← Chapters

အခန်း ၅၅၁

Vol. 56 Ch. 551

အခန်း ၅၅၁

Vol. 56 Ch. 551

အခန်း (၅၅၁)

" နိယာမအားလုံးကို အမိန့်ပေးနိုင်တဲ့ နိယာမတစ်ခုခု ရှိမလား။ " ကျောက်ဖုန်းက လေးနက်စွာ တွေးလိုက်သည်။

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်က ယွမ်စွမ်းအားများ ဝန်းရံထားပြီး ရွှေရောင်အလင်းများက ဘယ်သူမှ အနားမကပ်နိုင်အောင် တားဆီးထားသည်။ သူ၏ နတ်ဘုရားအာရုံက ဖြန့်ကျက်သွားပြီး ဟင်းလင်းပြင်ထဲသို့ နစ်မြှုပ်သွားသည်။ သူက ကောင်းကင်တာအိုအာဏာကို ပိုင်ဆိုင်ထားသောကြောင့် ဤကမ္ဘာ၏ ကောင်းကင်တာအိုမဟုတ်သော်လည်း နိယာမပေါင်းများစွာက သူ၏ ရှေ့တွင် ပေါ်လာသည်။

ဓာတ်ငါးမျိုး၊ ယင်၊ ယန်၊ အချိန်၊ အာကာသ။ ကျောက်ဖုန်း၏ နတ်ဘုရားအာရုံအောက်တွင် နိယာမပေါင်းများစွာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး တစ်ချက်ထိရုံနှင့် တစ်ခုကို နားလည်နိုင်သည်။ ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားပြီး ရုတ်တရက် သူက ရှုပ်ထွေးနေသော နိယာမတစ်ခုကို တွေ့လိုက်ရသည်။

" ဒီကမ္ဘာက ရှေးဦးမူလကမ္ဘာ(ဟုန်ဟွမ်ကမ္ဘာ)ဆိုရင် ပန်ဂုနတ်ဘုရားက ကောင်းကင်ကို ဖွင့်လှစ်ပြီး ဖန်တီးခဲ့တာပဲ။ ဖရိုဖရဲကနေ မွေးဖွားလာပြီး နိယာမပေါင်းများစွာ ဖြစ်ပေါ်လာတယ်။ ဖရိုဖရဲက နိယာမတွေရဲ့ အသွင်သဏ္ဍန်ဖြစ်ပြီး အရာခပ်သိမ်းကို လွှမ်းခြုံထားတယ်။ ဖရိုဖရဲနိယာမ။ " ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ရှုပ်ထွေးနေသော အလင်းတန်းတစ်ခုကို ရှာတွေ့သွားသည်။ ကောင်းကင်တာအိုအာဏာ၏ ထိန်းချုပ်မှုအောက်တွင် ထိုအလင်းတန်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ (ဖရိုဖရဲ ဟွမ်သွမ် - ကမ္ဘာမဖြစ်ပေါ်မီ မူလအခြေအနေ၊ အရာအားလုံးရဲ့ မူလအစ)

သူ၏ ဒန်တျန်ထဲမှ ယွမ်စွမ်းအားများက ပြောင်းလဲသွားပြီး အဆင့်တစ်ခုသို့ တက်လှမ်းသွားသည်။ ယွမ်စွမ်းအားက ဖရိုဖရဲယွမ်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့သည်။ ကျောက်ဖုန်း၏ အသွင်ပြောင်းလဲမှုက သာမန်အင်မော်တယ်များခံစားရသော ပုံစံမဟုတ်ဘဲ ကဏ္ဍအားလုံး လွှမ်းခြုံထားသော တိုးတက်မှုဖြစ်သည်။

" သခင်က နိယာမကို ခန္ဓာကိုယ်ထဲသို့ ဆွဲယူလိုက်ပါပြီ။ စွမ်းရည်အားလုံး အသွင်ပြောင်းလဲသွားပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

နာမည် - ကျောက်ဖုန်း

အသက် - ၃၃ နှစ်

နိယာမယွမ်စွမ်းအား - ၁၀၀၀၀ မှတ် (သိုင်းတာအိုမဟာစွမ်းအားရှင် အဆင့်တစ် )

နဂါးဆင်စွမ်းအား - ၁၀၀၀၀ မှတ်

နတ်ဘုရားအလင်းအမြန်နှုန်း - ၁၀၀၀၀ မှတ်

ရှန်ထျန်းခန္ဓာ - ၁၀၀၀၀ မှတ်

နတ်ဘုရားအာရုံ - ၁၀၀၀၀ မှတ်

နိယာမမူလဝိညာဉ် - ၁၀၀၀၀ မှတ်

သက်တမ်း - ၁၀၀၆၄၆ မှတ်

ကုသိုလ် - ၁၂၃၀၄ မှတ်

ကံကြွေး - ၁၈ မှတ်

သိုလှောင်နေရာ - ၁၀၀၀၀၀ ကု​ဗမီတာ

" အောင်မြင်ပြီ။ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်။ ပြီးတော့ ဖရိုဖရဲနိယာမ နိယာမအားလုံးကို ပြောင်းလဲပြီး အမိန့်ပေးနိုင်တယ်။ " ကျောက်ဖုန်းက ကျေနပ်သွားသည်။

" အင်ပါယာမင်းဆက် အဆင့်မြင့်တက်လာပြီး အဆင့်ငါး ရတနာသေတ္တာကို ရရှိပါတယ်။ "

" စွမ်းရည်အားလုံး အသွင်ပြောင်းလဲသွားပြီး အ​ဆင့်ခြောက် ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ နောက်ထပ် အသိပေးချက်များ ထွက်ပေါ်လာသည်။

" အဆင့်ခြောက်ရတနာသေတ္တာ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူက အသိပြန်ဝင်လာပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်မှ စွမ်းအားများက ပျောက်ကွယ်သွားသည်။

" အိမ်ရှေ့စံမင်းသား အဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဖုန်းအာ ငါတို့ အင်ပါယာကံကြမ္မာကို သုံးပြီး ပြည်နယ်ကိုးခုအကာအကွယ်ကို တည်ဆောက်လို့ရပြီလား။ " ရင်ကျန့်က စိုးရိမ်စွာ မေးလိုက်သည်။

" အင်ပါယာကံကြမ္မာက အဆင့်တက်သွားတော့ ပြည်နယ်ကိုးခုအကာအကွယ်ကို တည်ဆောက်လို့ရပါပြီ။ " ကျောက်ဖုန်းက ရှေ့သို့လှမ်းလိုက်ပြီး ခန်းမထဲမှ ပျောက်ကွယ်သွားသည်။

၎င်းကို မြင်သောအခါ ရင်ကျန့်ကလည်း ထရပ်ပြီး နောက်မှလိုက်သွားသည်။ ဝန်ကြီးများကလည်း လိုက်ပါသွားကြသည်။

အင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်တွင် ကျောက်ဖုန်းက ရပ်နေပြီး အင်ပါယာကံကြမ္မာစွမ်းအားများက သူ့ကို ဝန်းရံထားသည်။ လူသားတာအိုအာဏာကို သုံးပြီး အင်ပါယာကံကြမ္မာကို ထိန်းချုပ်နိုင်သည်။

" ဟွာရှအိုးကိုးလုံး " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သောအခါ ရှေးဟောင်းအော်ရာများနှင့် အိုးကိုးလုံးက ပျံထွက်လာသည်။

" ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားနဲ့ ပြည်နယ်ကိုးခုအကာအကွယ်ကို ဖန်တီးမယ်။ " ကျောက်ဖုန်းက အင်ပါယာကံကြမ္မာစွမ်းအားကို ထိန်းချုပ်လိုက်သည်။

ရွှမ်ငှက်က ပေါ်လာပြီး အိုးကိုးလုံးပေါ်သို့ အင်ပါယာကံကြမ္မာစွမ်းအားများ ပို့လွှတ်လိုက်သည်။ ဟွာရှအိုးကိုးလုံးက ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲလာပြီး ဟင်းလင်းပြင်ထဲတွင် လည်ပတ်နေသည်။ ထို့နောက် ၎င်းတို့က အလင်းတန်းကိုးခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ချင်နယ်မြေ၏ အစွန်အဖျား နေရာကိုးနေရာသို့ ပျံသန်းသွားသည်။

ဟွာရှအိုးကိုးလုံးက ချင်နယ်မြေ၏ နေရာကိုးခုသို့ ရောက်သွားသောအခါ အင်ပါယာကံကြမ္မာစွမ်းအားနှင့် ချိတ်ဆက်ပြီး မမြင်ရသော အတားအဆီးတစ်ခုက ချင်အင်ပါယာ၏ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအတားအဆီး ပေါ်လာသည်နှင့် ကွမ်ကျုံး၊ ရှုဒေသနှင့် တုချန်ဒေသမှ အင်မော်တယ်များနှင့် နတ်ဘုရားများ၏ စွမ်းအားများက အတားအဆီး၏ အပြင်ဘက်သို့ ရောက်သွားသည်။

တစ်ချိန်တည်းတွင် ကပ်ရောဂါများဖြစ်ပွားနေသော ပြည်နယ်နှင့် ခရိုင်များတွင် ရောဂါကူးစက်ခံထားရသော ပြည်သူများက သက်သာသွားကြပြီး အနည်းငယ်ကုသလိုက်ရုံနှင့် ပျောက်ကင်းသွားတော့မည်ဖြစ်သည်။

" ပြည်နယ်ကိုးခုအကာအကွယ်စည်းကတော့ ပြီးသွားပြီ။ အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ စွမ်းအားကိုလည်း ဖြတ်တောက်လိုက်ပြီ။ " ကျောက်ဖုန်းက မြေပြင်သို့ ဆင်းသက်လာပြီး ပြောလိုက်သည်။

" ဟွာရှအိုးကိုးလုံးက တကယ် ငါတို့ လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာတွေပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" ခမည်းတော် အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ဖြတ်တောက်လိုက်ပေမယ့် မိုးခေါင်တဲ့ နေရာတွေနဲ့ ကပ်ရောဂါဖြစ်ပွားတဲ့ နေရာတွေကို ပြန်လည်ကုသရဦးမှာပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ကပ်ရောဂါတွေက လွယ်ပါတယ်။ ဆေးပညာခန်းမက သမားတော်တွေကို ဆေးဖော်စပ်သူတွေနဲ့အတူ ကိုင်တွယ်ခိုင်းလိုက်မယ်။ မိုးခေါင်မှုအတွက်ကတော့ အချိန်လိုမယ်ထင်တယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ခမည်းတော် ချင်အင်ပါယာက သာမန်အင်ပါယာတစ်ခု မဟုတ်တော့ဘူး။ ကိစ္စအားလုံးကို သာမန်မျက်စိနဲ့ ကြည့်စရာမလိုတော့ဘူး။ သားတော်မှ လေမိုးဆင့်ခေါ်ခြင်းဆိုတဲ့ နတ်စွမ်းရည်တစ်ခု ရှိတယ်။ ခဏနေရင် အင်ပါယာဆရာကို မိုးခေါင်တဲ့ နေရာတွေကို ကိုယ်တိုင်သွားခိုင်းပြီး မိုးရွာစေလိုက်မယ်။ နှစ်ရက်အတွင်း ဝိညာဉ်စပါးတွေကလည်း ပြန်ကောင်းလာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျောက်ဖုန်းပြောလို့မှမပြီးသေး ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကွေ့ကူကျိက ရောက်ရှိလာသည်။

" ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " ကွေ့ကူကျိက ဦးညွှတ်ပြီး ပြောလိုက်သည်။

" အင်ပါယာဆရာ အဆင့်တက်သွားပြီလား။ " ကျောက်ဖုန်းက ကွေ့ကူ​ကျိကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားရဲ့ ကောင်းချီးကြောင့်ပါပဲ။ အင်ပါယာကံကြမ္မာစွမ်းအားနဲ့ အဆင့်တက်နိုင်ခဲ့တယ်။ " ကွေ့ကူကျိက ပြုံး၍ ပြောလိုက်သည်။

ယခင် သူက ထိုအဆင့်ကို တက်လှမ်းရန် တောင့်တခဲ့သော်လည်း ရာစုနှစ်တစ်လျှောက် အဆင့်တက်ရန် ခက်ခဲခဲ့သည်။ လူသားဘုံကို ရောက်မှ သူက ကံကောင်းမှုကို ကြုံတွေ့ခဲ့ရသည်။

" အင်ပါယာဆရာ ကျုပ် နတ်စွမ်းရည်တစ်ခုပေးမယ်။ ဒီစွမ်းရည်ကို သုံးပြီး မိုးခေါင်တဲ့ နေရာတွေမှာ မိုးရွာအောင် လုပ်ပေးပါ။ " ကျောက်ဖုန်းက ကွေ့ကူကျိကို ပြောလိုက်သည်။

" မိုးရွာစေဖို့က ကောင်းကင်ဘုံနဲ့ နဂါးမျိုးနွယ်ရဲ့ အာဏာကို လိုအပ်တယ်။ အဲ့ဒါက ဘယ်လိုနတ်စွမ်းရည်မျိုးလဲ။ " ကွေ့ကူကျိက အံ့ဩစွာ မေးလိုက်သည်။

ကျောက်ဖုန်းက မရှင်းပြတော့ ထျန်းရွှမ်ကြေးမုံကို အသုံးပြု၍ လေမိုးဆင့်ခေါ်ခြင်းနတ်စွမ်းရည်ကို ကွေ့ကူကျိဆီသို့ ပို့ပေးလိုက်သည်။

ကွေ့ကူကျိက နတ်စွမ်းရည်ကို မြင်သောအခါ ချက်ချင်း ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး ချက်ချင်း ထွက်ခွာပါမယ်။ "

ထို့နောက် သူက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး မိုးခေါင်သော နေရာများဆီသို့ ဦးတည်သွားသည်။

" အင်ပါယာဆရာကတော့ တကယ်ကို အင်မော်တယ်တစ်ယောက်ပဲ။ " ကွေ့ကူကျိထွက်သွားသည်ကို ကြည့်ပြီး အရာရှိများက မနာလိုအားကျဖြစ်သွားကြသည်။

" ငါကြေညာစရာတစ်ခုရှိတယ်။ ဒီနေ့ကစပြီး ချင်အင်ပါယာက ဟွာရှနဲ့ ကျိုးလီမျိုးနွယ်စုက မိသားစုတိုင်းက မွေးလာတဲ့ ကလေးတိုင်းကို စွမ်းဆောင်မှုရမှတ် ၁၀၀ ဆုချမယ်။ အများဆုံး ကန့်သတ်ချက်မရှိဘူး။ " ကျောက်ဖုန်းက အရာရှိများကို ကြည့်ပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်သည်။

ညီလာခံပြီးနောက် အရာရှိအားလုံး ထွက်ခွာသွားကြပြီး ကျောက်ဖုန်းနှင့် ရင်ကျန့်တို့သာ ကျန်နေခဲ့သည်။

" ဖုန်းအာ ကလေးတွေကို ဆုချတာက ချင်အင်ပါယာရဲ့ လူဦးရေတိုးပွားအောင်လုပ်တာလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ချင်အင်ပါယာရဲ့ လူဦးရေက သန်းကိုးဆယ်ပဲ ရှိသေးတယ်။ ချင်နယ်မြေနဲ့ ယှဉ်ရင် အရမ်းနည်းတယ်။ လူဦးရေများဖို့ လိုသေးတယ်။ လူဦးရေများမှ အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေ ပိုများလာပြီး ချင်အင်ပါယာရဲ့ ကံကြမ္မာက ပိုအားကောင်းလာလိမ့်မယ်။ ဒါကြောင့် လူဦးရေက ချင်အင်ပါယာအတွက် အရေးကြီးတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး သူ၏ မျက်နှာတွင် စိုးရိမ်သော အမူအရာ ပေါ်လာသည်။ " အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းနိုင်ခဲ့ပေမယ့် သူတို့က အခြားနည်းလမ်းတွေ ထပ်သုံးဦးမှာမဟုတ်လား။ "

" ပြည်နယ်ကိုးခုအကာအကွယ်ကို တည်ဆောက်ပြီးပြီဖြစ်လို့ သူတို့ရဲ့ စွမ်းအားတွေက ချင်နယ်မြေကို မထိခိုက်နိုင်တော့ဘူး။ ခမည်းတော် အရမ်းစိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် သူတို့က လှုပ်ရှားလိုက်ပြီမလို့ သားတော်ကလည်း သူတို့အတွက် လက်ဆောင်ကြီးတစ်ခု ပြင်ဆင်ထားတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

" ရှန်းကျိုးက အောက်မှာ သူတို့က အထက်ဘုံမှာရှိတာ မင်း ဘယ်လိုတိုက်ခိုက်မှာလဲ။ " ရင်ကျန့်က အံ့ဩစွာ မေးလိုက်သည်။

" ခမည်းတော် သားတော်မှာ ကမ္ဘာနှစ်ခုကို ချိတ်ဆက်နိုင်တဲ့ ရတနာတစ်ခုရှိတယ်လေ။ သားတော် ဝူချန်အဖွဲ့တစ်ဖွဲ့ကိုတောင် အင်မော်တယ်ဘုံကို ပို့လိုက်ပြီ။ သူတို့အခြေကျရင် အချက်အလက်တွေ ပေးပို့လာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters