← Chapters

အခန်း ၅၅၉

Vol. 56 Ch. 559

အခန်း ၅၅၉

Vol. 56 Ch. 559

အခန်း (၅၅၉)

" ခမည်းတော် အဲ့လောက်ထိ စိုးရိမ်စရာမလိုပါဘူး။ တစ်နေ့မှာ ချင်အင်ပါယာက အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို မခုခံနိုင်ခဲ့ရင်တောင် သားတော်က ချင်အင်ပါယာအတွက် နောက်ထပ်လမ်းကြောင်းတစ်ခု စီစဉ်ထားပြီးသားပါ။ ချင်အင်ပါယာက ဘယ်တော့မှပျက်စီးမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

သူ၏ ဖခင်က အင်မော်တယ်ဘုံနှင့် ပက်သက်၍ ယခုထိ စိုးရိမ်နေဆဲ ဖြစ်သည်။ ချင်အင်ပါယာက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော်လည်း တစ်ဖက်တွင် ရင်ဆိုင်နေရသည်မှာ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော အင်မော်တယ်များနှင့် နတ်ဘုရားများဖြစ်သည်။ ထိုအခြေအနေတွင် ရင်ကျန့်က ဖိအားများကို ခံစားနေရဆဲ ဖြစ်သည်။

" ကောင်စုတ်လေး ငါက ဘာကိုစိုးရိမ်ရမှာလဲ။ အဲ့ဒီအရာအားလုံးကို မင်းတားဆီးနေတာပဲမဟုတ်လား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး သူ၏ အမူအရာက လေးနက်သွားသည်။

" ဖုန်းအာ ခမည်းတော်က မင်းအပေါ် အပြစ်ရှိသလိုခံစားရတယ်။ ငါက မင်းရဲ့ ဖခင်ဆိုပေမယ့် မင်း ငယ်ငယ်လေးတုန်းကလည်း မင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ အခု ချင်အင်ပါယာရဲ့ အနာဂတ်ကလည်း မင်းအပေါ် မှီခိုနေရတယ်။ ခမည်းတော် မင်းကို မကူညီပေးနိုင်သလိုပဲ။ "

" ခမည်းတော်အဲ့လိုပြောရင် သားတော်က စိတ်မကောင်းဖြစ်မိလိမ့်မယ်။ ခမည်းတော်သာမရှိရင် ဒီလောက်ကြီးမားတဲ့ ချင်အင်ပါယာကို သားတော်တစ်ယောက်တည်း ဘယ်လိုစီမံခန့်ခွဲနိုင်မှာလဲ။ ခမည်းတော်က သားတော်ကို အများကြီး ကူညီပေးခဲ့ပြီးသားပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဖုန်းအာ စိတ်ချပါ။ ချင်အင်ပါယာရဲ့ သာမန်ကိစ္စတွေကို မင်းစိတ်ပူစရာမလိုဘူး။ မင်းလုပ်ရမယ့်အရာကိုပဲ လုပ်ပါ။ ချင်အင်ပါယာ၊ ရှန်းကျိုးရဲ့ အနာဂတ်က မင်းပခုံးပေါ်မှာ ရှိနေတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ ခမည်းတော် ဒီနေ့တော့ ဝိုင်လေးဘာလေး သောက်ကြတာပေါ့။ ဒါက သားတော်အတွက် နောက်ထပ်ပျော်ရွှင်စရာနေ့တစ်နေ့ပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက ဘေးမှ ကျောက်ချီကို ကြည့်လိုက်သည်။

" ဒီကောင်လေးလည်း အိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပြီ။ မင်းအတွက် အရည်အချင်းရှိတဲ့ အိမ်ထောင်ဖက်အချို့ စီစဉ်ပေးဖို့ လိုသေးတယ်။ "

" ခမည်းတော် သားတော်က ငယ်သေးတယ်လေ။ " ကျောက်ချီက အလျင်အမြန် ပြောလိုက်သည်။

" မင်းအသက်က နှစ်ဆယ်နီးပါးရှိနေပြီ။ မငယ်တော့ဘူး။ အင်ပါယာကြီးကြပ်ရေးမှူးကို မင်းအတွက် အိမ်ထောင်ရေးကိစ္စ စီစဉ်ခိုင်းလိုက်ပါ။ အဲ့ဒီအချိန်ကျရင် ငါလည်း မြေးချီလို့ရပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ချီအာ မင်းရဲ့ ခမည်းတော် ပြောတာမှန်တယ်။ တကယ် အိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပြီ။ ဒီနှစ်တွေမှာ အင်ပါယာကိစ္စတွေ များနေလို့ ချီအာရဲ့ အိမ်ထောင်ရေးကိစ္စကို မေ့နေခဲ့တယ်။ ဒီတစ်ခါတော့ မင်းရဲ့ အဘိုးကိုယ်တိုင် ရွေးချယ်ပေးမယ်။ ပြီးတော့ မင်းဆုံးဖြတ်ပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ။ " ကျောက်ချီက ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။

" ဝူအာလည်း ကြီးလာပြီ။ သူ့ကို စစ်တပ်ထဲပို့ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" လူငယ်မျိုးဆက်တွေကို သူတို့ကိစ္စသူတို့ စီစဉ်ခိုင်းလိုက်ပါ။ ချီအာ မင်းရဲ့ ညီတွေကို ဘယ်လိုစီစဉ်မလဲဆိုတာ မင်းအပေါ် မူတည်တယ်။ အဘိုးနဲ့ မင်းရဲ့ ခမည်းတော်တို့က သိပ်ပြီး စိတ်ပူနေမှာမဟုတ်ဘူး။ "

" နားလည်ပါပြီ။ " ကျောက်ချီက ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ ဖုန်းအာ မင်္ဂလာဝတ်စုံသွားလဲလိုက်တော့။ တရားဝင်ဇနီးမဟုတ်ပေမယ့် သူမက ကောင်းကောင်းဆက်ဆံဖို့ ထိုက်တန်ပါတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ညအမှောင်အောက်တွင် နန်းတော်၌ လူများဖြင့် စည်ကားနေခဲ့သည်။ အင်ပါယာနန်းတော်က ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုကို ကျင်းပခဲ့သည်။ ကျိုးလီတော်ဝင်သမီးတော်ကို ကြင်ယာတော်အဖြစ် လက်ထပ်ရခြင်းဖြစ်သောကြောင့် သူမ၏ အဆင့်အတန်းက တရားဝင်ဇနီးထက် နိမ့်သော်လည်း ချင်အင်ပါယာက သူမကို အကောင်းဆုံး ဂုဏ်ပြုဆက်ဆံခဲ့သည်။

အိမ်ရှေ့စံနန်းတော်။

ချီချွမ်က ကျိုးလီမျိုးနွယ်စု၏ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရတနာများဖြင့် အလှဆင်ကာ ဟွာရှ၏ မင်္ဂလာဝတ်စုံနှင့်မတူ​ဘဲ ထူးခြားသော ဆွဲဆောင်မှုရှိနေသည်။ ကျောက်ဖုန်းက တံခါးဖွင်းပြီး ချီချွမ်၏ ရှေ့သို့ ရောက်လာသည်။

" ခင်ပွန်း " ချီချွမ်က တိုးညှင်းစွာ ခေါ်လိုက်သည်။

" ချီချွမ် အဲ့ဒီခဏတာ တွေ့ဆုံမှုကနေ မင်းငါ့ကို လက်ထပ်ဖို့ ဆုံးဖြတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ခင်ပွန်းက ကောင်းကင်နတ်ဘုရားတွေလို အစွမ်းထက်တယ်။ ခင်ပွန်းနဲ့ လက်ထပ်ရတာက ချီချွမ်နဲ့ ကျိုးလီမျိုးနွယ်စုအတွက် ကံကောင်းမှုပါပဲ။ " ချီချွမ်က ပြန်ဖြေလိုက်သည်။

" ဒါဆို စကြတာပေါ့။ " ကျောက်ဖုန်းက ချီချွမ်ဘေးတွင် ထိုင်လိုက်ပြီး လက်ဝှေ့ရမ်းလိုက်သည်။

အခန်းထဲမှ ဖယောင်တိုင်မီးများ ငြိမ်းသွားပြီး ကျောက်ဖုန်းက တိုက်ပွဲကို စတင်လိုက်သည်။ အခန်းထဲတွင် တိုက်ခိုက်သံများဖြင့် ဆူညံနေပြီး တစ်နာရီကျော်ကြာပြီးနောက် တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။

ထိုအချိန်တွင် ရုတ်တရက် ချီချွမ်၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းတစ်ခု ပျံထွက်လာသည်။ ထိုသွေးရောင်အလင်းတန်းက ကြောက်စရာကောင်းသော စွမ်းအားများ ထွက်ပေါ်နေသည်။

" ဒါက ဘာလဲ။ " ကျောက်ဖုန်းက သူ၏ ရှေ့မှ သွေးရောင်အလင်းကို ကြည့်ပြီး အံ့အားသင့်သွားသည်။

" ပန်ဂုသွေးတစ်စက်ကို တွေ့ရှိပါတယ်။ ပေါင်းစပ်ခြင်းက ခန္ဓာကိုယ်မြှင့်တင်ပေးနိုင်ပြီး သွေးမျိုးတက်အမွေအနှစ်ကို ပိုင်ဆိုင်နိုင်ပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ပန်ဂုသွေးလား။ " ကျောက်ဖုန်းက မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်။

၎င်းက ဒဏ္ဍာရီလာ ပန်ဂု၏ အနှစ်သာရသွေးမဟုတ်ဘဲ သွေးသက်သက်သာဖြစ်သော်လည်း ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။ ပန်ဂုက ဤကမ္ဘာ၏ ဖန်ဆင်းရှင်နတ်ဘုရားဖြစ်ပြီး အရာအားလုံးက သူ့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မူလရင်းမြစ်ကမ္ဘာထဲတွင် မည်သည့်မျိုးနွယ်စုဖြစ်စေ သူတို့အားလုံးက သူ့ကို ဖခင်နတ်ဘုရားအဖြစ် ခေါ်ဆိုကြသည်။ ၎င်းက သူ၏ သွေးဖြစ်ပြီး အနှစ်သာရသွေးမဟုတ်လျှင်တောင် ကြီးမားသော စွမ်းအားများ ပါဝင်နေဆဲ ဖြစ်သည်။

" မျိုးနွယ်စုရဲ့ ဒဏ္ဍာရီတွေက တကယ်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ " ချီ​ချွမ်က အနီရောင်သွေးအလင်းကို ကြည့်ပြီး အံ့အားသင့်နေသည်။

" မင်းက ဒါကို သိနေတာလား။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ခင်ပွန်း ကျွန်မတို့ ကျိုးလီမျိုးနွယ်စုမှာ တော်ဝင်သမီးတော်တစ်ယောက် ဘာလို့ရှိနေတာလဲဆိုတာ သိလား။ " ချီချွမ်က မေးလိုက်သည်။

" ကျိုးလီမျိုးနွယ်စုအကြောင်း ငါ သိပ်မသိဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။

" ကျိုးလီမျိုးနွယ်စုရဲ့ မျိုးဆက်တိုင်းက တော်ဝင်သမီးတော်တွေက အိမ်ထောင်ပြုခြင်းမရှိဘဲ ထူးခြားတဲ့ အခမ်းအနားကို ဖြတ်သန်းကြတယ်။ ဒဏ္ဍာရီအရ ကျိုးလီမျိုးနွယ်စုကို ပြန်လည်ရှင်သန်စေနိုင်မယ့် စွမ်းအားက တော်ဝင်သမီးတော်ရဲ့ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ထားတယ်။ အသက်သွင်းလိုက်တာနဲ့ ကျွန်မတို့ ကျိုးလီမျိုးနွယ်စုက ရှန်းကျိုးကို စိန်ခေါ်နိုင်မယ့် စွမ်းအားကို ရရှိလာလိမ့်မယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အထိ အဲ့ဒီစွမ်းအားက ပေါ်မလာခဲ့ဘူး။ အခုတော့ တော်ဝင်သမီးတော်က အိမ်ထောင်ပြုမှရတာဆိုတာ သိလိုက်ရတယ်။ " ချီချွမ်က အံဩစွာဖြင့် ပြောလိုက်သည်။

" အိမ်ထောင်ပြုလို့မရဘူးဆိုရင် မင်းက ဘာလို့ ငါနဲ့ လက်ထပ်ခဲ့တာလဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" ကျူးလီက အရင်လိုမတင်းကျပ်တော့ဘူး။ အထူးသဖြင့် ချင်အင်ပါယာရဲ့ စာပေနဲ့ ယဉ်ကျေးမှုတွေ ဝင်လာပြီးနောက်ပိုင်းမှာ ပိုဆိုးသွားတာပေါ့။ " ချီချွမ်က ကျောက်ဖုန်းကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။

ထိုမိန်းကလေးက ကျောက်ဖုန်းကို အမှန်တကယ် မကြောက်ပေ။ ကျောက်ဖုန်း စိတ်ဆိုးမည်ကို ကြောက်နေသော အခြားကြင်ယာတော်များနှင့် မတူပေ။

" မင်းက အိမ်ထောင်ပြုတာ တကယ်ကံကောင်းတာပဲ။ ဒီတစ်ခါ မင်းကျေးဇူးနဲ့ ငါလည်း အကျိုးအမြတ်ရလိုက်တာပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး အနီရောင်အလင်းကို လက်နှင့် ထိလိုက်သည်။ အနီရောင်အလင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။

" ပန်ဂူသွေးတစ်စက်ကို ရရှိပါတယ်။ ပေါင်းစပ်လိုပါသလား။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ပေါင်းစပ်မယ်။ " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

အကယ်၍ ဝူမျိုးနွယ်၏ သွေးစက်သာဆိုလျှင် ကျောက်ဖုန်းက သူ၏ လူသားခန္ဓာကိုယ်ကို ပြောင်းလဲလိုခြင်းမရှိသောကြောင့် ပေါင်းစပ်ခြင်းပြုမည်မဟုတ်ပေ။ သို့သော် ပန်ဂု၏ သွေးစက်က ဖန်ဆင်းရှင်နတ်ဘုရား၏ သွေးမျိုးဆက်ဖြစ်ပြီး ကမ္ဘာပေါ်မှ သတ္တဝါအားလုံးက ပန်ဂု၏ ဆင်းသက်လာသူများဖြစ်သည်။ ထို့ကြောင့် ထိုသွေးကို ပေါင်းစပ်ခြင်းက ကျောက်ဖုန်းအတွက် ဘာအပြောင်းအလဲမှ မရှိဘဲ သူ၏ သွေးမျိုးဆက်ကို သန်မာစေရုံသာဖြစ်သည်။

သွေးစက်က ပေါင်းစပ်သွားသည်နှင့် ကျောက်ဖုန်း၏ နှလုံးက ပြင်းထန်စွာ ခုန်လာသည်။

" နဂါးဆင်စွမ်းအား ၁၀၀၀၀၀ အဖြစ် ပြောင်းလဲမလား သို့မဟုတ် စွမ်းရည်အားလုံး ၂၀၀၀၀ အဖြစ် ပြောင်းလဲမလား။ " စနစ်မှ အသိပေးချက် ပေါ်လာသည်။

" စွမ်းရည်အားလုံး ၂၀၀၀၀ကို ရွေးချယ်မယ်။ " ကျောက်ဖုန်းက စဉ်းစားခြင်းမရှိဘဲ တိုက်ရိုက်ရွေးချယ်လိုက်သည်။ ပန်ဂု၏ သွေးစက်က သူ၏ ခန္ဓာကိုယ်နှင့် လုံးဝပေါင်းစပ်သွားပြီး သူ၏ ဒန်တျန်က ကျယ်ပြန့်လာသကဲ့သို့ နိယာမယွမ်စွမ်းအားကလည်း တိုးလာသည်။

" စွမ်းရည်အားလုံး သုံးသောင်းကျော်သွားပြီး အဆင့်ခြောက်ရတနာသေတ္တာနှစ်လုံး ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ချီချွမ် မင်းကတကယ် ငါ့ရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ။ မင်းကို သေချာဂုဏ်ပြုပေးရမယ်။ " ကျောက်ဖုန်းက နောက်တစ်ကြိမ် တိုက်ပွဲကို စတင်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters