← Chapters

အခန်း ၅၅၂

Vol. 56 Ch. 552

အခန်း ၅၅၂

Vol. 56 Ch. 552

အခန်း (၅၅၂)

" အင်မော်တယ်ဘုံက အထက်ဘုံလေ။ အဲ့ဒီဝူချန်တွေက ဆရာသခင်အဆင့်ဖြစ်ရင်တောင် အင်မော်တယ်တွေ ရှေ့မှာ ပုရွက်ဆိတ်တွေလိုပဲ။ သူတို့က တကယ် ရှင်သန်နိုင်ပါ့မလား။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။

" ခမည်းတော် အင်မော်ဘုံမှာရှိတဲ့သူတိုင်းက အင်မော်တယ်တွေမဟုတ်ဘူး။ အဲ့ဒီမှာ လူသားတွေလည်း ရှိတယ်။ ဝူချန်တွေက အင်မော်တယ်ဘုံမှာ အခြေချနိုင်လိမ့်မယ်။ ပြီးတော့ သားတော် သူတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့ နည်းလမ်း သင်ပေးထားတယ်။ သူတို့ရဲ့ စွမ်းအားတွေကို သာမန်လူတွေထက် ပိုအားနည်းအောင် လုပ်ထားတယ်။ သူတို့ကို အင်မော်တယ်ဘုံကို ပို့တာက အဲ့ဒီက အချက်အလက်တွေ စုဆောင်းဖို့ပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ချင်အင်ပါယာက လူသားဘုံမှာ သန်မာပေမယ့် အင်မော်တယ်ဘုံက အင်အားစုတွေနဲ့ မယှဉ်နိုင်သေးဘူး။ ချင်အင်ပါယာက အဲ့ဒီအဆင့်ကို ရောက်သွားရင် တိုက်ခိုက်မှုနဲ့ ခုခံမှုကို လုပ်ဆောင်နိုင်လိမ့်မယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" စိတ်ချပါ ခမည်းတော်။ အဲ့ဒီနေ့က သိပ်မဝေးတော့ပါဘူး။ သားတော်တို့မှာ အချိန်အလုံအလောက်ရှိပါတယ်။ ပြီးတော့ လူသားဘုံက အရင်းအမြစ်တွေက ချင်အင်ပါယာကို သန်မာတဲ့ အင်အားစုတစ်ခုဖြစ်လာဖို့ လုံလောက်တယ်။ သားတော်တို့ လုပ်ဖို့လိုတာက အင်အားကို တဖြည်းဖြည်း မြှင့်တင်သွားဖို့ပဲ။ လူသားဘုံတစ်ခုလုံးကိုလည်း သိမ်းပိုက်ရမယ်။ အဲ့ဒါမှ အင်ပါယာကံကြမ္မာက ပိုအားကောင်းလာလိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " စစ်ဆင်ရေးက မရပ်တန့်ဘူး။ မြောက်ဘက်နယ်မြေ တည်ငြိမ်သွားရင် ချင်စစ်တပ်က အနောက်ဘက်ကို ချဲ့ထွင်ရမယ်။ လူသားဘုံတစ်ခုလုံးကို သိမ်းပိုက်နိုင်ရင် ချင်အင်ပါယာရဲ့ လူဦးရေကလည်း အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်။ ဒါ့အပြင် ကျင့်ကြံမှုကိုလည်း အစွမ်းကုန်မြှင့်တင်ဖို့ အမိန့်ပေးထားတယ်။ အင်ပါယာကျောင်းတော်ကိုလည်း အရည်အချင်းရှိတဲ့သူတွေကို ရွေးချယ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးဖို့ လုပ်ထားတယ်။ "

" ပညာရပ်တွေကို လက်ဆင့်ကမ်းတာက နှစ်နှစ်မပြည့်သေးတော့ အချိန်လိုသေးတာပေါ့။ " ကျောက်ဖုန်းက သက်ပြင်းချပြီး ပြောလိုက်သည်။

လက်ရှိ ချင်အင်ပါယာက ပြည်သူများကို ကျင့်ကြံရန် အရင်းအမြစ်များစွာ ဖွင့်ပေးထားသည်။ ပြည်သူများက ကျင့်ကြံခြင်းအရည်အချင်းရှိလျှင် အင်ပါယာကျောင်းတော်က သူတို့ကို ခေါ်ပြီး လေ့ကျင့်ပေးမည်ဖြစ်သည်။ ထိုနေရာတွင် အဆင့်မြင့်ကျင့်စဉ်များ၊ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ငါးနှစ်အတွင်း ချင်အင်ပါယာက ကျင့်ကြံသူများစွာ ပေါ်ထွက်လာပေလိမ့်မည်။

