← Chapters

အတိတ်တုန်းက အိပ်မက်က အမှန်တကယ် ဖြစ်လာခြင်း

Vol. 141 Ch. 1945

အတိတ်တုန်းက အိပ်မက်က အမှန်တကယ် ဖြစ်လာခြင်း

Vol. 141 Ch. 1945

ဝမ်လင်း၏မိုးကြိုးအနှစ်သာရက ဆက်လက် စုပ်ယူနေရင်း ပိုအစွမ်းထက်လာသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကြောင့် မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် ဝမ်လင်း၏စိတ်ကို ဖယ်ရှားကာ သူ့စိတ်ဆန္ဒကို သိပ်သည်းနိုင်စွမ်း မရှိ ဖြစ်နေသည်။

သို့သော်လည်း ကလန်ခေါင်းဆောင်က အင်ပါယာမိုးကြိုးပုတီးစေ့ကို ဝါးမြိုပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းမှ အဆုံးမဲ့မိုးကြိုးအနှစ်သာရသည် ဝမ်လင်း၏ အရူးအမူး စုပ်ယူခြင်းကို ခံရသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေ၏။ သူ၏ဆံပင်ရှည်က လွင့်မြောနေသည်။ သူ့ခန္ဓာကိုယ်ပတ်လည်၌ မိုးကြိုးရောင်ဝါများ ရွှေ့လျားနေကာ အဆုံးမဲ့မိုးကြိုးခွန်အားကို ပေးစွမ်းနေသည်။

ထိုမိုးကြိုးခွန်အားကား သည်အစိမ်းရောင်ဟင်းလင်းပြင်ကိုပါ တုန်ခါစေသည်။ အစိမ်းရောင်အလင်းများစုဝေးကာ ဝမ်လင်းပတ်လည်၌ အစိမ်းရောင်ကင်းမြှီးကောက်များအသွင် ဖြစ်ပေါ်ပြီး ယင်းတို့က ငြိမ်သက်စွာ ဟိန်းအော်သံ ပြုကြသည်။

သို့ပေမည့်လည်း တုနှိုင်းမဲ့ အစွမ်းထက်မိုးကြိုးအနှစ်သာရက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ အစိမ်းရောင်မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်ဆန္ဒကို ဖွဲ့စည်းရန် ဟန်ပြင်စဉ် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ဖြည်းဖြည်းချင်း လည်ပတ်သည်။ ၎င်းက ထိုစိတ်ဆန္ဒ၏ တချို့တဝက်ကို စုပ်ယူ၏။ ၎င်းဖြစ်စဉ်မှာ ရေတံခွန်တစ်ခုမှ စီးဆင်းနေသော ရေသည် ရုတ်တရက် ရပ်တန့်သွားပုံမျိုးပင်။ ထို့နောက် မျှခြေတစ်ခု ရောက်လာပြီး ထိုရေက တဖြည်းဖြည်း စတင် ပြန်လျော့သွားပုံမျိုးပင်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ကင်းမြှီးကောက်အဆောက်အဦ အပြင်ဘက်၌ မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက မယုံကြည်နိုင် ဖြစ်ပေါ်သည်။ သူသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို မြင်နိုင်စွမ်း မရှိပေ။ သူ့အတွက် ဝမ်လင်း၏ခန္ဓာကိုယ်က ပုံမှန်သာ ဖြစ်ပြီး သူ၏စိတ်ဆန္ဒ မည်သည့်နေရာသို့ ဆုံးရှုံးသွားသနည်းကို သူ မစဉ်းစားတတ်အောင် ဖြစ်ရ၏။

သူသည်သာ တစ်ခုခုမှားနေတာကို သတိပြုမိသည် မဟုတ်ပေ။ ကင်းမြှီးကောက်ဘုံကျောင်းအတွင်းပိုင်းရှိ ကျီစိအမည်ရ အဘိုးအိုမှာလည်း မျက်မှောင်ကြုတ်သွား၏။ အနည်းငယ် တတွတ်တွတ် တိုးတိုး ရွတ်ဆိုပြီးနောက် သူက ချောင်းဟန့်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။

နောက်ထပ်မိုးကြိုးတန်းတစ်ခုသည် ဒီဘုံကျောင်းအတွင်းမှ ပျံသန်းထွက်ကာ အလားတူမိုးကြိုးပုတီးစေ့အဖြစ်သို့ ပြောင်းသွား၏။ ၎င်းက ကလန်ခေါင်းဆောင်ထံ ပျံသန်းဝင်လာသည်။

ထိုအဘိုးအို၏ ရှတတအသံက ချောင်းဆိုးသံနှင့်အတူ ရောယှက်ကာ ထွက်ပေါ်လာ၏။ “ဒါက နောက်ဆုံး မိုးကြိုးအင်ပါယာပုတီးစေ့ပဲ။ မိုးကြိုးအင်ပါယာကုန်းမြေမှာတောင် ဒီလိုပုတီးစေ့မျိုး သုံးခု မရှိတော့ဘူး။ မင်းသာ ဒါတောင် မအောင်နိုင်သေးရင် အရင်က ပေးထားတဲ့ ကတိတွေ အသုံးမဝင်တော့ဘူး…”

မိစ္ဆာတာအိုကလန်ခေါင်းဆောင်မှာ သုန်မှုန်နေ၏။ သူက ဒီဖြစ်စဉ်မှာ ခုလောက်ထိ ခက်ခဲလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူက မိုးကြိုးအင်ပါယာပုတီးစေ့ကို စိုက်ကြည့်၏။ သူ၏မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ ထို့နောက်တွင် သူ့ပါးစပ်ကို ဟကာ ရှိုက်သွင်းလိုက်၏။ ထိုမိုးကြိုးပုတီးစေ့က သူ၏ပါးစပ်တွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

ထိုပုတီးစေ့ကို ဝါးမြိုပြီးသည်နှင့် မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချသည်။ သူက မာန်သွင်းလိုက်၏။

“မိုးကြိုးအနှစ်သာရ…ပြန့်ကြဲစေ…” မာန်သွင်းခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်ထဲရှိ မိုးကြိုးအနှစ်သာရအားလုံးကို သူက တွေဝေခြင်းမရှိ ထုတ်လွှတ်၏။ ယင်းတို့အားလုံးက ဝမ်လင်းထံ တရကြမ်း တိုးဝင်သည်။ သည်မိုးကြိုး၌ သူ၏စိတ်ဆန္ဒအားလုံး ပါဝင်သည်။ ထို့ကြောင့် သူသည် ဒီတကြိမ်တွင်မူ အောင်မြင်မှ ဖြစ်မည်။

ဒီမိုးကြိုးအနှစ်သာရတွင် ဒုတိယမြောက် မိုးကြိုးအင်ပါယာပုတီးစေ့ထံမှ အစွမ်းထက်မိုးကြိုးလည်း ပါဝင်ထားသေးသည်။ ၎င်းက လကန်ခေါင်းဆောင်၏ စိတ်ဆန္ဒကို ဝမ်လင်းထံသို့ မြန်ဆန်စွာ တွန်းထုတ်ပေးသည်။

တုနှိုင်းမဲ့မိုးကြိုးအနှစ်သာရက ရှေ့သို့ တရကြမ်း တိုးဝင်လာစဉ် ဝမ်လင်း၏ခန္ဓာကိုယ်ကမူ တုန်ယင်သွားပြန်သည်။ သူ၏ပတ်လည်တွင် မိုးကြိုးရောင်ဝါများ ပိုများပြားလာ၏။ ရုတ်တရက် ရောင်ဝါစက်ဝန်းသည် ပေတစ်ထောင်ကျော်ထိ ချဲ့ကားသွားသည်။ ဝမ်လင်းပတ်လည်ရှိ ပေတစ်ထောင်မှာ မိုးကြိုးငရဲတစ်ခု ဖြစ်လာသည်။

မိုးကြိုးက ရွှေ့လျားကာ လွန်စွာ တောက်ပ၏။ ဝမ်လင်းက သူ့ထိန်းချုပ်မှုကနေ လွတ်ကာ ခေါင်းမော့လာ၏။ သူ၏ညာမျက်လုံးထဲရှိ မိုးကြိုးအမှတ်အသားက ကိုးကြိမ်တိုင် လင်းလက်ပြီးနောက် ပျံသန်းထွက်သည်။

ထိုမိုးကြိုးအမှတ်အသားသည် အရှိန်နှင့်ထိုးထွက်ကာ ဝမ်လင်း၏အထက်၌ ဧရာမမိုးကြိုးအမှတ်အသားတစ်ခုအဖြစ်သို့ ပြောင်းသည်။ ၎င်း ပေါ်လာသည်နှင့် ၎င်းက ဝန်းကျင်ရှိ မိုးကြိုးတို့ကို အရူးအမူးအသည်းအသန် စုပ်ယူသည်။ မိုးကြိုးတို့က ထိုအမှတ်အသားနှင့် ပေါင်းစပ်နေကြရင်း ၎င်းအမှတ်အသားပတ်လည်၌ အကြမ်းထည်လူသားအသွင်ပုံစံတစ်ခု ပေါ်လာ၏။

၎င်းမှာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် အကြမ်းထည်ပင်။ ၎င်းသည် ခုထိ မဖွဲ့စည်းရသေးသော်လည်း ၎င်း၏ခုလက်ရှိ အခြေအနေကို ကြည့်ပါက အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းဖို့အတွက် သိပ်လိုတော့မည် မဟုတ်ပါ။

ဖြတ်ခနဲအတွင်း သည်ဝန်းကျင်ပတ်လည်ရှိ မိုးကြိုးအားလုံး စုပ်ယူခြင်း ခံရသည်။ ထို့နောက် ဝမ်လင်း၏ခန္ဓာကိုယ်မှ မိုးကြိုးတို့ ပေါက်ကွဲထွက်လာ၏။ ထိုမိုးကြိုးတို့က သူ၏ခန္ဓာကိုယ် ဒွာရပေါက်တိုင်းကနေ ထွက်ပေါ်လာတာ ဖြစ်သည်။

သည်လောက်များပြားလှသော မိုးကြိုးပမာဏက လောကကို လှုပ်ခါစေဖို့ လုံလောက်၏။ မိုးကြိုးက သည်ဟင်းလင်းပြင်၏ နေရာထောင့်စုံကို သိမ်းပိုက်ကာ အစိမ်းရောင်ဟင်းလင်းပြင်ကို မိုးကြိုးဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားစေလုနီးပါးပင်။

ထိုမျှ များပြားလှသော မိုးကြိုးတို့က မိုးကြိုးအမှတ်အသားရှိ လူသားအသွင်အကြမ်းထည်ထံ တရကြမ်း ဝင်ရောက်သည်။ တုန်ဟည်းသံများကို ဒီဘုံကျောင်း၏ အပြင်ကနေပင် ကြားရနိုင်၏။ မိုးကြိုးပေါင်းစပ်မှုက  အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ တစိတ်တပိုင်းကိုပါ တုန်ခါစေသည်။

လူသားအသွင်အကြမ်းတည်ကောက်ကြောင်းက မိုးကြိုးကို ဆက်လက် စုပ်ယူပြီး မြန်ဆန်စွာ ကြီးထွားလာ၏။ ထိုကောက်ကြောင်းအတွင်း၌ မိုးကြိုးဖြင့် ပြုလုပ်ထားသော အရိုးများ စတင်ဖွဲ့စည်းသည်။ ထိုအရိုးတစ်ခုစီမှာ မရေမတွက်နိုင်သော မိုးကြိုးအမျှင်တန်းများ စုစည်းသိပ်သည်း ထားခြင်းပင်။ လျှပ်တပြတ်အတွင်း အပြည့်အစုံအရိုးစုတစ်ခု ပေါ်လာသည်။

မကြာမီတွင် မိုးကြိုးပေါင်းများစွာ ဝင်ရောက်သည့်အခါ သွေးကြောများနှင့် အသွေးအသားတို့ ပေါ်ပေါက်လာသည်။ နောက်ဆုံးမျိုးကြိုးအမျှင်တန်းကို စုပ်ယူသည့်အခါ၌ အသိစိတ်ကင်းမဲ့နေသော ဝမ်လင်း၏အထက်တွင် လွင့်မြောပေါ်ပေါက်လာသည့် အရာကား နောက်ထပ်ဝမ်လင်းတစ်ယောက် ဖြစ်လာသည်။

ထိုဝမ်လင်းက မျက်လုံးမှိတ်ထားကာ မိုးကြိုးတို့ ခြုံလွှမ်းထား၏။ ၎င်းသည် မိုးကြိုးကနေ မွေးဖွားလာခဲ့ခြင်းပင်။ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်။

ဝမ်လင်း တောင့်တအိပ်မက်မက်ခဲ့ရသော မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က သည်နည်းလမ်းဖြင့် မွေးဖွားလာခဲ့လေပြီ။ သို့ပေမည့် ထိုအနှစ်သာရအစစ်အမှန်ခန္ဓာက ဝမ်လင်း၏ အပိုင် မဟုတ်သေးပေ။ ထိုအစား မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်ဆန္ဒ၏ အပိုင်ဖြစ်နေချေ၏။

အကြောင်းကား သည်မိုးကြိုးအနှစ်သာရအစစ်အမှနခန္ဓာ၌ ထိုကလန်ခေါင်းဆောင်၏ စိတ်ဆန္ဒ ပါဝင်သောကြောင့်ပင်။

ကင်းမြှီးကောက်ဘုံကျောင်း၏ အပြင်တွင် ကလန်ခေါင်းဆောင်သည် ရုန်းကန်နေရသည်။ သူသည် မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်၏ တည်ရှိမှုကို အာရုံရကာ တုန်လှုပ်မိနေ၏။ သူက ဝမ်လင်းကို ထပ်မံ၍ အထင်သေးမိပြန်သည်။ သူသည် ဝမ်လင်း၏ မိုးကြိုးအပေါ် နားလည်သဘောပေါက်မှုက အခုလိုမျိုး မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းစေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

အခုအခါ၌ ကလန်ခေါင်းဆောင်သည် ဝေဝါးနေ၏။ သူသည် မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို လိုချင်တောင့်တခဲ့တာ ကြာပြီ ဖြစ်၏။ သို့သော် သူကသာ ၎င်းခန္ဓာကို ယူဆောင်ပါက ကျီစီ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်တော့မည် မဟုတ်ပေ။

သူ ရုန်းကန်နေစဉ် ဘုံကျောင်းအတွင်းမှ ချောင်းဆိုးသံ ထွက်ပေါ်လာ၏။ မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ထိုချောင်းသံကို ကြားသည့်အခါ ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။

“အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ပြန်ရှင်သန်လာတာနဲ့ ငါ လက်ခံထားတဲ့ ကတိတွေနဲ့ ယှဉ်ရင် ဒီမိုးကြိုးအနှစ်သာရခန္ဓာက တန်ဖိုးရှိလှပေမယ့်လည်း ဒီကတိတွေကို လက်လွှတ်ပစ်ဖို့တော့ မဖြစ်နိုင်သေးဘူး…”

ကလန်ခေါင်းဆောင်က သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များစွာကို ဖြစ်ပေါ်စေသည်။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။ သူက မျက်လုံးမှိတ်ကာ ကင်းမြှီးကောက်ဘုံကျောင်းအတွင်းရှိ အစိမ်းရောင်ဟင်းလင်းပြင်အတွင်းမှ ဝမ်လင်း၏အထက်ရှိ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပေါ်သို့ အာရုံစူးနစ်ထားလိုက်သည်။

မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာသည် တုန်ယင်နေ၏။ ၎င်း၏မျက်လုံးကိုမှိတ်ထားလျက်ဖြင့် ညာလက်ကိုပင့်မြှောက်ကာ အောက်ဘက်ရှိ ဝမ်လင်းပေါ်သို့ ဖိချသည်။ သူ့လက် ကျဆင်းလာခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ခါသည်။ မိုးကြိုးအနှစ်သာရ နောက်ဆုံးလက်ကျန်အမျှင်တန်းခုနစ်ခုက ဝမ်လင်း၏ ဦးခေါင်း၏ ဒွာရပေါက်များထံမှ ပျံသန်းထွက်လာသည်။

ယင်းတို့က သူ့မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့ထံမှ ထွက်ပေါ်လာခြင်းပင်။ ထိုမိုးကြိုးတို့က မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပေါ်ရှိ ထိုဒွာရပေါက်များထံ ဦးတည်ဝင်ရောက်သည်။ ထိုအမျှင်တန်းခုနစ်ခုက မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ၎င်းခန္ဓာက မျက်လုံးဖွင့်လာသည်။

၎င်းသည် သုန်မှုန်သောအကြည့်ကို လှစ်ဟဖော်၏။ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ အော်ရာနှင့် ပေါင်းစပ်သည်။ ၎င်း၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ လောကရှိ မိုးကြိုးမှာ ထိုခန္ဓာကိုယ်နှင့်အတူ တုန်ယင်ရသည်။ ဘုံကျောင်းအပြင်ဘက်တွင် တုန်လှုပ်ဖွယ် မိုးကြိုးပမာဏများစွာသည် အစိမ်းရောင်မိစ္ဆာကုန်းမြေ တလွှား၌ ပေါ်လာ၏။

မိုးကြိုးတုန်ဟည်းသံများ ကျယ်လောင်စွာ မြည်ဟိန်း၍ ဗဟိုချက်ရှိ ကင်းမြှီးကောက်ဘုံကျောင်းကို အံ့မခန်းနှုန်းဖြင့် တရကြမ်း ဦးတည်သည်။

ထိုမိုးကြိုးအမြန်နှုန်းက ဖော်ပြ၍ပင် မရပေ။ မည်သည့်မိုးကြိုးထက်မဆို ပိုမြန်သည်။ ၎င်းက ဟင်းလင်းပြင်ကွေးညွှတ်ခြင်းနှင့်ပင် ဆင်တူသည်။ ၎င်းက ကင်းမြှီးကောက်ဘုံကျောင်းအတွင်းရှိ ကင်းမြှီးကောက်အတွင်းမှ အစိမ်းရောင်ဟင်းလင်းပြင်ထံသို့ တရကြမ်း ဝင်ရောက်သည်။

ချက်ခြင်းလိုလိုပင် မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ထိုမြင့်တက်လာသော မိုးကြိုးတို့က ဝန်းရံကာ ချပ်ဝတ်တစ်ခုအသွင် ဖြစ်ပေါ်သည်။ ၎င်းချပ်ဝတ်၏ ဦးခေါင်းနေရာထက်၌ သရဖူတစ်ခုပါ ဖြစ်ပေါ်လာသည်။

ယင်းကား မိုးကြိုးအင်ပါယာ၏သရဖူတည်း။

ထိုသရဖူ ပေါ်လာသည်နှင့် စုဝေးသိပ်သည်းလာသော အဆုံးမဲ့မိုးကြိုးတို့က မိုးကြိုးစစ်ရထားအသွင် ဖွဲ့စည်းသည်။

အခုအခါ၌ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် အပြည့်အဝ ဖွဲ့စည်းပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

အောက်ဘက်တွင် ထိုင်နေသော ဝမ်လင်း၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်နေ၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ဆက်လက် ကွယ်ဝှက်နေခြင်း မရှိတော့ဘဲ အသက်ဝင်လာကာ သူ၏မူလစိတ်ဝိညာဉ်ကို ကာကွယ်ပေးသည်။ သူ၏နိုးထလာမှုမှာ သူ့စိတ်နှလုံးအတွင်းရှိ တုန်ယင်မှုကြောင့်ပင် ဖြစ်သည်။

ဝမ်လင်း သတိပြန်ဝင် နိုးထလာခိုက်၌ သူက မျက်လုံးဖွင့်၏။ သူသည် ကောင်းကင်ထက်ရှိ ဖွဲ့စည်းပေါ်ပေါက်ပြီးသော မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကို တွေ့မြင်သည်။

ဝမ်လင်းသည် ထိုခန္ဓာကို တွေ့မြင်သည့်အခါ သူက ခဏတာ တုန်ယင်မိသွား၏။ သူသည် မိန်းမောနေဆဲ အခြေအနေ ဖြစ်သည်။ သို့သော် မကြာမီတွင် သူသည် အရာအားလုံးကို နားလည်သဘောပေါက်သွားတော့သည်။

သူ မင်သက်သွားရသည့် အကြောင်းရင်းမှာ မဟာစိတ်ဝိညာဉ်ကလန်၌ ပထမဆုံးအကြိမ် သူ ဝိညာဉ်မျက်လုံးတာအိုကို အသုံးပြုခဲ့ချိန်က ဖော်ပြခဲ့သော တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကြောင့်သာ ဖြစ်၏။

ထိုအတိတ်တုန်းက သူ တင်ကြိုမြင်ခဲ့သော မြင်ကွင်းက အခု သူ တွေ့မြင်နေရာသည့်အရာများနှင့် ချွတ်ဆွတ်နီးပါး တူညီနေသည် မဟုတ်လား။

အတိတ်တုန်းက ဝမ်လင်းသည် သူ့ကိုယ်ပိုင်မိုးကြိုးအနှစ်သာရခန္ဓာကိုယသည် သူ့ကို ဖိနှိပ်ဖို့ မိုးကြိုးကို အသုံးပြုထားသည်အား တွေ့မြင်ခဲ့၏။ သူက သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က ဘာကြောင့် သူ့ကို ထိုသို့ လုပ်ဆောင်လိမ့်မည်အား ထိုစဉ်က နားမလည်ခဲ့ပေ။

တကယ်တော့ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က သူ့ကြောင့် ဖြစ်ပေါ်ကာ သူ၏ အကြွင်းမဲ့အပိုင် ဖြစ်မည့် အရာ မဟုတ်လား။ ထိုစဉ်က သူ တွေ့မြင်ခဲ့ရသော အနှီမဖြစ်နိုင်သော မြင်ကွင်းမှာ အခုတော့ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

All Chapters