ရှေးဟောင်းနတ်ဘုရား၏ ခွန်အား
Vol. 024 Ch. 1187
ထိုဧရာမရှေးဟောင်းနတ်ဘုရားကြီး မျက်လုံးဖွင့်လာသည့်အခိုက်တွင် သူရှိနေသော ဟင်းလင်းပြင်အက်ကြောင်းမှာ အပြင်းအထန် တုန်ခါသည်။ မမြင်ရသောအော်ရာတစ်ခုမှာ ယင်းဟင်းလင်းပြင်အက်ကြောင်းထဲသို့ ရုတ်တရက် ပြည့်လျှံ့လာသည့်အလား ၎င်းသည် မတည်မငြိမ် ဖြစ်ရသည်။ ၎င်းသည် အချိန်မရွေး စုတ်ပြဲသွားတော့မည်ဟန် ရ၏။
သူ့မျက်လုံးသည် ပင်လယ်သေကဲ့သို့ တည်ငြိမ်၏။ အချိန်ဖြတ်သန်းမှုကို လှစ်ဟသည်။ သူ့ကြမ်းရှသည့် အသားအရေမှာ စွန့်ပစ်ဂြိုဟ်တစ်ခုအလား။ ထိုရှေးဟောင်းနတ်ဘုရားမှာ လေဟာနယ်ထဲသို့ တိတ်ဆိတ်စွာ စူးစိုက်ကြည့်သည်။ ၎င်း၏အမူအရာမှာ တဖြည်းဖြည်းချင်း ကြမ်းကြုတ်လာသည်။
သူ့နှဖူးထက်တွင် မှိန်ဖျော့ဖျော့ကြယ်ရှစ်လုံး ရှိလေ၏။ သို့သော် သူ့မျက်လုံးဖွင့်လာချိန်တွင် ပထမဆုံးရှေးဟောင်းနတ်ဘုရားကြယ်ကနေ အလင်းတစ်ခု ပေါ်လာသည်။
တုန်ဟည်းသံများ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်၏။ ထိုအသံမှာ မိုးကြိုးပစ်သံထက်ပင် အဆများစွာ ပိုပြင်းထန်လေ၏။ အနီးကပ်နားထောင်ကြည့်ပါက ယင်းအသံမှာ အရိုးချင်းထိခိုက်ရာကနေ ထွက်ပေါ်လာမှန်း သိပေမည်။
ကျင့်ကြံခြင်းဂြိုဟ်တော်တော်များများ၏ အရွယ်အစားရှိသည့် ဤခန္ဓာကိုယ်ကြီးရှေ့တွင် သာမန်ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကတော့ အရုပ်မျှသာ ဖြစ်ပေမည်။ ရှေးဟောင်းနတ်ဘုရားသည် ဖြည်းဖြည်းခြင်း မတ်တပ်ထရပ်လာပေပြီ။
ဝမ်လင်းသည် သူ့ရှေ့ရှိ ဧရာမရှေးဟောင်းနတ်ဘုရားကို စူးစိုက်ကြည့်သည်။ ရှေးဟောင်းနတ်ဘုရား နိုးထလာချိန်၌ လေပြင်းတစ်ခုမှာ သူ့အား ရိုက်ခတ်သည်။ ထိုအခါ ဝမ်လင်းနှင့် သူ့ဘေးပတ်လည်ရှိ လူတိုင်းမှာ နောက်သို့ လွင့်သွားရသည်။ ဝတ်စုံနက်အဘိုးအိုတစ်ယောက်သာ ရှေ့တည့်တည့်သော ဆန်းကြယ်စွာ ရှုကြည့်နေသည်။
ရှေးဟောင်းနတ်ဘုရားနှင့် ယှဉ်ပါက ထိုကျင့်ကြံသူများသည် ပုရွတ်ဆိတ်ထက်ပင် အဆများစွာ သေးငယ်ပေမည်။
“ငါဟာ ရှေးဟောင်းနတ်ဘုရားထာဆန်ပဲ…” ခွန်အားပြည့်အသံ ပဲ့တင်ထပ်၏။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ စတင် အက်ကွဲသည်။ အလောင်းကောင်ကလန်၏ ဘုရင်ရှစ်ပါးမှာ ဖြူရော၍ နောက်သို့ ဆုတ်လိုသည်။ သို့ရာတွင် သူတို့ ရွှေ့လျားသည့် အကွာအဝေးမှာ ရှေးဟောင်းနတ်ဘုရားအတွက်မူ အဓိပ္ပာယ်မရှိတော့ပေ။
“ဒါ…ဒါက နတ်ဘုရားလား…” အရှင်မီးတောက်၏ ဟန်ပန်မှာ သာ၍ ဖြူရော၏။ သူသည် ရှေးဟောင်းနတ်ဘုရား၏ အံ့မခန်းကြီးမားသည့် ခန္ဓာကိုယ်ကို စူးစိုက်ကြည့်နေမိသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် အကူအညီမဲ့မှုကို ခံစားရလေသည်။
ဝမ်လင်းကတော့ ကျင့်ကြံမှုအဆင့် အနိမ့်ဆုံး ဖြစ်နေသည်။ သူသည် သွေးအန်ရခြင်း မရှိသော်လည်း သူ့ခန္ဓာကိုယ်ကနေ အက်သံများ ထွက်ပေါ်လာရသည်။ ထိုအက်ကြောင်းများ ပေါ်လာလေလေ သူ့ရင်ဘက်ပေါ်ရှိ အက်ကြောင်းတစ်ခုမှာ သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သည်။ သူ့အသွင်သည် ပြာသွား၏။ မူလစိတ်ဝိညာဉ်မှာ ဒဏ်ရာရသွားသည်။ သူ့ခန္ဓာကိုယ်မှာ ကျောက်တုံးအဖြစ် ပြန်ပြောင်းလဲမည့် အရိပ်လက္ခဏာ ပြသလာသည်။
နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများသည်လည်း ဤဝဲကတော့ထဲသို့ ဝင်ရောက်ခဲ့ပေသည်။ သူတို့၏ကျင့်ကြံမှုအဆင့်များကြောင့် သူတို့သည် အစောပိုင်းက အချိန်ဥပဒေသ၏ သက်ရောက်မှုကို မခံခဲ့ရ။ သို့သော်လည်း အခုချိန်တွင် သူတို့၏ စိတ်မှာ ပြိုလဲလုနီးပါး ဖြစ်နေရသည်။
ရှေးဟောင်းနတ်ဘုရား၏ အေးစက်စက်အကြည့် အထိုင်ကျလာကာ ဒုတိယမြောက်ကြယ် လင်းလက်လာသည်။ လူတစ်ယောက်သည် သေချာအနီးကပ် ကြည့်ပါက သူတို့သည် ဤကြယ်လင်းလက်မှုအတွင်း အထူးအရာတစ်ခုခု ရှိနေသည်ကို တွေ့မြင်ရပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားမှာ သူ့ရှေ့ရှိ ပျံဝဲနေသည့် ကျင့်ကြံသူများကို ကြည့်၍ သူ့လက်ကို ပင့်မြှောက်သည်။ သူ့လက်များမှာ ကျင့်ကြံခြင်းဂြိုဟ် အရွယ်အစားလောက် ရှိ၏။ သူ့လက်လှုပ်ရှားသည့်အခါ တောင့်ခံနိုင်စွမ်းမဲ့သော လေပြင်းကို ဖန်တီးလေသည်။
သူ့လက်တစ်ချက် ဝေ့ယမ်းမှုက ကျင့်ကြံသူအားလုံးအတွက် သူတို့၏အမြင်ကို ဖုံးအုပ်သွားလေတော့သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
တဝုန်းဝုန်းအသံများ လူတိုင်း၏ နားထဲသို့ ဝင်ရောက်မလာခင်မှာပင် လက်သည် ရောက်နှင့်နေပြီ။ ထိုလက်ကြီး၏ အမြန်နှုန်းကို ဖော်ပြရန်မှာ မဖြစ်နိုင်လောက်ပေ။ ရှေ့ဆုံးရှိ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည် ထွက်ပြေးဖို့ရာ မဖြစ်နိုင်တော့၊ ထို့ကြောင့် သူက သူ့စွမ်းအားအပြည့်ကို အသုံးချ၍ သူ့ရှေ့တွင် အကာအကွယ်အလွှာများ တစ်ထပ်ပြီးတစ်ထပ် ဖြစ်စေသည်။ ထို့နောက် အကွာအကွယ်အလွှာထောင်ချီ ပေါ်လာ၏။ သူသည် နောက်ဆုတ်သည်။
လက်ကြီးမှာ နီးကပ်လာကာ ထိုကျင့်ကြံသူ ပတ်လည်ရှိ အကွာအကွယ်အလွှာကို ထိသည်။ အကွာအကွယ်အလွှာ ထောင်ချီမှာ ဤရှေးဟောင်းနတ်ဘုရား၏လက်ရှေ့တွင် စက္ကူစအလား ကြေမွသွားရသည်။
တစ်ချီတည်းဖြင့် ထိုကျင့်ကြံသူ ဘေးပတ်လည်ရှိ အကာအကွယ်အားလုံးမှာ ပျက်စီးသွားရပေပြီ။ ထိုလက်ကြီးမှာ ရပ်တန့်ခြင်းမရှိ ဝေ့ယမ်း၍ ကျရောက်လာသည်။
နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့သည့် အနှီကျင့်ကြံသူမှာ ခါးသီးစွာ ပြုံးမိ၏။ သူ့ခန္ဓာကိုယ်မှာ သွေးမြူအဖြစ် ပေါက်ကွဲကာ ရှေးဟောင်းနတ်ဘုရား၏လက်ပေါ်သို့ ပတ်ဖြန်းသွားရသည်။
သူ့မူလစိတ်ဝိညာဉ်မှာလည်း လွင့်ပျောက်သွား၏။ ၎င်းသည် မူလစွမ်းအင်အဖြစ်သို့ ပြောင်း၍ ရှေးဟောင်းနတ်ဘုရား၏ ကြမ်းတမ်းသော အရေပြားကြား အက်ကြောင်းတစ်ခုထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုရှေးဟောင်းနတ်ဘုရားကား ရပ်တန့်မည့်ပုံ မပေါ်သည်ကို တွေ့မြင်သည့်အခါ ဝတ်စုံနက်အဘိုးအို၏ မျက်လုံးထဲကနေ ထူးဆန်းအလင်း လှစ်ပေါ်၏။ သူသည် ခြေတစ်လှမ်း လှမ်းရာ တိုင်းတာ၍မရသော အကွာအဝေးကို ဖြတ်သန်းသွားပြီး ဤလက်ကြီးရှေ့သို့ ရောက်သွားသည်။
အဘိုးအို၏ခန္ဓာကိုယ်မှာ ဤဧရာမလက်ကြီးနှင့် ယှဉ်ပါက အမှန်တကယ်ကို ပမွှားဖြစ်နေ၏။ သို့ရာတွင် ထိုအဘိုးအိုသည် တည်ငြိမ်၏။ သူက သူ့လက်ကို ပင့်မြှောက်၍ လက်ဝါးရိုက်ချက် ရှေ့သို့ ထုတ်ဖော်သည်။
အဘိုးအိုနှင့် ရှေးဟောင်းနတ်ဘုရားလက်တို့ကြား မရေမတွက်နိုင်သော မိုးကြိုးတန်းများ ပေါက်ကွဲကုန်၏။ မြေကြီးထုအက်ကွဲသံမှာ သည်လေဟာနယ်နေရာတွင် ပဲ့တင်ထပ်သည်။ ထိုလက်ကြီးသည် အဘိုးအို၏ လက်ဝါးနှင့် ထိမိချိန်တွင် အမှန်တကယ် ရပ်တန့်သွားသည်ဟု မထင်ရပေ။
ဤအခိုက်အတန့်တွင် လေပြင်းသည် ရှေးဟောင်းနတ်ဘုရားလက်ကြီးထံသို့ ရောက်ရှိလာကာ အဘိုးအိုကို ရိုက်ခတ်သည်။ ထိုလေပြင်းမှာ ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့ကိုပါ တစစီဖြစ်သွားစေနိုင်စွမ်းရှိသည်။ အနှီလေပြင်းက အဘိုးအို၏ ဆံပင်များကိုသာ နောက်သို့ လွင့်ဝဲသွားစေဖို့ထိသာ တတ်နိုင်၏။ သူ့ဆံပင်များထဲမှ တစ်မျှင်ကတော့ အက်သွားရပေသည်။
အဘိုးအို၏ ဝတ်စုံနက်မှာလည်း ဝဲလွင့်သွားကာ သူ့အင်္ကျီလက်အိုးနေရာတွင် စုတ်ပြဲရာခုနစ်ခုလောက် ဖြစ်သွားသည်။ ဝတ်ရုံအောက်ပိုင်းကတော့ အမှုန့်အမွှား ဖြစ်သွားလေသည်။
ရှေးဟောင်းနတ်ဘုရားလက်နှင့် ထိပ်တိုက်တွေ့သည့် ညာလက်ဝါးမှာ တုန်ယင်၍ သူ့အရေပြားတစ်လျှောက် လှိုင်းထသွားစေသည်။
အဘိုးအိုသည် ခေါင်းမော့၏။ သူ့မျက်လုံးတို့မှာ လင်းလက်နေသည်။ သူ့အသားအရေမှာ နီမြန်းလာ၏။ သူက သူ့လည်ချောင်းထဲမှ စောင့်တက်လာသည့် သွေးကို ပြန်ဖိနှိပ်သည်။ သူသည် ပြုံး၏။ ထို့နောက် သူ့ ဘယ်လက်ဖြင့် သူ့ညာလက်နောက်ဘက်နားကို ငါးကြိမ်လောက် ခပ်မြန်မြန် လက်ညွှန်သည်။
ပထမဆုံးလက်ချောင်း ကျရောက်လာသည့်အခါ မမြင်ရသောအားတစ်ခုက သူ့အား ပိတ်ဆို့သည့် ဟင်းလင်းပြင်အက်ကြောင်းကို ချိုးဖျက်သွားဟန် ရသည်။ ကီလိုမီတာငါးထောင်အတွင်းမှ အဆုံးမဲ့မူလစွမ်းအင်တို့ အဘက်ဘက်ကနေ ထွက်ပေါ်လာပြီး သူ့ညာလက်နောက်ဘက်သို့ စီးဝင်ပြီးနောက် ရှေးဟောင်းနတ်ဘုရားလက်ထံသို့ ဝင်ရောက်သည်။
ကီလိုမီတာငါးထောင်အတွင်း မူလစွမ်းအင်မှာ ရှေးဟောင်းနတ်ဘုရားနှင့် ရင်ဆိုင်ဖို့ရာ မလုံလောက်သေးပေ။ အဘိုးအို၏ လက်ချောင်း ဒုတိယကြိမ် ကျရောက်လာသည့်အခါတွင် ကီလိုမီတာ ငါးသောင်း၊ ငါးသိန်း၊ငါးသန်း အတွင်းမှ မူလစွမ်းအင်တို့ကို စုစည်း၍ ပြင်းထန်သောအားတစ်ခုဖြစ်စေကာ ရှေးဟောင်းနတ်ဘုရားထံသို့ တရကြမ်း တိုးဝင်သည်။
ဤတိုက်ခိုက်မှုများမှာ မြန်ဆန်လွန်း၏။ မြန်လွန်း၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအဖို့ တုန့်ပြန်လိုက်ရန်ပင် အခွင့်အရေး မရှိလိုက်ကြလောက်အောင် မြန်သည်။
