← Chapters

အခန်း ၅၅၅

Vol. 56 Ch. 555

အခန်း ၅၅၅

Vol. 56 Ch. 555

အခန်း (၅၅၅)

" ယန်ထင်ရဲ့ တိုးချဲ့မှုက ရှန်းကျိုးမှာတုန်းကလိုပဲ။ အင်မော်တယ်ဝိုင်ခန်းမကို ချပြပြီး ယန်ထင်က အရိပ်ထဲမှာနေပါ။ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လူသစ်တွေ စု​ဆောင်းပါ။ ယန်ထင်ကို မြန်မြန်တိုးချဲ့ပြီး အင်မော်တယ်ဘုံရဲ့ အခြေအနေတွေကို နားလည်အောင်လုပ်ပါ။ ပြီးတော့ ဒီနေ့ မင်းကို နောက်ထပ်မှာကြားရမယ့်ကိစ္စတစ်ခု ရှိတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အမိန့်ရှိပါ အရှင်။ " ယင်ပုက ချက်ချင်း ပြန်ပြောလိုက်သည်။

"ငါမင်းရဲ့ ထျန်းရွှမ်ကြေးမုံထဲကို အင်မော်တယ်လူသားအဆိပ်ပုလင်းတစ်သောင်းပို့ထားတယ်။ ဘယ်လိုဖြန့်ကျက်ရမလဲဆိုတာ နည်းလမ်းရှာပါ။ ဒီအင်မော်တယ်လူသားအဆိပ်က အင်မော်တယ်ဘုံတစ်ခုလုံးကို ပျံ့နှံ့သွားရ် အကောင်းဆုံးပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အရှင် ဒီအင်မော်တယ်လူသားအဆိပ်က ဘာလဲ။ " ယင်ပုက သိလိုစိတ်ဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်းက ရှင်မပြတော့ဘဲ အင်မော်တယ်လူသားအဆိပ်၏ စွမ်းရည်များကို ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် ပို့ပေးလိုက်သည်။ ၎င်းကို မြင်သောအခါ ယင်ပု၏ မျက်လုံးများက တောက်ပသွားသည်။

" အရှင် ဒီအဆိပ်နဲ့ဆိုရင် အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ အကြီးအကျယ်ထိခိုက်သွားတော့မှာ မြင်ယောင်သေးတယ်။ " ယင်ပုက အေးစက်စွာ ပြုံးလိုက်သည်။

" ခြေရာလက်ရာမကျန်စေနဲ့။ ဟွမ်ဖုန်းနိုင်ငံတစ်ခုတည်း ကန့်သတ်မထားနဲ့။ ဖြစ်နိုင်ရင် ဘေးပတ်ဝန်းကျင်နိုင်ငံတွေကိုပါ ဖြန့်ပါ။ အင်မော်တယ်လူသားအဆိပ်က အရောင်လည်းမရှိသလို ပုံသဏ္ဍန်လည်းမရှိဘူး။ အဲ့ဒါက ကူးစက်နိုင်ပြီး ဘယ်လိုနေရာမျိုးမဆို ပျံ့နှံ့နိုက်တယ်။ ကျင့်ကြံသူတွေ သတ်ဖြတ်ရင်တောင် ဒါကို ပိုပြီး ပျံ့ပွားစေလိမ့်မယ်။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ရှန်းကျိုးကို ဘေးဒုက္ခတွေ ယူဆောင်လာတယ်။ ဒီအင်မော်တယ်လူသားအဆိပ်က ငါသူတို့အတွက် ပို့ပေးလိုက်တဲ့ ပထဆုံး လက်ဆောင်ပဲ။ ယန်ထင်က ဝူချန်တွေအပေါ်ကို ဒီအဆိပ်က သက်ရောက်မှိုရှိဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယင်ပုက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

အင်မော်တယ်များနှင့် နတ်ဘုရားများ၏ ရက်စက်မှုကို ပြောစရာပင်မလိုပေ။ သူတို့က ကရုဏာမရှိဘဲ လုပ်ဆောင်ကြသည်။ အင်မော်တယ်လူသားအဆိပ်၏ အရင်းအမြစ်ကို ရှာတွေ့သည်နှင့် သူတို့က သက်ရှိများ၏ သေဆုံးမှုကို ဂရုမစိုက်ဘဲ အမြစ်ပြတ်ချေမှုန်းကြပေလိမ့်မည်။

" အခု ထျန်းရွှမ်ကြေးမုံက ဘုံနှစ်ခုကြား ပစ္စည်းတွေ ပေးပို့နိုင်ပြီဆိုတော့ မင်းတို့အတွက် ကန့်သတ်ချက်မရှိတော့ဘူး။ အင်မော်တယ်ဘုံမှာ ဝိုင်ချက်လုပ်မယ်လို့ အကြောင်းပြပြီး စိတ်ဝိညာဉ်အပင်တွေနဲ့ အသီးအနှံတွေကို စုဆောင်လို့ရပြီ။ ပြီးတော့ အင်မော်တယ်ကျင့်စဉ်တွေ၊ လျို့ဝှက်နည်းစနစ်တွေ၊ မှော်ရတနာတွေ၊ နောက်ဆုံး ဆေးဖော်စပ်တာမဲ့ လက်နက်သန့်စင်တာတွေကိုလည်း ရယူနိုင်တယ်။ မင်းတို့ စိတ်ဝိညာဉ်ကျောက်တုံး လိုအပ်သလောက်ကို ငါ ထောက်ပံ့ပေးမယ်။ အရာအားလုံးကို ဂရုစိုက်ကိုင်တွယ်ပါ။ အင်မော်တယ်ဘုံမှာ ဥပဒေဆို​တာ မရှိဘူး။ မင်းတို့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့က အဓိကပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယင်ပုက ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ အကြောင်းတစ်ခုခုရှိရင် ငါ့ကို ဆက်သွယ်လိုက်ပါ။ " ထျန်ရွှမ်ကြေးမုံမှ ကျောက်ဖုန်း၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။

" အရှင်ကို နှုတ်ဆက်ပါတယ်။ " ယင်ပုက ထျန်းရွှမ်ကြေးမုံ၏ နေရာလွတ်ထဲသို့ အာရုံစိုက်လိုက်သည်။ အထဲတွင် ကြွေပုလင်းတစ်သောင်းပေါ်လာသည်။ ယင်ပုက ပုလင်းတစ်လုံးကို ဖွင်လိုက်သောအခါ မမြင်ရသောအော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

" အင်မော်တယ်လူသားအဆိပ်၊ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ မင်းတို့အားလုံး အံ့ဩစရာတစ်ခု ကြုံတွေ့ရတော့မှာပါ။ " ယင်ပုက အေးစက်စွာ ပြုံးလိုက်သည်။

အိမ်ရှေ့စံနန်းတော်။

" လက်ဆောင်တော့ ပို့ပြီးပြီ။ ရလဒ်ကို စောင့်ဖို့ပဲလိုတယ်။ မင်းတို့ လူသားတွေကို မစားသင့်ဘူး။ သူတို့ရဲ့ ဝိညာဉ်အနှစ်သာရကို မစုပ်ယူသင့်ဘူး။ ငါမင်းတို့ရဲ့ အသက်ရှည်ခြင်းလမ်းကြောင်းကို ဖြတ်ဆောက်ပစ်မယ်။ ဒါက လူသားအများကြီးကိုလည်း ကယ်တင်သလို ဖြစ်သွားလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဟုတ်သားပဲ။ မင်းဆက်အဆင့် တိုးမြှင့်လိုက်တော့ အင်ပါယာကဏ္ဍလည်း ပြောင်းလဲသွားလိမ့်မယ်။ ပြီးတော့ ရွှမ်ငှက်ရဲ့ စွမ်းရည်တစ်ခုကို ထပ်ရွေးရဦးမယ်။ " ကျောက်ဖုန်းက ထိုကိစ္စကို သတိရသွားသည်။ သူက ရွှမ်ငှက်၏ စွမ်းရည်များကို ဆင့်ခေါ်လိုက်သည်။

စစ်သည် - အင်ပါယာကံကြမ္မာစွမ်းအား၏ ကောင်းချီးအောက်တွင် စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်သည်။

ရာသီဥတု - အင်ပါယာအတွင်း ရာသီဥတုကို သာယာစေပြီး သီးနှံအထွက်နှုန်းကို လေးဆတိုးတက်စေသည်။

ကျင့်ကြံမှု - အင်ပါယာအတွင်း ပြည်သူအားလုံး၏ ကျင့်ကြံမှုကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်သည်။

စိတ်ဝိညာဉ် - အင်ပါယာအတွင်း မွေးဖွားလာသော ကလေးများ၏ ကျင့်ကြံမှုအရည်အချင်းကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။

" အရင်က ငါက ကျင့်ကြံမှုကို ရွေးချယ်ခဲ့တယ်။ အခု လူဦးရေတိုးတက်လာတာကို ဆုလာဘ်ပေးတော့ လူဦးရေက မြန်မြန် တိုးတက်လာလိမ့်မယ်။ ဒါကြောင့် စိတ်ဝိညာဉ်ကို ရွေးလိုက်မယ်။ ချင်အင်ပါယာမှာ ကျင့်ကြံမှုအရည်အချင်းရှိသူတွေ ပိုပြီး မွေးဖွားလာရမယ်။ " ကျောက်ဖုန်းက တွန်ဆုတ်ခြင်းမရှိဘဲ စိတ်ဝိညာဉ်ကို ရွေးချယ်လိုက်သည်။

" ပြီးတော့ စိတ်ဝိညာဉ်မီးတောက်နဲ့ ရတနာတွေကို သန့်စင်ရပြီး ကျင့်ကြံမှုကို မြှင့်တင်ရမယ်။ " ကျောက်ဖုန်းက တွေးလိုက်ပြီး ကျင့်ကြံခြင်းသို့ နစ်မြှုပ်သွားခဲ့သည်။

ရှန်းကျိုး၏ အနောက်ဘက်တွင် နိုင်ငံငယ် ၃၆ ခုရှိသည်။ သူတို့ကြားတွင် ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေသော်လည်း မမြင်ရသော စွမ်းအားတစ်ခုက သူတို့ကြားတွင် ချိန်ညှိပေးထားပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် နိုင်ငံ ၃၆ ခုက တစ်ခုမှ ပျောက်ကွယ်သွားခြင်းမရှိပေ။ ထို့အပြင် ထိုနိုင်ငံများတွင် အများစုက ​ဗုဒ္ဓဘာသာကို ယုံကြည်ကြသည်။ သူတို့က ဤဘဝတွင် ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိလျှင် နောင်ဘဝ၌ ချမ်းသာသော မိသားစုတွင် ပြန်လည်မွေးဖွားလာမည်ဟု ယုံကြည်ကြသည်။

အနောက်နိုင်ငံ ၃၆ ခုတွင် အင်အားအကြီးဆုံးနိုင်ငံမှာ ဝူစွန်းနိုင်ငံဖြစ်သည်။ ထိုနိုင်ငံထဲတွင် အခမ်းနားဆုံးနေရာမှာ နန်းတော်မဟုတ်ဘဲ ကြီးမားသော ​ဗုဒ္ဓဘုရားကျောင်းကြီးတစ်ခု ဖြစ်သည်။ လမ်းပေါ်တွင် ဘုန်းကြီးအများအပြားက သွားလာနေကြသည်။ သာမန်လူများက ထိုဘုန်းကြီးများကို မြင်သောအခါ ကြောက်ရွံ့စွာဖြင့် ဒူးထောက်နေကြသည်။ ဝူစွန်းနိုင်ငံ​တွင် ထိုဘုန်းကြီးများက အလွန်မြင့်မားသော အဆင့်အတန်းတွင် ရှိနေသည်မှာ ထင်ရှားသည်။

​ဗုဒ္ဓဘုရားကျောင်း​ထဲတွင် ရွှေရုပ်တုများရှိပြီး ဘုန်းကြီးအများအပြားက ခန်းမထဲတွင် ထိုင်နေကြသည်။ သူတို့အားလုံးကို ရွှေရောင်အလင်းများက ဝန်းရံထားပြီး အလွန်မြင့်မြတ်သည်ဟု ထင်ရသည်။

" ကျောင်းထိုင်ဆရာတော် ဖာလင်း ရှန်းကျိုးကို သွားတာ တစ်လရှိပြီ။ ဘာသတင်းမှလည်း မရသေးဘူး။ တစ်ခုခုဖြစ်သွားတာများလား။ " ဘုန်းကြီးတစ်ပါးက မေးလိုက်သည်။

" ဖာလင်းက ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ဖြစ်တဲ့အပြင် ​ဗုဒ္ဓအမြုတေကိုလည်း ဖွဲ့စည်းထားတယ်။ ရှန်းကျိုးမှာ သူ့ကို ဘယ်သူက ထိခိုက်အောင် လုပ်နိုင်မှာလဲ။ " ထိပ်ဆုံးတွင် ထိုင်နေသော ဘုန်းတော်ကြီးက ပြောလိုက်သည်။ သူက အနောက်ဘက်​ဗုဒ္ဓဘုရားကျောင်း၏ ကျောင်ထိုင်ဆရာတော် ဖာကျိဖြစ်သည်။

" ဖာလင်း ရှန်းကျိုးကို သွားတုန်းကဆယ်ရက်အတွင်း ပြန်လာမယ်လို့ ပြောခဲ့ပေမယ့် အခု ရက်အတော်ကြာသွားပြီ။ တစ်ခုခုဖြစ်သွားမှာ တပည့်တော် စိုးရိမ်မိပါတယ်။ ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားက အရမ်းအားကောင်းနေတယ်။ ဖန်လိုင်က အင်မော်တယ်တမန်တော်ကလည်း ထူးဆန်းစွာနဲ့ သေဆုံးသွားတယ်။ အဲ့ဒါက ရှန်းကျိုးနဲ့ ပကိသက်နေလောက်တယ်။ တပည့်တော်ရဲ့ အမြင်ကတော့ အရင်ဆုံးဦးအောင် တိုက်ခိုက်သင့်တယ်လို့ ထင်ပါတယ်။ တပည့်တော်တို့ ​ဗုဒ္ဓရဲ့ ကြီးမားတဲ့ အစီအစဉ်ကို မနှောင့်နှေးသင့်ပါဘူး။ " ဘုန်းကြီးတစ်ပါးက ပြောလိုက်သည်။

" ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက အရမ်းတိုးတက်လာတယ်။ ဖာလင်းပြန်မလာတာ ချင်အင်ပါယာကြောင့် ဖြစ်ရမယ်။ ဒါကြောင့် တပည့်တော်တို့ ဗုဒ္ဓဂိုဏ်းက အရင်ဆုံးတိုက်ခိုက်ရပါမယ်။ "

" အနောက်နိုင်ငံ ၃၆ ခုရဲ့ အင်အားနဲ့ဆိုရင် ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကို ဖြိုခွဲပြီး ရှန်းကျိုးမှာ ဗုဒ္ဓတရားတော်တွေ ဖြန့်ကျက်နိုင်မှာသေချာပါတယ်။ "

" ရှန်းကျိုးက အရည်အချင်းရှိသူတွေ ပေါများတဲ့ နေရာပဲ။ ရှန်းကျိုးရဲ့ စိတ်ဝိညာဉ်စွမ်းအားက ကြွယ်ဝတော့ စိတ်ဝိညာဉ်အမြစ်နဲ့ ဉာဏ်ပညာအမြစ်ရှိတဲ့သူတွေ ပေါများလိမ့်မယ်။ ရှန်းကျိုးကို သိမ်းပိုက်လိုက်ရင် ​ဗုဒ္ဓက ကံကြမ္မာစွမ်းအားကို ရမယ့်အပြင် တပည့်တော်တို့ ဗုဒ္ဓဂိုဏ်းကလည်း ကြီးမားတဲ့ အကျိုးအမြတ်တွေ ရပါလိမ့်မယ်။ "

ဘုန်းကြီးများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ ရှန်းကျိုးတွင် ​စိတ်ဝိညာဉ်အမြစ်နှင့် ဉာဏ်ပညာအမြစ်ရှိသူများအကြောင်း ပြောသောအခါ သူတို့၏ မျက်လုံးများထဲတွင် သွေးဆာသော အရိပ်အယောင်များ ပေါ်လာသည်။ မူလက ​ဗုဒ္ဓအလင်းများဖြင့် ပြည့်နှက်နေသော ဘုရားကျောင်းက ချင်းချင်းပင် အလောင်တောင်နှင့် သွေးပင်လယ်ကြားသို့ ရောက်သွားသည်ဟု ထင်ရသည်။

" နိုင်ငံ၃၆ခုလုံးကို အမိန့်တော်ပို့လိုက်။ စစ်တပ်တွေကို စုစည်းပြီး အရှေ့ဘက် ချင်အင်ပါယာကို တိုက်ခိုက်ရမယ်။ " ကျောင်းထိုင်ဆရာတော် ဖာကျိက ပြောလိုက်သည်။

ရှန်းကျိုး၏ သွေးသားအရင်းအမြစ်နှင့် အစားအစာများအကြောင်း တွေးမိသောအခါ သူကိုယ်လည်း တောင်မခံနိုင်ပေ။ အစက သူတို့က ​ဗုဒ္ဓတရားတော်များ ဖြန့်ဝေပြီး ရှန်းကျိုးကို တဖြည်းဖြည်း ထိန်းချုပ်ရန် စီစဉ်ထားသော်လည်း သူတို့၏ တမန်တော် ပြန်ရောက်မလာသောကြောင့် ရှန်းကျိုးကို တိုက်ခိုက်ရန် အကြောင်းပြချက်ရသွားပြီဖြစ်သည်။

" တပည့်တော်တို့ ကျောင်းထိုင်ဆရာတော်ရဲ့ အမိန့်ကို လိုက်နာပါတယ်။ " ​ဘုန်းကြီးများ၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များကတော့ လျော့နည်းသွားခြင်းမရှိပေ။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters