အခန်း ၅၆၀
Vol. 56 Ch. 560
အခန်း (၅၆၀)
အနောက်ဘက်နယ်စပ်။
အနောက်နိုင်ငံများ၏ မဟာမိတ်တပ်ဖွဲ့များက ချင်စစ်တပ်များ၏ တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်သွားပြီးနောက် ချင်စစ်တပ်က အနောက်ဘက်နယ်မြေများကို လျင်မြန်စွာ ချဲ့ထွင်ခဲ့သည်။ ချင်စစ်တပ်ရောက်သည့်နေရာတိုင်းတွင် မည်သည့်အရာမှ ခုခံနိုင်ခြင်းမရှိပေ။
ပထမဆုံး ချေမှုန်းခံလိုက်ရသော နိုင်ငံက ချင်အင်ပါယာနှင့် အနီးဆုံးဖြစ်သော တဝမ်နိုင်ငံဖြစ်သည်။ ချင်စစ်တပ်က ထိုနိုင်ငံငယ်ကို ဖျက်ဆီးပြီးနောက် ဆက်လက်ချီတက်ခဲ့သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာပြီး သုံးလကြာသွားခဲ့သည်။ အနောက်နိုင်ငံများက ခုခံနိုင်ခြင်းမရှိကြပေ။ ထို့အပြင် ဗုဒ္ဓကျင့်ကြံသူများကလည်း တပည့်များစွာကို ဆုံးရှုံးပြီးနောက် သူတို့၏ ဘုရားကျောင်းများကို စွန့်လွှတ်ကာ အနောက်ဘက်နယ်မြေရှိ ဝူစွန်းနိုင်ငံမှ ဗုဒ္ဓဘုရားကျောင်းသို့ ဆုတ်ခွာသွားကြသည်။
လေးလမြောက်၊ ဝူစွန်းမြို့တော်တွင်။
" ဟေ့ ဟေ့ ဟေ့ " မြို့တော်အပြင်ဘက်တွင် အနက်ရောင်သံချပ်ကာတပ်ဖွဲ့များက ရောက်ရှိလာကြသည်။ ဟိန်းဟောက်သံများက မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ဝမ်ပင်းက ရှေ့သို့ အရှိန်အဟုန်ဖြင့် ထွက်လာပြီး ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်သည်။ ဓားချီတစ်ခုက မြို့တံခါးကို အပိုင်းပိုင်း ပြတ်တောက်သွားစေပြီး ချင်စစ်တပ်က မြို့တော်ထဲသို့ ဝင်ရောက်သွားသည်။ မြို့တွင်းရှိ ဝူစွန်းစစ်တပ်များက လျင်မြန်စွာ ချေမှုန်းခံလိုက်ရပြီး ဒူးထောက်ကာ အညံ့ခံလိုက်ရသည်။
ချင်စစ်တပ်က ဝူစွန်းဗုဒ္ဓဘုရားကျောင်းရှေ့တွင် ရပ်တန့်လိုက်ကြပြီး လေးသည်တော်များက ဘုရားကျောင်းကို ချိန်ရွယ်လိုက်ကြသည်။ ဗုဒ္ဓကျင့်ကြံသူများက ဘုရားကျောင်းရှေ့တွင် စုဝေးကာ တုတ်ရှည်များကို ကိုင်ပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်။ သူတို့က ကြောက်ရွံ့မှုအရိပ်အယောင် လုံးဝမရှိပေ။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ စစ်တပ်က ဝူစွန်းမြို့ကို သိမ်းပိုက်လိုက်ပါပြီ။ ဒီဗုဒ္ဓဘုရားကျောင်းတစ်ခုပဲ ကျန်ပါတော့တယ်။ " တပ်မှူးတစ်ယောက်က ဝမ်ပင်းနှင့် တုဆွေတို့ကို အစီရင်ခံလိုက်သည်။
" မြားတွေပစ်လိုက်။ " ဝမ်ပင်းနှင့် တုဆွေတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အမိန့်ပေးလိုက်ကြသည်။
လေးသည်တော်များက တုန့်ဆိုင်းခြင်းမရှိဘဲ ဗုဒ္ဓဘုရားကျောင်းဆီသို့ မြားပေါင်းများစွာကို ပစ်လွှတ်လိုက်ကြသည်။ မြားမိုးများက ကျဆင်းလာသော်လည်း ဘုရားကျောင်းရှေ့မှ ဗုဒ္ဓကျင့်ကြံသူများက တုန်လှုပ်ခြင်းမရှိကြပေ။
ရှေ့ဆုံးမှ အကြီးအကဲဖြစ်ပုံရသော ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က သူ၏ လက်ထဲမှ တုတ်ကို စောင့်ချလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မြားပေါင်းများစွာက ထိုရွှေရောင်အလင်းကြောင့် ရပ်တန့်သွားကြသည်။
" ချင်စစ်သည်တို့ ငါတို့ ဘုရားကျောင်းက ဗုဒ္ဓဂိုဏ်းရဲ့ မြင့်မြတ်တဲ့ နေရာတစ်ခုဖြစ်ပြီး ငါတို့ ဗုဒ္ဓရုပ်ပွားတော်တွေလည်း ရှိတယ်။ မင်းတို့ နောက်ဆုတ်ပေးမယ်ဆိုရင် အနောက်ဘက်နယ်မြေက မင်းတို့အတွက် ဖြစ်လိမ့်မယ်။ မဟုတ်ရင်တော့ ဗုဒ္ဓဂိုဏ်းက ရိုင်းစိုင်းလို့ အပြစ်မတင်ပါနဲ့။ " ဗုဒ္ဓကျင့်ကြံသူအကြီးအကဲက ဒေါသဖြင့် ပြောလိုက်သည်။
" မင်းတို့က ငါတို့ ချင်အင်ပါယာအပေါ် ရိုင်းစိုင်းမှာလား။ မင်းတို့ ငါတို့ ချင်အင်ပါယာကို ဆန့်ကျင်တုန်းက ဘာလို့ဘာမှမပြောခဲ့တာလဲ။ အခု မင်းတို့က ဘာလုပ်ချင်လို့လဲ။ " ဝမ်ပင်းက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ " အင်ပါယာဆရာကို လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်။ "
ဗုဒ္ဓဘုရားကျောင်းရှေ့ရှိ ဟင်းလင်းပြင်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။
" အညံ့ခံလိုက်ပါ။ သေဘေးက လွတ်မြောက်နိုင်လိမ့်မယ်။ " ကွေ့ကူကျိက ရောက်လာပြီး ဗုဒ္ဓကျင့်ကြံသူများကို အေးစက်စွာ ပြောလိုက်သည်။
" အင်မော်တယ်တွေ လူသားဘုံကို မဆင်းသက်နိုင်ဘူး။ မင်းက အထက်ဘုံကနေ ဘယ်လိုလုပ်ဆင်းလာနိုင်တာလဲ။ " ကျောင်းထိုင်ဆရာတော်ဖာကျိက ကွေ့ကူကျိကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" အဲ့ဒါကို မင်းသိစရာမလိုဘူး။ အခု ငါမင်းတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ တစ်ခုက လက်နက်ချပြီး ချင်အင်ပါယာကို အညံ့ခံလိုက်ပါ။ နောက်တစ်ခုက ငါမင်းတို့အားလုံးကို သတ်ပစ်မယ်။ " ကွေ့ကူကျိက သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ သူ၏ လက်ထဲတွင် မြင်းမြီးယပ်တစ်ခု ပေါ်လာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်အော်ရာတစ်ခု ထွက်ပေါ်လာသည်။
" ငါတို့ ဗုဒ္ဓဂိုဏ်းကို ဆန့်ကျင်တဲ့ အကျိုးဆက်ကို သေချာစဉ်းစားပါ။ ရှန်းကျိုးက တစ်နေ့ကျရင် အင်မော်တယ်ဘုံကို ပြန်ရောက်လာမှာ။ ငါတို့ ဗုဒ္ဓဂိုဏ်ကို ဆန့်ကျင်ရဲရင် တစ်နေ့ကျရင် ငါတို့ ဗုဒ္ဓက မင်းတို့ကို နှိမ်နင်းပစ်လိမ့်မယ်။ " ဖာကျိက ကွေ့ကူကျိကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ အင်မော်တယ်တစ်ယောက်ကို ရင်ဆိုင်ရာတွင် သူက ခြိမ်းခြောက်ရုံသာ တတ်နိုင်သည်။
" ဟက်... ငါတို့ကို နှိမ်နင်းမယ်ဟုတ်လား။ အဲ့ဒါက ရှန်းကျိုး အင်မော်တယ်ဘုံကို ပြန်ရောက်သွားမှ ဆွေးနွေးကြတာပေါ့။ " ကွေ့ကူကျိက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ လက်ထဲမှ မြင်းမြီးယက်ကို လှုပ်ရှားလိုက်သည်။
အင်မော်တယ်စွမ်းအားတစ်ခုက ဆင်းသက်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ဗုဒ္ဓကျင့်ကြံသူများ စုစည်းထားသော ဗုဒ္ဓအလင်းအကာအကွယ်ပေါ်သို့ ကျရောက်သွားသည်။
ဝုန်း....
အကာအကွယ်က ချက်ချင်း ပေါက်ကွဲသွားပြီး မြားမိုးများက ကျဆင်းလာသည်။
" အား.... အား...." ကျင့်ကြံမှုမလုံလောက်သော ဗုဒ္ဓကျင့်ကြံသူများက မြားထိမှန်သွားကြပြီး မြေပြင်သို့ လဲကျသွားကြသည်။ ၎င်းကို မြင်သောအခါ ဖာကျိ၏ အမူအရာက တင်းမာသွားပြီး သူ၏ မျက်လုံးများတွင် မကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
" မင်းတို့က ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအားပေးနေတာပဲ။ မင်းတို့က ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းကို ဖျက်စီးချင်မှတော့ အတူတူပျက်စီးကြတာပေါ့။ " ဖာကျိ၏ မျက်နှာပေါ်တွင် ရူးသွပ်မှုများပေါ်လာပြီး သူ၏ လက်ထဲမှ တုတ်ကို အောက်သို့ စောင့်ချလိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းများက ပေါက်ကွဲထွက်လာသည်။ ဟင်းလင်းပြင်ပြန်ခြင်းအဆင့်၏ အထွတ်အထိပ်စွမ်းအားက လေထဲရှိ မြားများကို ရပ်တန့်သွားစေခဲ့သည်။
" ငါ့ရဲ့ ဉာဏ်ပညာအမြစ်နဲ့ ဗုဒ္ဓကို ပင့်ဖိတ်တယ်။ အစစ်အမှန်ဗုဒ္ဓ ကြွရောက်တော်မူပါ။ " ဖာကျိက အော်ဟစ်ကာ သူ၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းများ တိုးပွားလာပြီး အနက်ရောင်အော်ရာများပါ ထွက်ပေါ်လာသည်။
" ငါ့ရဲ့ ဉာဏ်ပညာအမြစ်နဲ့ ဗုဒ္ဓကို ပင့်ဖိတ်တယ်။ အစစ်အမှန်ဗုဒ္ဓ ကြွရောက်တော်မူပါ။ " ဖာကျိ၏ ပတ်ပတ်လည်မှ ဗုဒ္ဓကျင့်ကြံသူများကလည်း လေးနက်သွားကြပြီး သူတို့၏ စိတ်စွမ်းအားများကို ဖာကျိဆီသို့ ပို့လွှတ်လိုက်ကြသည်။
" ဗုဒ္ဓကို ပင့်ဖိတ်တာလား။ ဆင့်ခေါ်ခြင်းနည်းစနစ်လား။ မကောင်းတော့ဘူး။ သူက အထက်ဘုံက ဗုဒ္ဓကို ဆင့်ခေါ်ဖို့ ကြိုးစားနေတာပဲ။ " ကွေ့ကူကျိ၏ အမူအရာက လေးနက်သွားပြီး တည်ကြည်သွားသည်။
သူက အင်မော်တယ်ဘုံတွင် နေထိုင်ခဲ့ဖူးပြီး ဗုဒ္ဓဂိုဏ်း၏ နည်းစနစ်များကို ကြားဖူးထားသည်။ အင်မော်တယ်ဘုံတွင် ဗုဒ္ဓကျင့်ကြံသူများက ကောင်းကင်ဘုံထက်ပင် ပိုမိုအာဏာရှင်ဆန်သောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ဗုဒ္ဓကျင့်ကြံသူများတွင် ငယ်သူကို အနိုင်ယူလိုက်လျှင် ကြီးသောလူက ပေါ်လာသည်။ ထိုကြီးသောလူကို အနိုင်ယူလိုက်လျှင် ပိုကြီးသောလူများ ရောက်လာပေလိမ့်မည်။ ထို့အပြင် သူတို့က ကရုဏာရှိဟန်ဆောင်ကြပြီး သူတို့၏ နည်းစနစ်များက စိတ်ဝိညာဉ်အမြစ်ဆေးလုံးကို အသုံးပြုသော အင်မော်တယ်များထက်ပင် ပိုမိုရက်စက်ကြသည်။
" လက်ဦးမှုရယူရမယ်။ " ကွေ့ကူကျိက အလွယ်တကူ အနိုင်ယူနိုင်မည့်သူမဟုတ်ပေ။ သူက သူ၏ အင်မော်တယ်စွမ်းအားကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်တွင် လေနှင့် တိမ်တိုက်များ စုစည်းလာသည်။ ဟင်းလင်းပြင်ထဲတွင် လျှပ်စီးများစုစည်းလာပြီး လျှပ်စီးနဂါးအဖြစ် ပြောင်းလဲကာ အောက်မှ ဗုဒ္ဓကျင့်ကြံသူများဆီသို့ ဆင်းသက်သွားသည်။
ဤတစ်ကြိမ်တွင် ကွေ့ကူကျိက သူ၏ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ သူက ရွှေအင်မော်တယ်အဆင့်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်လျှင် ဝူချွန်းနိုင်ငံတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
ဝုန်း...
လျှပ်စီးများ ကျဆင်းလာချိန်တွင် အင်အားကြီးသော စွမ်းအားတစ်ခုက ပျံ့နှံ့သွားသည်။ ရွှေရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး မြားများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်က အက်ကွဲသွားသည်။
" မြန်မြန်နောက်ဆုတ်ကြ။ " ဝမ်ပင်းနှင့် တုဆွေတို့က အမိန့်ပေးလိုက်ကြသည်။ စစ်တပ်တစ်ခုလုံးက နောက်ဆုတ်သွားကြသည်။
ကွေ့ကူကျိ၏ စွမ်းအားက အနက်ရောင်ရောနှောနေသော ရွှေရောင်ဗုဒ္ဓအလင်းကြောင့် ပိတ်ဆို့ခြင်းခံလိုက်ရသည်။ လျှပ်စီးစွမ်းအားများက ပေါက်ကွဲနေသော်လည်း ထိုးဖောက်နိုင်ခြင်းမရှိပေ။
" ဗုဒ္ဓကို ဆင်းသက်လာဖို့ ပင့်ဖိတ်ပါတယ်။ " ဗုဒ္ဓအလင်းများ ဖုံးလွှမ်းမှုအောက်တွင် ဖာကျိက လေထဲသို့ ဖြည်းညင်းစွာ တက်သွားသည်။
ထို့နောက် သူ၏ သွေးနှင့် ဉာဏ်ပညာအမြစ်များအားလုံးက သွေးရောင်အော်ရာအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ဆီသို့ ပြေးဝင်သွားသည်။ အောက်မှ ဗုဒ္ဓကျင့်ကြံသူများကလည်း ထိုသို့ ပြုလုပ်လိုက်ကြပြီး သူတို့၏ သွေးနှင့် ဉာဏ်ပညာအမြစ်များက ဟင်းလင်းပြင်ထဲသို့ စီးဝင်သွားသည်။
ဗုဒ္ဓကျင့်ကြံသူများ၏ စွမ်းအားများ စုစည်းလာသောအခါ ကောင်းကင်ရှိ ဟင်းလင်းပြင်တွင် ဗုဒ္ဓအလင်းများက ရုတ်တရက် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ဆင်းသက်လာသည်။ ၎င်းက များပြားသော သွေးများနှင့် ဝိညာဉ်အနှစ်သာရများကို တိုက်ရိုက်ဝါးမြိုသွားသည်။ ထို့နောက် ၎င်းက ဗုဒ္ဓရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကျန့်တစ်ရာကျော်မြင့်သော ရွှေရောင်ဗုဒ္ဓရုပ်တု။
" အော်မိတော်ဖု...." ဗုဒ္ဓဂုဏ်တော် ရွတ်ဆိုသံက ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး အဆုံးမရှိသော ဗုဒ္ဓစွမ်းအားများ ထွက်ပေါ်လာသည်။ ဗုဒ္ဓအလင်းများအောက်တွင် သက္ကတရွတ်ဆိုသံများက ဗုဒ္ဓရုပ်တုကို ဗဟိုပြု၍ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။ သက္ကတရွတ်ဆိုသံများက နားမှတစ်ဆင့် ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာထိ ရောက်ရှိသွားသည်။
" မင်းရဲ့ သားသတ်ဓားကို ချပြီး ချက်ချင်း ဗုဒ္ဓဖြစ်လာပါ။ "