တဝုန်းဝုန်းမည်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ရှေးဟောင်းနတ်ဘုရား၏လက်သည် အဘိုးအိုကြောင့် နောက်သို့ ပြန်ကန်ထွက်သွားရတော့သည်။ အဘိုးအို၏လက်သည် ရှေးဟောင်းနတ်ဘုရားထံကနေ ပြန်ခွာ၏။ သို့သော် သူသည် ရှေးဟောင်းနတ်ဘုရားလက်ကြီးပေါ်တွင် အနက်ရောင်လက်ဝါးရာတစ်ခုကို ရှင်းလင်းစွာ ချန်ထားခဲ့နိုင်သည်။
“မင်းက ကောလဟာလတွေအတိုင်း ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ဖို့ ထိုက်တန်တယ်။ နိဗ္ဗာနလေဟာနယ်အဆင့်ကျင့်ကြံသူတွေကသာ ယှဉ်တိုက်ခိုက်နိုင်တယ်ဆိုတာလည်း ဟုတ်တယ်။ တစ်ခါတုန်းက ငါဟာ သာမန်ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးကို သတ်ရာမှာ ပါခဲ့ဖူးတယ်။တော်ဝင်ရှေးဟောင်းနတ်ဘုရားနဲ့ သာမန်ရှေးဟောင်းနတ်ဘုရားကြား ခြားနားမှုကတော့ မိုးနဲ့မြေပါပဲ…”
အဘိုးအိုသည် နောက်ဆုတ်၏။ သူ့မျက်နှာထက်ရှိ နီမြန်းမှုမှာလည်း ပျောက်ကွယ်ကာ ဖျော့တော့မှုနှင့် အစားထိုးသွားသည်။ သို့ရာတွင် သူ့မျက်လုံးတို့မှာ တိုက်ပွဲစိတ်ဆန္ဒကြောင့် လမင်းကဲ့သို့ တောက်ပလို့နေသည်။
ခြေခုနစ်လှမ်းခန့် နောက်ဆုတ်ပြီးမှ အဘိုးအိုသည် သူ့ခေါင်းကို ဆတ်ခနဲ မော့ကြည့်သည်။ သူသည် ရှေ့သို့ တရကြမ်း တိုးဝင်လာကာ ရှေးဟောင်းနတ်ဘုရားလက်ပေါ်သို့ ခြေချ၍ ထာဆန်၏မျက်နှာထက်သို့ ခုန်ဝင်လာသည်။
ထာဆန်၏မျက်လုံးမှာ အေးစက်နေဆဲပင်။ သူသည် အထင်သေး၊မောက်မာဟန် အကြည့်ဖြင့် ကြည့်သည်။ သူက သူ့ညာလက်ကို ပေါ့ပေါ့ပါးပါး လှုပ်ယမ်းလိုက်ရာ လက်ဝါးရာမှာ ပျက်စီးသွားသည်။ သူသည် ဖြည်းဖြည်းခြင်း မတ်တပ်ထရပ်လာရင်း တုန်ဟိန်းသံများ မြည်ဟည်းလာသည်။
ထိုလှုပ်ရှားမှုက သူ့ကို လူတိုင်းအတွက် မျှော်စင်ကြီးအလား လွှမ်းအုပ်သွားစေ၏။ ကောင်းကင်ဘုံ၏ခွန်အားနှင့် အလားသဏ္ဌာန်တူသည့် စွမ်းအားမှာ လူတိုင်းထံသို့ သက်ဆင်းလာသည်။ ထာဆန်၏မျက်ခုံးနှစ်ခုကြားရှိ ကြယ်နှစ်လုံးက လင်းလက်လာရင်း တတိယမြောက်ကြယ်သည်လည်း တဖြည်းဖြည်းချင်း လင်းလာ၏။ သို့ရာတွင် ထိုတတိယမြောက်ကြယ်အတွင်းနက်ပိုင်းတွင် ဖုန်းကွယ်နေသော တစ်ခုခု ရှိနေသည်။ သို့သော် ၎င်းအရာကို ရှင်းလင်းစွာမမြင်ရနိုင်ပေ။