" ဒါနဲ့ အဲ့ဒီ​ဗုဒ္ဓဂိုဏ်းက လူကရော ဘယ်လိုလဲ။ " ရင်ကျန့်က ဖာလင်းကို သတိရသွားပြီး မေးလိုက်သည်။

" အနောက်ဘက်နိုင်ငံ ၃၆ခုကို ​ဗုဒ္ဓဂိုဏ်းက လွှမ်းမိုးထားတယ်။ ဒီတစ်ခါ စစ်တပ်ချီတက်တာက လူသားဘုံက ​ဗုဒ္ဓဂိုဏ်းကို ရှင်းပစ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ အင်ပါယာဆရာကို သူ့တပည့်တွေကိုရော ခေါ်သွားခိုင်းလိုက်ပါ။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။

" အနောက်ဘက်နိုင်ငံတွေကို စုံစမ်းဖို့ ဟေးပင်းထိုင်ကို စေလွှတ်ပြီးပြီ။ အဲ့ဒီနိုင်ငံ ၃၆ ခုရဲ့ လူဦးရေက သန်း ၂၀ တောင်မပြည့်ဘူး။ စခန်းတစ်ခုတည်းနဲ့ သိမ်းပိုက်နိုင်ပေမယ့် သေချာအောင် စခန်းနှစ်ခု စေလွှတ်လိုက်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ဒီကိစ္စကို ယောက္ခမကြီးကို တာဝန်ပေးလိုက်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါနဲ့ ကျိုးလီမျိုးနွယ်စုရဲ့ တော်ဝင်သမီးတော်ကို လက်ထပ်ဖို့ စဉ်းစားပြီးပြီလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ (သူတော်စင်အဆင့်နဲ့ ရောသွားမှာစိုးလို့ပါ)

" သားတော်သူ့ကို လက်ထပ်မှာပါ။ ဘာပဲဖြစ်ဖြစ် သားတော်မှာ အရှုံးမှမရှိတာ။ ကျိုးလီမျိုးနွယ်စုက ဒီလိုတောင်းဆိုတာဟာ ချင်အင်ပါယာကို လုံးဝအညံ့ခံလိုက်ပြီဆိုတဲ့ သူတို့ရဲ့ စိတ်ရင်းမှန်ကို ပြနေတာပဲ။ အဲ့ဒီတော့ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး သူတို့ကို စိတ်အေးအောင် လုပ်ပေးရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျိုးလီမျိုးနွယ်စုက ငါတို့လက်အောက်ရောက်နေတာ နှစ်နှစ်နီးပါးရှိနေပြီ။ ငါတို့ ချင်စာပေတွေနဲ့ ယဉ်ကျေးမှုတွေလည်း ပျံ့နှံ့သွားပြီ။ အခု ကျိုးလီမျိုးနွယ်စုကို သိုင်းတာအို ဖြန့်ဝေပေးလို့ရပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဒါဆိုရင် ကျိုးလီမျိုးနွယ်စုရဲ့ တော်ဝင်သမီးတော်ကို လက်ထပ်ပြီးရင် သိုင်းတာအိုကို လက်ဆင့်ကမ်းပေးမယ်။ ကျိုးလီမျိုးနွယ်စုက သိုင်းတာအိုကို ကျွမ်းကျင်သွားရင် ချင်အင်ပါယာက အံ့အားသင့်စရာတစ်ခု ဖြစ်လာနိုင်တယ်။ ဝူသွေးမျိုးဆက်၊ ဝူခန္ဓာ။ အနာဂတ်မှာ ချင်အင်ပါယာရဲ့ စစ်သည်တွေက ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူက ယခင်ဘဝမှ ဝူမျိုးနွယ်အကြောင်းကို တွေးမိလိုက်သည်။ လက်သီးတစ်ချက်နှင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သည်။ ယခု ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာလက်အောက်တွင် ရှိနေပြီဖြစ်သောကြောင့် အနာဂတ်တွင် အင်မော်တယ်များကို ဝူမျိုးနွယ်များ၏ စွမ်းအားကို ပြသနိုင်ပေလိမ့်မည်။

" ဒဏ္ဍာရီတွေအရ ဝူဘိုးဘေးဟိုထူက ပြန်လည်ဝင်စားခြင်းအဖြစ် ပြောင်းလဲသွားတယ်။ ကျိုးလီမျိုးနွယ်စုက ဒဏ္ဍာရီထဲက ဝူဘိုးဘေးကို ရှာတွေ့နိုင်မလားမသိဘူး။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

" အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို ဘယ်လိုလက်ဆောင်ပေးဖို့ စီစဉ်ထားတာလဲ။ " ရင်ကျန့်က သိလိုစိတ်ဖြင့် ပြောလိုက်သည်။

" ခမည်းတော် ကြည့်လိုက်။ " ကျောက်ဖုန်းက ပြုံး၍ သူ၏ လက်ကို မြှောက်လိုက်ရာ အနက်ရောင်နှင့် ပုံသဏ္ဍန်မရှိသော အရာတစ်ခု ပေါ်လာသည်။

" ဒါက ဘာလဲ။ " ရင်ကျန့်က နားမလည်ဘဲ မေးလိုက်သည်။

" အင်မော်တယ်လူသားအဆိပ်ပဲ။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို ထိခိုက်စေနိုင်တဲ့ ရှန်ထျန်းအဆင့် အဆိပ်ပဲ။ အဲ့ဒီအင်မော်နယ်တွေနဲ့ နတ်ဘုရားတွေက လူတွေရဲ့ သွေးသားကို စားပြီး ဝိညာဉ်အနှစ်သာရကို လုယူနေကြတာမဟုတ်လား။ ဒါက သူတို့ရဲ့ အဲ့ဒီလမ်းကြောင်းကို ဖြတ်တောက်ပစ်နိုင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒီအဆိပ်က အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို သတ်နိုင်တာလား။ " ရင်ကျန့်က အံ့ဩစွာ မေးလိုက်သည်။

" ဒါက နာမည်အတိုင်း အင်မော်တယ်နဲ့ လူသားကြားက ခြားနားချက်ပဲ။ လူသားတစ်ယောက်က ဒီအဆိပ်ရှိရင် ဘာမှမဖြစ်ပေမယ့် အင်မော်တယ်တစ်ယောက်က အဆိပ်ရှိတဲ့ လူသားကို သတ်ရင် အဆိပ်က သူတို့ဆီသို့ ကူးစက်သွားလိမ့်မယ်။ လူသားတွေကို သတ်လေ အဆိပ်ပိုသင့်လေပဲ။ အဆိပ်သင့်မှုနည်းရင် ကျင့်ကြံမှုထိခိုက်မယ်။ များရင်တော့ သေသွားလိမ့်မယ်။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။

" ဒီအဆိပ်က တကယ်ထူးဆန်းတာပဲ။ " ရင်ကျန့်က ပြောလိုက်သည်။ " ဖုန်းအာ မင်း ဒီအဆိပ်ကို ထိန်းချုပ်နိုင်လား။ အနာဂတ်မှာ ချင်အင်ပါယာက အင်မော်တယ်ဘုံကို သွားရင် ငါတို့စစ်သည်တွေလည်း အဆိပ်သင့်နိုင်တယ်။ "

" ခမည်းတော် သားတော်က ဒီအဆိပ်ကို သန့်စင်ပြီးသားပါ။ ဒါကြောင့် အဆိပ်သင့်မှာကို စိုးရိမ်စရာမလိုဘူး။ ပြီးတော့ သားတော်တို့ ချင်အင်ပါယာက အဲ့ဒီနတ်ဆိုးတွေလိုမဟုတ်ဘူး။ အနာဂတ်မှာ အင်မော်တယ်ဘုံကို သိမ်းပိုက်ရင်တောင် လူသားတွေကို အကြောင်းမဲ့ မသတ်ဖြတ်ဘူး။ ဒီအင်မော်တယ်လူသားအဆိပ်က အဲ့ဒီအင်မော်တယ်တွေအတွက်ပဲ။ ဒီအဆိပ်ပျံ့နှံ့သွားရင် သူတို့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မယ်။ " ကျောက်ဖုန်းက လှောင်ပြုံး ပြုံးလိုက်သည်။

" ဟားဟား... အင်မော်တယ်ဘုံမှာ အင်မော်တယ်လူသားအဆိပ်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာကို ငါမြင်ယောင်သေးတယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။

ကောင်းကင်ဘုံ။

" ဧကရာဇ်မင်းမြတ် ဌာနလေးခုက အခုပဲ သတင်းပို့လာပါတယ်။ သူတို့ရဲ့ နတ်စွမ်းအားက လူသားဘုံကို မဆင်းသက်နိုင်တော့ပါဘူး။ " တိုက်ပိုင်ကျင်းရှင်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" နတ်စွမ်းအားက လူသားဘုံကို မဆင်းသက်နိုင်တော့ဘူးလား။ ဘာလို့လဲ။ " ကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" လူသားဘုံမှာ နတ်စွမ်းအား ဆင်းသက်လာတာကို တားဆီးနေတဲ့ စွမ်းအားတစ်ခု ရှျိနပါတယ်။ " တိုက်ပိုင်ကျင်းရှင်းက ပြန်ဖြေလိုက်သည်။

၎င်းကို ကြားသောအခါ ကောင်းကင်ဧကရာဇ်၏ အမူအရာက ပို၍ တင်းမာသွားသည်။

" ပြီးတော့ ​ဗုဒ္ဓဂိုဏ်းက ရှန်းကျိုးကို တိုက်ခိုက်ဖို့ ပြင်နေပုံရပါတယ်။ " တိုက်ပိုင်ကျင်းရှင်းကို ပြောလိုက်သည်။

" ဘာ..." ကောင်းကင်ဧကရာဇ်က ဒေါသထွက်သွားသည်။ " တထာဂတ သူလုပ်ရဲလား။ "

" ​ဗုဒ္ဓဂိုဏ်းက သူလျိုတွေရဲ့ သတင်းပို့ချက်အရ တထာဂတက လူသားဘုံက ​ဗုဒ္ဓကျင့်ကြံသူတွေကို ရှန်းကျိုးမှာ တရားဓမ္မတွေ ဖြန့်ဝေဖို့ အမိန့်ထုတ်ထားပါတယ်။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို တဖြည်းဖြည်း လုယူဖို့ ပြင်ဆင်နေတာပါ။ " တိုက်ပိုင်ကျင်းရှင်းက ပြောလိုက်သည်။

" တထာဂတ လူသားဘုံကို နတ်စွမ်းအားဆင်းသက်တာကို တားဆီးတာက ​ဗုဒ္ဓဂိုဏ်းနဲ့ သေချာပေါက် ပက်သက်နေလိမ့်မယ်။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

" ဒါဆို ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးတို့ ကောင်းကင်ဘုံက ဘာလုပ်ရမလဲ။ " တိုက်ပိုင်ကျင်းရှင်းက တွန့်ဆုတ်စွာ မေးလိုက်သည်။

" ငါ အရှင်လောင်ဇီဆီကို တစ်ခေါက်သွားရဦးမယ်။ " ကောင်းကင်ဧကရာဇ်က စဉ်းစားပြီး ပြောလိုက်သည်။ ထို့နောက် သူက လင်းရှောင်နန်းတော်မှ တိုက်ရိုက်ပျောက်ကွယ်သွားသည်။

ပြန်ပေါ်လာသောအခါ တာအိုအငွေ့အသက်များနှင့် ပြည့်နှက်နေသော နန်းတော်တစ်ခုသို့ ရောက်သွားသည်။ ကောင်းကင် ၃၃ ထပ်၊ သိုရွှိုက်နန်းတော်။

" ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ကြွရောက်လာတာ ဘယအရေးကြီးကိစ္စများရှိလို့လဲ။ " ကောင်းကင်ဧကရာဇ် သိုရွှိုက်နန်းတော်သို့ ရောက်ချိန်တွင် အထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

" ရှန်းကျိုးကိစ္စနဲ့ ပက်သက်ပြီး အရှင်လောင်ဇီနဲ့တွေ့ဖို့ အထူးလာခဲ့တာပါ။ " ကောင်းကင်ဧကရာဇ်က မည်သည့်အာဏာကိုမှ ပြသခြင်းမရှိပေ။

အကြောင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတော်စင်များ ပျောက်ကွယ်သွားချိန်တွင် အရှင်လောင်ဇီက ကမ္ဘာပေါ်မှ အဖြစ်အပျက်များကို အသိဆုံး၊ ကမ္ဘာပေါ်တွင် အသန်မာဆုံးဟု ကျော်ကြားသည်။

" ဝင်ခဲ့ပါ။ " အရှင်လောင်ဇီ၏ အသံက ထွက်ပေါ်လာသည်။

ကောင်းကင်ဧကရာဇ်က တုန့်ဆိုင်းခြင်းမရှိဘဲ နန်းတော်ထဲသို့ ဝင်သွားသည်။ နန်းတော်ထဲတွင် အရှင်လောင်ဇီက ဖျာတစ်ခုပေါ်တွင် ထိုင်ကာ သူ၏ လက်ထဲတွင် မြင်းမြီးယပ်တစ်ခုရှိပြီး ဘေးတွင် ဆေးမီးဖိုတစ်ခုရှိကာ တာအိုအငွေ့အသက်များက နန်းတော်တစ်ခုလုံး ပြည့်နှက်နေသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters