← Chapters

အခန်း ၁၂၉၉

Vol. 109 Ch. 1299

အခန်း ၁၂၉၉

Vol. 109 Ch. 1299

အခန်း ၁၂၉၉ -

ကံကြမ္မာကျမ်း ... ။

ထိုအချိန်တွင် စုရီတစ်ယောက် အရှေ့ပင်လယ်သို့ ခရီးသွားရန်ဆုံးဖြတ်ချက်ကာ ထရပ်လိုက်လေသည်။

ဤသည်မှာ မုန်တိုင်းကို သူ့မိတ်ဆွေများနှင့်ဝေးရာသို့ ခေါ်ဆောင်ခြင်း ဖြစ်လေသည်။ ယင်းသည် ပြဿနာများကို လျော့ချရာလည်း ရောက်ချေ၏။

သည့်ပြင် အရှေ့ပင်လယ်၏ ဗဟိုဒေသကြီးတွင် လျှို့ဝှက်ဆန်းကြယ်သော တားမြစ်ဇုန်များစွာ ရှိလေသည်။

ထိုနေရာများအတွင်းရှိ အခွင့်အလမ်းများသည် အင်‌မော်တယ်ဘုရင် အဖြစ် တက်လှမ်းရန် အခွင့်အရေးရှိ၏။

အရေးအကြီးဆုံးမှာ လီဖူယွီသည် ပဉ္စမမြောက်ဇာတိကို ထိုအရပ်တွင် ခြေရာခံ နိုင်လေသည်။ မျောက်ဝံအိုကြီးမှ ရှေးဦးခေတ်၌ လီဖူယွီသည် အရှေ့ပင်လယ်တွင်လှေပျံတစ်စင်း ချန်ထားခဲ့ကြောင်း သတင်းပေးထားသည်။

ဤလှေထံမှ အသိအမှတ်ပြုခြင်း ရရှိသော် လီဖူယွီနေထိုင်ရာ လင်းရှူးတောင်သို့ ရောက်ရှိ နိုင်မည်ဖြစ်၏။

မျောက်ဝံအိုကြီးသည်ပင် တစ်ချိန်က လှေပျံဖြင့် လင်းရှူးတောင်သို့ ခရီးနှင်ကာ အမွေ အချို့ရရှိထားခြင်းဖြစ်သည်။

နှစ်ရက်အကြာတွင် ဝိညာဉ်ပြည်နယ် အရှေ့ဘက်နယ်နိမိတ် ဆည်းဆာမြူမြို့တော် လမ်းမတစ်နေရာ၌ စုရီပေါ်လာသည်။

သူ့အသွင်ကို စုရွှမ်ကြွယ်အဖြစ် ပြောင်းလဲလျက် အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားခဲ့သည်။

ထိုနေ့မှာပင် နဂါးနီသခင်ထံမှ သူမ ခရီထွက်လာပြီဖြစ်ကြောင်း သတင်းရရှိလာ၏။ ယင်းကြောင့် အရှေ့ပင်လယ် ကမ်းရိုးတန်းမြို့သို့ တိုက်ရိုက်လာရန် ထပ်မံအသိပေးခဲ့သည်။

“ ငါ ... ကျောက်မျက်မျှော်စင်ထံသွားမယ်။ ”

စုရီက လမ်းဘေးရှိ အပေါင်ဆိုင် တစ်ဆိုင်ထံဝင်ရောက်ကာ စားပွဲကိုလက်ဖြင့် ခေါက်လိုက်ပြီး တမှေးအိပ်နေသော အဘိုးကြီးအား နှိုးလိုက်သည်။

အဘိုးကြီးက ဆူညံသော အသံကြောင့် လန့်နိုးလာကာ စုရီထံမော့ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ပြင်ယူလိုက်၏။

“ မင်းလည်း ဝေလငါးမျိုးနွယ်စုရဲ့ လေလံပွဲကို တက်ရောက်မလို့လား။ ”

“ လေလံပွဲလား ... ထူးခြားတာတစ်ခုခု ရှိနေလို့လား။ ”

စုရီတစ်ယောက် အံ့အားသင့်သွား၏။ အဘိုးကြီးက ပြုံးပြီး လက်ဖဝါးနှစ်ဖက်အပေါ် ပွတ်သပ်ပြလာလေသည်။ စုရီမှ အင်မော်တယ် ‌ကျောက်စိမ်းတစ်ရာပါသော သိုလှောင်အိတ် တစ်လုံးကို ထုတ်ပေးလိုက်၏။

သိုလှောင်အိတ်ကို ကြည့်ပြီးနောက် အဖိုးကြီးမျက်နှာမှာ ချက်ချင်းပင် နွေးထွေးသော အပြုံးများ ပွင့်လာကာ၊

“ လွန်ခဲ့တဲ့ ခြောက်လလောက်က အရှေ့ပင်လယ်ရဲ့ ဝေလငါးဝိညာဉ်မျိုးနွယ်စုက ကျောက်မျက်မျှော်စင်မှာ လေလံပွဲတစ်ခု ကျင်းပမယ်လို့ ကြေညာခဲ့တယ် ...

... အဲဒီလေလံပွဲမှာ ရှေးခေတ် နဂါးနန်းတော်ရဲ့ ရတနာတွေကို ပြသလိမ့်မယ် ဒီသတင်းက အကြီးအကျယ် လှုပ်ခတ်စေခဲ့ပြီး လူတိုင်းက သေချာပေါက် လက်လွှတ် မခံချင်ကြပါဘူး ... ။ ”

-ဟု ရှင်းပြလာ၏။

“ ဒါ နဂါးနန်းတော်ရဲ့ ရတနာတွေဆိုတာ သေချာရဲ့လား။ ”

စုရီမှ အံ့အားသင့်သွားသည်။ အရှေ့ပင်လယ်နဂါးနန်းတော်သည် ဒဏ္ဍာရီလာ ရှေးဟောင်းအင်အားစုတစ်ခုဖြစ်ပြီး တွေ့ရှိရန် မဖြစ်နိုင်ချေ။ ဒဏ္ဍာရီများတွင်သာ ရှိချေ၏။

ထိုအင်အားစု တည်ရှိခဲ့ကြောင်းကိုပင် သက်သေပြရန် အထောက်အထား လုံးဝမရှိချေ။ ယခု နဂါးနန်းတော်မှ ရတနာများ လေလံတင် ရောင်းချခြင်းသည် အမှန်ပင် သံသယဝင်စရာ ကောင်းနေချေပြီ။

“ ကျောက်မျက်မျှော်စင်မှာ ဝေလငါးဝိညာဉ်မျိုးနွယ်စုက လိမ်ပြောရဲမှာ မဟုတ်ဘူး သေချာပေါက် သတင်းအမှန်ပဲ။ ”

“ ကောင်းပြီ ... ဝင်ခွင့်လက်မှတ် တစ်စောင်ပေးပါ။ ”

“ ဟားဟားဟား ... ။ ”

အဘိုးကြီးက ရယ်မောလိုက်ပြီး အနက်ရောင်တံဆိပ်တစ်ခုကို ထုတ်ယူပေးကာ၊

“ ဒါကိုယူပါ ... လေလံပွဲကို တက်ရောက်မယ်ဆိုရင် အဖိုးတန်ရတနာတွေကို ပြင်ဆင်ထားတာ အကောင်းဆုံးပဲ ...

... ငါသိသလောက်တော့ နဂါးနန်းတော်ရဲ့ အမွေအနှစ်တွေအပြင် တခြားရှားပါးရတနာတွေ အများကြီး ဒီလေလံပွဲမှာ ရှိနေလိမ့်မယ်။ ”

-ဟု အကြံပြုလိုက်၏။ စုရီမှ စိတ်ဝင်စားသွားသည်။

“ ဝိညာဉ်မြေဆီလွှာရှိနိုင်မလား။ ”

“ ဟမ့် ... ဝိညာဉ်မြေဆီလွှာက ထိုက်ကျင်းရတနာပဲ ဒီလောကကြီးပေါ်ကနေ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့တာ ဘယ်လိုလုပ် လွယ်လွယ်ရှိနိုင်မှာလဲ။ ”

“ ဒါဆို ဓါတ်ငါးပါးမြေဆီလွှာရော။ ”

“ မရှိဘူး ... ။ ”

“ တော်ဝင်ကိုးပါး နတ်ဘုရားစမ်းရေ။ ”

“ မရှိဘူး ... ။ ”

“ အိမ်မက်မြူ ရေခဲနှင်းမြက် ... ။ ”

“ မရှိဘူး ... ။ ”

စုရီမှ ရှားပါးပြီး အဖိုးတန်ရတနာ အမည်များကို ဆက်တိုက်မေးနေသောကြောင့် အဘိုးကြီးခမျာ ဒေါသထွက်လာသည်။

ဤမျှရှားပါးသော ရတနာများ ပေါ်လာခဲ့လျှင်ပင် မည်သူသည်မိုက်မဲစွာဖြင့် ရောင်းချမည်နည်း။

“ ငါ့မှာ တော်ဝင်ကိုးပါး နတ်ဘုရားစမ်းရေရှိတယ် မင်းတတ်နိုင်ရင် ရောင်းပေးမယ်။ ”

ရုတ်တရက် ကောင်းကင်ဂီတကဲ့သို့ သာယာနာပျော်ဖွယ်အသံ ထွက်ပေါ်လာသည်။ စုရီနှင့် ဆိုင်ရှင်အဖိုးကြီးမှာ ချက်ချင်း မော့ကြည့်လိုက်၏။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် အပေါင်ဆိုင်ထဲသို့ လှမ်းဝင်လာနေသည်။

အမျိုးသားသည် ခါးတွင် ဓားရှည်တစ်လက်ချိတ်ထားပြီး မျက်နှာသည် ကျောက်တုံးအလား မာကျောနေ၏။

အမျိုးသမီးမှာမူ သာမန် ဝတ်လုံနှင့် ရှည်လျားလှသော အနက်ရောင်ဆံပင်များကို အနီရောင်ပိုးကြိုးဖြင့် စည်းထားသည်။

သူမ၏ အိမ်မက်ဆန်ပြီး နက်ရှိုင်းသော မျက်ဝန်းတစ်စုံသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝိညာဉ်သို့တိုင် နက်ရှိုင်းစွာ ဝင်ရောက်လာ၏။

အမျိုးသမီးသည် အမှန်ပင်လှပပြီး အပြစ်အနာအဆာကင်းသဖြင့် အမျိုးသားများကို နိမ့်ကျသူအဖြစ် ခံစားရစေသည်။

စုရီမှ တည်ငြိမ်စွာ စိုက်ကြည့် လိုက်လေသည်။ အမျိုးသမီးထံမှ မှော်ဆန်သော ဆွဲဆောင်မှုကို ခံစားနိုင်၏။

ယင်းသည် ဤကမ္ဘာနှင့် မသက်ဆိုင်သော လေထုပေးကာ ထိုစဉ်ကနတ်ဘုရားသားတော် ကဲ့သို့ ဆင်တူလေသည်။

ဆိုလိုသည်မှာ ဤအမျိုးသမီးသည် နတ်ဘုရားသမီးတော်တစ်ပါး ဖြစ်နိုင်၏။ သူမ‌ ဘေးရှိ အမျိုးသားမှာမူ ကျင့်ကြံမှုအပေါ် ဖိနှိမ် ထားကာ မှုန်ဝါးဝါးခံစားချက်ပေးသည်။

“ မင်း ဘာလိုချင်လဲ။ ”

စုရီမှ တည်ငြိမ်စွာမေးမြန်းလိုက်သည်။ အမျိုးသမီးက တွန့်ဆုတ်ခြင်းမရှိဘဲ၊

“ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတစ်သိန်း။ ”

-ဟု ပြန်ဖြေ၏။ စုရီမှ ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။

“ ဒီမှာ ဖီးနစ်ရွှေသံ လုံလောက်သင့်တယ် မဟုတ်လား။ ”

ဤမတိုင်မီ သူသည် အင်‌မော်တယ် ဘုရင်များကို မရေမတွက်နိုင်အောင်သတ်ဖြတ် နိုင်ခဲ့သဖြင့် ရတနာများစွာ ရရှိထားသည်။

ထို့ကြောင့် တုန့်ဆိုင်းခြင်းမရှိ ထုတ်ပေးနိုင်ခြင်းဖြစ်၏။ မိန်းကလေးဘေးရှိ အမျိုးသားသည် အံ့အားသင့်စွာကြည့်လာသည်။

သေမျိုးကမ္ဘာမှ လူငယ်တစ်ယောက်တွင် ဤကဲ့သို့သောရတနာကို ပိုင်ဆိုင်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

အမျိုးသမီးက ကျောက်စိမ်း ပုလင်းတစ်လုံးကို ချက်ချင်းထုတ်ယူကာ စုရီထံ ကမ်းပေးလာ၏။

“ တော်ဝင်ကိုးပါး နတ်ဘုရားစမ်းရေ သုံးရာကီလိုဂရမ်ပါတယ် မင်းကြည့်လို့ရတယ်။ ”

စုရီက ယူကာစစ်ဆေးပြီးနောက် ခေါင်းညိတ်လျက် ဖီးနစ်ရွှေသံကို ပေးအပ် လိုက်လေသည်။

မမျှော်လင့်ဘဲ အရောင်းအဝယ်မှာ လွယ်ကူစွာပြီးဆုံးသွား၏။ စုရီတစ်ယောက် အပေါင်ဆိုင်မှ ထွက်ခွာလာခဲ့သည်။

နတ်ဘုရားသမီးတော်ဟု ထင်ရသော ထိုအမျိုးသမီးသည် သူ့ထံ ရည်ရွယ်ချက်ရှိရှိ ချည်းကပ်လာပုံမဟုတ်ချေ။ တစ်နည်းအားဖြင့် တိုက်ဆိုင်စွာ တွေ့ဆုံမှုသာဖြစ်သည်။

“ ဟမ့် ... ထိုက်ကျင်းအဆင့်က ဒီလိုလူတွေက ကောင်းကင်ကြီးအောက်မှာ တကယ်ပဲ ပေါ်ပေါ်တင်တင် လျှောက်လှမ်း ရဲတယ်လား ကြည့်ရတာ ...

... သူတို့မှာ ကောင်းကင် တာအိုကနေ ပုန်းကွယ်နေနိုင်တဲ့ ရတနာတစ်ခုရှိနေပုံရတယ် စိတ်ဝင်စားစရာပဲ။ ”

စုရီမှ ညည်းတွားလိုက်သည်။ နတ်ဘုရားသမီးတော် တစ်ယောက်နှင့် ဤသို့ တော်ဝင်ကိုးပါး နတ်ဘုရားစမ်းရေကို လဲလှယ် နိုင်ခဲ့သည်မှာ ယုံနိုင်စရာမရှိချေ။

“ သခင်မလေး၊ ဘာလို့ ဒီကောင်လေးနဲ့ လဲလှယ်ဖို့ ရွေးချယ်ခဲ့တာလဲ။ ”

စုရီထွက်သွားပြီး မကြာခင်မှာပင် အမျိုးသားသည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ အမျိုးသမီးက ပြန်မဖြေဘဲ အဖိုးအိုထံမှ ဝင်ခွင့် တံဆိပ်ရယူပြီး ထွက်ခွာလာခဲ့သည်။

“ ငါတို့ ငယ်ငယ်တုန်းက အဘိုးရဲ့ စကားတစ်ခွန်းကို အမြဲကြားနေရတယ် မင်းမှာ မလိုအပ်တဲ့အရာတွေကို သူတစ်ပါးကိုပေးဖို့ မမေ့နဲ့ ဆိုတာပဲ ...

... ဒါက လောကကြီးကို ကောင်းမှုပြုတာဖြစ်ပြီး ကိုယ့်အတွက်လည်း ကံကောင်းခြင်းတွေကို စုမိစေတယ် ... တစ်ဖက်လူက မင်းကို ...

... ကျေးဇူးတင်သည်ဖြစ်စေ ... မကျေးဇူးတင်သည်ဖြစ်စေ အဲဒါကို မင်းရင်ထဲ စိတ်ပူနေစရာမလိုဘူး။ ”

မိန်းကလေးစကားကြောင့် အမျိုးသားခမျာ နားလည်သွားကာ ခေါင်းညိတ်လျက်၊

“ သခင်မလေး ... မင်းမှာ တကယ်ပဲ ကြင်နာတတ်တဲ့ စိတ်ထား ရှိနေတုန်းပါပဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒီလောက်လည်း ချီးကျူးစရာမလိုပါဘူး ငါ့အတွက်ကောင်းတယ်လို့ ယုံကြည်နေတာကို လုပ်နေတာမို့ ငါ့ရဲ့ဝိညာဉ်က ကြည်လင်တယ် ...

... ဗုဒ္ဓအယူအဆအရဆိုရင် သက်ရှိအားလုံးအပေါ် ကရုဏာတရားထားပြီး နတ်ဆိုးကိုသာ နှိမ်နင်းရမယ် မဟုတ်လား။ ”

... အရေးကြီးတာက ဒီလေလံပွဲမှာ တင်ရောင်းမဲ့ အဲဒီဝေလငါးဝိညာဉ်မျိုးနွယ်စုရဲ့ နဂါးနန်းတော်ရတနာတွေ ဘယ်ကနေလာလဲ ဆိုတာ စုံစမ်းပါ ...

... ငါတို့ နဂါးနန်းတော်ကို ရှာတွေ့နိုင်မယ်ဆိုရင် အကြောင်းအကျိုးကျမ်း အတွက် ခြေရာခံမိလိမ့်မယ် ဒီကျမ်းစာအုပ်က ရှေးဦးခေတ်ကတည်းက မွေးဖွားလာတဲ့ ...

... ဖရိုဖရဲစွမ်းအင်ရတနာ ကိုးပါးအဆင့် စာရင်းဝင်တယ် သူ့ကိုရရင် ကျန်တဲ့ရတနာတွေ ရှာဖွေရာမှာ အထောက်အကူဖြစ်လိမ့်မယ်။ ”

အမျိုးသားခမျာ စိတ်လှုပ်ရှားလာသည်။ ဒဏ္ဍာရီများအရ အင်‌မော်တယ်မြေ ရှေးဦးခေတ် ကမ္ဘာဦးစွမ်းအင်များမှ မွေးဖွားလာသော နတ်ဘုရားရတနာဖြစ်၏။

“ ဒါပေမယ့် သခင်မလေး ... တကယ်ပဲ ဒီအင်‌မော်တယ်မြေရဲ့ ကမ္ဘာဦးရတနာကိုးပါးက ရှိနေလို့လား။ ”

အမျိုးသားခမျာ မယုံဝံ့ခဲ့ချေ။ ထိုခေတ် ရတနာများသည် နတ်ဘုံ၌ပင် ရှားပါးပြီး ဒဏ္ဍာရီ တစ်ခုဖြစ်ချေ၏။ ကမ္ဘာသစ်တစ်ခု မွေးဖွားသော် ၎င်း၏မိခင်ချီများမှ ရတနာများစွာကို မွေးဖွားပေးတတ်သည်။

ထိုရတနာများသည် သဘာဝအားဖြင့် အဆိုပါကမ္ဘာ၏ တာအိုစည်းမျဉ်းနှင့် တိုက်ရိုက် ချိတ်ဆက်ထား၏။

ဆိုလိုသည်မှာ အင်မော်တယ်မြေ၏ အထွတ်အထိပ်အဆင့်ဝင် ထိုရတနာကိုးပါးသည် အမှန်ပင်အင်မော်တယ်မြေကို ကိုယ်စားပြုသော နတ်ဘုရားများဖြစ်ချေပြီ။ ကောင်းကင်တာအို သည်ပင် ကန့်သတ်၍ မရနိုင်ချေ။

“ ငါ့အဘိုးရဲ့အဆိုအရ ... ဒီအင်မော်တယ်မြေဟာ အဲဒီရတနာကိုးပါးကို အမှန်ပဲ မွေးဖွားပေးခဲ့ပါတယ် ... ရှေးဦးခေတ် အစောပိုင်းတုန်းက တစ်စုံတစ်ယောက်ရဲ့ ...

... လက်မှာ ကောင်းကင်ခိုးထီးနဲ့ ကောင်းကင်ခိုးချိတ်တို့ကို ရရှိထားကြောင်း အတည်ပြုထားနိုင်ခဲ့တယ် ...

... ပြီးတော့ အကြောင်းအကျိုး ကျမ်းစာအုပ်ကို အရှေ့ပင်လယ်နဂါးနန်းတော် ဘိုးဘေးက မတော်တဆရရှိပြီး မသုံးဝံ့ခဲ့ဘူးလို့ ကောလဟာလတွေထွက်ခဲ့ဖူးတယ်။ ”

“ ဒါဆို ကျန်တဲ့ ရတနာတွေက‌ရော။ ”

အမျိုးသားမှ စိတ်ဝင်စားလာသည်။ အမျိုးသမီးက ခဏမျှစဉ်းစားပြီး၊

“ ကျန်တာတွေထဲကနေ ငါသိတာတော့ ဓားတစ်လက်ပဲရှိတယ် အဲဒီဓားဟာထက်ရှလှပြီး အာကာသတာအိုပါရှိတယ် သူ့ရန်သူဘယ်မှာပဲ ရှိနေပါစေ ပေါ်လာပြီး သတ်နိုင်တယ် ... ။ ”

အမျိုးသားခမျာ လုံးဝအံ့အားသင့်လာ၏။ သူ့အသိဉာဏ်ဗဟုသုတသည် အကန့်အသတ်ရှိ နေသောကြောင့် မိန်းကလေးစကားများမှာ အမှန်ပင် မျက်စိပွင့်စေသည်။

လူအများသိထားသည်မှာ ကမ္ဘာတစ်ခု၏ မိခင်ချီမှမွေးဖွားသော ရတနာများသည် ရှေးဦး ရှားပါးရတနာမျှသာဖြစ်ချေ၏။ သူသည်လည်း ထိုနည်းလည်းကောင်းပေပင်။

မိန်းကလေးထံမှ စကားများကို ကြားခွင့်မရသော် ထိုမျှရှားပါးတန်ဖိုးရှိကြောင်း သိနိုင်မည်မဟုတ်ချေ။

သို့သော် နတ်ဘုရားသားတော်များနှင့် တိုက်ရိုက်မျိုးဆက်များအတွက်မူ ရတနာများမှာ ၎င်းထက်ပိုလေးနက်ချေပြီ။ ခေတ်အသီးသီး၏ အထွတ်အထိပ် စည်းမျဉ်းများပါဝင်၏။

ဓား၊ အကြောင်းအကျိုးကျမ်း၊ ကောင်းကင်ခိုးချိတ်နှင့် ကောင်းကင်ခိုးထီး စသည်တို့သည် သက်ဆိုင်ရာခေတ်တိုင်းတွင် အပြင်းထန်ဆုံးသော စည်းမျဉ်းများပေပင်။

“ အဲဒီဓားဟာ ခြောက်လက်မပဲရှိပြီး လီဖူယွီဆိုတဲ့ ဓားသမားတစ်ယောက်လက်မှာ ပေါ်လာဖူးတယ် ... သူ့ကို အာကာသငယ်အဖြစ် အမည်ပေးထားတယ် ...

... ကျန်တဲ့ရတနာလေးပါး အတွက်တော့ ငါအပါအဝင် ဒီလောကထဲကို ဆင်းသက်လာတဲ့ နတ်ဘုရားသားတော်တိုင်း မသိတော့မှာ ငါ ကြောက်မိတယ် ...

... အခု ငါတို့အားလုံးရဲ့ ရည်ရွယ်ချက်က နှစ်ခုပဲရှိတယ် ပထမအချက်ကနတ်ဘုရားအဖြစ် သက်သေပြခွင့်နဲ့ ... ဒုတိယအချက်ကတော့ အဲဒီရတနာကိုးပါးကို ရှာဖွေဖို့ပဲ။ ”

***

All Chapters