← Chapters

အခန်း ၃၉၅

Vol. 27 Ch. 395

အခန်း ၃၉၅

Vol. 27 Ch. 395

အခန်း(၃၉၅)

“ မင်းတောင် မသိတာ ငါက ဘယ်လိုလုပ် သိမှာလဲ… အတိတ်မှာတုန်းက ငါ့ရဲ့ ခန္ဓာကိုယ်ထဲက အတွင်းကမ္ဘာက ယင်ယန်နဲ့ ဒြပ်စင်ငါးပါးကို အပြည့်အဝ မဖွဲ့စည်းနိုင်ခဲ့ဘူး… ဒါကြောင့် ငါ့ရဲ့ အတွင်းကမ္ဘာက ဝိညာဉ်စွမ်းအားကို ကိုယ့်ဘာသာ မထုတ်လွှတ်နိုင်ဘူး… ဝိညာဉ်စွမ်းအား ပိုပြီးကုန်ခမ်းလာလေ အတွင်းကမ္ဘာက ပိုပြီးအားနည်းလာလေပဲ… စိတ်မကောင်းစရာပဲ… အတိတ်မှာတုန်းက ငါ့ရဲ့ အတွင်းကမ္ဘာက ကမ္ဘာငယ်တစ်ခုနဲ့တောင် နှိုင်းယှဉ်နိုင်တယ်… အခုတော့ ငါ့ရဲ့ အတွင်းကမ္ဘာက ကမ္ဘာလို့တောင် မခေါ်နိုင်တော့ဘူး… နောက်ထပ် နှစ်တစ်ထောင် ထပ်စောင့်ရမယ်ဆိုရင် ငါ့ရဲ့ အတွင်းကမ္ဘာက သေချာပေါက် ပျက်စီးသွားလိမ့်မယ်… ”

ကောင်းကင်မိစ္ဆာပိုးကောင်သည် တစ်ခဏကြာ တိတ်ဆိတ်နေပြီးလျှင် ကျယ်လောင်စွာ အော်ငိုလိုက်သည်။

“ အီး ဟီး… ကယ်ကြပါ… ငါ့ကို တစ်ယောက်ယောက် လာကယ်ပါ… ငါ့ကို ကယ်တင်ပေးမယ်ဆိုရင် အဲ့ဒီလူကို ဆရာသခင်အဖြစ် အသိအမှတ်ပြုမယ်… သူ့ကို လောကရဲ့ အထွတ်အထိပ်ထိ ရောက်အောင် ငါကူညီပေးမယ် ”

“ ဟွန့်… ကောင်းကင်မိစ္ဆာပိုးကောင်… ကောင်းကင်မိစ္ဆာပိုးကောင်… မင်း ဒီမှာ လာအော်ငိုမနေနဲ့… မင်းဘာကို စဉ်းစားနေတယ်ဆိုတာ ငါမသိဘူး ထင်နေလား”

မိစ္ဆာဘိုးဘေးဟွမ်ချွမ်းက အထင်သေးရှုံ့ချစွာ ပြောသည်။

“ ခရမ်းလရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဒီကနေ ငါတို့ကို ကယ်တင်ပေးနိုင်တယ်ဆိုတာ မင်းသိတယ်… အဲ့ဒီအချိန်ကျရင် တကယ်လို့ ငါတို့အပြင်ရောက်သွားရင်တောင်မှ နှစ်ပေါင်းတစ်သိန်းကြာအောင် ဖိနှိပ်ခံထားရတဲ့အတွက် ငါတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားအများစုကို ဆုံးရှုံးသွားလိမ့်မယ်… ငါတို့က အဲ့ဒီမိစ္ဆာငယ်လေးကိုတောင် အနိုင်မယူနိုင်တော့မှာ စိုးရိမ်ရတယ်… တကယ်လို့ ငါတို့က အဲ့ဒီမိစ္ဆာငယ်လေးကို မှီခိုမယ်ဆိုရင် သူ့ရဲ့ ကာကွယ်ပေးမှုကို ရရှိလိမ့်မယ်… ဒါ့အပြင် ငါတို့က အရူးမခရမ်းလချန်ရစ်ခဲ့တဲ့ ‘ လောကဖန်ဆင်းမှုစေတီ ’ကို အသုံးပြုပြီး ကျင့်ကြံခြင်းစွမ်းအားကို အမြန်ပြန်ယူနိုင်လိမ့်မယ်… ဟွန့်… မင်း ငါ့အရှေ့မှာ သူတော်ကောင်းယောင် လာဟန်ဆောင်မနေနဲ့… မင်းဘယ်လိုကောင်လဲဆိုတာ ငါကောင်းကောင်း သိတယ် ”

မကြာမီ မိစ္ဆာဘိုးဘေးနှစ်ကောင်က ထပ်မံ စကားများကြပြန်သည်။

ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ၏ အနက်ပိုင်းထဲဝယ် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိပ်ခံခဲ့ရသော မိစ္ဆာဘိုးဘေးနှစ်ကောင်က စကားများပြီး ရန်ဖြစ်နေကြစဉ် စက်ကရာက အခက်အခဲများစွာနှင့် အတားအဆီးများစွာကို ဓားမော့တစ်လက်ဖြင့် ဖြတ်ကျော်နေသည်။ သူက သွေးလွှမ်းတိုက်ပွဲများစွာကို ရင်ဆိုင်တိုက်ခိုက်နေသည်။ အချိန်တိုလေးအတွင်းမှာ သူ၏ တိုက်ပွဲအတွေ့အကြုံက တိုးပွားလာသည်။ ယခု သူက သတ်ဖြတ်မှုတစ်သောင်းကျော်ခန့် တွေ့ကြုံပြီးသွားပြီ ဖြစ်သည်။ သူ၏ ကျားဝိညာဉ်ဓားမော့အောက်မှာ သေဆုံးသွားကြသော မသေမျိုးကျင့်ကြံသူများက အရေအတွက်တစ်သောင်းကျော်သွားသည်။

သူ့ကို သတ်ဖြတ်ခြင်းနတ်ဘုရားဟု ခေါ်ထိုက်ပေသည်။

ရှေးဟောင်းတံတားပေါ် သူခြေချသည့်အချိန်မှစ၍ လမ်းတစ်လျှောက်တွင် စက်ကရာက အလောင်းပုံကို တတ်နင်းသွားသည်။ သူက အခြေတည်နယ်ပယ် မသေမျိုးကျင့်ကြံသူများ စုဝေးနေသော အပိုင်းကို ဖြတ်ကျော်သွားသည်။

သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မသေမျိုးကျင့်ကြံသူထောင်သောင်းချီ စုဝေးနေသော အပိုင်းကိုလည်း ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများနှင့်အတူ ဖြတ်ကျော်သွားသည်။ နောက်ဆုံးမှာ သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ပညာရှင်များ စုဝေးနေသော အရှေ့ပိုင်းဆီသို့ ရောက်ရှိသွားသည်။

အရှေ့ပိုင်းတွင် လူသားမျိုးနွယ်ကျင့်ကြံသူ တစ်ထောင်ကျော်သာ ရှိ၏။ မိစ္ဆာကျင့်ကြံသူများသည်တော့ အရေအတွက်ဒါဇင်ခန့်သာ ရှိကြသည်။ သူတို့အားလုံးက အမြူတေဓာတ်လုံး ဖွဲ့စည်းထားပြီးသော မိစ္ဆာဘုရင်များ ဖြစ်ကြသည်။ သူတို့၏ ဘေးတွင် ဒါဇင်ခန့်ရှိသော ဝိညာဉ်သန္ဓေတည်နယ်ပယ် ပညာရှင်များက ဓမ္မရတနာများကို ကိုင်ဆောင်ထားကြသည်။ အစွမ်းထက်ဓမ္မရတနာအမျိုးမျိုး၏ ဝန်းရံမှုအောက်မှာ သူတို့က ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည်။

မိစ္ဆာဘုရင်အများအပြား၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များ ထွက်ပေါ်နေသည်။ သွေးက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ရွှဲစိုနေသည်။ တချို့ဆိုလျှင် တိုက်ပွဲအတွင်းမှာ လက်ပြတ်သွားကြသည်။ သူတို့ထဲမှ အများစုက မူလအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားကြပြီး ဒေါသတကြီး တိုက်ခိုက်နေကြသည်။ သူတို့၏ ဧရာမခန္ဓာကိုယ်က ရှေးဟောင်းတံတားပေါ်မှာ ရိုင်းစိုင်းကြမ်းကြုတ်စွာ ရွေ့လျားနေသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်က အလွန်ကြီးမားသောကြောင့် မသေမျိုးကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် မလွယ်ကူပေ။ ဓမ္မမန္တန်များနှင့် ဓမ္မရတနာများက သူတို့အပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။

ဝိညာဉ်သန္ဓေတည်နယ်ပယ် ပညာရှင်များ အသုံးပြုသော ဓမ္မမန္တန်များနှင့် ဓမ္မရတနာများကို အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများနှင့် အခြေတည်နယ်ပယ် ကျင့်ကြံသူများက မယှဉ်နိုင်ကြပေ။ သူတို့တိုက်ခိုက်သည့်အခါ မိစ္ဆာဘုရင်များ၏ အလွန်သန်မာသော အသွေးအသားနှင့် အရေပြားသည်ပင် အက်ကွဲသွားသည်။ သွေးက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ရွှဲစိုသွားသည်။ သို့ဖြစ်၍ မသေမျိုးကျင့်ကြံသူအများအပြား၏ ဝိုင်းရံတိုက်ခိုက်မှုအောက်မှာ မိစ္ဆာဘုရင်များက ကျဆုံးသွားကြသည်။ သို့သော်လည်း မိစ္ဆာဘုရင်တစ်ပါး သေဆုံးသွားတိုင်း မသေမျိုးကျင့်ကြံသူဒါဇင်ခန့်လည်း အတူတကွ သေဆုံးသွားကြလိမ့်မည်။

တိုက်ပွဲက အလွန်ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သည်။

ယင်းက စစ်မြေပြင် ဖြစ်သည်။ ဤနေရာမှာ သတ်ဖြတ်မှုက အဓိကတေးသွား ဖြစ်သည်။

သို့သော်လည်း မြေကြီးပေါ်မှာ ပြန့်ကျဲနေသော အလောင်းများသည် ရှေးဟောင်းတံတားပေါ်မှ သက်ရှိများ၏ နှလုံးသားထဲမှ လိုအင်ဆန္ဒကို မငြိမ်းသတ်နိုင်ပေ။

မိစ္ဆာဘုရင်ဒါဇင်ခန့်က ဝိညာဉ်သန္ဓေတည်နယ်ပယ် ပညာရှင်များ၏ ဝိုင်းရံတိုက်ခိုက်ခံနေရကြောင်း သီရှီထျန် မြင်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားသည်။ သူ၏ အကြည့်က တိုက်ပွဲများကို ဖြတ်သန်းသွားသည်။ သူနှင့်မနီးမဝေးတွင် မိစ္ဆာဘုရင်တစ်ပါးက အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်လျက် ဒေါသတကြီး ဟိန်းဟောက်နေသည်။ သူက မသေမျိုးကျင့်ကြံသူဒါဇင်ခန့်နှင့် တိုက်ခိုက်နေသည်။ သူ၏ မိစ္ဆာခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များ ရှိသည်။ သွေးက သူ၏ တစ်ကိုယ်လုံးမှာ စိုရွှဲနေသည်။ ထိုမိစ္ဆာဘုရင်၏ အစစ်အမှန်အသွင်သဏ္ဍာန်က ခေါင်းသုံးလုံးပါသော ရေနဂါးဖြစ်သည်။ ၎င်းဆီမှာ ချွန်ထက်သော လက်သည်းလေးခု ရှိသည်။ ကံမကောင်းသည်မှာ ၎င်း၏ နဖူးပေါ်တွင် နဂါးဦးချိုမရှိပေ။ နဂါးဦးချိုမရှိသော နဂါးများကို အစစ်အမှန်နဂါးများဟု မသတ်မှတ်နိုင်ပေ။

ခေါင်းသုံးလုံးရေနဂါးသည် ၎င်း၏ နဂါးလက်သည်းများကို ဝှေ့ယမ်း၍ အကြမ်းပတမ်း တိုက်ခိုက်နေသည်။ ၎င်း၏ အမြှီးပေါ်မှာ သေးငယ်သော အကြေးခွံများ ရှိသည်။ ရံဖန်ရံခါ ၎င်း၏ ဦးခေါင်းသုံးလုံးက လျှပ်စီးပမာ အလျင်ဖြင့် ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး မသေမျိုးကျင့်ကြံသူများကို ဝါးမျိုလိုက်သည်။

သို့သော်လည်း ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများသည် နှစ်ပေါင်းထောင်ချီ အသက်ရှင်သန်ခဲ့ကြသော ဘိုးဘေးများ ဖြစ်ကြသည်။ သူတို့က အတူတကွ ပူးပေါင်းလုပ်ဆောင်လိုက်ကြပြီး ခေါင်းသုံးလုံးရေနဂါးကို ထောင်ချောက်ထဲမှာ ဖိနှိပ်လိုက်ကြသည်။ အမျိုးအစားစုံလင်သော ဓမ္မရတနာများနှင့် ဓမ္မမန္တန်များက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး ခေါင်းသုံးလုံးရေနဂါး၏ ခန္ဓာကိုယ်ပေါ်သို့ အကြမ်းပတမ်း ဖိကျသွားသည်။ မသေမျိုးကျင့်ကြံသူဆယ်ယောက်ခန့်က မြေကြီးပေါ်မှာ အသက်မဲ့စွာ လဲလျောင်းနေကြသော်လည်း ခေါင်းသုံးလုံးရေနဂါး၏ အသွေးအသားက ဟက်တက်ကွဲသွားသည်။ ၎င်း၏ အကြေးခွံများ၊ အသွေးအသားများနှင့် သွေးက မြေကြီးပေါ်သို့ ကျဆင်းသွားသည်။ ၎င်း၏ ဘယ်ဘက်ဦးခေါင်းသည်ပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

“ အားလုံးပဲ… ဘာမှမထိန်ချန်ဘဲ အစွမ်းကုန်ထုတ်ကြ… ဒီခေါင်းသုံးလုံးရေနဂါးက သေခါနီးနေပြီ… အစွမ်းထက်ဆုံး မှော်အဆောင်တွေကို ထုတ်ပြီး တိုက်ခိုက်ကြ… နတ်ဘုရားမိုးကြိုးပုတီးစေ့နဲ့ ယင်လျှပ်စီးကို ကပ်စေးမနှဲနေကြနဲ့… ဒီတစ်ကြိမ်မှာ မဟာမိစ္ဆာဘုရင်လေးပါးတောင် ရောက်လာတယ်… ထိပ်ဆုံးဆယ်နေရာထဲက လေးနေရာကို မိစ္ဆာတွေက သိမ်းပိုက်သွားပြီ… ငါတို့ဘက်မှာ အထွတ်အမြတ်ကျင့်ကြံသူသုံးပါးက သုံးနေရာကို သေချာပေါက် သိမ်းပိုက်သွားလိမ့်မယ်… အဲ့ဒါဆို သုံးနေရာပဲ ကျန်ရှိတော့လိမ့်မယ်… အဲ့ဒီသုံးနေရာကို မိစ္ဆာတွေလက်ထဲ ကျရောက်သွားစေလို့ မဖြစ်ဘူး ”

သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ရှေးဟောင်းဓားတစ်လက်ကဲ့သို့ ဖြောင့်ဖြောင့်ရပ်နေလျက် ကျယ်လောင်စွာ အော်ပြောသည်။

သူ့လက်ထဲမှာ ခရမ်းရွှေရှေးဟောင်းဓားတစ်လက်ကို ကိုင်ထားသည်။ ရှေးဟောင်းဓားပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များ ရှိသည်။ ရံဖန်ရံခါ ခရမ်းရောင်အလင်းက ဓား၏ ကိုယ်ထည်ပေါ်မှာ လင်းလက်တောက်ပသွားသည်။ ဓားကို သူလွှဲယမ်းလိုက်သည့်အခါတိုင်း ခရမ်းရောင်မိုးကြိုးသွားတစ်စင်းက ပျံသန်းထွက်လာပြီး ခေါင်းသုံးလုံးရေနဂါး၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ခရမ်းရောင်မိုးကြိုးသွား၏ အဖျက်စွမ်းအားအောက်မှာ ခေါင်းသုံးလုံးရေနဂါး၏ အကြေးခွံများက အဝေးသို့ လွင့်စင်သွားပြီး အသွေးအသားများက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားသည်။

ရှင်းလင်းစွာပင် ထိုခရမ်းရောင်မိုးကြိုးသွားက အလွန်အစွမ်းထက်သည်။

“ ဟုတ်တယ်… ငါတို့တွေ ကပ်စေးနှဲနေလို့ မဖြစ်ဘူး… ငါ့မှာ ဓားအစင်းတစ်သောင်းမှော်အဆောင်တစ်ခု ရှိတယ်… အဲ့ဒါကို အသက်သွင်းလိုက်မယ်ဆိုရင် လေထဲမှာ ရွှေသတ္ထုဓားတစ်သောင်း ထွက်ပေါ်လာလိမ့်မယ်… အဲ့ဒီခေါင်းသုံးလုံးရေနဂါးက ဘယ်လောက်ပဲ သန်မာပါစေ အပိုင်းပိုင်း ခုတ်ဖြတ်ခံရမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး ”

လေးပေခန့်သာ အရပ်ရှည်သော လူပုလေးတစ်ယောက်က ပြောသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်မှော်အဆောင်တစ်ခုကို ထုတ်လိုက်သည်။ မှော်အဆောင်၏ မျက်နှာပြင်ပေါ်ဝယ် ထူးဆန်းသော မှော်သင်္ကေတများ ရှိ၏။ အားလှိုင်းတချို့က မှော်အဆောင်ပေါ်မှာ မထင်မရှား ရွေ့လျားနေသည်။ ယင်းက အလွန်ကြီးမားသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သံသယရှိရန် မလိုပေ။

“ အပိုင်းပိုင်းဖြတ်ပစ်မယ်တဲ့လား… ဒီဘုရင်က မင်းကို အရင်ဆုံး အပိုင်းတစ်ထောင် ဖြတ်တောက်ပစ်မယ် ”

ထိုအခိုက်အတန့်မှာ အလွန်လျှင်မြန်သော ပယင်းရောင်ဓားမော့စက်ဝန်းတစ်ခုက လူပုလေး၏ ဦးခေါင်းထိပ်ပေါ်မှာ ရုတ်ချည်း ထွက်ပေါ်လာသည်။ ပယင်းရောင်ဓားမော့အလင်းနောက်မှ လိုက်ပါလာသည်မှာ အေးစက်စက်အသံ ဖြစ်သည်။

“ ရွှတ် ”

ပယင်းရောင်ဓားမော့အလင်းက သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ကျားဝိညာဉ်ဓားမော့သည် အလွန်လျှင်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားမော့စက်ဝန်းက ထိုလူ၏ ခြေလက်လေးဖက်ကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။ အသွေးအသားအပိုင်းအစများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ အံ့ဩဖွယ်ကောင်းသည်မှာ အသွေးအသားအပိုင်းအစများက အရွယ်အစား တူညီစွာ ပိုင်းဖြတ်ခံလိုက်ရသည်။

“ မင်း… မင်း ဘယ်သူလဲ ”

ဤအခိုက်အတန့်မှာ သီရှီထျန်၏ အရှေ့တွင် လူပုလေး မရှိတော့ပေ။ ယင်းအစား ခြေလက်ပြတ်နေသော ဒုက္ခိတစ်ယောက်သာ ရှိတော့၏။ သူ၏ ခြေလက်များက အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားသည်။ ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်း ဖြစ်သည်။ ဒုက္ခိတဖြစ်သွားသော ကျင့်ကြံသူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့အရှေ့မှ သီရှီထျန်ကို စူးစိုက်ကြည့်လိုက်သည်။ သူက ကြောက်လန့်တုန်လှုပ်စွာ ပြောသည်။

“ ငါ့နာမည်က သီရှီထျန် ”

သီရှီထျန်က အေးတိအေးစက် ပြောသည်။ သူ့နာမည်အား တစ်ဖက်လူ သိသွားမည်ကို သူမစိုးရိမ်ပေ။ မည်သို့ဖြစ်ပါစေ ကျားဝိညာဉ်ဓားမော့၏ သွေးချီစုပ်ယူမှုအောက်မှာ သူက မကြာခင် သေဆုံးသွားလိမ့်မည်။ သူ့နာမည်ကို သေခါနီးလူတစ်ယောက် သိသွားခြင်းက ကိစ္စကြီးမဟုတ်ပေ။

သူမျှော်လင့်ထားသလိုပင် တစ်ဖက်လူသည် သူ့နာမည်ကို ကြားပြီးနောက် အရိုးစုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ သွေးချီအားလုံးက ကျားဝိညာဉ်ဓားမော့၏ စုပ်ယူခံလိုက်ရသည်။

“ ရွှတ် ”

ထိုအခိုက်အတန့်မှာ ရှေးဟောင်းခရမ်းရောင်ဓားတစ်လက်က သူ၏ မျက်လုံးအရှေ့မှာ ရုတ်ချည်း ထွက်ပေါ်လာသည်။ ထိုဓားက အလွန်ထက်ရှသည်။ ဓားထိပ်ဖျားက သူ့မျက်လုံးနှင့် ဆယ်ပေကွာဝေးနေသော်လည်း ထက်ရှသော ဓားချီက သူ၏ မျက်လုံးနားသို့ ရောက်ရှိနေသည်။ ယင်းက သူ့ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးကို သံမဏိအပ်များသဖွယ် ထောင်မတ်သွားစေသည်။ အကယ်၍ ထိုဓားသာ အရှေ့သို့ ဆက်လက် တိုးဝင်လာမည်ဆိုလျှင် သူ့မျက်လုံးက သေချာပေါက် ကန်းသွားလိမ့်မည်။

ယင်းက ခရမ်းရောင်ဓားတစ်လက် ဖြစ်သည်။

ဤအခိုက်အတန့်မှာ ထိုခရမ်းရောင်ဓားမှလွဲ၍ တခြားမည်သည့်အရာမှ သူမမြင်နိုင်တော့ပေ။ ယင်းက ကောင်းကင်ဘုံအပြစ်ဒဏ်ပေးဓား ဖြစ်သည်။ ထိုဓားအောက်တွင် ဤလောကမှ မည်သူမဆို အသတ်ခံရနိုင်သည်။ ထိုဓားသည် ကောင်းကင်နှင့် မြေကြီး ဖြစ်သည်။ ဤသည်မှာ ယင်းက ထာဝရတည်ရှိနေပြီး မည်သူမှ မဖျက်ဆီးပစ်နိုင်သည့်အလားပင်။

“ ဓားကောင်းတစ်လက်ပဲ”

သီရှီထျန်က သူ၏ ဘယ်ခြေထောက်ကို မြှောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ ရုတ်တရက် ရွှေ့လိုက်သည်။ တစ်ဆက်တည်းမှာ ကျားဝိညာဉ်ဓားမော့က သူ့အရှေ့မှာ ဝှေ့ယမ်းသွားသည်။ ဓားမော့ထဲတွင် ကျားတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ကျားပုံရိပ်သည် ကောင်းကင်ကို ကြည့်၍ ဟိန်းဟောက်လိုက်သည်။

All Chapters