ဝမ်လင်းက သူ့ရှေ့ရှိ ထာဆန်ကို စူးစိုက်ကြည့်နေ၏။ အထူးသဖြင့် ထာဆန်၏ ကြယ်များကို ဖြစ်၏။ သူသည် တော်ဝင်ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား၏ မန္တာန်များကို သိထားသူ ဖြစ်ရာ သူ့စိတ်နှလုံးထဲတွင် တုန်လှုပ်မှုတို့ဖြင့် ပြည့်သည်။ သူက ထိုမန္တာန်များ၏ အမည်နာမကိုသာ သိထားကာ ၎င်းတို့ကို မည်သို့အသုံးပြုရမှန်းတော့ မသိပေ။
“ကြယ်များကို သန့်စင်ဖို့ လေဟာနယ်ကိုယ် မြှုပ်နှံ့မယ်…”
“အမှိုက်…” ထာဆန်က သူ့လက်များကို အဘိုးအိုထံသို့ ဝေ့ယမ်းရင်း တစီစီအသံများ ပဲ့တင်ထပ်၏။ ကြီးမားလှသည့် လေပြင်းတစ်ခုကို ဖန်တီးသည်။ သူ့လက်နှစ်ဖက်မှာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းအစွမ်းတမျှ မြန်ဆန်စွာ အဘိုးအိုထံသို့ ချက်ခြင်း နီးကပ်လာသည်။ သူ့လက်နှစ်ဖက်၏ ဝေ့ယမ်းမှုက အဘိုးအိုထံ ကျင့်ကြံခြင်းဂြိုဟ်နှစ်လုံးဖြင့် ရိုက်ချလာသကဲ့သို့ ထင်ရလေ၏။
အဘိုးအို၏မျက်နှာမှာ နောက်တဖန် နီရဲလာ၏။ သူ့ဝတ်ရုံစတို့မှာ တဖျပ်ဖျပ် ဖြစ်ကုန်သည်။ သူက သူ့ဘယ်လက်နှင့်ဘာလက်ကို ဖြန့်ကား၍ မာန်သွင်းအော်ဟစ်၏။ ထိုအခါ အဆုံးမဲ့မူလစွမ်းအင်တို့သည် သူ့လက်နှစ်ဖက်ရှေ့တွင် သိပ်သည်းလာပေသည်။ ရုတ်တရက် မီးတောက်ပင်လယ်နောက်ကနေ ကပ်ပါလာသည့် ရေခဲချပ်များ ပေါ်လာ၏။ ထို့နောက် အဆုံးမဲ့မိုးကြိုးများနှင့်အတူ မရေမတွက်နိုင်သောတောင်များ ကပ်ပါလာသည်။
ထိုမန္တာန်များကာ လျှပ်တပြတ်အတွင်း ပေါ်လာကာ တစ်ခုစီ၊တစ်ထပ်စီ အထပ်ထပ်၊အလွှာလွှာ ဖြစ်နေ၏။ အဘိုးအိုက သူ့လက်နှစ်ဖက်ကို ဖြန့်ကားထားဆဲ ဖြစ်ကာ အနှီမန္တာန်များက ရှေးဟောင်းနတ်ဘုရား၏လက်နှစ်ဖက်ပေါ်သို့ ဝုန်းဒိုင်းကြဲ ကျဆင်း တိုက်ခိုက်လေပြီ။
ချက်ခြင်းလိုလိုပင် ဟင်းလင်းပြင်အက်ကြောင်းမှာ အပြင်းအထန် တုန်ခါကာ တော်လဲသံတို့ မြည်ဟည်း၏။
သို့ရာတွင် ဤမန္တာန်များသည် ထာဆန်၏လက်နှစ်ဖက်ကို တစ်ခဏသာ တန့်သွားစေ၏။ သို့သော် ထိုအခိုက်အတန့်လေးက ဝတ်စုံနက်အဘိုးအိုအတွက် မီးတောက်ပင်လယ်ထဲကနေ လှမ်းထွက်၍ ထာဆန်၏ဦးခေါင်းထက်သို့ တိုးဝင်သွားဖို့ရာ အချိန်လုံလောက်ပေသည်။
“အရှင်ဝူဂျီ…။ မင်း မပေါ်လာရင် ဒီအဘိုးအိုက ငါ့ကတိကို ဆက်ပြီး မထိန်းသိမ်းတော့မှ အပြစ်မတင်တော့နဲ့။ မင်း ငါတို့ သဘောတူညီမှုကို မေ့သွားခဲ့ပြီလား…”
ဝတ်စုံနက်အဘိုးအိုမှာ လှုပ်ရှားနေရင်း ထိုသို့ အော်ဟစ်လိုက်သည်။
***