အခန်း ၁၃၀၁
Vol. 109 Ch. 1301
အခန်း ၁၃၀၁ -
ကြယ်ပျံလှေသတင်း ထွက်ပေါ်လာခြင်း။
ထိုနတ်အာရုံသည် အလွန်ရှုပ်ထွေးသည့် လျှို့ဝှက်နည်းစနစ် တစ်ခုဖြင့် ပေါင်းစပ်ထားရာ ထိုက်ကျင်း နယ်ပယ်အောက်ရှိ မည်သူမျှ ရှာဖွေ တွေ့ရှိနိုင်မည်မဟုတ်ချေ။
သို့သော် ဤအရာအားလုံး၏ နောက်ကွယ်တွင် စောစောက အဘွားအိုကြီး ရှိနေသည်ကို စုရီပြောနိုင်သည်။
တစ်ဖက်လူများသည် ဝိညာဉ်တစ်သောင်းဂိုဏ်းမှ လမ်းညွှန်နေသော နတ်ဘုရားသားတော်ကဲ့သို့ နတ်ဘုံမှ လာခဲ့သူများဖြစ်ပေမည်။
“ ထူးဆန်းတယ် တစ်ရက်တည်းမှာတင် နတ်ဘုရားဘုံက ... လူငယ်နှစ်ယောက်တောင် ဆုံတွေ့ရတယ် သူတို့လည်း နဂါးနန်းတော်ရဲ့ ရတနာတွေကို ရှာနေကြတာလား။ ”
စုရီမှ တစ်ကိုယ်တည်း တွေးတောနေလိုက်သည်။ ခဏမျှ တွန့်ဆုတ်နေ ပြီးနောက် အဆုံး၌ လှည့်ထွက်လာခဲ့သည်။
ထိုစဉ် လူအုပ်ထဲမှ နတ်အာရုံသည် သူ့နောက်သို့ စိုက်စိုက်မြိုက်မြိုက် လိုက်ပါလာ သည်ကို သတိထားမိလိုက်၏။
“ အဲဒီအဘွားကြီးက တစ်ခုခုကို သတိထားမိသွားတာလား ... ဒါမှမဟုတ် ငါ့ရဲ့ ရုပ်ဖျက်ပညာမှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာများလား။ ”
စုရီတစ်ယောက် အတွေးများဖြင့် တည်ငြိမ်စွာပြန်လည် သုံးသပ်နေမိတော့သည်။ ဤသို့ဖြင့် တည်းခိုခန်းတစ်ခုရှေ့မှ ဖြတ်သန်းစဉ် ရင်းနှီးနေသော အသံကို ကြာလိုက်ရ၏။
“ အိုး ... တိုက်ဆိုင်လိုက်တာ ... တာအိုမိတ်ဆွေ ငါတို့ ပြန်ဆုံကြပြန်ပြီ။ ”
စုရီမှ မော့ကြည့်လိုက်သောအခါ တည်းခိုခန်းမှထွက်လာသည့် ကျက်သရေရှိပြီး လှပသောမိန်းကလေးကို မြင်လိုက်ရသည်။
ဤသည်မှာ အပေါင်ဆိုင်တွင် ဝင်ခွင့်တံဆိပ်ဝယ်ယူစဉ်က ဆုံတွေ့ခဲ့ရသော နတ်ဘုရားသမီးတော်ဖြစ်၏။ သူမ၏ဘေးတွင်မူ အစေခံအမျိုးသားက တိတ်ဆိတ်နီးကပ်စွာ လိုက်ပါလာသည်။
“ မင်းလည်း ဝေလငါးဝိညာဉ်မျိုးနွယ်စုရဲ့ လေလံပွဲကိုတက်ဖို့လာတာဆိုရင် ဒီမှာဆုံတာက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ ”
စုရီက တည်ငြိမ်စွာ ပြောလိုက်သည်။ အမျိုးသမီးမှကွယ်ဝှက်ရန် ဆန္ဒမရှိဘဲ ထိုစကား အပေါ် ခေါင်းညိတ်ပြကာ၊
“ ဟုတ်တယ်၊ ငါဒီလေလံပွဲကို တက်ဖို့လာတာပါ နဂါးနန်းတော်ရတနာတွေကို အရမ်းစိတ်ဝင်စားတယ်။ ”
-ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလာ၏။
“ ဒါနဲ့ ... မင်းဒီမြို့ထဲမှာ တစ်ယောက်ယောက်ကို စော်ကားထားမိတာမျိုး ရှိခဲ့ဖူးလား။ ”
မိန်းကလေးက သတိပေးဟန်ဖြင့် မေးမြန်းလာသဖြင့် စုရီတစ်ယောက် အံ့အားသင့် သွားကာ၊
“ မင်းဘာကို ဆိုလိုတာလဲ။ ”
-ဟု ချက်ချင်း ပြန်မေးလိုက်သည်။ သို့သော်မိန်းကလေးသည် ရှင်းပြရန်ဆန္ဒမရှိဘဲ၊
“ အရာရာကို သတိထားပါ။ ”
-ဟုသာ တုန့်ပြန်သတိပေးလာ၏။
ထို့နောက် သူမသည် အစေခံ အမျိုးသားနှင့်အတူ လှည့်ထွက်ကာ လူအုပ်ထဲ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
( ဒီကောင်မလေး ငါ့နောက်လိုက်နေတဲ့ နတ်အာရုံကိုသတိထားမိသွားတယ် ထင်တယ်။)
စုရီက တွေးတောလျက် မိန်းကလေးထံ လှည့်ကြည့်လိုက်စဉ် ထိုနတ်အာရုံမှာရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
( ဟမ့် ... ဒီအဘွားကြီးက တကယ် သတိကြီးတာပဲ ကြည့်ရတာ အဲဒီမိန်းကလေးကို သူမ သိနေတာဖြစ်မယ် ဒါကြောင့် နောက်ဆုတ် သွားတာ။ )
စုရီမှ ပြုံးလျက် နီးစပ်ရာ တည်းခိုခန်းအတွင်းသို့ဝင်ပြီး အခန်းတစ်ခန်း ငှားရမ်းလိုက်လေသည်။
ထိုအချိန်တွင် အနက်ဝတ် အမျိုးသားသည် ရတနာအချို့ကို ရွေးချယ်နေ၏။ သူ၏ဘေးတွင် အဖြူရောင်အရိုးပုတီးစွဲထားသော အဘွားအိုက ရုတ်တရက် မျက်နှာပြောင်းလဲသွားပြီး၊
“ သခင်လေး ... အဲဒီကောင်လေးက တကယ်သံသယဝင်စရာ ကောင်းလွန်းတယ်။ ”
-ဟု တိုးတိုးလေးပြောလာသည်။
အနက်ဝတ်အမျိုးသားက ပြန်လှည့်ကြည့်ကာ၊ ‘ဘယ်သူ့ကို ပြောတာလဲ’ -ဟု မေးမြန်းလာသည်။ အဘွားအိုမှ၊
“ အမှန်အတိုင်း ပြောရရင် ... စောစောက သတင်းသစ်ပင်ရှေ့မှာ စုရီကို ဖမ်းဖို့အကြောင်း ပြောနေတုန်း လူငယ်တစ်ယောက်က ငါတို့ကို လှမ်းကြည့်ခဲ့တယ် ...
... အဲဒါကြောင့် ငါ့မှော်မုန်တိုင်း နတ်အာရုံနည်းစနစ်ကိုသုံးပြီး သူ့နောက်ကို လိုက်ကြည့်နေတုန်း ... မမျှော်လင့်ဘဲ ငါ လျှို့ဝှက်ချက်တစ်ခု ရှာတွေ့ခဲ့တယ် ... ။ ”
-ဟု ရှင်းပြလာ၏။ ထို့နောက် သူမကပင် ဆက်ပြောပြလိုကပ်သည်။
“ အဲဒီလူငယ်က နတ်သမီးရှစ်နင်ရဲ့ လက်အောက်ခံတစ်ယောက် ဖြစ်နေပုံရတယ် သူတို့က အသွင်ယူပြီးတော့ ... သတင်းအချို့ ဖလှယ်နေပုံပဲ။ ”
“ ဟမ့် ... ရှစ်နင်လား။ ”
အနက်ဝတ်အမျိုးသား၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
“ သူမ တကယ် ရောက်လာတာလား လေလံသတင်းကြောင့် နဂါးနန်းတော်ကိုရှာဖို့ လာတာဖြစ်ရမယ်။ ”
“ နတ်သမီးရှစ်နင်ရဲ့ဘိုးဘေး ... အနန္တရေစင်နတ်သမီးက အင်မော်တယ်နယ်မြေ ကနေ နတ်ဘုရားဖြစ်လာတဲ့သူပဲ ... သူမထံမှာ ကမ္ဘာဦးဖရိုဖရဲရတနာကိုးပါးနဲ့ ဆက်စပ်နေတဲ့ လျှို့ဝှက်ချက်တွေ သိထားမှာသေချာတယ်။ ”
ဤတစ်ကြိမ်တွင် အနက်ရောင်ဝတ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်လေသည်။ ရှစ်နင်ဟူသော ထိုအမျိုးသမီးသည် သူတို့ဘုံတွင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ပါးဖြစ်၏။
ကျော်ကြားပြီး ထူးခြားသည့် နောက်ခံမျိုးပိုင်ဆိုင်ထားကာ ဆက်ဆံရ အလွန် ခက်ခဲသော အမျိုးသမီးပေပင်။
“ ဒါဆို တခြားသူတွေလည်း ရောက်လာနေကြပြီထင်တယ် ... ။ ”
အနက်ရောင်ဝတ် အမျိုးသားက တိုးတိုးလေးရေရွတ်လိုက်သည်။ အင်မော်တယ် နယ်မြေ၏ အုပ်ဆိုးရှင် နတ်ဘုရား ရတနာများ အကြောင်းကို လူ မည်မျှ သိရှိထားမှန်း မတွက်ဆနိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် စည်ကားလှသော လမ်းမထက်တွင် ရှစ်နင်သည် အမျိုးသားများ၏ အာရုံစိုက်မှုကို ခံနေရချေသည်။
သူမ၏ ရုပ်ရည်သည် ကောင်းကင်မှ လမင်းကြီးကဲ့သို့ မွန်မြတ်တင့်တယ်လွန်းလေရာ သွားလေရာတွင် တောက်ပနေသည်။
“ သခင်မလေး ... အဲဒီလူငယ်က ချင်းကျန်းဘေးက အဘွားအိုရဲ့ပစ်မှတ်ထားတာ ခံလိုက်ရပုံရတယ်။ ”
အစေခံအမျိုးသားက အသံတိတ် ဆက်သွယ်လာသည်။ ရှစ်နင်က ညင်သာစွာ ခေါင်းညိတ်ပြတော့၏။ ထိုအမျိုးသားကပင် ဆက်လက်၍၊
“ ချင်းကျန်းလည်း နဂါးနန်းတော် အပျက်အစီးတွေကို လိုက်ရှာနေတာမျိုးဖြစ်မယ် မနက်ဖြန်ညရဲ့ လေလံပွဲကတော့ အတော်လေး စည်ကားနေတော့မှာပဲ။ ”
-ဟု မှတ်ချက်ပေးလာသည်။
ရှစ်နင်မှ ပြုံးလျက် ခေါင်းညိတ်၏။ ထိုသို့ဂရုစိုက်သောအမူအရာမျိုးကြောင့် အစေခံ အမျိုးသားသည်လည်း ဆက်မပြောတော့ချေ။
“ ငါ့ဘိုးဘေးစကားအရ ... ဒီကျန်းလုံဈေးမြို့ကို နဂါးနန်းတော်ကနေ တည်ဆောက်ထားခဲ့တာ ... အဲဒီတုန်းက အလွန်ကျော်ကြားတဲ့ အမှောင်ဈေးမြို့လေးပဲ ကံမကောင်းစွာနဲ့ ...
... အချိန်တွေ ပြောင်းလဲသွားပြီး အရှေ့ပင်လယ် နဂါးနန်းတော်လို အင်အားကြီး အဖွဲ့အစည်းတောင် ပျောက်ကွယ်ခဲ့ရတယ်။ ”
ရှစ်နင်မှ ခံစားချက်အပြည့်ဖြင့် ပြောကြားပြီးနောက် အစေခံအမျိုးသားထံသို့ ပြန်လှည့်ကြည့်ကာ၊
“ ကျန်းလုံဈေးထဲမှာ ငါတို့လို နတ်ဘုရားနယ်မြေကလူတွေ ရောက်နေလား ဆိုတာ သွားပြီးစုံစမ်းခဲ့ပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။
ညည့်အချိန်သို့ ရောက်သော် တည်းခိုခန်းအခန်းတစ်ခုအတွင်း၌ စုရီသည် တင်ပျဉ်ခွေထိုင်နေရာမှ နိုးထလာသည်။
ဝယ်ယူလာသည့် ရတနာများဖြင့် လဲ့ကျိအတွက် ကုသပေးခဲ့သော်လည်း ထူးခြားမှု သိသိသာသာမရှိချေ။
ဆေးဘက်ဝင်အပင်များသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်တွင် မဟုတ်သောကြောင့် ဤသည်မှာ သာမန် ပေပင်။
သို့သော် ယခင်ထက်စာလျှင် လဲ့ကျိသည် အနည်းငယ်မျှ တိုးတက်ကောင်းမွန်လာခဲ့သည်။ ထိုက်ဟယ်အဆင့်၏ အထွတ်အထိပ် တိုက်ပွဲဝင် စွမ်းအားများ ဆုံးရှုံးခဲ့သော်လည်း အင်မော်တယ် ဘုရင်တစ်ပါးကို အလွယ်တကူသတ်နိုင်ချေပြီ။
အမြင့်ဆုံးအခြေအနေများတွင် ထိုက်ဝူအဆင့်ကျင့်ကြံသူကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပြီဖြစ်၏။
တစ်ဖက်တွင် ကမ္ဘာတစ်သောင်းသစ်ပင်၏ ကြီးထွားနှုန်းသည်လည်း နှေးကွေးနေပြန်သည်။ တော်ဝင်ကိုးပါး နတ်ဘုရားစမ်းရေနှင့် အခြား ရတနာများကို ကျွေးမွေးခဲ့သော်လည်း အနည်းငယ်သာ ပြောင်းလဲလာ၏။
နတ်ဘုရားအဆင့် ရတနာတစ်ပါးသည် အဆင့်နိမ့်ရတနာများဖြင့် ကြီးထွားရန် မဖြစ်နိုင် သည်မှာ သဘာဝပေပင်။ ထို့ကြောင့် အနာဂါတ်တွင် အရင်းအမြစ်လိုအပ်ချက်မှာ သူ့အတွက် ခေါင်းကိုက်စရာဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ သူ့အတွက် သက်သာရာရစေသည်မှာ သေရှင်တိုက်ပွဲတစ်ခု အတွင်း တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်းသည် ပေတစ်သောင်းအထိ တိုးချဲ့လာနိုင်သည်။
ခဏမျှ စဉ်းစားပြီးနောက် နေ့ခင်းပိုင်းက သူ့ကိုနောက်ယောင်ခံလိုက်ခဲ့သော အဖွားအိုကို လုပ်ကြံရန်တွေးတောလိုက်သည်။
တစ်ဖက်လူ၏ လုပ်ရပ်သည် သူ၏ သတ်ဖြတ်လိုသောဆန္ဒကို နှိုးဆွပေးခဲ့သည်။ သို့သော် ချက်ချင်းပင် ထိုအတွေးကို ပြန်လည် ပယ်ဖျက်လိုက်တော့၏။
ယနေ့တွင် ဂိုဏ်းကြီးခြောက်ခုနှင့် နတ်ဘုရားသားတော်များသည် သူ့ကိုဖမ်းဆီးရန် ဆန္ဒရှိနေကြသည်။ ပေါ့ဆသောလုပ်ရပ်ကြောင့် ထိုသူများသည် သူ့ထံအာရုံစိုက်လာနိုင်၏။
အထူးသဖြင့် နတ်ဘုရားနယ်မြေမှ ဆင်းသက်လာသူများနှင့် ထိပ်တိုက်တွေ့ပါက ပို၍အန္တရာယ်များနိုင်သည်။
ဤအရာများကို မကြောက်ရွံ့သော်လည်း ဒုက္ခများရှောင်ရှားလိုသည်မှာ သဘာဝပေပင်။ ဘေးတွင်နေထိုင်ပြီး အရာအားလုံးအပေါ် စောင့်ကြည့်နေလိုသေးသည်။
သူ အသက်ရှင်နေခြင်းသည် တစ်ဖက်လူများအတွက် ဦးခေါင်းထက်တွင် ချိန်ဆွဲထားသော ဓားကဲ့သို့ပေပင်။
အိပ်မပျော်သော ညများကို ပေးစွမ်းနိုင်ပေမည်။ ဤသည်မှာ ရန်သူများကို နှိပ်စက်ခြင်းတစ်မျိုး မည်ချေ၏။
“ ငါ့ရဲ့လက်ရှိခွန်အားက ... ထိုက်ကျင်းအဆင့်ကျင့်ကြံသူကို ယှဉ်နိုင်နေပြီး ထိုက်ဟယ်အဆင့်နဲ့ ကြုံရင်တောင် အန္တရာယ် ကင်းကင်း ဆုတ်ခွာနိုင်တယ် ... ဒါပေမယ့်
... ထိုက်ဝူအဆင့် ပြိုင်ဘက်ဆိုရင်တော့ ရှင်သန်ဖို့ခက်လိမ့်မယ် ငါအင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းနိုင်ရင် ဒါတွေအားလုံး ပြောင်းလဲသွားလိမ့်မယ်။ ”
စုရီတစ်ယောက် မနက်ဖြန် လေလံပွဲပြီးသည်နှင့် အရှေ့ပင်လယ်ဆီသို့ ချက်ချင်း ခရီးထွက်ရန် ဆုံးဖြတ်လိုက်၏။
ဤနည်းဖြင့် အင်မော်တယ်ဘုရင်အဆင့် အခွင့်အလမ်းများကို ရှာနိုင်ပေမည်။ ထိုအချိန်၌ ပင်လယ်ပြင်မှ နဂါးတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ခုန်ပေါက်နိုင်မည်ဖြစ်၏။
နောက်ထပ် တစ်ရက်ကုန်လွန်ပြီးနောက် ကျောက်မျက်မျှော်စင်၌ လူတိုင်းမျှော်လင့်သည့် လေလံပွဲကြီး စတင်လာခဲ့သည်။
စုရီတစ်ယောက် သီးသန့်ခန်းအတွင်း ဝင်ရောက်လိုက်ကာ ပြတင်းပေါက်မှတစ်ဆင့် လေလံပွဲထံ စောင့်ကြည့်နေမိ၏။
များမကြာမီ လေလံပွဲစတင်ကာ အခန်းအတွင်းလေထုသည် သက်ဝင်လှုပ်ရှား လာချေပြီ။ အလွန်ရှားပါးသော အင်မော်တယ် ရတနာများစွာ ပေါ်လာပြီး လူအများမှ စိတ်ဝင်တစား စျေးပြိုင်ပေးလာကြ၏။
ရတနာများအားလုံးသည် အဖိုးတန်လှသော်လည်း စုရီအတွက်မူ သိပ်ပြီး အသုံးမဝင်သောကြောင့် ငြိမ်သက်စွာ စောင့်ကြည့်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိငြီးငွေ့မှုကိုခံစားလာရကာ အိပ်ပျော်သွား တော့၏။
“ လူကြီးမင်းများခဗျာ ... မကြာသေးခင်က အရှေ့ပင်လယ်ပြင်မှာ နှစ်ပေါင်းများစွာတည်းက အချိန်အတော်ကြာအောင် ပျောက်ကွယ်ခဲ့တဲ့ လှေပျံလို့ခေါ်တဲ့ ကြယ်လှေတစ်စင်းကို မတော်တဆတွေ့ရှိခဲ့ပါတယ် ...
... အခု လေလံတင်မဲ့ ကျောက်စိမ်းပြားကတော့ အဲဒီကြယ်လှေကို မြင်လိုက်ရတဲ့ တည်နေရာပါပဲ ... အားလုံးပဲ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ”
လေလံစီစဉ်သူမှ အကျယ်တဝံ့ ရှင်းပြနေသော်လည်း ကျင့်ကြံမှုနိမ့်ကျလှသော လူအများစုသည် ဇဝေဇဝါဖြစ်ကုန်ကြ၏။
ယင်းအစား သက်ကြီးရွယ်အို မျိုးဆက်ဟောင်းကြီးများသည် မျက်ဝန်းများစူးရှ တောက်ပလျက် စိတ်အားထက်သန်ကုန်သည်။
“ တကယ်ပဲ ကြယ်ပျံလှေကို တွေ့လိုက်တာလား ... ဒါက ဒဏ္ဍာရီတစ်ခု မဟုတ်ဘူးလား။ ”
“ ဒီလိုမျိုး ... ရှေးဦးခေတ်ထဲက အလျှို့ဝှက်ဆုံးရတနာတစ်ပါးက ဘာလို့များ အခုချိန်မှာပေါ်လာရတာလဲ အဲဒီလှေပေါ်ကို တက်ခွင့်ရရင် အခွင့်ရေးကြီးတစ်ခုဆီ ခေါ်သွားပေးမယ် မဟုတ်လား။ ”
“ ဒီကောလာဟလတွေက ရှေးကျလွန်းပါတယ် ဓမ္မအဆုံးခေတ်မတိုင်မီ အချိန်ကစလို့ အခုချိန်ထိ ဘယ်သူမှ အဲဒီလှေကို မမြင်ဖူးကြပါဘူး။ ”
“ ဒါဆို ဒီသဲလွန်စက လိမ်လည်လှည့်ဖျားထာတာလား။ ”
“ အဲဒီလောက်တော့ သူက မရဲရင့်ပါဘူး ကျောက်မျက်မျှော်စင်မှာ ... ရတနာတစ်ပါးကို လိမ်ညာရောင်းချဖို့ ဘယ်သူသတ္တိရှိမှာလဲ။ ”
သို့သော် လူအိုကြီးများမှာမူ မျက်ဝန်းများတောက်ပလျက် တိတ်ဆိတ်ကုန် တော့၏။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကြယ်ပျံလှေသတင်း ထွက်ပေါ်လာပြီဖြစ်သည်။
ထိုက်တန်သော စျေးနှုန်းတစ်ခုဖြစ်သော် သူတို့အားလုံး လက်တွန့်နေကြမည် မဟုတ်ချေ။ စုရီသည်ပင် မျက်ဝန်းများဖွင့်လျက် ပြန်လည် နိုးထလာတော့သည်။
***