← Chapters

အခန်း ၅၅၅

Vol. 37 Ch. 555

အခန်း ၅၅၅

Vol. 37 Ch. 555

အခန်း (၅၅၅) - အနီရောင် ဘယ်ရီသီးကြီးများ

သူတို့နှစ်ဦး ခဏတာ တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ဤသတင်းကို ကမ္ဘာတစ်ဝန်းရှိ ရှင်ကျန်သူအားလုံးထံ အသိပေးရန် ဆုံးဖြတ်လိုက်ကြပြီး သစ်ပင်အိမ်ကိုယ်စီ သို့ ပြန်သွားခဲ့ကြ၏။

သူတို့သည် နယ်မြေချန်နယ်တွင် ဦးစွာ သတင်းကို ကြေညာလိုက်ပြီး ထို့နောက် အရောင်းအဝယ်ပလက်ဖောင်း၏ ပစ္စည်းအရောင်း မှတ်ချက် ကို အသုံးပြုကာ နယ်မြေအားလုံးရှိ ရှင်ကျန်သူများထံ ဤအချက်အလက်ကို ထပ်မံ ဖြန့်ဝေလိုက်လေသည်။

သို့သော် ဆွေးနွေးပြီးနောက်တွင်မူ ဖြတ်လမ်းဝင်ပေါက် အရေအတွက်ကို အခြားသူများအား မပြောပြရန် ဆုံးဖြတ်ခဲ့ကြလေသည်။

သူတို့ ပြောခဲ့သည့်အချက်မှာ ဆီးနှင်းတောင်ကို ပထမဆုံး အောင်မြင်စွာ တက်ရောက်သူ ပေါ်ပြီးနောက်တွင် နှင်းအောက်၌ လျှို့ဝှက်ဖြတ်လမ်းများ ဖွင့်လှစ်လာမည်ဖြစ်ကြောင်းနှင့် ထိုဖြတ်လမ်းကို ရှာတွေ့ပါက တောင်အတွင်းပိုင်းမှ တက်ရောက်နိုင်ပြီး မတ်စောက်သော ကျောက်ကမ်းပါးကို တက်ရန် မလိုတော့ကြောင်းသာ ဖြစ်သည်။

ဤသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာချန်နယ်တစ်ခုလုံး တဖန်ဆူညံသွားတော့၏။

"ဟေ့ အရောင်းအဝယ်ပလက်ဖောင်းကို မြန်မြန် သွားကြည့်ကြ နယ်မြေ ၁၈၈ က ဆရာကြီးတွေ သတင်းအသစ် ထပ်တင်ထားပြန်ပြီ"

"ဘာလဲဟ။ ငါ အခုသွားကြည့်လိုက်မယ်"

"အို ဘုရားရေ... ဒီတစ်ခါတော့ တောင်တက်ဖြတ်လမ်းအကြောင်းပဲ"

"တောင်တက်ဖြတ်လမ်း ဟုတ်လား။ တကယ်ကြီး ရှိတာလား"

"ငါပြောသားပဲ... အဆင့် ၁၀၀၀ ကျော်က တုန်အာပေါင် ဘယ်လိုလုပ် တက်နိုင်တာလဲလို့"

"သေချာတယ်။ ရှီဝမ်ယွင် တောင်တက်ပြီး ဖွင့်ပေးထားတဲ့ ဖြတ်လမ်းကို သုံးပြီး တက်ခဲ့တာပဲ"

"သောက်ကျိုးနည်း သူ့အဆင့်ကြည့်ပြီး လူမိုက်တွေ အားတက်သရော ကျောက်ကမ်းပါးတက်ကြလို့ သေတဲ့လူ မနည်းတော့ဘူး။ အခုမှ သိရတာက ဖြတ်လမ်းသုံးထားတာတဲ့"

"ဖြတ်လမ်းသုံးပြီး ကမ္ဘာ့အဆင့် ၁၀ ထဲ ဝင်သွားတာ... မနာလိုလိုက်တာကွာ"

"နယ်မြေ၁၈၈ က ဆရာကြီးတွေကို ကျေးဇူးတင်ပါတယ်"

"ဆရာကြီး ရွှီရှင်း နဲ့ ဆရာကြီး ကျိချောင်းယန် ကျေးဇူးတင်ပါတယ်ဗျာ"

"ဒါပေမယ့်... နှင်းထုက အခု လေးမီတာတောင် ထူနေပြီလေ။ အဲဒီဖြတ်လမ်းကို ဘယ်လိုရှာရမှာလဲ"

"စိတ်မပူနဲ့ ဆရာကြီးတွေ သေချာပေါက် နည်းလမ်းရှိမှာပေါ့။ ဆောင်းရာသီလည်း မကြာခင် ပြီးတော့မှာ"

"ဒါကိုမှ အမြော်အမြင်လို့ ခေါ်တာ။ ရှီဝမ်ယွင်လည်း ဖြတ်လမ်းတွေ့ထားမှာ သေချာတယ်။ ဒါပေမယ့် ငါတို့ကို မပြောခဲ့ဘူး။ နယ်မြေ ၁၈၈ ကတော့ တိုက်ရိုက် ကြေညာပေးလိုက်တယ်"

"ဘယ်သူသိမလဲ... တုန်အာပေါင်က ကိုယ့်အစွမ်းနဲ့ ကိုယ်တက်တာလည်း ဖြစ်နိုင်တာပဲ။"

"ဟုတ်တယ်လေ။ တွေ့ခဲ့ရင်တောင် သူ့မှာ မင်းတို့ကို ပြောပေးရမယ့် တာဝန်မှ မရှိတာ"

"အဲဒါတော့ ဟုတ်တယ်။ နယ်မြေ ၁၈၈ ကတော့ သူတို့ အကျိုးခံစားပြီးသား ဖြစ်လို့ ငါတို့ကိုပါ မျှဝေပေးတာ။ ရှီဝမ်ယွင်ကတော့ အကျိုးတောင် မခံစားရသေးဘူး။ ဘာလို့ ကိတ်မုန့်ကို မင်းတို့နဲ့ မျှစားရမှာလဲ"

ထိုစကားသုံးကြောင်းကို ပြောနေသူများမှာနယ်မြေ ၁ မှ လူများဖြစ်ပြီး ရှီဝမ်ယွင်ကို ကာကွယ်ပြောဆိုနေကြခြင်း ဖြစ်သည်။

"ထားလိုက်တော့... အခုတော့ လူတိုင်း သိသွားပြီပဲ။ ဒါနဲ့ နယ်မြေ ၁၈၈ က ဆရာကြီးတွေရော ဖြတ်လမ်းသုံးပြီး တက်ခဲ့တာများလား"

"အဓိပ္ပာယ်မရှိတာ မပြောနဲ့။ ငါတို့နယ်မြေက ဆရာကြီးတွေ အကုန် ကျောက်ကမ်းပါးတွယ်တက်ခဲ့တာ။ အခုမှ သူတို့လည်း ဒီဖြတ်လမ်းကို တွေ့တာလို့ နယ်မြေချန်နယ်မှာ ကြေညာထားတာ မတွေ့ဘူးလား"

"ဘယ်သူသိမလဲ... အားလုံး ဖြတ်လမ်းသုံးခဲ့တာလည်း ဖြစ်နိုင်တာပေါ့။ မဟုတ်ရင် ဘာလို့ ဒီလောက် လူများများ တက်နိုင်တာလဲ"

ထိုအချိန်တွင်ရှင်ကျန်သူအားလုံး၏ မေးခွန်းများကို ဖြေဆိုပေးလိုသည့်အလား...

လျှို့ဝှက်ဆန်းကြယ်သော အသံတစ်သံ ကမ္ဘာတစ်ဝန်း ပဲ့တင်ထပ်လာခဲ့လေသည်။

[ရှင်ကျန်သူများသည် ဆီးနှင်းတောင်တယ်လီပို့စနစ်ကို အသက်သွင်းနိုင်မည့် အလွယ်ကူဆုံး နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သဖြင့်၊ ဆီးနှင်းတောင်တက် အဆင့်သတ်မှတ်ချက်တွင် အနည်းငယ် ပြောင်းလဲမှုများ ဖြစ်ပေါ်မည်။]

ထို့နောက်...နောက်ထပ် စာကြောင်းတစ်ကြောင်း ထပ်ပေါ်လာ၏။

[ထပ်မံ သတိပေးအပ်ပါသည်။ ဆောင်းရာသီကို အမြန်ဆုံး အဆုံးသတ်ကြပါ။ သို့မဟုတ်ပါက... ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။]

ဤစာကြောင်းနှစ်ကြောင်း ပေါ်လာသည်နှင့် ကမ္ဘာချန်နယ်ကို မကြည့်ဘဲ အခြားအလုပ်များ လုပ်နေသူများပင် ဤကိစ္စကို သတိထားမိသွားကြပေသည်။

ယခုတစ်ကြိမ်တွင်ဆီးနှင်းတောင်ဖြတ်လမ်း အကြောင်းကို ကမ္ဘာတစ်ဝန်းလုံး သိရှိသွားခဲ့ပြီ ဖြစ်သည်။

ရွှီရှင်းက အဆင့်ဇယားကို ဖွင့်ကြည့်လိုက်ရာအမှန်ပင်...ဇယားတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့၏။

လက်ရှိ အဆင့်ဇယားပေါ်တွင်လူ ၁၄ ဦး ရှိနေပြီ ဖြစ်သည်။

မနေ့နှင့် ယနေ့ နှစ်ရက်အတွင်း...နောက်ထပ် လူ ၅ ဦးက ဆီးနှင်းတောင်ထိပ်သို့ ရောက်ရှိနိုင်ခဲ့၏။

နယ်မြေ ၁ နှင့် နယ်မြေ ၂၃ တို့တွင် လူတစ်ဦးစီ ထပ်တိုးလာသည့်အပြင်နယ်မြေ ၅၇ နှင့် နယ်မြေ ၈၉ တို့မှလည်း ရှင်ကျန်သူအသစ် နှစ်ဦး ပေါ်လာခဲ့၏။

ထိုနယ်မြေများအားလုံးသည် ထိပ်ဆုံး ၁၀ နယ်မြေအတွင်း ပါဝင်နေကြ၏။

သို့သော်ထိုသူများသည် အဆင့် ၁၀ နောက်ပိုင်းတွင်သာ ရှိနေသောကြောင့် ယခင်ကကဲ့သို့ ကြီးမားသည့် လှုပ်ခတ်မှု မဖြစ်ပေါ်ခဲ့ပေ။

ဒါပေမယ့် ယခုတစ်ကြိမ်တွင် တုန်အာပေါင် ၏ အမည်တစ်ခုတည်းသာအဖြူရောင်မှ မီးခိုးရောင် သို့ ပြောင်းလဲသွားခဲ့၏။

ထို့အပြင်အဆင့်ဇယား၏ အပေါ်ဘက်တွင် စာကြောင်းတို နှစ်ကြောင်း ထပ်မံ ပေါ်လာခဲ့ချေသည်။

[မီးခိုးရောင်အမည်များသည် ဆီးနှင်းတောင်ကို ဖြတ်လမ်းအသုံးပြု၍ တက်ရောက်ခဲ့သော ရှင်ကျန်သူများကို ကိုယ်စားပြုသည်။]

[ဖြတ်လမ်းအသုံးပြု၍ တက်ရောက်သူများသည် ဆီးနှင်းတောင်တယ်လီပို့စနစ် အသက်သွင်းရာတွင် ပါဝင်နိုင်သည်။ အဆင့်ဆုများမှာ မပြောင်းလဲသော်လည်း 'အသက်သွင်းသူ' အထူးအခွင့်အရေးကို မရရှိပါ။ ရှင်ကျန်သူအားလုံး သေချာစဉ်းစားပြီးမှ ရွေးချယ်ကြပါ။]

ဤစာကြောင်းတိုလေးများက ဖြတ်လမ်းအသုံးပြု၍ ဆီးနှင်းတောင်တက်ခြင်း၏ အားသာချက်နှင့် အားနည်းချက်များကို ရှင်းလင်းစွာ ဖော်ပြပေးလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

အခန်း ၅၅၅ ပြီး။

All Chapters