါ ရွှီရှင်း၏ မျက်လုံးအိမ်များ ချက်ချင်း ကျဉ်းမြောင်းသွား၏။

နိမိတ်အသစ်က ဆီးနှင်းတောင်တက်ဖို့ ဖြတ်လမ်းတစ်ခု ကိုပင် ရှာဖွေပေးနိုင်ခဲ့သည်လား...။

အခန်း ၅၅၂ ပြီး။

All Chapters