← Chapters

အခန်း ၅၅၃

Vol. 56 Ch. 553

အခန်း ၅၅၃

Vol. 56 Ch. 553

အခန်း (၅၅၃)

" အရှင်လောင်ဇီ " ကောင်းကင်ဧကရညဇ်က ခေါင်းအနည်းငယ် ငုံ့လိုက်သည်။

" ကောင်းကင်ဧကရညဇ်ကိုယ်တိုင် ကြွလာရအောင် ရှန်းကျိုးကိစ္စက ဘယ်လောက်များ အရေးကြီးနေလို့လဲ။ " အရှင်လောင်ဇီက တည်ငြိမ်စွာ မေးလိုက်သည်။

" ရှန်းကျိုးက ထိန်းချုပ်မှုအောက်က လွတ်သွားပြီ။ အဲ့ဒီမှာ ကျင့်ကြံသူတွေ ရှိနေပုံရတယ်။ ပြီးတော့ ​ဗုဒ္ဓဂိုဏ်းက ရှန်းကျိုးမှည ​ဗုဒ္ဓတရားတွေ ဖြန့်ကျက်ပြီး ရှန်းကျိုးရဲ့ ကံကြမ္မာကို လုယူဖို့ ပြင်နေကြတယ်။ " ကောင်းကင်ဧကရာဇ်က ပြောလိုက်သည်။

" ရှန်းကျိုးမှာ ကံကြမ္မာစွမ်းအား အရမ်းများနေတော့ ​ဗုဒ္ဓဂိုဏ်းက မတိုက်ခိုက်ဘဲ မနေဘူး။ " အရှင်လောင်ဇီက တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" အရင်တုန်းက ကျုပ်နဲ့ တထာဂတ သဘောတူခဲ့တာက ကိုယ့်စွမ်းရည်နဲ့ကိုယ် ယှဉ်ပြိုင်ပြီး ဘယ်သူမှ စည်းမကျော်ရဘူးလို့ သဘောတူခဲ့တယ်။ အခု ကျုပ်က ရှန်းကျိုးကို ဘေးအန္တရာယ်တွေ ပို့နေတဲ့ အချိန်မှာ ​ဗုဒ္ဓဂိုဏ်းက ဝင်စွက်ဖက်ပြီး ကျုပ် အစီအစဉ်တွေကို ဖျက်ဆီးနေတယ်။ အရှင်လောင်ဇီ ​ဗုဒ္ဓဂိုဏ်းက ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို လုယူနိုင်သွားရင် တာအိုဂိုဏ်းကိုလည်း ထိခိုက်လာနိုင်တယ်။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။

" ဒါဆို ကောင်းကင်ဧကရာဇ်က ဘာလုပ်ဖို့ စီစဉ်ထားလဲ။ " အရှင်လောင်ဇီက ကောင်းကင်ဧကရာဇ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

" အရှင်လောင်ဇီက ကျုပ်နဲ့ ရှန်းကျိုးကို အင်မော်တယ်ဘုံကို ပြန်ဆွဲယူဖို့ ပူးပေါင်းပေးပါ။ အဲ့လိုမှသာ ကောင်းကင်ဘုံက ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို တရားဝင်လုယူနိုင်မှာ။ ကျုပ် ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို ရရင် အရှင်လောင်ဇီကိုလည်း ဝေမျှပေးဖို့ ကတိပေးတယ်။ " ကောင်းကင်ဧကရာဇ်က ပါးနပ်စွာ ပြောလိုက်သည်။

" ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို မဖြတ်တောက်ပစ်ဘဲ ရှန်းကျိုးကို ဘယ်လိုဆွဲယူမှာလဲ။ အရင်တုန်းက လူသားဧကရာဇ်ရဲ့ လှုပ်ရပ်ကို ကောင်းကင်ဧကရာဇ်မသိဘူးလား။ " အရှင်လောင်ဇီက တည်​ငြိမ်စွာ ပြောလိုက်သည်။

" အရှင်လောင်ဇီ ကျုပ်တို့အတူတူကြိုးစားရင် အောင်မြင်မှာ သေချာပါတယ်။ " ကောင်းကင်ဧကရာဇ်၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပေါ်လာသည်။

" ကောင်းကင်ဧကရာဇ် ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက မပျက်စီးသေးတော့ အင်မော်တယ်ဘုံကို ပြန်ဆွဲယူဖို့ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေ လိုအပ်လိမ့်မယ်။ ငါ့မှာလည်း ကောင်းကင်ဧကရာဇ်ကို ပေးစရာဘာမှမရှိဘူး။ ဒါပေမယ့် နည်းနည်းတော့ ပြောပြနိုင်တယ်။ တကယ်လို့ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို တကယ်လုယူချင်တယ်ဆိုရင် အနောက်ဘက်ခွန်လွန်က ရှီဝမ်မု (အနောက်ဘက်မယ်တော်ကြီး) ကို ရှာကြည့်ပါ။ သူမမှာ ကမ္ဘာဟင်းလင်းပြင်တွေကို ဖြတ်သန်းသွားလာနိုင်တဲ့ အထွတ်အမြတ်ရတနာတစ်ခုရှိတယ်။ အဲ့ဒါက ကောင်းကင်ဧကရာဇ်ကို ကူညီနိုင်လောက်ပါတယ်။ " အရှင်လောင်ဇီက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူက ကံကြမ္မာစွမ်းအားလုပွဲတွင် ပါဝင်ပက်သက်ချင်ပုံမရပေ။

ရှီဝမ်မု၏ နာမည်ကို ကြားသောအခါ ကောင်းကင်ဧကရာဇ်၏ မျက်လုံးများက တောက်ပသွားပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။ " သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ "

ကောင်းကင်ဧကရာဇ် ထွက်ခွာသွားသည်ကို ကြည့်ပြီး အရှင်လောင်ဇီက အတွေးနက်နေသည်။

" ရှန်းကျိုး လူသားတာအို ကံကြမ္မာစွမ်းအား။ သူတော်စင်ဖြစ်လာမယ်ဆိုတာ ဟာသတစ်ခုပဲ။ မင်းတို့က ကြိုးစားလုယူနေကြပေမယ့် ရှန်းကျိုးရဲ့ လူသားတာအိုကံကြမ္မာစွမ်းအားက မင်းတို့ထဲက တစ်ယောက်ကို တကယ်ပဲ ရွေးချယ်ပါ့မလား။ " အရှင်လောင်ဇီက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။

ကျိုးလီမျိုးနွယ်စု။

" တော်ဝင်သမီးတော် ဘယ်လိုလဲ။ " ကျိုးလီမျိုးနွယ်စု၏ ခေါင်းဆောင်များက ချီချွမ်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။

" အင်ပါယာနန်းတော်က အမိန့်စာ ပို့လိုက်ပြီ။ အိမ်ရှေ့စံမင်းသားက ကျွန်မကို လက်ထပ်ဖို့ ဆန္ဒရှိတယ်တဲ့။ " ချီချွမ်က ပြုံး၍ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ မျိုးနွယ်စုမှ ခေါင်းဆောင်များက ဝမ်းသာသွားကြသည်။

" အဲ့ဒါကောင်းတယ်။ အိမ်ရှေ့စံမင်းသားက တော်ဝင်သမီးတော်ကို လက်ထပ်လိုက်ရင် ငါတို့က ချင်အင်ပါယာရဲ့ မိသားစုတစ်ခု တကယ်ဖြစ်သွားပြီ။ "

" ဟုတ်တယ် တော်ဝင်သမီးတော်က ကျုပ်တို့ ကျိုးလီမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ။ အိမ်ရှေ့စံမင်းသားနဲ့ လက်ထပ်လိုက်ရင် ကျုပ်တို့ ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာနဲ့ အပြည့်အဝ ပေါင်းစည်းသွားလိမ့်မယ်။ "

ခေါင်းဆောင်များက ရယ်မောလိုက်ကြသည်။ သို့သော် ချီချွမ်၏ အမူအရာက လေးနက်သွားသည်။

" တော်ပြီ။ " ချီချွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။ " ဒီနှစ်နှစ်အတွင်း ချင်အင်ပါယာက ငါတို့မျိုးနွယ်စုအပေါ် ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ အားလုံးသိတယ်မဟုတ်လား။ "

" တော်ဝင်သမီးတော် ချင်အင်ပါယာက ကျုပ်တို့ ကျိုးလီမျိုးနွယ်စုအပေါ် ကောင်းကောင်းဆက်ဆံခဲ့တယ်။ အရင်တုန်းက ပိုင်ယွဲ့က ဆင်းရဲပြီး နေရာတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ နှစ်တိုင်း မျိုးနွယ်စုဝင်များစွာက အဆိပ်ငွေ့တွေကြောင့် သေဆုံးခဲ့ရတယ်။ ဒါပေမယ့် အခု ချင်အင်ပါယာက ဆည်မြောင်းတွေဆောက်ပြီး လမ်းတွေ ဖောက်လုပ်ပေးခဲ့တယ်။ ကျုပ်တို့အတွက် မြို့တွေတောင် တည်ဆောက်ပေးခဲ့တယ်။ ကျုပ်တို့အပေါ် ချင်အင်ပါယာရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ "

" ဟုတ်တယ်။ အရင်က ချင်အင်ပါယာက ကျုပ်တို့ကို ကျွန်ပြုချင်လို့ ကျူးကျော်ခဲ့တာလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ချင်အင်ပါယာက ကျုပ်တို့ကို ဟွာရှလူမျိုးတွေလိုပဲ ဆက်ဆံခဲ့တယ်။ ဒီလိုနေ့ရက်တွေ​ကို စိတ်ကူးတောင် မယဉ်ခဲ့မိဘူး။ "

ခေါင်းဆောင်များက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ ချင်အင်ပါယာ၏ ကျေးဇူးတရားက သူတို့၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်သွားပြီဖြစ်သည်။ ၎င်းကို ကြားသောအခါ ချီချွမ်က ပြုံးလိုက်သည်။

" ငါတို့ ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာရဲ့ ကျေးဇူးကို ဘယ်လိုပြန်ဆပ်ကြမလဲ။ " ချီချွမ်က မေးလိုက်သည်။

" တစ်သက်လုံး ချင်အင်ပါယာကို သစ္စာရှိရမှာပေါ့။ ဧကရာဇ်က ဒီလောက်ထိ လုပ်ပေးထားတာ။ ကျုပ်တို့ ကျိုးလီမျိုးနွယ်စုကလည်း အမြဲတမ်း ချင်နိုင်ငံသားတွေ ဖြစ်နေမှာပဲ။ "

" ဟုတ်တယ်။ ကျုပ်တို့အားလုံးက ချင်အင်ပါယာကို သစ္စာရှိရမယ်။ " ခေါင်းဆောင်များက ပြောလိုက်ကြသည်။

" ရှင်တို့ရဲ့ စကားတွေကို မှတ်ထားပါ။ မျိုးနွယ်စုဝင်တိုင်းကိုလည်း မှတ်မိအောင် လုပ်ထားပါ။ ချင်အင်ပါယာက ငါတို့ ကျိုးလီမျိုးနွယ်က ဒီလောက်ကျေးဇူးပြုထားတာ။ ငါတို့က ကျေးဇူးကန်းပြီး ချင်အင်ပါယာကို သစ္စာဖောက်ရင် ငါတို့ ကျိုးလီမျိုးနွယ်စုမှာ အနာဂတ်ရှိမှာမဟုတ်တော့ဘူး။ ငါ အိမ်ရှေ့စံမင်းသားနဲ့ လက်ထပ်ပြီးရင် မျိုးနွယ်စုကို အုပ်ချုပ်ဖို့ ချင်အင်ပါယာက စေလွှတ်လိုက်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ အပြည့်အဝ ပူးပေါင်းရမယ်။ ချင်ဥပဒေကို လိုက်နာရမယ်။ ငါ မြို့တော်ကို ရောက်သွားတဲ့အခါ တစ်ယောက်ယောက်က အင်ပါယာအမိန့်ကို မလိုက်နာဘူးလို့ ကြားရင် ငါသူတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ " ချီချွမ်က သတိပေးလိုက်သည်။

" စိတ်ချပါ။ ကျုပ်တို့ ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာကို လုံးဝ သစ္စာဖောက်မှာမဟုတ်ပါဘူး။ " မျိုးနွယ်စု၏ ခေါင်းဆောင်များက ကတိပေးလိုက်ကြသည်။

ချင်အင်ပါယာ၊ ရှန်းယန်မြို့တော်၊ အိမ်ရှေ့စံနန်းတော်။

" အဆင့်ခြောက်ရတနာသေတ္တာတစ်လုံး၊ အဆင့်ငါးရတနာသေတ္တာကိုးလုံး၊ အဆင့်လေးရတနာသေတ္တာတစ်လုံး။ ဒီတစ်ခါလည်း အကျိုးအမြတ် အများကြီး ရလိုက်တာပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

အဆင့်ခြောက်ရတနာသေတ္တာက စွမ်းရည်ပြောင်းလဲမှုမှ ရရှိလာခြင်းဖြစ်ပြီး အဆင့်ငါးရတနာသေတ္တာကိုးလုံးက စွမ်းရည်များ တိုးတက်လာခြင်းမှ ရရှိခြင်းဖြစ်သည်။ အဆင့်လေးရတနာသေတ္တာက ထို့ပါဟူကို သတ်ဖြတ်ခြင်းမှ ရရှိလာခြင်းဖြစ်သည်။

" ရတနာသေတ္တာအားလုံး ဖွင့်မယ်။ " ကျောက်ဖုန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

" အဆင့်လေးရတနာသေတ္တာကို ဖွင့်နေပါပြီ။ "

" အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သွေးကြောကို ရရှိပါတယ်။ "

" အဆင့်ငါး ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "

" မိုးကြိုးနိယာမမျိုးစေ့ကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် ကိုးဆင့်အစိမ်းရောင်ကြာပန်းကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် အဆင့်မြင့်စိတ်ဝိညာဉ်အမြစ် ပန်တောက်သစ်ပင် ဆယ်ပင်ကို ရရှိပါတယ်။ " ( အနောက်အရပ်သို့ ခရီးသွားခြင်းမှ မသေမျိုးမက်မွန်းသီးများနှင့် တူသည်။)

" အချိန်နိယာမမျိုးစေ့ကို ရရှိပါတယ်။ "

" အဆင့်ခြောက် ဆေးဖော်စပ်သူ အမွေအနှစ်ကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် သိုင်းပညာ ရှစ်မျက်နှာလက်သီးသိုင်းကို ရရှိပါတယ်။ "

" ရှန်ထျန်းအဆင့် သမာဓိမီးတောက်ကို ရရှိပါတယ်။ "

" အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောက်ကို ရရှိပါတယ်။ "

" အဆင့်ခြောက် ရတနာသန့်စင်သူအမွေအနှစ်ကို ရရှိပါတယ်။ "

" အဆင့်ခြောင်ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "

" ရှန်ထျန်း အလယ်အလတ်အဆင့် ကျင်းကန်းလက်ကောက်ကို ရရှိပါတယ်။ "

ရတနာအားလုံးကို ဖွင့်လှစ်ပြီး စနစ်မှ အသိပေးချက်များ ပေါ်လာသည်။ ကျောက်ဖုန်း၏ အကြည့်က နိယာမမျိုးစေ့နှစ်ခုအပေါ်တွင် ရပ်တန့်သွားသည်။

" နိယာမမျိုးစေ့တွေမှာ နိယာမစွမ်းအားတွေပါဝင်နေတယ်။ အချိန်နိယာမ၊ မိုးကြိုးနိယာမ ဒါတွေက အစွမ်းထက်တဲ့ နိယာမနှစ်ခုပဲ။ ဒါတွေကို သန့်စင်လိုက်ရင် နိယာမနှစ်ခုကို နားလည်နိုင်လိမ့်မယ်။ ဒါပေမယ့် ငါကိုယ်တိုင် သန့်စင်ဖို့ မလိုဘူး။ ငါ ဒါတွေကို ကမ္ဘာငယ်ထဲထည့်ပြီး ကောင်းကင်တာအိုရဲ့ စွမ်းအားနဲ့ သန့်စင်လို့ရတယ်။ ဒါဆို ငါ့ရဲ့ ကောင်းကင်တာအိုအာဏာကလည်း နိယာမနှစ်ခုကို ထိန်းချုပ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

သာမန်ကျင့်ကြံသူများဆိုလျှင် နိယာမမျိုးစေနှစ်ခုကို အထွတ်အမြတ်ရတနာများအဖြစ် တန်ဖိုးထားကြပေလိမ့်မည်။ အကြောင်းမှာ ၎င်းက နိယာမများကို တိုက်ရိုက်နားလည်စေနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ကျောက်ဖုန်းအတွက် ထိုအ​ကျိုးသက်ရောက်မှုက ပိုမိုကြီးမားသည်။ ၎င်းတို့ကို ကမ္ဘာငယ်ထဲမှ ကောင်းကင်တာအိုအာဏာဖြင့် သန့်စင်ပြီး ကောင်းကင်တာအိုအာဏာကို သုံးကာ ၎င်းတို့ကို စုစည်းနိုင်သည်။ ၎င်းက ကောင်းကင်တာအိုအာဏာ၏ အဓိက အသုံးပြုမှုဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters