← Chapters

မိစ္ဆာတာအိုကလန်၏ ကလန်ခေါင်းဆောင်

Vol. 141 Ch. 1942

မိစ္ဆာတာအိုကလန်၏ ကလန်ခေါင်းဆောင်

Vol. 141 Ch. 1942

“နေသာသောည…” ဝမ်လင်းသည် ရုတ်တရက် လှည့်၏။ သူက ထွက်သွားနိုင်ဖို့ အလွန်ခက်ခဲသည်ကို နားလည်သည်။ မိစ္ဆာတာအိုကလန်က သူ့ကို သတ်ဖို့ အရာအားလုံးကို လုပ်ဖို့ ဆန္ဒရှိနေပေသည်။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများနှင့် မြေပြင်ထက်ကို ဖုံးလွှမ်းထား‌သော ဦးခေါင်းများက အရာအားလုံးကို ရှင်းပြဖို့ရာ လုံလောက်နေသည်။

သူသာ ထွက်သွားချင်ပါက အစွမ်းကုန်၊အားကုန် လုပ်ဆောင်ရပေလိမ့်မည်။ သူ မြန်ဖို့လည်း လို၏။ သို့မဟုတ်ပါက ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှ တဆင့် မိစ္ဆာတာအိုကလန်မှ လူများ ပို ရောက်လာပေလိမ့်မည်။ ထိုအခါကျလျှင် ဝမ်လင်းအဖို့ ထွက်သွားနိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

သူ ဒီမှာ ပိုကြာလေလေ သူရှင်သန်နိုင်မည့် အခွင့်အရေးက ပိုနည်းပါးလေ ဖြစ်လိမ့်မည်။

နေသာသောညဟု ဆိုလိုက်သည့်နောက် မုန့်မြေကမ္ဘာကုန်းမြေ၏ နယ်စပ်၌ ရုတ်တရက် ပင်လယ်ပုံရိပ်ယောင်တစ်ခု ပြည့်နှက်လာကာ ညအမှောင်ထုက ခြုံလွှမ်းလာသည်။

နေသာသောည ပေါ်လာသည့်နောက်တွင် ဝမ်လင်းက ကျင့်ကြံသူတစ်ယောက်အဖြစ် သူ အသုံးပြုနိုင်သော အသန်မာဆုံးမန္တာန်ကို အသုံးပြုလာခဲ့ပေပြီ။ နေမင်း မြင့်တက်လာကာ အမှောင်ထုကို ဆုတ်ဖြဲမည့်စွမ်းအားကို ထုတ်လွှတ်လာသည်။

မည်သည့်ကျင့်ကြံမှုအဆင့်ရှိသူ ဖြစ်စေ မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူရာချီသည် နေသာသောည၏ အားအောက်၌ နာကျင်စူးရှစွာ အော်ဟစ်ရလေ၏။ သူတို့၏ခန္ဓာကိုယ်များ ပျက်စီးကုန်ကာ မူလစိတ်ဝိညာဉ်များပါ ဖျက်စီးခံရသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှ ဖြတ်သန်းလာနေသော အစီအရင်များလည်း ရှိကြသေး၏။ သူတို့၏ခန္ဓာကိုယ်များသည် ထွက်ပေါ်မလာနိုင်ခင်မှာပင် သေဆုံးကုန်သည်။

နေသာသောညမန္တာန်ထွက်ပေါ်လာသည့်နောက် လောကမှာ အရောင်များ ပြောင်းလဲ၏။ ဝမ်လင်းကလွဲ၍ သည်နေရာ၌ တခြားသက်ရှိစိတ်ဝိညာဉ် မရှိလေတော့ပါ။ သူ၏မျက်နှာမှာလည်း သေလောက်အောင် ဖြူရောနေ၏။ စိတ်ဝိညာဉ်ချပ်ဝတ်က လွင့်ပြယ်တော့မည် ဖြစ်သည်။ သူက တုံ့နှေးမနေဘဲ ကီလိုမီတာတစ်ထောင်အကွာရှိ မုန့်မြေကမ္ဘာကုန်းမြေထံ ဦးတည်ပျံသန်း၏။

သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များက သာမန်ထက်ထူးကဲလှ၏။ ယင်းတို့က နေသာသောညမန္တာန်အောက်တွင်ပင် မပျက်မစီးဘဲ ကျန်နေခဲ့သေး၏။

ဖြတ်ခနဲအတွင်း ဝမ်လင်းသည် ကီလိုမီတာငါးရာကျော်ကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုအခိုက်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ခုနစ်ခုက လင်းလက်လာ၏။ ပိုမိုအစွမ်းထက်သော လှိုင်းဂယက်များသည် ထိုအစီအရင်များထံမှ ထွက်ပေါ်လာကာ နောက်ထပ် ကျင့်ကြံသူတစ်ရာနီးပါးက ဝမ်လင်းနောက်သို့ လိုက်လံလာတော့၏။

သည်အုပ်စုတစ်ရာထဲပ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူလေးယောက်၊ နောက်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်တို့ပါ ပါဝင်လာ၏။ မိစ္ဆာတာအိုကလန်က ဝမ်လင်းကို အမဲလိုက်ဖို့ သူတို့၏စွမ်းအားအားလုံးနီးပါးကို ထုတ်သုံးလာခဲ့လေပြီ။

သူတို့က လူတစ်ယောက်ကို သတ်ဖို့ ကလန်တခုလုံး၏အားကို အသုံးပြုနေကြသည်။ သည်လိုသတ်ဖြတ်မှုမျိုးက ပုဂ္ဂလိက ရန်ငြှိုးများနှင့် ဆက်နွှယ်၏။ သို့သော် ထိုအကြောင်းပြချက်တစ်ခုတည်းတော့ မဖြစ်နိုင်ပေ။ ကလန်ကိုးခုနှင့်အင်အားစုဆယ့်သုံးခု၏ မည်သည့်ကလန်ခေါင်းဆောင် သို့တည်းမဟုတ် ဘိုးဘေးတို့က လူနုံလူအများ၊ကန်းနေကြသူများ မဟုတ်ကြပေ။

ဝမ်လင်း၏မျက်လုံးက ချင်းချင်းနီရဲနေ၏။ လူတစ်ရာက သူ့နောက်သို့ လိုက်လံလာကြစဉ် သူ့အနေဖြင့် ဒီကီလိုမီတာငါးရာအကွာအဝေးကို ဖြတ်သန်းသွားဖို့ မဖြစ်နိုင်တော့သည်ကို သိလိုက်၏။ ထိုကျင့်ကြံသူများထံမှ မန္တာန်အမျိုးမျိုးနှင့် ရတနာလက်နက်မျိုးစုံက ဝမ်လင်းထံ ဝဲပျံလာကြ၏။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူငါးယောက် နီးကပ်လာစဉ် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေးတောက်စွမ်းအားအားလုံး ပေါက်ကွဲထွက်လာသည်။ ရှေးဟောင်းတောက်အရိပ်တစ်ခုက သူ၏နောက်တွင် ပေါ်လာ၏။

ထိုအရိပ်က အနည်းငယ်ဝေဝါးလေ၏။ ၎င်းမှာ အစိမ်းရောင်တမန်တော်နှစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲအားကြောင့် ထိခိုက်ထားခြင်းတည်း။ သို့ပေမည့်လည်း ၎င်းထံမှ ဖိနှိပ်နိုင်သော စွမ်းအားကို ပေးစွမ်းနေတုန်းသာ။

“နတ်ဘုရားတုန်ဟည်းခြင်း၊ စစ်တပ်အစီအရင်…”

“နတ်ဆိုးမန္တာန်၊ လေနှင့်မီးတောင်တန်း…”

“မိစ္ဆာတာအို၊ သေခြင်းရှင်ခြင်း ပြောင်းပြန်ဖြစ်ခြင်း…”

ဝမ်လင်းက သူ့ညာလက်ကို ရှေ့သို့ တွန်းထုတ်၏။ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် မွန်းစတားအိုများမှလွဲ၍ ကျင့်ကြံသူတစ်ရာလုံး တုန်ယင်သွားကာ သူတို့၏ ပျံသန်းလာသည့် လမ်းကြောင်းများသည်ပင် တွန့်ခေါက်ပုံပျက်သွား၏။ သူတို့အားလုံးက ဝမ်လင်းရှေ့တွင် သေမျိုးစစ်တပ်တစ်ခု ဖြစ်သွားသည့်အလား။

ဤသည်မှာ စစ်တပ်အစီအရင်တည်း။ နတ်ဘုရားတုန်ဟည်းခြင်းစွမ်းအားက လှိုင်းဂယက်များအလား ပဲ့တင်ထပ်ကာ ထိုကျင့်ကြံသူများထဲမှ တဝက်၏ ဒွာရပေါက်များထံမှ သွေးများ စီးကျစေသည်။

ဝမ်လင်းက သူ့လက်သီးကို လက်ဝါးအသွင် ဖြန့်၏။ ထိုကျင့်ကြံသူများ၏ ဦးခေါင်းများထံမှ အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့တို့က သူတို့၏အထက်၌ တောင်တလုံးအသွင်သို့ သိပ်သည်းသည်။ ထိုတောင်က အခိုးအငွေ့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ အရှိန်အဟုန်ဖြင့် ထိုးစိုက် ကျဆင်းလာသည်။

လက်ဝါးက အမှတ်တစ်ခုအဖြစ်သို့ ပြောင်း၏။ သေခြင်းရှင်ခြင်း ပြောင်းလဲလေကာ ကျင့်ကြံသူများသည် နာကျင်စူးဝါးစွာ အော်ဟစ်လိုက်ရသည်။ အများစုက သေဆုံးကုန်၏။ သို့သော် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်ကျင့်ကြံသူများကား ထိုတိုက်ခိုက်မှုကြောင့် ဝမ်လင်းထံ နီးကပ်လာသည်ကို တွန့်ဆုတ်မသွားစေပေ။ သည်အခိုက်၌ ဝမ်လင်း၏ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍ မရှိ မန္တာန်အစွမ်းက အပြည့်အဝ ပေါက်ကွဲထွက်လာသည်။

“နတ်ဘုရား၊ နတ်ဆိုး၊ ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍ မရှိ…”

သည်ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍မရှိ ဟူသော မန္တာန်၏ စွမ်းအားကို စိတ်ဝိညာဉ်ချပ်ဝတ်ကြောင့် သူ့ကျင့်ကြံမှုအဆင့် မြင့်မားလာသည့်အခါ၌ အသုံးပြုသည့်အခါ ၎င်း၏စွမ်းအားသည် အံ့အားသင့်ဖွယ် ကောင်းလှချေသည်။ ယင်းက နေသာသောညနှင့် ကွာခြားသော်လည်း အဖျက်အစီးစွမ်းအားကမူ တူညီ၏။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ မီးခိုးရောင်လှိုင်းဂယက်တစ်ခု ပဲ့တင်ထပ်သည်။ ကျင့်ကြံသူတစ်ရာလုံး သေဆုံးကုန်သည်။ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် မွန်းစတားအိုကျင့်ကြံသူ၏ အမူအရာပင် ပြောင်းလဲသွားကာ သူက နောက်သို့ အမြန်ဆုတ်၏။ သို့ပေမည့် သူသည်လည်း ထိုမီးခိုးရောင်လှိုင်းဂယက်များ၏ ထိတွေ့ခြင်းကို ခံလိုက်ရသည်။

ထိုအဘိုးအို၏မျက်နှာက ချက်ခြင်းပင် ဖြူရောသွားကာ သူ၏ခြေထောက်များက ကျောက်သားအဖြစ်သို့ ပြောင်းသွား၏။ သူက သူ့ခန္ဓာကိုယ်ကို လက်ဖြင့်အဆက်မပြတ်ထိကာ သူ၏ခန္ဓာကိုယ်ထဲ ကျူးကျော်လာသော ရှေးတောက်စွမ်းအားကို ခုခံ၏။

သူကလွဲ၍ အစိမ်းရောင်မိစ္ဆာကုန်းမြေနယ်စပ်ရှိ မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူများသည် သေဆုံးကုန်ကြသည်။

ဝမ်လင်း၏ပါးစပ်ထောင့်မှလည်း သွေးများစီးကျနေ၏။ သူက သူ့ရှေးတောက်စွမ်းအားကို အားကုန်အသုံးပြုခဲ့ပြီး သူ၏ပတ်လည်ရှိ ချပ်ဝတ်သည် အားနည်းလာခဲ့လေပြီ။ ၎င်း၏အစိတ်အပိုင်းများမှာ အမျှင်တန်းများအဖြစ်သို့ ပြောင်းကာ လွင့်ပြယ်တော့မည် ဖြစ်၏။

ဝမ်လင်းက အံတင်းတင်းကြိတ်ထားကာ ရှေ့သို့ တရကြမ်းတိုး၏။ ဖြတ်ခနဲအတွင်း ကီလိုမီတာငါးရာအကွာကနေ နှစ်ရာထိ ရောက်လာသည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ခုနစ်ခုက ထပ်မံ လင်းလက်လာပြန်၏။ လေးသုတ်မြောက် ကျင့်ကြံသူများ ပေါ်လာကာ ဝမ်လင်းနောက်သို့ လိုက်လံလာကြသည်။

“စစ်စိတ်ဝိညာဉ်လက်ဝါး…”

“ခုနစ်ရောင်စုံလှံ…”

“လနက်၊ကြယ်လင်သောကောင်းကင်…”

“အချိန်စီးဆင်းခြင်း..”

“အနှစ်သာရ သိပ်သည်းစေ…”  ဝမ်လင်း၏မျက်လုံးတို့က နီရဲနေ၏။ သူက ထိုမိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူများကို သတ်ဖို့အတွက် သူ၏စိတ်ဝိညာဉ်ချပ်ဝတ် မလွင့်ပြယ်ခင် သူ့မန္တာန်အားလုံးကို ထုတ်ဖော်ရလိမ့်မည် ဖြစ်သည်။

စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုသည့်နောက် ကြီးမားသော လက်ခြောက်ချောင်းလက်ဝါးက လူတစ်ရာထံ ရိုက်ချလာသည်။ တချိန်တည်းမှာ တတိယအသွင်ပြောင်းခြင်း ခုနစ်ရောင်စုံလှံက ရှေ့သို့ ပျံသန်းဝင်လာ၏။

လနက်၊ကြည်လင်သောကောင်းကင်ကလည်း သွေးလတစင်းအဖြစ်သို့ ပြောင်းသည်။ ၎င်းက အချိန်စီးဆင်းခြင်း၊ ဝမ်လင်း၏အနှစ်သာရများ ပေါက်ကွဲခြင်းတို့နှင့်အတူ သတ်ဖြတ်ခြင်းကို စတင်လေသည်။ ဝမ်လင်းသည် ထိုမန္တာန်များကို ထုတ်ဖော်သည့်အခါ၌ ကျယ်လောင်စွာ ပေါက်ကွဲသံ ပဲ့တင်ထပ်၏။ ဝမ်လင်း၏ပတ်လည်ရှိ စိတ်ဝိညာဉ်ချပ်ဝတ်ကလည်း အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မျက်နှာညာဘက်ခြမ်းတွင် စုဝေးသည်။

သို့ပေမည့်လည်း ဝမ်လင်း၏ ရူးသွပ်ဖွယ်တိုက်ခိုက်မှုများအောက်၌ လေးသုတ်မြောက်မှ ကျင့်ကြံသူအားလုံးနီးပါး သေဆုံးကုန်သည်။ သုံးယောက်သာ အသက်ရှင် ကျန်ခဲ့ပြီး သူတို့က ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်မိကြ၏။

ဆက်တိုက်တိုက်ခိုက်မှုများပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ခုနစ်ခုတွင် သုံးခုက နောက်ဆုံးတွင်တော့ ပျက်စီးသွားလေပြီ။

ဝမ်လင်းကလည်း နောက်သို့ လွင့်ထွက်သွားကာ မုန့်မြေကမ္ဘာကုန်းမြေနှင့် ကီလိုမီတာတစ်ရာအကွာသို့ ရောက်လာ၏။ သို့ပေမည့်လည်း အသက်ဘေးအန္တရာယ်ခံစားချက်က လျော့ပါးသွားခြင်း မရှိသည့်အပြင် ပို၍ပင် ပြင်းထန်လာသည်။

ကျန်သည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များက ဆက်လက်၍ အကောင်းတိုင်း ရှိမနေတော့ပါ။ သို့ပင်မည့်လည်း ထူးဆန်းသောအားတစ်ခုက ယင်းအစီအရင်များကို ခြုံလွှမ်းပြီး ယင်းတို့ကို ကျင့်ကြံသူများ မပြုလုပ်နိုင်သော နည်းလမ်းတစ်ခုဖြင့် ရွှေ့လျားသွား‌စေ၏။ ဖြတ်ခနဲအတွင်း ထိုအစီအရင်များက ဝမ်လင်းနှင့် ကီလိုမီတာငါးဆယ်အကွာ၌ ပေါ်လာသည်။

ထိုအစီအရင်များ ပေါ်လာသည့်အခါ၌ ယင်းတို့က တောက်ပသောအလင်းတစ်ခုကို ထုတ်လွှတ်ပေးပြီး ငါးသုတ်မြောက်ကျင့်ကြံသူတစ်ရာက ဝမ်လင်းထံ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တရကြမ်း တိုးဝင်လာကြသည်။

ထိုကျင့်ကြံသူများ ပေါ်လာသည့်အခါ၌ ဝမ်လင်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားခဲ့သော လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများကပါ နီးကပ်လာကြသည်။ သူတို့က ဝမ်လင်းကို ဝန်းပတ်ထားကာ သူ့အား လွတ်မြောက်ဖို့ အခွင့်အရေး မပေးကြတော့ပေ။

ဝမ်လင်း၏မျက်လုံးတို့က သွေးချင်းချင်းနီရဲနေ၏။ သူ၏စိတ်ဝိညာဉ်ချပ်ဝတ် အစိတ်အပိုင်းငယ်တစ်ခုက လွင့်ပြယ်သွားခဲ့ပြီ ဖြစ်၏။ သူ၏မန္တာန်များအားလုံးကိုလည်း အသုံးပြုခဲ့ပြီးပုံ ရ၏။ သို့သော် သူ့ထံ၌ ဝှက်ဖဲတစ်ခု ကျန်နေသေးသည်။

သူ၏မီးအနှစ်သာရအစစ်အမှန် ခန္ဓာကိုယ် ပေါ်လာပြီး ရုတ်တရက် ပျံ့နှံ့လာကာ ချက်ခြင်းလိုလို သည်ဧရိယာကို ခြုံလွှမ်းသည်။

“ဆန်းကြယ်အနှစ်သာရမီး…လောင်ကျွမ်းစေ…” ဝမ်လင်းက ရှတတအသံဖြင့် မာန်သွင်းလိုက်၏။ သည်နေရာရှိ ကျင့်ကြံသူတစ်ရာက စိတ်ခံစားမှုများဖြင့် ပြည့်နေကြသည်။ ထို့ကြောင့် သူတို့က ဆန်းကြယ်မီးအတွက် အကောင်းဆုံးလောင်စာတည်း။

ဆန်းကြယ်အနှစ်သာရမီးက ထိုကျင့်ကြံသူများကို စတင်လောင်ကျွမ်းလေ၏။ မီးများ လင်းထိန်ကာ နာကျင်စူးဝါးစွာ အော်သံများ ပဲ့တင်ထပ်ကုန်သည်။

“ငါ့ကို တားဆီးတဲ့သူတိုင်း သေရမယ်…”  ဝမ်လင်းက သူ၏လျှာထိပ်ကို ကိုက်ကာ မာန်သွင်း၏။ သူ ရှေ့သို့ တဟုန်ထိုး တိုးဝင်သည်။ သွေးရောင်လင်းလက်ကာ သူ့ညာလက်တွင် သွေးဓား ပေါ်လာသည်။ သူက သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ ဒုစရိုက်တစ္ဆေရွက်ဖျင် ပေါ်လာ၏။ ထိုရွက်ဖျင်က မြူနက်များအဖြစ် ပြောင်းသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော တစ္ဆေများအဖြစ် ပြောင်းကာ ဝမ်လင်း၏ရှေ့မှ တရကြမ်း ထိုးထွက်သည်။

ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ် ကောင်းလှသည်။ ထိုကျင့်ကြံသူများသည် ဆန်းကြယ်မီးကြောင့် လောင်ကျွမ်းခံရရင်ခံရ သို့မဟုတ် ဝမ်လင်း၏သွေးဓားကြောင့် သတ်ဖြတ်ခံရသည်။ ကျန်သည့်သူများက ဝမ်လင်း၏ သူ့လမ်းတလျှောက် ရူးသွပ်စွာ သတ်ဖြတ်နေမှုကို ရင်ဆိုင်ရစဉ် မတိုက်ခိုက်ရဲ ဖြစ်ကုန်သည်။

ဝမ်လင်းသည် ရှေ့သို့ တိုးလာစဉ် သူ့ထံ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေပြီး ကီလိုမီတာတစ်ရာအကွာကို ဖြတ်သန်းသည်။ ပိုပိုများပြားသော ကျင့်ကြံသူများ သေဆုံးကုန်ကာ ကျန်သည့်သူများကလည်း နောက်ဆုတ်၍ ဝမ်လင်းကို ထိတ်လန့်တကြား ကြည့်ကုန်သည်။

သူတို့သည် အရင်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် မကြုံဖူးခဲ့တာ မဟုတ်ပေ။ သို့ပေမည့် ဝမ်လင်းကဲ့သို့ သတ်ဖြတ်ဖို့ ခက်သော၊ ရူးသွပ်နေသော တစုံတစ်ယောက်ကမူ ရှားလှ၏။ ဝမ်လင်းကို သတ်ဖို့ ပေးရမည့် တန်ဖိုးမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို ဖွင့်လှစ်ရဖို့အတွက်ထက် များပြားနေ၏။

ထိုတန်ဖိုးက ကလန်တစ်ခုကိုပင် အမြစ်ဖျက်ပစ်နိုင်လောက်၏။ ယင်းသို့ ကြီးလေးသော တန်ဖိုးက ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတို့ကို ကလန်ရှစ်ခု၊ အင်အားစုဆယ့်သုံးခုထိ ဖြစ်သွားစေနိုင်လောက်သည်။

ဝမ်လင်းက မုန့်မြေကမ္ဘာကုန်းမြေသို့ ခြေချလိုက်သည့်အခိုက်၌ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်ချပ်ဝတ်က သူ့မျက်နှာညာဘက်ခြမ်းပေါ်တွင် ကောင်းကင်ဘုံနွားထီးအမှတ်အသားအဖြစ် လုံးဝ ပြန်ပြောင်းလဲသွားတော့သည်။ အားနည်းမှုက သူ့ထံ၌ လှိုက်တက်နေ၏။ သို့ပေမည့် သူက ယင်းအားနည်းမှုကို ထပ်မံ ဖိနှိပ်သည်။

သူ၏ခန္ဓာကိုယ်ပေါ်၌ လူသားအသွင် မြေဒြပ်စင်ချပ်ဝတ်ကမူ ရှိနေဆဲသာ။ ၎င်း၏ တဝက်က ပျက်စီးသွားသော်လည်း ၎င်းက အစွမ်းထက်သောအကာအကွယ်ကို ထောက်ပံ့ပေးနေတုန်းသာ။

မုန့်မြေကမ္ဘာကုန်းမြေပေါ်တွင် ရပ်ကာ ဝမ်လင်းက သူ့ပါးစပ်ထောင့်မှ သွေးများစီးကျနေလျက်ပင် အားတင်းရုန်းကန်ကာ ရှေ့သို့ တရကြမ်း ဦးတည်၏။ သူက လေလွင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ကုန်းမြေနှစ်ခုကြား ဖြတ်သန်းနိုင်သည်ကို သဘောပေါက်ထား၏။ သို့ပေမည့် မိစ္ဆာတာအိုကလန်၏ တပည့်များစွာကမူ တခြားကုန်းမြေတစ်ခုသို့ ဝင်ရောက်ဖို့အတွက်ကမူ အလွန်ခက်ပေလိမ့်မည်။

မိစ္ဆာတာအိုကလန်က ဤသည်ကို တွက်ဆထားကြမည်သာ။ မဟုတ်ပါက သူတို့သည် ဝမ်လင်းကို အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ အချိန်ပိုဆွဲနိုင်အောင် အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက်နှင့် လေဟာနယ်တိမ်တို့ကို အမိန့်ပေးထားစရာ လိုလိမ့်မည် မဟုတ်ပေ။

ဝမ်လင်း ခန့်မှန်းမိသလိုပင် တာအိုမိစ္ဆာကလန်မှ ကျင့်ကြံသူများက မုန့်မြေကမ္ဘာကုန်းမြေ၏ အပြင်ဘက်၌ ရပ်တန့်သွားကြ၏။ သူတို့က ချီတုံချတုံ ဖြစ်နေကာ ဆက်လက် မလိုက်လံတော့ပေ။

သို့သော် ထိုအခိုက်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များထဲမှ လေးခုသည် ထပ်မံ တောက်ပလာ၏။ ယင်းတို့ထဲမှ အစီအရင်သုံးခုက ကျင့်ကြံသူဒါဇင်ချီကို သယ်ဆောင်ပြီး ကျန်တစ်ခုကမူ လူတစ်ယောက်ကိုသာ သယ်ဆောင်၏။

“ကလန်ခေါင်းဆောင်…”

“ကလန်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…” ထိုလူ ပေါ်လာသည်နှင့် ကျင့်ကြံသူအားလုံးကို ဦးညွှတ်လိုက်ကြ၏။

All Chapters