← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄) - ကိုယ့်ကို နမ်းပါ

ဤစကားကို ကြားသောအခါ ထန်ပိုင်နှင့် စုန့်ချန်စုတို့က တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ဤသည်မှာ စေ့စပ်ညှိနှိုင်းမှု၏ အဓိကအခက်အခဲဖြစ်ကြောင်း သဘောပေါက်သွားကြလေ၏။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စုန့်ချန်စုက စကားစတင်လိုက်သည်။

"တကယ်လို့ ဗိုလ်ကြီးရှို့သာ ကျုပ်တို့ရဲ့ အဆိုပြုချက်ကို သဘောတူမယ်ဆိုရင် ကျုပ်တို့နှစ်ယောက်အပါအဝင် စစ်သားအားလုံးက ဗိုလ်ကြီးအတွက် အလုပ်လုပ်ပေးပြီး အမိန့်တွေကို နာခံပါ့မယ်..."

“ဗိုလ်ကြီးက ဗိုလ်ချုပ်‌မော့ရဲ့ နေရာကိုယူပြီး ကျုပ်တို့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရမှာပါ... ကျုပ်တို့က ဗိုလ်ကြီးရဲ့ အမိန့်တွေကိုပဲ နာခံသွားပါ့မယ်..."

ထိုသို့ပြောပြီးနောက် ရှို့ဝူထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ စုန့်ချန်စုက ထပ်မံဖြည့်စွက် ပြောဆိုလိုက်လေ၏။

"ဒါ့အပြင် ကျုပ်တို့ရဲ့ စစ်ဘက်ဆိုင်ရာ ရိက္ခာတွေ၊ ယာဉ်တွေနဲ့ လက်နက်တွေ အားလုံးကိုလည်း ဝူလင်စခန်းဆီကို လွှဲပြောင်းပေးအပ်သွားပါ့မယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ရှို့ဝူ၏ နှုတ်ခမ်းထောင့်တွင် အဆုံး၌ ပြုံးယောင်သမ်းသွားတော့သည်။ ဆိုဖာ၏ လက်တင်ခုံပေါ်တွင် လက်ချောင်းများကို ပုတ်ခတ်ရင်း ရှို့ဝူက မေးလိုက်၏။

"ကျုပ်ဆီကနေ ခင်ဗျားတို့ ဘာလိုချင်တာလဲ..."

"ကျုပ်တို့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ သာမန်ပြည်သူတွေ နေထိုင်ဖို့ လုံခြုံတဲ့ နေရာတစ်ခုကို ဗိုလ်ကြီးရှို့ ဖန်တီးပေးဖို့ပဲ လိုအပ်တာပါ..."

ထန်ပိုင်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်လေသည်။

သူ၏စကားကို ကြားပြီးနောက် ရှို့ဝူက တခစ်ခစ် ရယ်မောလိုက်ကာ ပြောလိုက်၏။

"ဒီသူစိမ်းတွေ နေထိုင်ဖို့ နေရာတစ်ခုရဖို့အတွက် ခင်ဗျားတို့ရဲ့ အသက်တွေကို ရင်းတဲ့ ခင်ဗျားတို့ နှစ်ယောက်နဲ့ အဲဒီစစ်သားတွေကို ကျုပ် တကယ်ပဲ လေးစားသွားပြီ..."

သူ၏ဘေးတွင် ထိုင်နေသော ကျူးလင်က ထန်ပိုင်နှင့် စုန့်ချန်စုတို့၏ တည်ငြိမ်နေသော မျက်နှာအမူအရာများကို ကြည့်လိုက်သည်။

လောကဘုံခြောက်ပါးရှိ သက်ရှိသတ္တဝါများအပေါ် သူမထားရှိသည့် တာဝန်သိစိတ်မျိုး ဤအမျိုးသားနှစ်ဦးတွင်လည်း သာမန်ပြည်သူများအပေါ် ရှိနေကြောင်းကို သူမ မြင်တွေ့နိုင်လေ၏။ သူတို့ထံတွင် သူမကိုယ်သူမ ပြန်လည်မြင်ယောင်မိသွားသဖြင့် ကျူးလင်က သူတို့ကို ကူညီပေးချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

သူမက ရှို့ဝူဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ရှို့ဝူ... သူတို့ကို ကူညီပေးလိုက်ရအောင်..."

ရှို့ဝူက သူမကို ကြည့်ကာ ပြုံးလိုက်လေသည်။ သူ၏ လက်ညှိုးဖြင့် နှုတ်ခမ်းကို ဖွဖွလေးပုတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ကိုယ့်ကို နမ်း... ဒါဆိုရင် သူတို့ကို ကျုပ် ကူညီပေးမယ်..."

ထိုစကားထွက်လာသည်နှင့် ထန်ပိုင်နှင့် စုန့်ချန်စုတို့မှာ လေဟာနယ်များသဖွယ် ဟန်ဆောင်နေလိုက်ကြပြီး ကျူးလင်၏ မျက်နှာလေး နီရဲသွားသည်။ ပြုံးစိစိဖြစ်နေသော သူ၏မျက်နှာကို သူမက ကူရာမဲ့စွာ ကြည့်လိုက်ရင်း တိုးတိုးလေး ပြောလိုက်လေ၏။

"ပေါက်ကရတွေ ပြောမနေနဲ့... ဧည့်သည်တွေ ရှိနေတယ်လေ..."

ရှို့ဝူက ခေါင်းခါယမ်းလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ကိုယ် ပေါက်ကရပြောနေတာ မဟုတ်ဘူး... တကယ်ပြောနေတာ... မင်း ရှက်နေတယ်ဆိုရင် အပေါ်ထပ်ကို သွားကြမလား..."

ကျူးလင်က သူ့ကို စိုက်ကြည့်လိုက်ပြီး သူမ၏ဘေးတွင် ထိုင်နေသူမှာ ရှို့ဝူမဟုတ်ဘဲ အရှက်အကြောက်ကင်းမဲ့သော မိစ္ဆာနတ်ဘုရားသာ ဖြစ်မည်ဟု ခံစားလိုက်ရသည်။

အတွေးများကြောင့် လန့်ဖြန့်သွားကာ ရှင်းလင်းသွားစေရန်အတွက် ခေါင်းကို ခါယမ်းလိုက်လေ၏။

ကျူးလင်က သူ့ကို နမ်းလာမည့်အချိန်ကို အတော်ကြာအောင် စောင့်နေခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသောအခါ တခြားသူများရှေ့တွင် ကျူးလင်က သူ့ကို နမ်းမည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ရှို့ဝူက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်တော့သည်။

သူက ထန်ပိုင်ကိုကြည့်ကာ စကားပြောရန် နှုတ်ခမ်းဟလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ကျူးလင်က သူ၏မျက်နှာကို ကိုင်လိုက်ပြီး ကိုယ်ကိုကိုင်းကာ နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်လေ၏။

ရုတ်တရက် ထွက်ပေါ်လာသော သူမ၏သတ္တိကြောင့် ရှို့ဝူတစ်ယောက် အံ့အားသင့်သွားရပြီး သူမနမ်းသွားသည့် နေရာလေးကို ထိကိုင်ရင်း ကျူးလင်အား ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိတော့သည်။

နီရဲနေသော ကျူးလင်၏မျက်နှာနှင့် ကြောင်အမ်းအမ်းဖြစ်နေသည့် ရှို့ဝူ၏ အမူအရာကို မြင်သောအခါ ထန်ပိုင်နှင့် စုန့်ချန်စုတို့ နှစ်ယောက်လုံး ထိုနေရာမှ ထွက်ပြေးချင်စိတ်ပေါက်သွားကြလေသည်။

ဧည့်ခန်းအတွင်းရှိ နေရခက်ဖွယ်ကောင်းသော လေထုကို မခံစားနိုင်တော့သဖြင့် ထန်ပိုင်က ချောင်းဟန့်လိုက်ပြီး စကားစလိုက်၏။

"အဟမ်း... ဗိုလ်ကြီးရှို့က မိန်းကလေးကျူး၊ အစ်ကိုကျီ၊ ပြီးတော့ အစ်ကိုထန်တို့နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးမှပဲ ကျုပ် ပြန်လာခဲ့မယ်ဆိုရင်ကော အဆင်ပြေမလား..."

ရှို့ဝူထံမှ အဖြေကိုပင် မစောင့်တော့ဘဲ ထန်ပိုင်က ချက်ချင်းမတ်တတ်ရပ်လိုက်ကာ စုန့်ချန်စုကိုပါ ဆွဲခေါ်သွားလေသည်။ စုန့်ချန်စုက ရှို့ဝူကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ဗိုလ်ကြီးရှို့ဆီမှာ ဒီလိုအမူအရာမျိုး တွေ့ရတာ ဒါပထမဆုံးအကြိမ်ပဲ... အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲ..."

ထန်ပိုင်က သူ့ကို လှမ်းကြည့်လိုက်ပြီး သူ၏ အတင်းတုတ်ချင်သော စိတ်ဆန္ဒများ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်ကြောင်း သိလိုက်သဖြင့် သတိပေးလိုက်လေသည်။

"ပြဿနာသွားမရှာနဲ့..."

စုန့်ချန်စုက ထန်ပိုင်ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်၏။

"သိပါတယ်... သိပါတယ်..."

ထိုနှစ်ယောက် စံအိမ်ထဲမှ ထွက်ခွာသွားပြီးနောက် ကျူးလင်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။

"ငါ... ငါ... ငါ ကောက်ပဲသီးနှံတွေကို သွားစစ်ဆေးလိုက်ဦးမယ်..."

ရှို့ဝူ တားဆီးရန် အချိန်ပင်မရလိုက်ဘဲ သူမက ထိုနေရာမှ ထွက်ပြေးလွတ်မြောက်လိုသည့်အလား ထူထူနှင့်အတူ ထွက်ခွာသွားလေပြီ။

သူမ၏ နီရဲနေသော ပါးပြင်လေးများကို မြင်ယောင်ရင်း ရှို့ဝူက တခစ်ခစ်ရယ်မောလိုက်ကာ ကူရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်တော့သည်။ သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ရယ်မောရင်း ရေရွတ်လိုက်၏။

"ရှက်နေတဲ့အချိန်ဆို လင်အာက အရမ်းချစ်ဖို့ကောင်းတာပဲ..."

စံအိမ်မှ ထွက်ခွာလာပြီးနောက် စိုက်ခင်းများကို စစ်ဆေးကြည့်ချင်သဖြင့် ကျူးလင်တစ်ယောက် ဇုန်၅သို့ ထွက်လာခဲ့လေသည်။

နတ်ဘုရားစွမ်းအင်များဖြင့် အာဟာရဖြည့်တင်းပေးထားသော အကာအကွယ်အတားအဆီးအတွင်းရှိ စိုက်ခင်းများနှင့်မတူဘဲ ဇုန်၅အတွင်းမှ ကောက်ပဲသီးနှံများမှာမူ မြေဆီလွှာနှင့် သီးနှံများ ရှင်သန်ကြီးထွားရန်အတွက် နတ်ဘုရားစမ်းရေကိုသာ အားကိုးနေရသည်။

ထိုအကြောင်းကြောင့် နတ်ဘုရားစမ်းရေ၏ အာနိသင်ကို စစ်ဆေးနိုင်ရန် ကျူးလင်သည် နေ့စဉ်ရက်ဆက် ဇုန်၅ရှိ စိုက်ခင်းများထံသို့ သွားရောက်လေ့ရှိပေသည်။

ပုံမှန်အတိုင်းပင် စိုက်ခင်းများထံသို့ မသွားရောက်မီ ဖုတ်ကောင်များနှင့် သန္ဓေပြောင်းတိရစ္ဆာန်များကို နှိမ်နင်းနေသည့် တိုက်ပွဲအခြေအနေအား ကြည့်ရှုရန်အတွက် သူမက မြောက်ဘက်ဒေသသို့ ဦးစွာသွားရောက်ခဲ့သည်။ သူမ လာနေသည်ကို ထန်ဝေ့ မြင်သောအခါ ပြုံးပြလိုက်ပြီး နှုတ်ဆက်လိုက်၏။

"နံနက်ခင်းပါ... ရှောင်လင်..."

"နံနက်ခင်းပါ... ထန်ဝေ့..."

ဖုတ်ကောင်များကို သတ်ဖြတ်နေကြသည့် စွမ်းအားရှင်များကို အကဲခတ်နေရင်း ကျူးလင်က ပြန်လည်နှုတ်ဆက်လိုက်လေသည်။

သူမက သိုလှောင်အိတ်ထဲမှ မီးဓာတ်စွမ်းအင်သစ်သီး အနည်းငယ်ကို ထုတ်ယူကာ ထန်ဝေ့ထံ ကမ်းပေးလိုက်ရင်း မေးလိုက်သည်။

"ဒီနေ့ အခြေအနေ ဘယ်လိုရှိလဲ..."

ထန်ဝေ့က မီးဓာတ်စွမ်းအင်သစ်သီးကို ကိုက်စားလိုက်ရာ နွေးထွေးသော ယန်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးကာ ခန္ဓာကိုယ်အား နွေးထွေးသွားစေလေ၏။

သူက ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလေသည်။

"အရင်အတိုင်းပါပဲ... ငါတို့ဆီကို ချဉ်းကပ်လာနေတဲ့ ဖုတ်ကောင်တွေ အများကြီး ရှိနေသေးပေမဲ့ လောလောဆယ်တော့ အခြေအနေကို ထိန်းချုပ်ထားနိုင်ပါသေးတယ်...”

“ဒါပေမဲ့ လူတွေနဲ့ ဖုတ်ကောင်တွေက မတူဘူးလေ... တကယ်လို့ ဒီတိုက်ပွဲသာ နှစ်ရက်အတွင်း မပြီးဆုံးနိုင်ဘူးဆိုရင် အားလုံး ပင်ပန်းနွမ်းနယ်လွန်းပြီး ဆက်တိုက်နိုင်မှာ မဟုတ်တော့ဘူးလို့ ကျုပ်စိုးရိမ်မိတယ်..."

စွမ်းအင်များကို အဆက်မပြတ် ဖြည့်တင်းနေခြင်းက ၎င်းတို့၏ လက်ရှိအခြေအနေအတွက် အဖြေမဟုတ်ကြောင်းကို ကျူးလင် ကောင်းကောင်းသိထားသည်။

သူတို့အနေဖြင့် ခန္ဓာကိုယ်အခြေအနေကို ပြန်လည်ကောင်းမွန်စေရန် အနားယူရန်နှင့် အိပ်ရေးဝဝအိပ်ရန်လည်း လိုအပ်နေပေသည်။

စွမ်းအားရှင်များ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာများကို မြင်သောအခါ ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"အားလုံးကို အနားယူဖို့ ပြန်ခိုင်းလိုက်ပါ... ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေကို ရှင်းလင်းဖို့အတွက် ဒီနေရာမှာ နာရီနည်းနည်းလောက် ကျွန်မ နေခဲ့ပါ့မယ်..."

သူမ၏စကားကို ကြားသောအခါ ထန်ဝေ့က ခေါင်းခါယမ်းလိုက်ပြီး တားဆီးလိုက်လေသည်။

"မလုပ်ပါနဲ့... ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေကို တိုက်ခိုက်ဖို့ မင်းတစ်ယောက်တည်း ဒီမှာကျန်ခဲ့လို့ မဖြစ်ဘူး..."

ကျူးလင်က ထန်ဝေ့ကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"ကျွန်မရဲ့ လက်ရှိစွမ်းအားက အဆင့် (၇) ဖုတ်ကောင်တွေနဲ့ ယှဉ်နိုင်တယ်လေ... ဒီအဆင့်နိမ့် ဖုတ်ကောင်တွေကို နာရီအနည်းငယ်လောက် သတ်ဖြတ်ရတာက ကျွန်မအတွက် ပြဿနာ မဟုတ်ပါဘူး..."

All Chapters