← Chapters

ရူးသွပ်ဖွယ်ကံကောင်းမှုတစ်ခု

Vol. 141 Ch. 1949

ရူးသွပ်ဖွယ်ကံကောင်းမှုတစ်ခု

Vol. 141 Ch. 1949

“ငါ့မိသားစုက ပြင်ဆင်ထားတဲ့ အရာအားလုံးကို နောက်ဆုံးတော့ အသုံးပြုနိုင်ပြီ…”

ထိုအဘိုးအို၏မျက်လုံးက အရောင်တောက်လာ၏။ သူ့ဘယ်လက်ဖြင့် ချက်ခြင်းပင် သူ့ခန္ဓာကိုယ်အနှံ့သို့ ထိရိုက်လိုက်သည်။

သူ သူ့ခန္ဓာကိုယ်ကို ထိရိုက်တိုင်း သူ၏ခန္ဓာကိုယ်မှ ဆန်းကြယ်သောပစ္စည်းတစ်ခု ပျံသန်းထွက်လာကာ လွင့်မြောပြီး တောက်ပသောအလင်းကို ထုတ်လွှတ်၏။ သူ၏ခန္ဓာကိုယ်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် သူ့မိသားစုက ပြင်ဆင်ထားသော ပစ္စည်းများကို စုဆောင်းထားသည့် သိုလှောင်နေရာလွတ်တစ်ခုအလား ထင်မှတ်ရသည်။

ထိုပစ္စည်းများသည် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ပြန်ရှင်သန်ရာ၌ အကူအညီ ဖြစ်စေဖို့အတွက် ပြင်ဆင်ထားခဲ့ခြင်းပင်။ ယင်းတို့ကို ကျီစီမျိုးဆက်တိုင်းက အထူးနည်းလမ်းတစ်ခုဖြင့် ချိပ်ပိတ်ထားခဲ့သည်။ သူတို့ စိတ်လိုလက်ရ ထုတ်ပေးခြင်းကြောင့်သာ မဟုတ်ပါက မည်သူကမျှ အတင်းအကြပ် ယူဆောင်နိုင်လိမ့်မည် မဟုတ်ပါ။ မဟာအင်ပါယာများသာ လုပ်ဆောင်နိုင်လောက်သည်။

“ဒီလူရဲ့ ခန္ဓာကိုယ်ဟာ ရှေးတောက်မှန်း ထင်ရှားတယ်။ ရှေးတောက်ခန္ဓာကိုယ်ဟာ သန်မာပေမဲ့လည်း ကြံ့ခိုင်မှု ကင်းမဲ့တယ်။ ဒီခန္ဓာကိုယ်ကို ဖျက်စီးဖို့ အလွန်ခက်သွားအောင်လို့ ငါဟာ နှစ်ပေါင်းကိုးသောင်းသက်တမ်းရှိတဲ့ ကောင်းကင်ဘုံသစ်ပင်အကိုင်းတစ်ခုကို အသုံးပြုမယ်…”

ထိုအဘိုးအိုက သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး ရှေးဟောင်းအော်ရာ ပေးစွမ်းနေသော အနက်ရောင်သစ်ကိုင်းတစ်ခုကို လှမ်းဆွဲယူသည်။

ထိုကိုင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ အလွန်ရှားပါး၏။ သူ၏မိသားစုသည် ၎င်းကို ရဖို့အတွက် တန်ဖိုးကြီးမားစွာ ပေး၍ လဲလှယ်ခဲ့ရသည်။ သူသည် လောက၏စွမ်းအားများနှင့် ပြည့်နှက်နေ‌သော ထိုသစ်ကိုင်းကို ဝမ်လင်းထံ ပစ်လွှတ်ဖို့ တွေဝေမနေပေ။

၎င်း နီးကပ်လာချိန်၌ ယင်းသစ်ကိုင်းသည် အနက်ရောင်အမှုန့်များအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။ ထိုအမှုန့်က ပျံ့နှံ့လာပြီး အသက်ရှိသည့်အလား ဝမ်လင်း၏ဒွာရပေါက်များထဲသို့ ဝင်ရောက်သည်။ ထိုအမှုန့်တို့က သူ၏ခန္ဓာကိုယ်တွင်း၌ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ သိပ်သည်းသောကွန်ယက်တစ်ခုကို ဖွဲ့စည်းသည်။

