← Chapters

အခန်း ၅၅၇

Vol. 56 Ch. 557

အခန်း ၅၅၇

Vol. 56 Ch. 557

အခန်း (၅၅၇)

" ညီအကိုတို့ အောင်မြင်မှုရမယ့် အခွင့်အရေးကတော့ ရောက်လာပြီ။ ရန်သူတွေကို သတ်ပြီး စွမ်းဆောင်မှုရမှတ်တွေ ရယူကြ။ ဒါက စစ်သေနာပတိချုပ်နှစ်ယောက် ငါတို့ နယ်စပ်တပ်ဖွဲ့ကို ပေးထားတဲ့ အခွင့်အရေးပဲ။ လေးသည်တော်တွေ ကျောက်လုံးပစ်စက်တွေ ပြင်ဆင်ကြ။ ရန်သူတွေ ပစ်ကွင်းထဲရောက်လာတာနဲ့ ပစ်ကြ။ " ကောင်းပိုက လေးကို မြှောက်ပြီး အမိန့်ပေးလိုက်သည်။

" ဟေ့ ဟေ့ ဟေ့ " မြို့ရိုးပေါ်မှ ခရိုင်စစ်သည်များက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

​ဗုဒ္ဓကျင့်ကြံသူ၏ လွှမ်းမိုးမှုအောက်တွင် တိုင်းတစ်ပါးစစ်သည်များက အရူးများသဖွယ် နယ်စပ်မြို့ဆီသို့ ပြေးလာကြသည်။

" သတ်ကြ။ ကောင်းပိုက အမိန့်ပေးလိုက်သည်။

မြားတစ်သောင်းကျော်က တစ်ပြိုင်နက်ထွက်ပေါ်လာပြီး မြို့ပြင်တွင် မြားမိုးများ ကျဆင်းလာသည်။ မြို့ထဲမှ ကျောက်လုံးပစ်စက်များကလည်း ကျောက်တုံးများကို ပစ်လွှတ်လိုက်သည်။ မြို့ပြင်မှ ရူးသွပ်စွာ ပြေးဝင်လာသော တိုင်းတစ်ပါးစစ်သည်များက မြားမိုးအောက်တွင် အုပ်စုလိုက် လဲကျသွားကြသည်။ သို့သော် မြားချက်ထိမှန်ပြီး အသက်မသေသေးသော စစ်သည်များက မြို့ဆီသို့ ဆက်လက်ပြေးဝင်လာကြသည်။

၎င်းက ​ဗုဒ္ဓကျင့်ကြံသူ၏ စွမ်းအားဖြစ်နိုင်သည်။ ​ဗုဒ္ဓတရားတော်၏ လွှမ်းခြုံမှုက ကယ်တင်ခြင်းဟုပြောသော်လည်း ယခုကတော့ လူစိတ်ကို ရှုပ်ထွေးစေပြီး သူတို့ကို ရုပ်သေးများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

" အဲ့ဒီ​ဗုဒ္ဓကျင့်ကြံသူက တကယ်ယုတ်မာတာပဲ။ သူက အဲ့ဒီစစ်သည်တွေကို သေခြင်းကို မကြောက်တဲ့ ရုပ်သေးရုပ်တွေအဖြစ် ပြောင်းလဲလိုက်တယ်။ "

မြို့ရိုးပေါ်မှ ခရိုင်စစ်သည်များက တိုင်းတစ်ပါးစစ်သည်များ ကြောက်ရွံ့မှုမရှိ ပြေးဝင်လာသည်ကို မြင်သောအခါ တုန်လှုပ်သွားကြသည်။ သူတို့က မြားထိမှန်ပြီး သွေးများ ထွက်နေသော်လည်း နာကျင်မှုမရှိဘဲ မသေမချင်း ပြေးဝင်လာနေကြဆဲ ဖြစ်သည်။ ထိုမြင်ကွင်းက အမှန်တကယ် ကြောက်စရာကောင်းလှသည်။ သို့သော် ချင်စစ်သည်များကတော့ ကြောက်ရွံ့ခြင်းမရှိဘဲ မြားများကို ဆက်တိုက်ပစ်ခတ်နေကြပြီး မြို့ရိုးရှေ့တွင် တိုင်းတစ်ပါးစစ်သည်များ၏ အလောင်းများဖြင့် ပြည့်နှက်သွားသည်။

စစ်ပွဲစတင်သည်မှာ နှစ်နာရီကြာပြီဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်မှုများက ရပ်တန့်ခြင်းမရှိပေ။ စစ်သည်တစ်သိန်းက တစ်ဝက်လောက် ဆုံးရှုံးသွားပြီဖြစ်သည်။

" ဆရာတော် ချင်ရဲ့ ခုခံမှုက အားကောင်းတယ်။ ဒီအတိုင်းဆိုရင် မြို့ကို ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။ " ဝူစွန်းနိုင်ငံမှ စစ်သူကြီးက ဗုဒ္ဓကျင့်ကြံသူကို ကြည့်ပြီး ပြောလိုက်သည်။ သို့သော် ​ဗုဒ္ဓကျင့်ကြံသူက တည်ငြိမ်နေပြီး သူက တစ်ချက်ဝေ့ကြည့်လိုက်သည်။

" စစ်ကူတွေ မကြာခင်ရောက်လာလိမ့်မယ်။ ဆက်ပြီးတိုက်ခိုက်ပါ။ မရပ်လိုက်နဲ့။ " ​ဗုဒ္ဓကျင့်ကြံသူက စစ်သည်များ၏ သေဆုံးမှုကို ဂရုမစိုက်ပေ။ ထိုအစား သွေးချီများ ထွက်ပေါ်လာသောအခါ သူ၏ ခန္ဓာကိုယ်ပတ်လည်မှ သိမ်မွေ့သော အော်ရာက စစ်မြေပြင်မှ သွေးချီများနှင့် ဝိညာဉ်အနှစ်သာရကို စုပ်ယူနေသည်။

" ဒီလိုသတ်ဖြတ်တာကနေ ဖြစ်ပေါ်လာတဲ့ ဝိညာဉ်အနှစ်သာရက ငါနဲ့ သိပ်ကိုက်ညီတယ်။ အားလုံးပြီးသွားရင် စစ်မြေပြင်က သွေးချီနဲ့ ဝိညာဉ်အနှစ်သာရတွေက ငါ့ရဲ့ ကျင့်ကြံမှုကို အများကြီး တိုးတက်စေလိမ့်မယ်။ " ​ဗုဒ္ဓကျင့်ကြံသူက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

သူတို့၏ နောက်တွင် နောက်ထပ်စစ်သည်ပေါင်းများစွာ ချီတက်လာကြသည်။ အမှောင်ထုကျရောက်လာပြီး ညအချိန်သို့ ရောက်လာသော်လည်း ယခုမှရောက်ရှိလာသော အနောက်နိုင်ငံများ၏ စစ်သည်များက တိုက်ခိုက်ရန် အမိန့်ရရှိထားသည်။ သူတို့၏ တပ်ဖွဲ့များတွင်လည်း ​ဗုဒ္ဓကျင့်ကြံသူများ ဦးဆောင်နေကြသည်။

" ​ဗုဒ္ဓအလင်းလွှမ်းခြုံခြင်း " စစ်တပ်ရောက်ရှိလာချိန်တွင် ​ဗုဒ္ဓကျင့်ကြံသူများက သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ ညအလင်းရောင်အောက်တွင် ရွှေရောင်​ဗုဒ္ဓအလင်းများက စစ်သည်များကို အသိစိတ်လွတ်သွားစေပြီး နယ်စပ်မြို့ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

သူတို့က စစ်သည်များ၏ အသက်များကို ဂရုမစိုက်ကြဘဲ မြို့ကို ထိုးဖောက်ရန်သာ စိတ်ဝင်စားကြသည်။ ထို့အပြင် သူတို့က ထိုသေဆုံးမှုများကြားမှ ထွက်ပေါ်လာသော သွေးချီနှင့် ဝိညာဉ်အနှစ်သာရများကို စုပ်ယူပြီး ကျင့်ကြံမှုကို တိုးတက်အောင် လုပ်နေကြသည်။

နယ်စပ်မြို့၏ အနောက်ဘက်တွင် ချင်စစ်သည်ခြောက်သိန်းက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

" ချင်စစ်သည်တို့ သတ်ကြ။ " ဝမ်ပင်းနှင့် တုဆွေတို့၏ အမိန့်အောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် ချင်စစ်သည်များက နယ်စပ်မြို့၏ ဘေးနှစ်ဖက်မှ ရွေ့လျားလာပြီး ရူးသွပ်နေသော အနောက်နိုင်ငံများမှ စစ်သည်များက စတင်သတ်ဖြတ်ကြတော့သည်။

​ဗုဒ္ဓကျင့်ကြံသူများက ​ဗုဒ္ဓစွမ်းအားများဖြင့် အနောက်နိုင်ငံများမှ စစ်သည်များကို နာကျင်မှုကို မသိ၊ သေခြင်းကို မကြောက်အောင် လုပ်ထားသော်လည်း သူတို့က လူသားများသာ ဖြစ်သည်။ ကြောက်ရွံ့မှုမရှိခြင်းက သာမန်စစ်တပ်များကို အသာစီးရနိုင်သော်လည်း သူတို့ရင်ဆိုင်နေရသည်မှာ သိုင်းတာအိုကို ကျင့်ကြံထားသော ချင်စစ်တပ်ဖြစ်သည်။ စခန်းကြီးနှစ်ခုက ဘေးနှစ်ဖက်မှ တိုက်ခိုက်လိုက်ချိန်တွင် တိုက်ပွဲ၏ အဆုံးသတ်က နီးကပ်လာခဲ့သည်။

" စစ်ဝိညာဉ်အစီအရင် စတင်မယ်။ " ညကောင်းကင်အောက်တွင် တုဆွေနှင့် ဝမ်ပင်းတို့က အော်ဟစ်လိုက်ကြသည်။ စစ်သည်သုံးသိန်း၏ သွေးချီများက စုဝေးသွားပြီး ကျန့်ငါးရာကျော် ရှည်လျားသော ဓားအလင်းတန်းနှစ်ခုက ဟင်းလင်းပြင်ကို ခွဲပြီး အနောက်နိုင်ငံများမှ စစ်တပ်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ ညကောင်းကင်အောက်တွင် သတ်ဖြတ်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။

အိမ်ရှေ့စံနန်းတော်။

ကျောက်ဖုန်းက မျက်လုံးများဖွင့်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ အနီရောင်မီးတောက်တစ်ခုက သူ၏ လက်ပေါ်တွင် ပေါ်လာသည်။ ကိုးဆင့်မီးကြာပန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။

" သမာဓိမီးတောက် အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကိုတောင် လောင်ကျွမ်းနိုင်တယ်။ ရှန်ထျန်းမီးတောက်က တကယ်ထူးခြားတာပဲ။ " ကျောက်ဖုန်းက သူ၏ လက်ဝါးပေါ်မှ သမာဓိမီးတောက်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

မကြာသေးခင်ရက်ပိုင်းအတွင်း သူက တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး စိတ်ဝိညာဉ်မီးတောက်နှင့် မှော်ရတနာများကို သန့်စင်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ရုတ်တရက် ကျောက်ဖုန်းက တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

" အချိန်မျိုးစေ့နဲ့ မိုးကြိုးမျိုးစေ့တွေက ကမ္ဘာငယ်နဲ့ ပေါင်းစပ်သွားပြီ။ " ကျောက်ဖုန်းက ဝမ်းသာစွာဖြင့် ပြောလိုက်သည်။ သူ၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။

ထိုအချိန်တွင် ကမ္ဘာငယ်က အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ကမ္ဘာသစ်ပင်၏ အကိုင်းအခက်များက ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့နေပြီး ကမ္ဘာငယ်က ဆက်လက်ချဲ့ထွင်နေသည်။

" လီတစ်သိန်း။ ကမ္ဘာငယ်တစ်ထောင်အဆင့်ကို ဝင်ရောက်သွားပြီ။ " ကျောက်ဖုန်းက ကမ္ဘာငယ်၏ အဆင့်ကို ချက်ချင်း သိလိုက်သည်။

" ဒီနိယာမမျိုးစေ့နှစ်ခုက ကမ္ဘာငယ်ကို ဒီလောက်ထိ တိုးတက်စေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကမ္ဘာက အဆင့်မြင့်သွားတဲ့အတွက် ကောင်းကင်တာအိုရဲ့ စွမ်းအားကလည်း ပိုသန်မာလာတယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

ဝုန်း ဝုန်း....

ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများက ရုတ်တရက် ဆင်းသက်လာပြီး မိုးများရွာသွန်းလာသည်။

" ဓာတ်ငါးမျိုးက စုစည်းသွားပြီ။ အခုဆို မိုးကြိုးနိယာမလည်း ရှိလာပြီ။ အချိန်နိယာမနဲ့ ပေါင်းစပ်လိုက်တဲ့အတွက် ကမ္ဘာငယ်က သူ့အချိန်နဲ့သူ ရှိလာပြီ။ ရှန်းကျိုးက အချိန်နဲ့ မတူတော့ဘူး။ ကမ္ဘာငယ်နဲ့ ရှန်းကျိုးက အချိန်စီးဆင်းမှုမတူတော့ ကမ္ဘာကို ပိုပြီး မြန်မြန်ဖွံ့ဖြိုးလာအောင် လုပ်လို့ရပြီ။ "

၎င်းကို တွေးမိသောအခါ ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ကောင်းကင်တာအိုစွမ်းအားများကို စုစည်းပြီး ကမ္ဘာငယ်ထဲမှ အချိန်စီးဆင်းမှုကို မြှင့်တင်လိုက်သည်။ ကမ္ဘာငယ်ထဲမှ သက်ရှိအားလုံးက ၎င်းကို မသိနိုင်ကြပေ။

" အချိန်စီးဆင်းမှု ပြောင်းလဲသွားပြီ။ အခု ရှန်းကျိုးမှာ တစ်နှစ်က ကမ္ဘာငယ်မှာ နှစ်ငါးဆယ်နဲ့ ညီမျှတယ်။ ဒါက ကမ္ဘာငယ်က ကောင်းကင်တာအိုစွမ်းအားရဲ့ ကန့်သတ်ချက်ပဲ။ ဒီနည်းနဲ့ဆို ချင်အင်ပါယာက ကျင့်ကြံသူတွေက ကမ္ဘာငယ်ထဲက အချိန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မလား။ " ကျောက်ဖုန်းက အချိန်စီးဆင်းမှုကို ပြောင်းလဲပြီးနောက် အစီအစဉ်တစ်ခုကို စဉ်းစားမိလိုက်သည်။

သိုင်းတာအို ဖြန့်ဝေသည်မှာ နှစ်နှစ်သာရှိသေးပြီး အရင်းအမြစ်က လုံလောက်သော်လည်း အချိန်က လိုအပ်နေသေးသည်။ ထိုအချိန်က သက်တမ်းနှင့် မဆိုင်ပေ။ ရှန်းကျိုးနယ်မြေက အင်မော်တယ်ဘုံ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းနှင့် သက်ဆိုင်သည်။ ချင်အင်ပါယား လက်ရှိအင်အားဖြင့် လူသားများကို အနိုင်ယူနိုင်သော်လည်း အင်မော်တယ်ဘုံမှ အင်မော်တယ်များ၊ နတ်ဘုရားများနှင့်ယှဉ်လျှင် အားနည်းနေသေးသည်။ ထို့ကြောင့် အင်အားတိုးတက်ရန် အချိန်လိုအပ်သည်။

ကျောက်ဖုန်းက ကံကြမ္မာစွမ်းအားကို အသုံးပြုပြီး စွမ်းရည်များကို စုဆောင်းကာ လျင်မြန်စွာ တိုးတက်နိုင်သည်။ ဟောက်ထျန်းခန္ဓာကလည်း သူ၏ ကျင့်ကြံမှုအရှိန်ကို တိုးမြှင့်ပေးနိုင်သည်။ သို့သော် သူ၏ လက်အောက်ခံများကတော့ သူ့လောက် မြန်မြန် မတိုးတက်နိုင်ကြပေ။

" ဒါဆို ငါ ကမ္ဘာငယ်ကို ကျင့်ကြံခြင်းနေရာတစ်ခုအဖြစ် တည်ထောင်ရမယ်။ စိတ်ဝိညာဉ်စွမ်းအား ပြည့်ဝတာအပြင် အဓိကက အချိန်စီးဆင်းမှုပဲ။ ကမ္ဘာငယ်မှာ နှစ်ငါးဆယ် ကျင့်ကြံရင် ရှန်းကျိုးမှာ တစ်နှစ်နဲ့ ညီမျှတယ်။ အင်ပါယာကျောင်းတော်က အလယ်အလတ်အဆင့်အထက် ပိုတဲ်အရည်အချင်းနဲ့ စိတ်ဝိညာဉ်အမြစ်သုံးခုအထက် ရှိသူတွေကို ကမ္ဘာငယ်ထဲမှာ ကျင့်ကြံဖို့ ခေါ်ယူနိုင်တယ်။ ဒီနည်းနဲ့ဆို ချင်အင်ပါယာက အမြန်ဆုံး တိုးတက်လာလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုကိသည်။

ကမ္ဘာငယ်က သူ့ကို အံ့အားသင့်စေပြီး ချင်အင်ပါယာ၏ အချိန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။

" လီတစ်သိန်းရှိတဲ့ ကမ္ဘာငယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက တိုးတက်လာပြီး ရှန်းကျိုးထက်တောင် နည်းနည်းသာလွန်သွားတယ်။ ဒီကမ္ဘာငယ်ရဲ့ အနောက်ဘက်မှာ ကျင့်ကြံခြင်းနေရာတစ်ခု တည်ထောင်လိုက်မယ်။ ကမ္ဘာငယ်ထဲကို အခြားသူတွေ ဝင်လည်း မဝင်နိုင်သလို ထွက်လည်း မထွက်သွားနိုင်ဘူး။ " ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ထို့နောက် ကောင်းကင်တာအို၏ စွမ်းအားကို သုံးပြီး လီတစ်ရာကျယ်ဝန်းသော မြေပြင်တစ်ခုကို ခွဲထုတ်လိုက်သည်။ ကျောက်ဖုန်းက ထိုနေရာတွင် သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအားများ ပိုမိုထူထပ်အောင် လုပ်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters