ကိုယ်ပိုင် အကြံအသီးသီး
Vol. 141 Ch. 1946
မိုးကြိုးအနှစ်သာရအစစ်အမှန် ခန္ဓာကိုယ်က ဝမ်လင်းကို အေးစက်စက် ကြည့်လာသည်။ ဒီဟင်းလင်းပြင်အတွင်း၌ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ရုတ်တရက် ၎င်းက ရွှေ့လျားကာ ဝမ်လင်းထံ ၎င်း၏လက်ကို ဝေ့ယမ်းသည်။ အဆုံးမဲ့မိုးကြိုးတို့က ဝမ်လင်းထံ တိုးဝင်လာပြီး သူ့အား မြန်ဆန်စွာ ဖိနှိပ်သည်။
ဝမ်လင်းသည် နေရာတွင်ပင် ထိုင်ကာ သူ့ကို အကြမ်းပတမ်း ဖိနှိပ်လာသော သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို မော့ကြည့်သည်။ သူ၏အမူအရာက သုန်မှုန်နေ၏။ ခုခါ၌ သူသည် သတိရနေပြီ ဖြစ်၍ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာသည်။
အထူးသဖြင့် သည်အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖြစ်ပေါ်ခြင်းနှင့် ရုတ်ချည်းပြောင်းလဲမှုတို့မှာ ထိုကလန်ခေါင်းဆောင်နှင့် ပတ်သတ်နေရမည်သာ။ ဝမ်လင်းသည် ထိုမိုးကြိုးအနှစ်သာရခန္ဓာထံမှ ထိုသူ၏အော်ရာကိုပင် ခပ်ရေးရေး ခံစားမိရသည်။
“သူ ငါ့ကို ဖမ်းလာခဲ့တာ။ သတ်ဖို့လည်း မဟုတ်ဘူး။ ဒဏ်ရာလည်း မရစေခဲ့ဘူး။ ဒါပေမဲ့ ငါ့မိုးကြိုးအနှစ်သာရကို သိမ်းပိုက်ပြီး ငါ့မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာ ဖြစ်ပေါ်လာအောင်ပါ ငါ့ကို ကူညီပေးခဲ့သေးတယ်။ သူ့ရည်ရွယ်ချက်ဟာ…ငါ့ကို ဖိနှိပ်ဖို့ မဟုတ်တာလား။ ဒါပေမဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကို အသုံးပြုပြီး ငါ့စိတ်ကို ဗရမ်းဗတာ ဖြစ်စေပြီး ငါ့စိတ်ကို ဖယ်ရှားပစ်ဖို့ပဲ…”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ အချိန်တိုအတွင်း သူ့စိတ်ထဲ၌ အတွေးများစွာ ပေါ်လာသည်။ သူသည် အတိတ်တုန်းက ဒီမြင်ကွင်းကို ရှေ့ဖြစ်ကြည့်မြင်ခဲ့ရချိန်၌လည်း သူ့အား ကြီးစွာ တုန်လှုပ်စေခဲ့သည်။ သတိမဲ့အမှုမဲ့မထားဘဲ သူက အတိတ်တုန်းကတည်းက ထိုကိစ္စကို ဘယ်လိုဘယ်ပုံ ရင်ဆိုင်ဖြေရှင်းရမည်အား တွေးနှင့်ထားခဲ့ပြီး ဖြစ်သည်။
အခု မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က သူ့ကို ဖိနှိပ်ဖို့ လုပ်ဆောင်လာသည်နှင့် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းသည်။ သူ၏မူလစိတ်ဝိညာဉ်က မျက်လုံးမှိတ်ပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ဆင့်ခေါ်သည်။
သူ၏စိတ်ဝိညာဉ်ထဲရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ရုတ်တရက် လှုပ်ရှားလာသည်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်၊ မှတ်ဉာဏ်များနှင့် အရာအားလုံးကို သူသည် မိုးကြိုးရောက်ရှိလာသည့်အခါ၌ စတင် ကြုံ့ပစ်၏။
သူက နောက်သို့ ယာယီဆုတ်ကာ ထိုမိုးကြိုးအနှစ်သာရခန္ဓာက သူ့အား လွှမ်းမိုးသိမ်းပိုက်မည်ကို ခွင့်ပြုပေးထားမည် ဖြစ်၏။ ထိုအနှစ်သာရအစစ်အမှန်ခန္ဓာက သူ့ခန္ဓာကိုယ်နှင့် လုံးဝ ပေါင်းစပ်သမူဟ ဖြစ်သွားသည်နှင့် သူ့အတွက် တန်ပြန်တိုက်ခိုက်မှု အခွင့်အရေး ထွက်ပေါ်လာလိမ့်မည်။
ဤသည်က ဝမ်လင်းသည် ထိုမယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းကို အတိတ်တုန်းက တွေ့မြင်ခဲ့စဉ်တည်းက မည်သို့မည်ပုံ ခုခံမည်ဟု တွေးထားသည့်နည်းလမ်းပင်။
ဒီအစိမ်းရောင်ဟင်းလင်းပြင်၌ မိုးကြိုးတို့ မြည်ဟိန်းကာ အဆုံးမဲ့မိုးကြိုးတန်းများသည် သူ၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ထံမှ ပျံ့လွင့်နေ၏။ ထိုခန္ဓာ နီးကပ်လာသည့်အခါ ၎င်းသည် မရေမတွက်နိုင်သော မိုးကြိုးတန်းများအဖြစ်သို့ ပြောင်း၍ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။ ကလန်ခေါင်းဆောင်၏ စိတ်ဆန္ဒအောက်တွင် ထိုခန္ဓာက ဝမ်လင်း၏ စိတ်နှင့် အရာအားလုံးကို ဖယ်ရှားပစ်မည် ဖြစ်သည်။
အချိန်တဖြည်းဖြည်း ကုန်လာသည်။ တလတာ ဖြတ်ခနဲ ကုန်လွန်သွား၏။ ဝမ်လင်း ပတ်လည်ရှိ မိုးကြိုးတို့မှာ တဖြည်းဖြည်း လွင့်ပျောက်ကာ လုံးဝ မရှိတော့သည့်အထိပင်။ သူက နေရာတွင်သာ မလှုပ်မယှက် ထိုင်နေ၏။ သူ၏အသက်ဓာတ်များသည်ပင် ကုန်ဆုံးလွင့်ပျောက်နေသည်ဟု ထင်ရသည်။ သူသည် သက်ရှိလူသေတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
အစွမ်းထက်နတ်ဘုရားအာရုံတစ်ခုက ဝမ်လင်းထံ ဖြတ်သန်းသွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ထွက်ခွာသွားသည်။
တချိန်တည်းမှာ သည်ကင်းမြှီးကောက်ဘုံကျောင်း၏ အပြင်ဘက်ရှိ မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကလည်း မျက်လုံးဖွင့်လာ၏။ သူက ဘုံကျောင်းကို ကြည့်ကာ သူ၏စကားသံသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ကလန်ခေါင်းဆောင် စကားဆိုပြီးသည့်နောက် အစိမ်းရောင်ဟင်းလင်းပြင်ထံမှ ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာသည်။ အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက မည်သည့်နည်းလမ်းကို အသုံးပြုလိုက်တာ မသိရဘဲ အစိမ်းရောင်ဟင်းလင်းပြင်တွင် ပေါ်လာသည်။ သူ၏နောက်တွင် အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက် ကပ်ပါလာ၏။ သူတို့က ထိုအဘိုးအိုကို အနီးကပ်စောင့်ကြပ်ပေးထားသည်။
ထိုအဘိုးအိုက ဝမ်လင်းကို ကြည့်ကာ ကျေနပ်စွာ ပြုံး၏။ ထို့နောက် သူ့ညာလက်ကို ဝတ်ရုံအောက်မှ ထုတ်၍ ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြား ဖိနှိပ်ချသည်။
သူ၏ညာလက်မှာ အလွန်ကြောက်ဖွယ်ကောင်းကာ အစိမ်းရောင်အမွှေးအမျှင်များ ဖုံးနေသည်။ ၎င်းသည် တုန်လှုပ်ဖွယ် မြင်ကွင်းတည်း။ လူသားလက်နှင့်ပင် မတူပေ။
ထိုညာလက် ဝမ်လင်းပေါ်သို့ ဖိချလာခိုက်၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှ ကာကွယ်ပေးထားသော ဝမ်လင်း၏စိတ်မှ တုန်ခါလှိုင်းအမျှင်တန်းတစ်ခု ထွက်ပေါ်လာသည်။ သို့ပေမည့် ဒီပုတီးစေ့အောက်တွင် အပြင်လူများက ၎င်းကို ထောက်လှမ်းမိနိုင်မည် မဟုတ်ပေ။
“မိစ္ဆာတာအိုကလန်ခေါင်းဆောင် ထွက်မသွားသေးဘူး။ ဒါဟာ ခုခံရမယ့် အချိန်ကောင်း မဟုတ်သေးဘူး။ နောက်ထပ် နည်းနည်း ထပ်စောင့်လိုက်အုံးမယ်…”
ဝမ်လင်း၏စိတ်ထဲရှိ လှိုင်းဂယက်များသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏ ဦးခေါင်းထံမှ ထိုလက်က ပြန်မြှောက်သွား၏။ တအောင့်အကြာတွင် ထိုအစိမ်းရောင်ဝတ်ရုံအဘိုးအိုထံမှ ကြမ်းရှရှအသံ ထွက်ပေါ်လာသည်။
“မင်း ထွက်သွားနိုင်ပြီ။ အရှင်အစိမ်းရောင်မိစ္ဆာ ပြန်ရှင်သန်လာတာနဲ့ မင်းကို ကတိပေးထားတဲ့ အရာတွေကို မင်း ရလိမ့်မယ်…”
ကင်းမြှီးကောက်အဆောက်အုံ၏ အပြင်ဘက်ရှိ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မျက်လုံးများထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူက ထိုဘုံကျောင်းကို နောက်ဆုံးအနေဖြင့် တချက် ကြည့်သည်။ ထို့နောက် သူသည် ဒီနေရာကနေ ပျောက်ကွယ်သွားတော့သည်။
မိစ္ဆာတာအိုကလန်ခေါင်းဆောင် ပျောက်သွားသည့်နောက် အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် ဝမ်လင်းကို စိတ်လှုပ်ရှားစွာ ကြည့်သည်။
“ဒီအဘိုးအိုရဲ့ မိသားစုဟာ စောင့်နေခဲ့တာ ကြာမြင့်လွန်းခဲ့ပြီ။ သေမျိုးမျိုးဆက်တွေဟာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းကြာအောင် ကျီစီ ဖြစ်လာခဲ့ကြပြီး အရှင်အစိမ်းရောင်မိစ္ဆာလို ပြင်ပလောကမှ ထွက်ပေါ်လာမယ့် ခန္ဓာကိုယ်တစ်ခုကို စောင့်နေခဲ့ကြတာ…”
“ဒီလိုခန္ဓာကိုယ်မျိုးကိုသာ ပိုင်စိုးမှသာ အရှင်အစိမ်းရောင်မိစ္ဆာဟာ ပြန်ရှင်သန်နိုင်မှာ။ ဒါပေမဲ့လည်း မိစ္ဆာတာအိုကလန်ခေါင်းဆောင်ရဲ့ စိတ်ဆန္ဒကို မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကနေ ဖယ်ရှားပစ်ဖို့ လိုသေးတယ်…”
ထိုအဘိုးအိုက သူ့ဟာသူ ခပ်တိုးတိုး ရေရွတ်နေပြီး ဝမ်လင်းကို စိတ်လှုပ်တရှား ကြည့်နေလေသည်။ သူ၏အသံက ဒီအစိမ်းရောင်ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်ကာ ရူးသွပ်မှုနှင့်ထူးဆန်းမှု အရိပ်အမြွက်တို့ ပါဝင်နေသည်။
ဝမ်လင်း၏စိတ်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကာအကွယ်အောက်တွင် ပုန်းကွယ်နေတုန်းပင်။ သူသည် ခုလက်ရှိ ဘေးအန္တရာယ်က သေရေးရှင်ရေး တစ်ခု မဟုတ်တော့ဘဲ သူ့စိတ်နှလုံးကို တချက်အခုန်မြန်စေသော မဟာကံကောင်းမှုတစ်ခုဟု ခံစားနေရလေပြီ။
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် တုန်ယင်နေ၏။ သူ၏မိသားစုက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာက သည်နေ့ကို စောင့်နေခဲ့တာ ဖြစ်၏။ သူက အသက်ဝဝရှိုက်သွင်းကာ သူ့လက်ချောင်းထိပ်ကို ကိုက်လိုက်၏။ အစိမ်းရောင်သွေးတစက် ပျံသန်းထွက်ကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည်။
ထိုအစိမ်းရောင်သွေးက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည့်အခိုက်၌ အစိမ်းရောင်လှိုင်းဂယက်တစ်ခု ဂယက်ထသည်။ ထိုလှိုင်းက ပျံ့လွင့်ကာ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်ဆန္ဒကို လုံးဝ ပျောက်ကွယ်သွားစေသည်။
မိုးကြိုးဖြင့် ဖြစ်ပေါ်လာခဲ့သော ထိုအနှစ်သာရအစစ်အမှန်ခန္ဓာသည် မည်သူ၏ စိတ်ဆန္ဒမှ ဆက်မရှိလေတော့ပေ။ ဝမ်လင်းသည် သူ့စိတ်ဆန္ဒကို ၎င်းအတွင်းသို့ ထည့်သွင်းဖို့ လှုပ်ရှားလိုက်ရုံသာလို၏။ သို့ပေမည့် သူသည် ပိုကြီးမားသော မဟာကံကောင်းမှုအတွက် သည်တပ်မတ်စိတ်ကို တင်းခံထားသည်။
အချိန်အတန်ကြာပြီးနောက် အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအို၏မျက်လုံးထံမှ ဉာဏ်အလင်း တောက်ပမှု လှစ်ဟပေါ်သည်။ သူက ဝမ်လင်းရှေ့တွင် အခုလို စကားများကို ပြောခဲ့ခြင်းမှာ သူ၏စမ်းသပ်မှုသာ ဖြစ်သည်။
အစိမ်းရောင်ကင်းမြှီးကောက်ဘုံကျောင်း၏ ကျီစီဟူသော ဂုဏ်ပုဒ်ကို သေမျိုးခန္ဓာကိုယ်တစ်ခုဖြင့် ရရှိနိုင်ခဲ့သည့် အချက်ကို ထောက်ရှုပါက သူသည် အလွန်ဉာဏ်ကောင်းသူမှန်း သိသာသည်။ သူသည် သူ တွေ့မြင်ခဲ့သည့် အရာကို လက်လွတ်စပယ် ယုံမည့်သူမျိုး မဟုတ်ပေ။ သူက အရာအားလုံးကို မေးခွန်းထုတ်ပေလိမ့်မည်။
သူက ဦးဆုံး သူ့စကားလုံးများကို အသုံးပြုခဲ့၏။ ထို့နောက် သူသည် မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်ဆန္ဒကို မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကနေ ဖယ်ရှားပစ်ခဲ့သည်။ သူသည် ဝမ်လင်း၏ စိတ်မှာ လုံးဝ ဖယ်ရှားခံရခြင်း ရှိ၊မရှိ စမ်းသပ်လိုက်ခြင်းပင်။
အချိန်အတန်ကြာနောက်ပြီးနောက် မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာက ဝမ်လင်းကို ထွက်ပေါ်လာအောင် မမြှူဆွယ်နိုင်ခဲ့ပေ။ ထိုသို့ ပြုလုပ်ပြီးမှသာ ထိုအဘိုးအိုက အနည်းငယ် စိတ်အေးကာ စိတ်ချလက်ချက် ဖြစ်သွားသည်။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ သို့မဟုတ် ဝမ်လင်းကို မထောက်လှမ်းမိနိုင်ပေ။ သို့သော် သူ့ဟာသူ တီးတိုးရေရွတ်နေဆဲပင်။
“ဒီခန္ဓာကိုယ်ဟာ သိပ်ကောင်းတယ်။ နောက်တဆင့်က အရှင်အစိမ်းရောင်မိစ္ဆာရဲ့ ပိုင်စိုးမှုအတွက်ပဲ…”
သူ ထိုသို့ ပြောနေရင်း သူ့မျက်လုံးကို ကစား၏။ သူက နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သည်။ သူ ပေရာချီသို့ ရောက်သည့်အခါ ရုတ်တရက် ရှတတအသံဖြင့် မာန်သွင်း အော်ဟစ်လိုက်သည်။
“အစိမ်းရောင်မိစ္ဆာအစောင့်အကြပ်တွေ..သူ့ကို သတ်လိုက်။ သူ့စိတ်က ရှိနေတုန်းပဲ။ အစိမ်းရောင်မိစ္ဆာအစီအရင်ကို ဖွင့်လှစ်လိုက်။ ငါတို့ သူ့ကို လွတ်မြောက်သွားခွင့် ပြုလို့ မဖြစ်ဘူး…” သူ ထိုသို့ ပြောလိုက်ပြီး နောက်သို့ မြန်မြန်ဆုတ်သည်။ သို့သော် သူက ဝမ်လင်းကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
သူ မာန်သွင်းလိုက်သည့်အခါ အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက်က ကြမ်းကြုတ်သောအကြည့်ကို လှစ်ဟပေါ်ကာ ဝမ်လင်းထံ ဘယ်နှင့်ညာကနေ တိုးဝင်လာသည်။ သူတို့ နီးကပ်လာသည့်အခါ ချိပ်ဟန်များကို ဖြစ်စေပြီး သူတို့၏ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံမှုက ပေါက်ကွဲထွက်လာသည်။ ဧရာမကင်းမြှီးကောက်နှစ်ကောင် ပေါ်လာသည်။ ယင်းတို့က တစီစီအသံပေးကာ ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။
ဤသည်က စမ်းသပ်မှုတစ်ခုနှင့် မတူဘဲ သူတို့က ဝမ်လင်းကို အမှန်တကယ် သတ်ပစ်တော့မည့်ပုံမျိုး ပေါက်နေသည်။ ထိုအခိုက်၌ ဝမ်လင်း၏ တစ်ခုတည်းသော ရွေးချယ်မှုက သူ့စိတ်ကို ဖြန့်ကျက်ကာ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ၎င်းအပေါ်သို့ သူ့စိတ်ဆန္ဒကို ထားရစ်ပြီး ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ကို အသက်သွင်း၊ ထိုသုံးယောက်ကိုသတ်၊ ထို့နောက်တွင် သည်နေရာကနေ မြန်မြန်ထွက်ပြေးရန် ဖြစ်သည်။
အစိမ်းရောင်ဝတ်ရုံဖြင့် ထိုအဘိုးအို၏ စကားတို့မှာ ရုတ်ချည်းဆန်လှ၏။ တခြားတစ်ယောက်ယောက်သာ ဖြစ်နေပါက အထက်ပါအတိုင်းသာ တုန့်ပြန်ပြီး ဒီနေရာကနေ ထွက်ပြေးလိမ့်မည်။ သို့သော် ဝမ်လင်း၏ စိတ်နှလုံးက ခဏတာသာ လှုပ်ရှားသွားပြီး ရုတ်ချည်း ပြန်ငြိမ်သက်သွားသည်။ သူ၏စိတ်နှလုံးက တည်ငြိမ်သွားချေ၏။
သူက တဖက်လူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို အမှန်တကယ် ထောက်လှမ်းနိုင်လိမ့်မည်ဟု မယုံကြည်ပေ။ ဤသည်မှာ ဉာဏ်နီဉာဏ်နက် တိုက်ပွဲတစ်ခု ဖြစ်ချေ၏။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လှ၏။ အစိမ်းရောင်မိစ္ဆာတမန်တော်များထံမှ မန္တာန်များသည် ဝမ်လင်းထံ နီးကပ်လာကာ သူနှင့် ခုနစ်ပေပင် မလိုတော့ပေ။ သို့သော် ဝမ်လင်း၏ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားပေ။ ခြောက်လက်မ၊ ငါးလက်မ၊ သုံးလက်မ၊ တစ်လက်မ။
ဝမ်လင်း၏စိတ်ထဲတွင် သေရေးရှင်ရေးအာရုံ မြင့်တက်လာ၏။ သူ၏ပြတ်သားခိုင်မာမှုဖြင့်ပင် သူ လှုပ်ခါမိရ၏။ သို့ပေမည့် သူကား ငြိမ်သက်စွာ ဆက်ရှိနေတုန်းပင်။
ဘန်းခနဲ ပေါက်ကွဲကာ တမန်တော်နှစ်ယောက်ထံမှ မန္တာန်များသည် ဝမ်လင်း၏ခန္ဓာကိုယ်ပေါ် ကျရောက်၏။ သို့ပေမည့် သူတို့၏ တိုက်ခိုက်မှုများ ကျရောက်လာသည့်အခါ အစိမ်းရောင်အလင်းလွှာတစ်ခု ဂယက်ထကာ ထိုတိုက်ခိုက်မှုများကို နောက်ပြန်လွင့်သွားစေသည်။
ယင်းအစိမ်းရောင်လှိုင်းက ကျီစီညှစ်ထုတ်ခဲ့သော လတ်ဆတ်သောသွေးမှ ဖြစ်ပေါ်လာခဲ့တာပင်။ သူ့သွေးက မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်ဆန္ဒကို ပယ်ရှားကာ ပျောက်ကွယ်သွားခဲ့ပြီဟု ထင်မှတ်ခဲ့ရသော်လည်း အမှန်တကယ်ကမူ ၎င်းက ဝမ်လင်းကို စမ်းသပ်ဖို့အတွက် သူ၏ နောက်ဆုံးဝှက်ဖဲတစ်ခု ဖြစ်နေခဲ့တာပင်။
ထိုအခိုက်အတန့်၌ အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် လုံးဝ စိတ်ချစိတ်အေးသွားပြီ ဖြစ်ကာ သူက ကျယ်လောင်စွာ စတင် ရယ်မော၏။ သို့ပေမည့် သူ ရယ်မောနေစဉ် ချောင်းအသည်းအသန် စတင်ဆိုးတော့သည်။
“အခု ပြဿနာတော့ မရှိတော့ဘူး။ ဒီခန္ဓာကိုယ်ဟာ အသိစိတ်နဲ့ စိတ် မရှိတော့ဘူး။ ဒါပေမဲ့ ၎င်းက အားနည်းလွန်းနေတယ်။ ဒါက နည်းနည်း ကျင့်ကြံဖို့ လိုအပ်ဦးမယ်။ ဒါမှသာ အရှင်အစိမ်းရောင်မိစ္ဆာ ဆင်းသက်လာမှုကို တောင့်ခံနိုင်မှာ…”
“သူ့မှာ အနှစ်သာရရှစ်ခု ရှိနေပင်မယ့်လည်း သူ့မှာ မြေအနှစ်သာရ မပိုင်ဆိုင်ထားသေးဘူး။ အရှင်အစိမ်းရောင်မိစ္ဆာရဲ့ အနှစ်သာရဟာ မြေပဲ။ ငါ ဒါကို ထပ်ပေါင်းထည့်ဖို့ လိုတယ်…”
“ဒီခန္ဓာကိုယ်မှာ အနှစ်သာရရှစ်ခု ပိုင်ဆိုင်ထားတယ်။ ပြီးတော့ မြေအနှစ်သာရနဲ့ဆိုရင် အနှစ်သာရကိုးခု ဖြစ်သွားလိမ့်မယ်။ အနှစ်သာရကိုးခုကို စုစည်းတာဟာ အနှစ်သာရခန္ဓာကိုယ် ဖြစ်သွားစေလိမ့်မယ်။ ဒါဆို အရှင်အစိမ်းရောင်မိစ္ဆာရောက်ရှိလာမှုအတွက် ပြီးပြည့်စုံတဲ့ အတွဲအစပ် ဖြစ်သွားလိမ့်မယ်။ အရှင်အစိမ်းရောင်မိစ္ဆာအသက်ပြန်ရှင်လာပြီး ဒီခန္ဓာကိုယ်ကို ပိုင်စိုးလိုက်တာနဲ့ ငါဟာ ငါ့မိသားစုရဲ့ တာဝန်ကို အပြီးသပ်နိုင်ပြီ။ အဲ့တာဆိုရင် ငါဟာ ဗဟိုကုန်းမြေဆီ ပြန်နိုင်စွမ်း ရှိပြီး အနာဂတ်မှာ ငါ့မိသားစုအတွက် ကံကောင်းမှုကြီးတစ်ခုကို ယူလာပေးနိုင်မယ်…”
“ဒီကိစ္စက အလွန်အရေးကြီးတယ်။ ဒါ့ကြောင် ငါ နောက်ထပ်နည်းနည်း ပြင်ဆင်ဖို့ လိုအပ်မယ်…”
ထိုအဘိုးအိုက ချောင်းဆိုးကာ ဖြည်းဖြည်းချင်း ထွက်ခွာသွား၏။