ထို့နောက်တွင် ထိုအမှုန့်က ဝမ်လင်း၏အသွေးအသားတို့နှင့် ချိတ်ဆက်သည်။ ၎င်းက အတွင်းနက်ပိုင်း၌ နစ်မြုပ်သည်။ သူ၏ခန္ဓာကိုယ်အနှံ့ တစီစီအသံများ ထွက်ပေါ်သည်။ သူ၏ခန္ဓာကိုယ်ထံမှ ကြမ်းတမ်းမှု၏ ထူးခြားသောခံစားချက်ကို ပေးစွမ်းလာသည်။ အခုအခါ သူ၏ခန္ဓာကိုယ်သည် ရှေးတောက်ခန္ဓာကိုယ်၏ သန်မာမှုထက် ကျော်လွန်သွား၏။ ၎င်းက အလွန်အမင်း သန်မာရုံသာမက အကြမ်းခံနိုင်မှုပါ ရှိလာပြီဖြစ်၍ ဖျက်စီးပစ်ဖို့ အလွန်တရာ ခက်ခဲသွားလေပြီ။

“ဒီလူရဲ့ မျက်လုံးတွေဟာ တခြားသူတွေကို ဖိနှိပ်ဖို့အတွက် လုံလောက်အောင် မထက်ရှဘူး။ သူ့ခန္ဓာကိုယ်ဟာ သန်မာပေမယ့်လည်း လောကကို ဖိနှိပ်ဖို့ အော်ရာ ကင်းမဲ့နေတယ်။ ကောင်းကင်ဘုံဘိုးဘေးနဲ့ တိုက်ခိုက်ခဲ့ချိန်တုန်းက အရှင်အစိမ်းရောင်မိစ္ဆာချိုးဖျက်ခဲ့တဲ့ ကောင်းကင်ဘုံဓားရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး ဒီခန္ဓာကိုယ်အတွက် ဆန်းကြယ်တဲ့အော်ရာကို ငါ ဖန်တီးပေးလိုက်မယ်…”

“ခုချိန်ကစပြီး ဒီလူရဲ့ အကြည့်တချက်နဲ့တင် ကျင့်ကြံသူတွေကို ဖိနှိပ်နိုင်စွမ်း ရှိလိမ့်မယ်…”  ထိုအဘိုးအို၏မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်လာ၏။ သူက ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ လက်ဝါးအရွယ်ခန့် သတ္တုအပိုင်းတစ်ခုသည် ဝမ်လင်းထံ ပျံသန်းသည်။

ထိုသတ္တုပိုင်းကို မည်သည့်သတ္တုအမျိုးအစားဖြင့် ပြုလုပ်ထားတာ မသိရပေ။ ယင်းက သစ်သားကဲ့သို့ သတ္တုတစ်ခု ဖြစ်နိုင်၏။ သတ္တုကဲ့သို့ သစ်သားလည်း ဖြစ်နိုင်၏။ ၎င်းပေါ်တွင် နက်မှောင်သော စာသားများလည်း ရှိချေ၏။ ၎င်းပေါ်လာသည့်နောက် ဒီအစိမ်းရောင်ဟင်းလင်းပြင်၌ အဆုံးမဲ့ဓားစွမ်းအင်တို့ ပြည့်လာသည်။

ထိုဓားစွမ်းအင်က တဝီဝီမြည်ကာ သည်အစိမ်းရောင်ဟင်းလင်းပြင်တစ်ခုလုံးကို ဖြန့်ကျက်သည်။ ထိုအခါ အစိမ်းရောင်အလင်းတို့ ပျက်စီးကုန်ပြီး ကင်းမြှီးကောက်များသည် ဒီသတ္တုအစိတ်အပိုင်းကို အလွန်ကြောက်လန့်သည့်အလား တစီစီ ကျယ်ကျယ်လောင်လောင် အော်ဟစ်ကုန်သည်။

ထိုသတ္တုပိုင်းက ချက်ခြင်း နီးကပ်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။ ၎င်းက အရည်ပျော်ကာ ရွှေရောင်အော်ရာအဖြစ် ပြောင်း၍ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ ပျံ့နှံ့သည်။

ချက်ခြင်းပင် ဝမ်လင်း၏ခန္ဓာကိုယ်မှ ပြင်းထန်သောဖိအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ အစွမ်းထက်လွန်း၏။ အဘိုးအို၏ခန္ဓာကိုယ်ပင် တုန်ယင်သွားမိသည်။ သည်အခိုက်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်း မရှိလေပေ။ သို့မဟုတ်ပါက သူ၏ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ထိုဖိအားက အဆများစွာ ပိုအစွမ်းထက်နေမည်ပင်။

အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက်၏ အမူအရာများပါ ပြောင်းလဲသွားကြ၏။ သူတို့က ဝမ်လင်း၏ခန္ဓာကိုယ်ကို အလွန်လေးနက်သောအမူအရာများဖြင့် ကြည့်နေကြသည်။

“ဒီလူရဲ့ ခန္ဓာကိုယ်ဟာ ရှေးကလန်က ဖြစ်ပေမဲ့ အရှင်အစိမ်းရောင်မိစ္ဆာရဲ့ ခန္ဓာကိုယ်ဟာ ရှေးကလန်ထက် ပိုသန်မာတယ်။ သူ့ကျင့်ကြံမှုအဆင့်ဟာလည်း ကောင်းကင်ဘုံကလန်ထက် ပိုအစွမ်းထက်တယ်။ ဒီလူရဲ့ ခန္ဓာကိုယ်ဟာ လုံလောက်အောင် မသန်မာသေးဘူး…”

“ငါ့အနေနဲ့ ရှေးနဲ့ကောင်းကင်ဘုံသား စွမ်းအားတွေကို မပေါင်းစည်းနိုင်ပေမယ့်လည်း သူ့သွေးမျိုးဆက် ပိုအစွမ်းထက်လေလေ သူ့ကောင်းကင်ဘုံစွမ်းအားဟာ တွန်းကန်လေပဲ။ ဒီတွန်းကန်အားကို ရှောင်နိုင်ဖို့ ငါ့အနေနဲ့ ပိုင်းခြားထားတဲ့သွေးကြောတစ်ခုကို ဖန်တီးဖို့ လိုမယ်။ ဒါမှသာ အရှင်အစိမ်းရောင်မိစ္ဆာဆင်းသက်လာတဲ့အခါ သူ့အထွတ်အထိပ်ကျင့်ကြံမှုကို ရနိုင်မှာ…”

အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏မျက်လုံးထဲရှိ ရူးသွပ်မှုက ပိုအားကောင်းလာသည်။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သစ်ရွက်ခြောက်ရွက်၊ သွေးနံ့ပေးစွမ်းနေသော ဆေးလုံးခြောက်လုံး၊ အနီရောင်သွေးကြောင်းတစ်ခုနှင့် မီးခိုးရောင်ကျောက်တုံးသုံးတုံးတို့သည် ဝမ်လင်းထံ ပျံသန်းလာကြသည်။

ယင်းတို့တစ်ခုစီသည်ပင် အလွန်တရာ အဖိုးတန်နေပေပြိ။ ယင်းတို့ကို အများရှေ့တွင်သာ ထုတ်ပြလိုက်ပါက မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုအရာများအတွက် တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။ အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက ဝမ်လင်းအပေါ်သို့ ယင်းတို့အားလုံးကို အသုံးပြုဖို့ ချီတုံချတုံ ဖြစ်မနေခဲ့ပေ။ ထိုပစ္စည်းအားလုံးက တစစီပျက်စီးကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ ယင်းတို့ထဲ၌ သွေးစင်းကြောင်းက အဖိုးတန်ဆုံးပင်။ ပြောကြသည်မှာ ၎င်းက ကောင်းကင်ဘုံဘိုးဘေး၏ ဆံချည်မျှဟူ၍ပင်။

၎င်းသည် သာမန်ဟုသာ ထင်ရ၏။ သို့သော် ၎င်းကို ဖြတ်တောက်ပစ်နိုင်မည့် ပစ္စည်းဟူ၍ လောကတခွင်၌ အနည်းငယ်သာ ရှိလိမ့်မည်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားပြီးနောက် ကိုးကြိမ်ကိုးခါ လှည့်ပတ်သည်။ ထို့နောက် ထိုအမျှင်တန်း၏ ခေါင်းပိုင်းနှင့် အမြှီးပိုင်းတို့က တေ့ဆိုင်ပြီး ဝမ်လင်း၏ခန္ဓာကိုယ်ထဲတွင် ဒုတိယမြောက်သွေးကြောတစ်ခုကို ဖွဲ့စည်းစေသည်။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကသာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှ ထွက်လာခဲ့ပါက သူသည် ရှေးစွမ်းအားနှင့် ကောင်းကင်ဘုံစွမ်းအားတို့ကို တပြိုင်နက်တည်း အသုံးပြုနိုင်လိမ့်မည် ဖြစ်၏။ ဤသည်မှာ အရင်တုန်းက မည်သူမျှ မလုပ်နိုင်၊မကိုင်တွယ်နိုင်ခဲ့သော အရာပင်။

ဝမ်လင်း၏ စိတ်ပြတ်သားမှုဖြင့်ပင် သူသည် ထိုအစိမ်းရောင်ဝတ်ရုံအဘိုးအို၏ စိတ်အားပြတ်သားမှုအပေါ် တုန်လှုပ်မိရ၏။ သို့ပေမည့်လည်း ထိုသည်က အဆုံးသပ် မဟုတ်သေးပေ။ အစိမ်းရောင်ဝတ်ရုံအဘိုးအိုက သည်အရာများကိုသာ ပြင်ဆင်ထားတာ မဟုတ်ပေ။

“အရှင်အစိမ်းရောင်မိစ္ဆာ ပြန်အသက်ရှင်လာတာနဲ့ သူဟာ လောကကို ခုတ်ပိုင်းဖို့ ထက်ရှထက်မြတဲ့ ရတနာတစ်ခု လိုအပ်မှာပဲ။ ဒါဟာ ပြင်ပအရာတစ်ခု ဖြစ်ရင် သိပ်ကောင်းမှာ မဟုတ်ဘူး။ ဒါက အတွင်းပိုင်းရတနာတစ်ခုပဲ ဖြစ်သင့်တယ်။ ဒါမှသာ အရှင်အစိမ်းရောင်မိစ္ဆာဟာ အထင်ကြီးလေးစားခံရမှာ…”

“မရေမတွက်နိုင်တဲ့နှစ်ပေါင်းများစွာ ငါ့ကလန်ဟာ မတူညီတဲ့ယင်သတ္တုအမျိုးအစားပေါင်း(၉၀၀၀၀)ကို စုဆောင်းဖို့ လောကအနှံ့ ရှာဖွေခဲ့တယ်။ ငါတိုဟာ ဒီယင်ဓားသွားကို ဖန်တီးပေါ်လာစေဖို့ ဒီယင်သတ္တုတွေကို သန့်စင်ဖို့အတွက် အရှေ့ပိုင်းကုန်းမြေရဲ့ ဖိနှိပ်ထားတဲ့ စိတ်ဝိညာဉ်တွေထဲက နှစ်ဆယ်ရဲ့ စိတ်ဝိညာဉ်အမျှင်တန်းနှစ်ဆယ်ကို ရရှိဖို့ ဘယ်လို တန်ကြေးကိုမဆို ပေးခဲ့ရတယ်…”

“ဒီဓားက အင်မောတယ်ကောင်းကင်ဘုံကပ်ဘေးကို မဖြတ်ကျော်ရသေးဘူး။ ဒီဓားကသာ ကပ်ဘေးကို ဖြတ်ကျော်ပြီးသွားရင် မဟာအင်ပါယာတွေရဲ့ မျက်စိတွေပါ နီရဲသွားစေ့မယ့် ရတနာတစ်ခု ဖြစ်လာလိမ့်မယ်…”

အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအို၏ မျက်လုံးထံမှ တောက်ပသောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူက ဘယ်လက်ကို ဝေ့ယမ်းလိုက်သည်။ အေးစက်စက်မြူလွှာတစ်ခုက သူ့ကို ဝန်းရံကာ ဝမ်လင်းထံ ပျံသန်းလာသည်။ မမြင်ရသောဓားသွားတစ်ခုက မြူလွှာအတွင်း၌ ပုန်းကွယ်နေသည့်အလား ထင်ရသည်။

ထိုဓားသွားက ကွေးကောက်သောကျောရိုးတစ်ခုနှင့် ဆင်တူကာ တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖြစ်စေသည်။

“ဒီရတနာဟာ ဘယ်သိုလှောင်နေရာလွတ်နဲ့မဆို ထားသိုလို့ မရနိုင်ဘူး။ ဒါကို ခန္ဓာကိုယ်တွင်းမှာသာ အသုံးပြုနိုင်တယ်။ ဒီလူရဲ့ ခန္ဓာကိုယ်ဟာ အရှင်အစိမ်းရောင်မိစ္ဆာ ပိုင်စိုးမယ့် ခန္ဓာကိုယ်အဖြစ် သတ်မှတ်ပြီးသွားပြီ။ ဒါ့ကြောင့် ဒီယင်ဓားသွားကို သူ့ညာလက်ထဲမှာ ငါ့အနေနဲ့ ထည့်သိမ်းထားလိုက်မယ်…”

“တနေ့ကျရင် ဒီဓားသွားဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေအနှံ့ ကျော်ကြားလာလိမ့်မယ်…”

အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် ရူးသွပ်သွားဟန် ထင်ရ၏။ မြူများက ဝမ်လင်း၏ကိုယ်တွင်း၌ မြန်ဆန်စွာ စုဝေးသည်။ သူ၏ညာလက်မှာ ချက်ခြင်း အနက်ရောင်သို့ ပြောင်းသည်။

အက်သံနှင့်အတူ ကိုးလက်မခန့်ရှည်လျားသော ဓားသွားတစ်ခုသည် သူ၏လက်ဝါးထံမှ ထိုးထွက်လာချေ၏။

All Chapters