← Chapters

အခန်း ၅၅၄

Vol. 56 Ch. 554

အခန်း ၅၅၄

Vol. 56 Ch. 554

အခန်း (၅၅၄)

" ကိုးဆင့်အစိမ်းရောင်ကြာပန်း ကာကွယ်ရေးရတနာတစ်ခုပဲ။ အဲ့ဒါရဲ့ ကာကွယ်ရေးစွမ်းအားက ရှန်းထျန်းအဆင့် ရတနာနဲ့ ယှဉ်နိုင်တယ်။ မဆိုးဘူး။ ဟောက်ထျန်း အဆင့်​မြင့် ပန်တောက်သစ်ပင်က ပိုအားကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်။ ​ဟောက်ထျန်းအဆင့် သိုင်းပညာလည်း မဆိုးပါဘူး။ "

" သမာဓိမီးတောက် ဒီရှန်ထျန်းအဆင့် မီးတောက်ကို မျောက်တောင်ကြောက်ရတယ်။ ပြီးတော့ ဆေးဖော်စပ်ခြင်းနဲ့ ရတနာသန့်စင်ခြင်း အမွေအနှစ်တွေလည်း ရှိသေးတယ်။ ဒီအမွေအနှစ်တွေကို ကျွမ်းကျင်သွားရင် စနစ်တကျပြင်ဆင်ပြီး အင်ပါယာရဲ့ ဆေးပညာခန်းမနဲ့ ရတနာသန့်စင်ခြင်းခန်းမတွေကို လက်ဆင့်ကမ်းပေးလို့ရတယ်။ "

" အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောတွေကို ကမ္ဘာငယ်ထဲ ထည့်ထားလိုက်မယ်။ အဆင့်ခြောက်ရတနာသေတ္တာက ကျင်းကန်းလက်ကောက်တစ်ခု ရလာတယ်။ ဒါက ထိုက်ရှန်လောင်ဇီရဲ့ ရတနာလား။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

ကျင်းကန်းလက်ကောက်က အခြားသူများ၏ ရတနာများကို ဖိနှိပ်နိုင်သကဲ့သို့ ပြိုင်ဘက်များကိုလည်း တိုက်ခိုက်နိုင်သည်။

ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ကမ္ဘာငယ်ထဲသို့ ပို့လွှတ်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကမ္ဘာငယ်ကလည်း အကြီးအကျယ် တိုးတက်လာပြီဖြစ်သည်။ ကမ္ဘာငယ်ထဲတွင် သဘာဝဘေးအန္တရာယ်များ၊ စစ်ပွဲများနှင့် လူလုပ်ဘေးအန္တရာယ်များ မရှိပေ။

ထို့အပြင် ထျန်းရွှမ်ကြေးမုံကလည်း ကမ္ဘာငယ်ထဲတွင် ပျံ့နှံ့နေပြီဖြစ်သည်။ သူတို့၏ ကြေးမုံငယ်များက ချင်အင်ပါယာနှင့် ချိတ်ဆက်ထားခြင်းမရှိဘဲ ပင်မကြေးမုံနှင့်သာ ချိတ်ဆက်ထားသည်။ ကမ္ဘာငယ်ထဲတွင် စိုက်ပျိုးသော စိတ်ဝိညာဉ်ဆေးပင်များကို ထျန်းရွှမ်ကြေးမုံသို့ ပို့ဆောင်ပြီးနောက် အင်ပါယာဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။

ကမ္ဘာငယ်၏ အလယ်တွင် ကမ္ဘာသစ်ပင်က ကျန့်တစ်ရာလောက် မြင့်မားနေပြီဖြစ်သည်။ ကမ္ဘာသစ်ပင်၏ အလယ်တွင် ပန်တောက်သစ်ပင်များနှင့် ​ဗာမီလီယံသစ်ပင်များရှိပြီး စိတ်ဝိညာဉ်စမ်းချောင်းများလည်း ရှိသည်။ ကမ္ဘာသစ်ပင်၏ လွှမ်းမိုး​မှုအောက်တွင် ၎င်းတို့က ပို၍ ရှင်သန်ကြီးထွားလာကြသည်။ ထို့အပြင် နဂါးနက်ကလည်း ကမ္ဘာသစ်ပင်ကို မှီပြီး အိပ်စက်နေသည်။ နဂါးနက်၏ ရက်စက်ကြမ်းကြုတ်မှုကပင် အတော်လေး လျော့နည်းသွားပြီဖြစ်သည်။

" စိတ်ဝိညာဉ်သွေးကြောတွေရဲ့ အထောက်အပံ့နဲ့ ကမ္ဘာငယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေက ပိုပြီး ထူထပ်လာတယ်။ အခုရတဲ့ စိတ်ဝိညာဉ်သွေးကြောနှစ်ခုကို ထည့်လိုက်ရင် ရှန်းကျိုးကို ကျော်သွားနိုင်တယ်။ " ကျောက်ဖုန်းက ရတနာသေတ္တာထဲမှ စိတ်ဝိညာဉ်သွေးကြောနှစ်ခုကို ကမ္ဘာငယ်ထဲသို့ ထည့်လိုက်သည်။

စိတ်ဝိညာဉ်သွေးကြောနှစ်ခုက ကမ္ဘာငယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ခဏအတွင်း စိတ်ဝိညာဉ်စွမ်းအားများက မြင့်တက်လာသည်။ ကမ္ဘာငယ်ထဲမှ နေထိုင်သူများက ၎င်းကို ခံစားမိသော်လည်း အံ့ဩခြင်းမရှိကြပေ။

" အဖေ စိတ်ဝိညာဉ်စွမ်းအားတွေ ဘာလို့ပိုပြီးထူထပ်လာတာလဲ။ " ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်က သူ့အဖေကို ကြည့်ပြီး မေးလိုက်သည်။

" ဘာလို့လဲဆိုတော့ ကမ္ဘာအရှင်သခင်က ကောင်းချီပေးလို့လေ။ " ကောင်လေး၏ အဖေက လေးစားစွာ ပြောလိုက်သည်။

" ဒဏ္ဍာရီလာ ကမ္ဘာအရှင်သခင်က ဘယ်လိုပုံစံမျိုးလဲ။ " ကောင်းလေးက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ငါတို့အားလုံးရဲ့ စိတ်ထဲမှာ ကမ္ဘာအရှင်သခင်က ကြီးကျယ်မြင့်မြတ်တယ်။ အရင်တုန်းက ကမ္ဘာအရှင်သခင်သာ ငါတို့ကို ဒီကမ္ဘာထဲ မပြောင်းရွှေ့ပေးခဲ့ရင် ငါတို့က အစာငတ်ပြီးပဲ သေမလား၊ စစ်ဘေးကြောင့်ပဲ သေမလားမသိဘူး။ ကောင်လေး မင်းလည်း ကမ္ဘာအရှင်သခင်ရဲ့ ကျေးဇူးကို စိတ်ထဲမှာ အမြဲတမ်း မှတ်ထား။ အနာဂတ်မှာ ကောင်းကောင်းပြန်ဆပ်ရမယ်။ " ကောင်လေ၏ အဖေက ပြောလိုက်သည်။

" အဖေ ကျွန်တော် နားလည်ပါတယ်။ " ကောင်လေးက ခေါင်းညိမ့်လိုက်သည်။

ကမ္ဘာငယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ တိုးမြင့်လာသည်နှင့် နေထိုင်သူများက ကမ္ဘာအရှင်သခင်၏ ကျေးဇူးကို ပြန်သတိရသွားကြသည်။ အစတွင် ကျောက်ဖုန်းက ကမ္ဘာငယ်လေးကို ယန်ထင်အား အုပ်ချုပ်စေခဲ့သည်။ ကျောက်ဖုန်းက လူလုံးထွက်ပြခြင်းမရှိပေ။ သို့သော် ကမ္ဘာအရှင်သခင်၏ ကျေးဇူးကိုတော့ ကမ္ဘာငယ်ထဲမှ နေထိုင်သူများက မျိုးဆက်များတစ်လျှောက် လက်ဆင့်ကမ်းခဲ့ကြသည်။

" ချင်အင်ပါယာနဲ့ ယှဉ်ရင် ကမ္ဘာငယ်ထဲက သိုင်းတာအိုတိုးတက်မှုက တော်တော်လေးကြီးမားနေတာပဲ။ ယန်ထင်က အများစုက ကောင်းကင်ဖြစ်စဉ်အဆင့်ကို ရောက်သွားကြပြီ။ မဟာဆရာသခင်အဆင့်တွေလည်း အများကြီးရှိတယ်။ သူတို့ ဆက်ပြီး တိုးတက်ပါစေ။ " ကျောက်ဖုန်းက ကမ္ဘာငယ်၏ တိုးတက်မှုများကို ကြည့်နေသည်။

ကမ္ဘာငယ်ထဲတွင် လူတိုင်းက ငါးနှစ်ပြည်သည်နှင့် အရိုးဖွဲ့စည်းပုံကို စမ်းသပ်ပြီး သိုင်းတာအိုကျင့်ကြံခြင်းကို စတင်ကြသည်။ ကမ္ဘာငယ်ထဲတွင် သိုင်းတာအိုက အဓိကဖြစ်ပြီး ဆေးဖော်စပ်ခြင်းနှင့် လက်နက်သန့်စင်ခြင်းများလည်း ရှိသည်။ အင်မော်တယ်လမ်းစဉ်နှင့် ​ဗုဒ္ဓလမ်းစဉ်တို့ကတော့ မရှိပေ။ ဤကမ္ဘာကို နာမည်ပေးရလျှင် ကျောက်ဖုန်းက သိုင်းတာအိုကမ္ဘာဟု နာမည်ပေးပေလိမ့်မည်။

" နိယာမမျိုးစေ့နှစ်ခု ဒါတွေကို ပေါင်းစပ်လိုက်ရင် ကမ္ဘာငယ်က ထပ်ပြီး ပြောင်းလဲလာနိုင်တယ်။ " ကျောက်ဖုန်းက နိယာမမျိုးစေ့နှစ်ခုကို ထုတ်လိုက်သည်။

" ဝါးမြိုလိုက်။ " ကျောက်ဖုန်း၏ အတွေးတစ်ချက်နှင့်အတူ ကမ္ဘာသစ်ပင်က သစ်ကိုင်းနှစ်ခု ဆန့်ထုတ်လာပြီး နိယာမမျိုးစေ့နှစ်ခုကို ကမ္ဘာအလယ်သို့ ဆွဲယူသွားသည်။

" အခုဆိုရင် ကမ္ဘာငယ်မှာ ​ကောင်းကင်တာအိုရှိနေပြီဆိုတော့ နိယာမမျိုးစေ့နှစ်ခုကို စုပ်ယူဖို့က ခြောက်လ အများဆုံး တစ်နှစ်လောက်ပဲ ကြာလိမ့်မယ်။ " ကျောက်ဖုန်းက တွေးပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ကမ္ဘာငယ်ထဲမှ ပြန်ရုတ်သိမ်းလိုက်သည်။

" နောက်တစ်ခုကတော့ အင်မော်တယ်ဘုံကို လက်ဆောင်ပို့ပေးဖို့ပဲ။ မင်းတို့ သဘောကျဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ထျန်းရွှမ်ကြေးမုံကို ဆင့်ခေါ်လိုက်သည်။

ချင်အင်ပါယာ၏ ကံကြမ္မာစွမ်းအားကို စုပ်ယူပြီး အသွင်ပြောင်းလဲကာ ရှန်ထျန်းစိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် ထျန်းရွှိမ်ကြေးမုံက ကမ္ဘာများကြားသို့ ပစ္စည်းများ ပေးပို့နိုင်သည့် စွမ်းရည်ကို ရရှိခဲ့သည်။

" အင်မော်တယ်လူသားအဆိပ် ဒါက မင်းတို့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေအတွက် ချင်အင်ပါယာရဲ့ ပထမဆုံးလက်ဆောင်ပဲ။ " ကျောက်ဖုန်းက ပြုံးပြီး လက်ဝှေ့ရမ်းလိုက်သည်။ အင်မော်တယ်လူသားအဆိပ်က ကြွေပုလင်းများထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။

" ယင်ပု " ကျောက်ဖုန်းက ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် ဆက်သွယ်လိုက်သည်။

အင်မော်တယ်ဘုံ၊ တောင်ဘက်တိုက်ကြီး၏ မြို့တစ်မြို့ထဲရှိ အရက်ဆိုင်တစ်ခုတွင်။

" အင်မော်တယ်ဝိုင်ခန်းမက ဝိုင်ကောင်းတွေ လာဝယ်ကြပါဦး။ " လမ်းမပေါ်တွင် စားပွဲထိုးများက အော်ဟစ်နေကြပြီး ဧည့်သည်အများအပြားကလည်း ဆိုင်အပြင်ဘက်တွင် စုရုံးနေကြသည်။ သူတို့အားလုံးက လူသားမျိုးနွယ်များဖြစ်ကြသည်။

အင်မော်တယ်ဝိုင်ခန်းမ။

နာမည်ကြားလိုက်သည်နှင့် ၎င်းကို ချင်အင်ပါယာမှ ယန်ထင်မှ ဖွင့်လှစ်ထားမှန်းထင်ရှားသည်။ သူတို့မလာခင် ကျောက်ဖုန်းက ထျန်းရွှမ်ကြေးမုံထဲတွင် အရင်းအမြစ်များစွာ ထည့်ပေးလိုက်သည်။ အားလုံးက အင်မော်တယ်ဘုံတွင် ခြေကုပ်ယူရန်အတွက်ဖြစ်သည်။

" နောက်ဆုံးတော့ ဝယ်လို့ရပြီပေါ့။ ဆိုင်ရှင် မင်းတို့ရဲ့ ဝိုင်ကောင်းတွေကို ဘယ်တော့မှ အမြဲတမ်း ရောင်းပေးမှာလဲ။ " ဧည့်သည်တစ်ယောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

" ဧည့်သည်တော်တို့ ဝိုင်ကောင်းတစ်ခု ချက်လုပ်ဖို့က အချိန်ယူရပါတယ်။ အင်မော်တယ်ဝိုင်ခန်းမက ဝိုင်ကောင်းတွေကိုပဲ ချက်လုပ်တာမလို့ပါ။ " ယင်ပုက ပြုံး၍ ပြောလိုက်သည်။

သူတို့က အင်မော်တယ်ဘုံသို့ ရောက်လာသည်မှာ ကြာပြီဖြစ်သည်။ ကောင်းကင်ဘုံက တစ်ရက်က လူပြည်က တစ်နှစ်နှင့် ညီမှသည်ဟု ပြောကြသည်။ ယင်ပုက ရောက်ခါစတွင် သူ၏ လက်အောက်ငယ်သားများကို ချက်ချင်း စုစည်းခဲ့ပြီး ထိုနေရာတွင် အခြေချခဲ့သည်။

ထိုအချိန်တွင် ယင်ပုက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး လက်ထောက်တစ်ယောက်ကို မှာကြားကာ အတွင်းခန်းထဲသို့ ဝင်သွားသည်။ ယင်ပုက ထျန်းရွှမ်ကြေးမုံကို ဆင့်ခေါ်လိုက်သောအခါ ကျောက်ဖုန်း၏ ပုံရိပ်က ပေါ်လာသည်။

" အရှင်ကို ဂါရဝပြုပါတယ်။ " ယင်ပုက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဘယ်လိုလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အရှင် အားလုံး အဆင်ပြေပါတယ်။ ညီအကိုဆယ်ယောက်ကျော်လောက်ကတော့ ရောက်ရောက်ချင်း မတော်တဆမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ " ယင်ပုက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

" ဘာလို့လဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" နတ်ဆိုးသက်ရှိတွေပဲ။ အရှင် ကျွန်တော်တို့ကို အင်မော်တယ်ဘုံကို ပို့လိုက်တုန်းက ညီအကိုအားလုံးက ပြန့်ကျဲသွားခဲ့တယ်။ အချို့က တောင်တန်းတွေနဲ့ တောတောင်တွေထဲရောက်သွားပြီး နတ်ဆိုးသက်ရှိတွေရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်။ " ယင်ပုက ခေါင်းညိမ့်လိုက်သည်။

အင်မော်တယ်ဘုံတွင် မျိုးနွယ်စုများစွာ နေထိုင်ကြပြီး နတ်ဆိုးသက်ရှိများက နတ်ဆိုးမျိုးနွယ်များ ဖြစ်ပေလိမ့်နည်။

" မင်းတို့က အခု လူသားမြို့တစ်ခုမှာလား။ ဘယ်နိုင်ငံမှာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ကျွန်တော်တို့က အခု ဟွမ်ဖုန်းနိုင်ငံမှာ ရှိနေပါတယ်။ လူဦးရေဆယ်သန်းကျော်ရှိတဲ့ နိုင်ငံငယ်လေးတစ်ခုပါပဲ။ ဒီနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေက ကျွန်တော်တို့ ချင်အင်ပါယာနဲ့ နည်းနည်းဆင်ပေမယ့် စာပေအရေးအသားကတော့ ရှန်နဲ့ ကျောက်ခေတ်ကလို တော်တော်လေးရှုပ်ထွေးနေပါတယ်။ " ယင်ပုက ချက်ချင်း ပြန်​ဖြေလိုက်သည်။

" ဟွမ်ဖုန်းနိုင်ငံလား။ " ကျောက်ဖုန်းက ခဏ​စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည်။

" ဟွမ်ဖုန်းနိုင်ငံ၊ ဟွမ်ဖုန်းတောင်ကြော။ တကယ် ဒီလိုဖြစ်နေတာပဲ။ "

" ဟွမ်ဖုန်းနိုင်ငံမှာ ကျင့်ကြံသူတွေရှိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အရှင် ကျင့်ကြံသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့က လူသိရှင်ကြားမဟုတ်ဘဲ အရိပ်ထဲမှာ ပုန်းကွယ်နေကြပါတယ်။ ပြီးတော့ ဒီဟွမ်ဖုန်းနိုင်ငံရဲ့ နောက်ကွယ်မှာ ဂိုဏ်းတစ်ခုခု ရှိနေပုံပါပဲ။ သူတို့က စိတ်ဝိညာဉ်အမြစ်ရှိတဲ့သူတွေကို နှစ်တိုင်းရွေးချယ်ကြပါတယ်။ ကျွန်တော် ဟွမ်ဖုန်းနိုင်ငံမှာ နေလာတဲ့အချိန်အတွင်းမျဖာတော့ ဒီနိုင်ငံက အတော်လေး ငြိမ်းချမ်းပါတယ်။ " ယင်ပုက ရိုသေစွာ ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ဂိုဏ်းမှ လူများခေါ်ယူခြင်းနှင့်ပက်သက်၍ ကျောက်ဖုန်းက အနည်းငယ် ခန့်မှန်းမိသည်။ မွေးမြူခြင်း ဟွမ်ဖုန်းနိုင်ငံက အေးချမ်းနေပုံရသော်လည်း နှစ်တိုင်း ရွေးချယ်ခံရသော ကလေးများကိုတော့ သွေးသားကို စားသုံးရန်နှင့် ဝိညာဉ်အနှစ်သာရကို စုပ်ယူရန် အသုံးပြုမည်ဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters