အခန်း ၅၅၈
Vol. 56 Ch. 558
အခန်း (၅၅၈)
" ဒီနေရာမှာ ကျင့်ကြံခြင်းနေရာတစ်ခု တည်ထောင်လို့ရပြီ။ အရင်းအမြစ်နဲ့ ကျင့်ကြံမှုကို တိုးမြှင့်လိုက်ရင် ချင်အင်ပါယာက ကျင့်ကြံသူတွေရဲ့ အင်အားက အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ရုတ်သိမ်းပြီး လူသားတာအိုအာဏာကို ထုတ်ဖော်လိုက်သည်။ ဓာတ်ငါးမျိုးနိယာမ၊ မိုးကြိုးနိယာမနှင့် အချိန်နိယာမက သူ၏ ရှေ့တွင် ပေါ်လာသည်။
" သူတော်စင်တွေရဲ့ တပည့်တွေတောင် ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို နားလည်ဖို့ ဟင်းလင်းပြင်ထဲကို ပေါင်းစပ်ဖို့ လိုအပ်တယ်။ ဒါပေမယ့် ငါ့မှာ လူသားတာအိုအာဏာရှိနေလို့ ကမ္ဘာရဲ့ နိယာမတွေက ငါ့ရှေ့မှာ အပြည့်အဝ ပေါ်လွင်နေတယ်။ ဒါကလည်း အခွင့်အရေးတစ်ခုပဲ။ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်မှာ နိယာမစွမ်းအားကို သုံးပြီး ရန်သူတွေကို တိုက်ခိုက်နိုင်တာ ငါတစ်ယောက်တည်း ဖြစ်နိုင်တယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။ ထို့နောက် သူ၏ စိတ်ကို စတင်စုစည်းလိုက်ပြီး ဖရိုဖရဲနိယာမကို အာရုံစိုက်ကာ အချိန်နှင့် မိုးကြိုးနိယာမများကို စတင်လေ့လာလိုက်သည်။
ညီလာခံခန်းမ။
" ဧကရာဇ်မင်းမြတ် အနောက်ဘက်နယ်စပ်မှာ အောင်ပွဲရရှိခဲ့ပါတယ်။ လန်ထျန်းနဲ့ ဝူအန်းစခန်းနှစ်ခုက အနောက်ဘက်နယ်စပ်မြို့မှာ အနောက်နိုင်ငံတွေရဲ့ မဟာမိတ်စစ်တပ်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတစ်ပွဲတည်းနဲ့ ရန်သူသုံးသိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး လေးသိန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျွန်တော်မျိုးတို့ စစ်တပ်က ထိခိုက်သေဆုံးမှု တစ်ထောင်တောင် မပြည့်ခဲ့ပါဘူး။ ကြီးမားတဲ့ အောင်ပွဲပါပဲ။ "
" ဒါ့အပြင် အနောက်ဘက်နယ်မြေက ဗုဒ္ဓကျင့်ကြံသူတွေက ဗုဒ္ဓစွမ်းအားတွေကို သုံးပြီး အသိစိတ်လွှတ်အောင် တိုက်ခိုက်ခဲ့ပါတယ်။ ကံကြမ္မာစွမ်းအားက ကာကွယ်ပေးထားလို့ ကျွန်တော်မျိုးတို့ တပ်တွေက ဘာမှမဖြစ်ခဲ့ပါဘူး။ အင်ပါယာဆရာက ဓားတစ်လက်နဲ့ ဗုဒ္ဓကျင့်ကြံသူ တစ်ရာနီးပါးကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်နှစ်ယောက်က အနောက်ဘက်နယ်မြေကို တိုက်ခိုက်ဖို့ သွားနေပါပြီ။ အင်ပါယာဆရာကလည်း သူ့တပည့်တွေကို ခေါ်ပြီး လိုက်ပါသွားပါတယ်။ " ယွီလျောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အရမ်းကောင်းတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " အင်မော်တယ်ဆရာက တကယ်ကို အင်အားကြီးတာပဲ။ "
" ဒါပေမယ့် ဗုဒ္ဓကျင့်ကြံသူက တစ်ရာကျော်ပဲရှိတာလား။ " ရင်ကျန့်က အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်သည်။
ယခင် ကျောက်ဖုန်းက ဗုဒ္ဓကျင့်ကြံသူ ဖာလင်းကို စိတ်ဝိညာဉ်ရှာဖွေမှု ပြုလုပ်ခဲ့သည်။ ရှန်းကျိုးနယ်မြေက အင်မော်တယ်ဘုံမှ ခွဲထွက်လာပြီးနောက် ဗုဒ္ဓဂိုဏ်းက အနောက်ဘက်နိုင်ငံ ၃၆ ခုတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည်။ ဗုဒ္ဓကျင့်ကြံသူများက တစ်ရာထက် ပိုမည်မှာ သေချာသည်။
" ဧကရာဇ်မင်းမြတ် အဲ့ဒီဗုဒ္ဓကျင့်ကြံသူတို့က ချင်အင်ပါယာကို အထင်သေးပြီး အဲ့ဒီလူတစ်ရာကျော်ပဲ စေလွှတ်လိုက်တာပဲ ဖြစ်ပါလိမ့်မယ်။ သူတို့က ချင်အင်ပါယာရဲ့ အင်အားကို မသိကြဘူး။ ဒါပေမယ့် သူတို့ရဲ့ ဗုဒ္ဓစွမ်းအားက တကယ်သန်မာတယ်။ အသုံးပြုလိုက်တိုင်း သူတို့စစ်သည်တွေက တစ်စ္ဆေသရဲပူးကပ်သလို သေရမှာကို မကြောက်ကြတော့ဘူး။ ကျွန်တော်မျိုးတို့ ချင်စစ်တပ်က သိုင်းတာအိုကျင့်ကြံသူတွေသာ မဟုတ်ခဲ့ရင် ဒီလိုကြောက်ရွံ့မှုမရှိတဲ့ စစ်တပ်ကို ရင်ဆိုင်ဖို့ ခက်ခဲပါတယ်။ " ယွီလျောင်က စဉ်းစားပြီး ပြောလိုက်သည်။
" ဗုဒ္ဓကျင့်ကြံသူတွေ အပြင်ပန်းက ကရုဏာရှိသယောင်နဲ့ ဟန်ဆောင်ထားတဲ့ နတ်ဆိုးတွေပဲ။ ငါတို့ ချင်အင်ပါယာက အနောက်ဘက်နယ်မြေကို သိမ်းပိုက်နိုင်ရင် အဲ့ဒီဗုဒ္ဓကျင့်ကြံသူတွေကို ရှင်းလင်းပစ်ရမယ်။ " ရင်ကျန့်က အေးစက်စွာဖြင့် ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ဧကရာဇ်မင်းမြတ် ကျူးလီတော်ဝင်သမီးတော်က စောင့်နေတာ ကြာပါပြီ။ မင်္ဂလာပွဲအတွက် အားလုံး စီစဉ်ပြီးသွယးပါပြီ။ အိမ်ရှေ့စံမင်းသား ကျင့်ကြံရာက ဘယ်တော့ ထွက်လာမှာလဲ မသိရသေးပါဘူး။ " ဟန်ဖေးက ရိုသေစွာ ပြောလိုက်သည်။
" ဝန်ကြီးချုပ်ဟန် ပြင်ဆင်ပြီးသွားပြီဆိုတော့ ဒီနေ့ပဲ မင်္ဂလာပွဲကို ကျင်းပကြတာပေါ့။ " ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ အရာရှိအားလုံးက လေးစားစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ထကြပါ။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး ရင်ကျန့်ဘက်သို့ လှည့်လိုက်သည်။ " ခမည်းတော် "
" ဖုန်းအာ နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒီတစ်ခါ ကျင့်ကြံတာက အကျိုးအမြတ်တွေ ရခဲ့ပါတယ်။ ဒါပေမယ့် ကျိုးလီတော်ဝင်သမီးတော်ကို စောင့်ခိုင်းထားလို့မဖြစ်ဘူးလေ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဗုဒ္ဓကျင့်ကြံသူတွေက ချင်အင်ပါယာကို တိုက်ခိုက်ဖို့ နိုင်ငံ ၃၆ခုက စစ်တပ်တွေကို စုစည်းခဲ့တယ်။ အခုတော့ သူတို့စုစည်းထားတဲ့ စစ်သည်ရှစ်သိန်းနီးပါးကို ငါတို့ ချင်စစ်တပ်က ချေမှုန်းခဲ့ပြီး အများအပြားကိုလည်း ဖမ်းဆီးထားတယ်။ အခု စခန်းနှစ်ခုက အနောက်ဘက်နယ်မြေကို တိုက်ခိုက်လို့ရပြီ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ခမည်းတော် အနောက်ဘက်နိုင်ငံတွေက စိုးရိမ်စရာမရှိပါဘူး။ အဓိကပြဿနာက အဲ့ဒီဒေသက ဗုဒ္ဓကျင့်ကြံသူတွေပဲ။ ဒါပေမယ့် အင်ပါယာဆရာကိုယ်တိုင် လိုက်သွားတာမလို့ အန္တရာယ်မဖြစ်နိုင်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားက ကျင့်ကြံရာက ထွက်လာပြီဆိုတော် ဒီနေ့ နန်းတော်မှာ မင်္ဂလာပွဲကျင်းပမယ်။ ကျိုးလီတော်ဝင်သမီးတော်က ငါတို့ အင်ပါယာမိသားစုထဲကို ဝင်ရောက်လာမှာဖြစ်တဲ့အတွက် အနာဂတ်မှာ ကျိုးလီမျိုးနွယ်စုက စိတ်ရင်းမှန်နဲ့ သစ္စာခံကြလိမ့်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " အရာရှိများက ပြန်လည်ဖြေကြားလိုက်ကြသည်။
" ခမည်းတော် သားတော် ကျင့်ကြံဖို့နေရာတစ်ခု ရခဲ့တယ်။ အဲ့ဒီမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ကြွယ်ဝပြီး ရှန်းကျိုးနဲ့ အချိန်ချင်းလည်း မတူဘူး။ အဲ့ဒါက ချင်အင်ပါယာရဲ့ အင်အားကို တိုးတက်စေလိမ့်မယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" အချိန်ချင်းမတူဘူးလား။ ဘယ်လိုမျိုးလဲ။ " ရင်ကျန့်က အံ့အားသင့်စွာ မေးလိုက်သည်။
" သားတော်ရခဲ့တဲ့ ကျင့်ကြံခြင်းနေရာမှာ နှစ်ငါးဆယ်က ရှန်းကျိုးမှာ တစ်နှစ်ကုန်ဆုံးတာနဲ့ ညီမျှပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်က မျက်လုံးများပြူးသွားပြီး ချက်ချင်း ဝမ်းသာသွားသည်။ " ဒီလိုကျင့်ကြံခြင်းနေရာက ချင်အင်ပါယာအတွက် တကယ်ကောင်းချီးပဲ။ ဖုန်းအာ မင်း အဲ့ဒီကျင့်ကြံခြင်းနေရာကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။ "
" အဲ့ဒါကျင့်ကြံခြင်းနေရာက သိုင်းတာအိုလမ်းစဉ်၊ အင်မော်တယ်လမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ်နဲ့ အခြားလမ်းစဉ်တွေကိုလည်း မြှင့်တင်ပေးလိမ့်နယ်။ ပထမဆုံးဝင်ရောက်မယ့်အသုတ်ကို အင်ပါယာကျောင်းတော်၊ စစ်တပ်၊ ဆေးပညာခန်းမနဲ့ လက်နက်သန့်စင်ခြင်းခန်းမတွေကနေ ရွေးချယ်မယ်။ အရေအတွက်ကတော့ ကန့်သတ်ချက်မရှိဘူး။ ရှန်းထျန်းအဆင့်ကို မရောက်သေးတဲ့သူတွေက အသက်သုံးဆယ်အောက်ဖြစ်ရမယ်။ ရှန်းထျန်းအဆင့်ကို ရောက်ပြီးတဲ့သူတွေက အသက်တစ်ရာအောက်ဖြစ်ရမယ်။ ကျင့်ကြံခြင်းနေရာကို ဝင်ပြီးရင် အရည်အချင်းမပြည့်မီဘဲ တိုးတက်မှုမရှိလို့ ကိုယ်ရဲ့သက်တမ်းကို မဖြုန်းတီးချင်ရင် ထွက်သွားလို့ရတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ရှန်ထျန်းအဆင့်ကို မရောက်ခင် လူတစ်ယောက်၏ သက်တမ်းက နှစ်တစ်ရာထက်မပိုပေ။ ရှန်းထျန်းအဆင့်သို့ ရောက်သောအခါ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်သောကြောင့် သက်တမ်းက နှစ် ၁၅၀ တိုးလာပြီဖြစ်သည်။ အရည်အချင်းနိမ့်သူများအတွက် ကမ္လာငယ်ထဲတွင် ကျင့်ကြံရန် အခွင့်အရေးတစ်ကြိမ်သာရှိသည်။ အကယ်၍ တိုးတက်မှုမရှိလျှင် သူတို့၏ သက်တမ်းက ကုန်သွားမည်ဖြစ်သောကြောင့်ဖြစ်သည်။
" အားလုံး နားလည်ကြတယ်မဟုတ်လား။ " ရင်ကျန့်က အရာရှိများကို ကြည့်ပြီး မေးလိုက်သည်။
" ကျွန်တော်မျိုးတို့ နားလည်ပါတယ်။ " အရာရှိအားလုံးက ခေါင်းညိမ့်လိုက်ကြသည်။
အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းပြီးနောက် ရှန်းကျိုး၏ သက်တမ်းကန့်သတ်ချက်ကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော် ချင်အင်ပါယာတစ်ခုလုံးကို ဖုံးအုပ်ထားသော ပြည်နယ်ကိုးခုအကာအကွယ်ပေါ်လာသောအခါ သက်တမ်းကို ကန့်သတ်ထားသော စည်းမျဉ်းက ပျောက်ကွယ်သွားခဲ့သည်။ ထိုစည်းမျဉ်းက ကောင်းကင်ဘုံမှ ချမှတ်လိုက်သော စည်းမျဉ်းဖြစ်သည်။ လူသားတာအို၏ ကံကြမ္မာစွမ်းအားကသာ ကောင်းကင်စည်းမျဉ်းကို ချိုးဖျက်နိုင်သည်။
" ရွေးချယ်တဲ့အခါ သူတို့ ဆန္ဒရှိမရှိကို မေးရမယ်။ ဒီအခွင့်အရေးက အချိန်ကွာခြားချက်ကို အသုံးပြုတာမလို့ သက်တမ်းက ကုန်ဆုံးသွားလိမ့်မယ်။ ဘယ်သူ့ကိုမှ ဖိအားမပေးပါနဲ့။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " အရာရှိများက ခေါင်းညိမ့်လိုက်ကြသည်။
ညီလာခံတွင် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ကျင့်ကြံခြင်းနေရာကို မူတည်၍ မူဝါဒအချို့ ချမှတ်ခဲ့သည်။ ညီလာခံပြီးဆုံးသွားသောအခါ အရာရှိအားလုံး အလုပ်ရှုပ်သွားကြသည်။ နန်းတော်တစ်ခုလုံးကို အလှဆင်ပြီး ကျောက်ဖုန်းနှင့် ချီချွမ်တို့၏ လက်ထပ်ပွဲကို ပြင်ဆင်နေကြသည်။
" ဖုန်းအာ ဒီတစ်ခါ ကျင့်ကြံတာ အကျိုးအမြတ်ရခဲ့တဲ့ပုံပဲ။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။
ကျောက်ဖုန်းက စကားအပိုမပြောတော့ဘဲ သူ၏ လက်ကို ဖြန့်လိုက်သောအခါ သူ၏ လက်ထဲတွင် မိုးကြိုးလျှပ်စီးတစ်ခု စုစည်းလာသည်။
" နိယာမလား။ " ရင်ကျန့်က တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ " မင်းရဲ့ စွမ်းအားက သိသိသာသာ တိုးတက်လာတဲ့ပုံပဲ။ ကောင်းတယ်။ အနာဂတ်မှာ အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို ရင်ဆိုင်တဲ့အခါ မင်းကိုပဲ အားကိုးရမှာပဲ။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့