← Chapters

အခန်း ၁၃၀၅

Vol. 109 Ch. 1305

အခန်း ၁၃၀၅

Vol. 109 Ch. 1305

အခန်း ၁၃၀၅ -

အထူးအခွင့်အရေးများ ... ။

ခန်းမတစ်ခုလုံး လှုပ်ခတ်သွား၏။ ထိုက်ရွှမ်အဆင့် စစ်မှန်သောနဂါးတစ်‌ကောင်၏ အကြေးခွံကို မြင်ရခြင်းသည် ဤကမ္ဘာတွင် နဂါးများ ရှိခဲ့သည်ဟု အဓိပ္ပါယ်ပေပင်။

သည့်ပြင် ထိုက်ကျင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့သော တည်ရှိမှု တစ်ခုအနေဖြင့် နဂါးတစ်ကောင်၏အစွမ်းသည် တူညီသောအဆင့်အတွင်း အခြားမည်သူထက် မဆို များစွာပို၍ ကြောက်စရာကောင်း၏။

ထိုကဲ့သို့သော တည်ရှိမှုတစ်ခုမှ ချန်ထားခဲ့သော အကြေးခွံတွင် ဝှက်ထားသော လျှို့ဝှက်ဆန်းကြယ်မှုများသည် မယုံနိုင်အောင် အံ့ဩဖွယ်ကောင်းမည်မှာ သဘာဝပေပင်။

“ ဒီရတနာကို ဘယ်လို လေလံဆွဲရမလဲဆိုတာပဲ မြန်မြန်ပြောပါ။ ”

ချင်းကျန်းက စိတ်မရှည်စွာ ပြောကြားလာ၏။ ထိုက်ဟဲအဆင့် တိုက်ပွဲဝင် သံချပ်ကာနှင့် နဂါးဘာသာစကားများ ရေးထိုး ထားသော ကြေးဝါပြားတို့သည် ဤနဂါး အကြေးခွံကို နှိုင်းယှဉ်၍မရချေ။

“ စည်းမျဉ်းတွေက ရိုးရှင်းပါတယ် ဝေလငါးဝိညာဉ်မျိုးနွယ်စုအတွက် အခြေအနေ တစ်ခုကို သဘောတူညီပေးနိုင်သူတိုင်းဟာ ဒီနဂါးအကြေးခွံကို လေ့လာခွင့်ရရှိမယ်။ ”

လေလံပွဲစီစဉ်သူက လေးနက်လွန်းသောအသံဖြင့် ပြောလာသည်။ လူအုပ်ကြီးမှာ ပို၍စိတ်လှုပ်ရှားလာ၏။

“ အခုအချိန်ကစပြီး တစ်လအကြာမှာ ဝေလငါးဝိညာဉ်မျိုးနွယ်စုဟာ သူတို့ရဲ့ ကံကြမ္မာ အခွင့်အလမ်းကို ရှာဖွေဖို့ နဂါးနန်းတော် အပျက်အစီးတွေထဲကို ...

... နောက်တစ်ကြိမ် ထပ်မံပြီး ဝင်ရောက်ပါလိမ့်မယ် သူတို့ဟာအဲဒီအချိန်မှာ နဂါးနန်းတော်အပျက်အစီးတွေအတွင်းက ရတနာတွေကို လက်ဝါးကြီးအုပ်ဖို့ ...

... ခက်ခဲလိမ့်မယ်ဆိုတာ သဘောပေါက်ထားပါတယ် ဒါကြောင့် လူတိုင်း ဝေလငါးဝိညာဉ်မျိုးနွယ်နဲ့အတူတူ လိုက်ပါ နိုင်ပါတယ်။ ”

“ ဒါက တကယ်ကြီးလား။ ”

ချက်ချင်းပင် ခန်းမကြီးတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ရေနွေးအိုးတစ်လုံး ပွက်ပွက်ဆူနေသကဲ့သို့ မှတ်ချက်ပေးသံများ ဆူညံလာကြ၏။

မည်သူသည် နဂါးနန်းတော် အပျက်အစီးများကို စူးစမ်းရန် တခြားသူများနှင့် ပူးပေါင်းရန် ဆန္ဒရှိနေသနည်း။ ယင်းသည် သူတို့ အားလုံး မမျှော်လင့်ထားသည့်အရာဖြစ်၏။

အကယ်၍ ထူးကဲသော ကံကြမ္မာ အခွင့်အလမ်းရှိသည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ ပါက သူတို့သည်ပင် မျှဝေမည်မဟုတ်ချေ။

အဖိုးကြီးအချို့က မျက်မှောင်ကြုတ်ပြီး ငြိမ်သက်သွားကာ နောက်ကွယ်မှအချို့သော အကြောင်းအရာထံ ခန့်မှန်းနေကြသည်။

နဂါးနန်းတော်အပျက်အစီးများသည် အလွန်အန္တရာယ်များပြီး ကြောက်စရာကောင်း သောကြောင့် ဝေလငါးဝိညာဉ်မျိုးနွယ်စုသည် အလျင်စလို မစူးစမ်းရဲချေ။

ထို့ကြောင့် တခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်ရပေမည်။

အတိတ်တွင် ဝေလငါးဝိညာဉ် မျိုးနွယ်စုသည် ဤနဂါးနန်းတော် အပျက်အစီး အတွင်း စူးစမ်းသည့်အခါ အလွန်ကြီးမားသော တန်ဖိုးကို ပေးဆောင်ခဲ့ရပုံပေပင်။

ယင်းကြောင့်သာ တခြားသူများနှင့် ပူးပေါင်းရန် ဤသို့စဉ်းစားလာခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင်မူ ဒဏ္ဍာရီတစ်ပုဒ်ကို မျှဝေစရာ အကြောင်းမရှိချေ။

“ ဒါဆို ဝေလငါးဝိညာဉ်မျိုးနွယ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရဖို့ ဘယ်လိုအခြေအနေ အပေါ် သဘောတူရမှာလဲ။ ”

တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။ ချက်ချင်းပင် ဆူညံနေသော လေထုက ငြိမ်သက် သွားပြီးနောက် အားလုံး၏ အကြည့်များမှာ လေလံပွဲစီစဉ်သူထံ ရောက်ရှိသွားသည်။

“ ဝေလငါးဝိညာဉ်မျိုးနွယ်စုရဲ့ စူးစမ်းမှုတွေအရ ... အင်မော်တယ်ဘုရင်အဆင့် ဒါမှမဟုတ် ထိုက်ကျင်းအဆင့် ရှိသူတွေသာ ဝင်ရောက်နိုင်ပါလိမ့်မယ် ...

... ဒါကြောင့် အင်မော်တယ်ဘုရင် အဆင့်အောက်က သူတွေကတော့ ဝင်သွားရင် သေဖို့ပဲရှိပါတယ် တစ်ဖက်မှာလည်း ထိုက်ကျင်း အဆင့်က အန္တရာယ်များပြီး ပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို ခံစားရနိုင်ပါတယ် ...

... ကောက်ချက်အရ ထိုက်ဝူအဆင့်ဆိုရင် အထူးရတနာတွေနဲ့ ပြင်ဆင်ဝင်ရောက်တာမျိုး လုပ်နိုင်ပါတယ်။ ”

ဆိုလိုသည်မှာ အင်မော်တယ်ဘုရင် အဆင့်သည် အကောင်းမွန်ဆုံးဖြစ်ပြီး ထိုက်ဝူ အဆင့် အနည်းငယ်သည်လည်း လိုအပ်နေ၏။

ထိုစကားကြောင့် လူတိုင်း ပြန်လည် တိတ်ဆိတ်သွားသည်။ အင်မော်တယ်ဘုရင်သို့ မရောက်သေးသည့် ကျွမ်းကျင်သူများသည် ရေအေးနှင့် ပက်ဖျန်းခံလိုက်ရသလို ရပ်တန့်ကုန်၏။

“ ဒါပဲလား တခြားအခြေအနေတွေကော ရှိသေးလား။ ”

ချင်းကျန်းက မေးမြန်းလိုက်သည်။ လေလံပွဲစီစဉ်သူမှ ခေါင်းညိတ်ကာ၊

“ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားရင် ဒီကျိန်ဆိုခြင်းတံဆိပ်မှာ မင်းတို့ရဲ့ကျိန်ဆိုချက် အမှတ်အသားကို ချန်ထားခဲ့ရပါမယ်။ ”

- ဟု ဖြေကြားပြီးနောက် အနက်ရောင်စာလိပ်တစ်ခုကို ထုတ်ယူပြသ လိုက်တော့သည်။

“ လူတိုင်း ဝေလငါးဝိညာဉ်မျိုးနွယ်စုကို မထိခိုက်စေရဘူးဆိုတာနဲ့ နဂါးနန်းတော်ကနေ ရရှိလာမဲ့ အခွင့်အရေးတွေရဲ့ လေးဆယ် ရာခိုင်နှုန်းကို ပေးအပ်ရမယ်။ ”

ဤစကားကို ကြားသောအခါ အင်မော်တယ်ဘုရင်အချို့မှ မျက်မှောင်ကြုတ် လိုက်ကြသည်။

“ ဒါက ငါတို့တစ်ယောက်ချင်းစီရတဲ့ ရတနာတွေရဲ့ လေးဆယ်ရာခိုင်နှုန်းကို သူတို့ကို ပေးရမယ်ဆိုတာလား ... အရမ်းကိုတောင်းဆိုမှု များလွန်းတယ် မဟုတ်ဘူးလား။ ”

ချင်းကျန်း၊ ကျင်းကျိလျူနှင့် ကုန်းယန်ယုကဲ့သို့ နတ်ဘုရားသားသမီးများပင် မကျေမနပ် ဖြစ်လာကြသည်။

တစ်ဖက်လူ၏ ရာခိုင်နှုန်းသည် များပြားသည်သာမက သူတို့ကို ချည်နှောင်ရန် တာအိုကျိန်စာတောင်းဆိုနေ၏။ လေလံပွဲစီစဉ် သူက တည်ငြိမ်စွာ ပြန်လည်ဖြေကြားသည်။

“ မင်းတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ခွင့်ရှိသလို စွန့်ခွာဖို့လည်း အခွင့်အရေး ရှိနေပါတယ်။ ”

ဝေလငါးဝိညာဉ်မျိုးနွယ်စုထံမှ သတင်းအချက်အလက်မရှိဘဲ နဂါးနန်းတော် အပျက်အစီးများကို မည်သူမျှရှာတွေ့နိုင်မည် မဟုတ်ချေ။

“ သတိပေးပါရစေ။ ”

လေလံပွဲစီစဉ်သူက ဆက်ပြောသည်။

“ ဝေလငါးဝိညာဉ်မျိုးနွယ်စုက ဒါကို လူသိရှင်ကြား ထုတ်ဖော်ရဲတယ်ဆိုကတည်းက လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံး လုပ်ပြီးသွားပါပြီ ...

... ပူးပေါင်းဆောင်ရွက်ဖို့အစား အတင်းအကျပ် ဖိအားပေးဖို့ ကြံစည်သူတိုင်း မလွဲမသွေ အဆုံးသတ်မကောင်းနိုင်ပါဘူး။”

လူအများအပြားက မျက်လုံးများကို မှေးစင်းသွားကြသည်။ သူတို့အားလုံးသည် ဤသို့သောအတွေးများ ရှိထား၏။

အထူးသဖြင့် နတ်ဘုရားသားတော် ငါးပါးတို့သည် ထိုသို့လုပ်နိုင်သောခွန်အားမျိုး ပိုင်ဆိုင်ကြချေပြီ။

သူတို့ဒေါသထွက်လျှင် ဝေလငါးဝိညာဉ်မျိုးနွယ်စုကို တိုက်ခိုက်ပြီး အတင်းအကျပ် နှိုက်ယူဝံ့ကြ၏။

ထို့ကြောင့် လေလံပွဲစီစဉ်သူ၏ သတိပေးစကားများအရ ဝေလငါးမျိုးနွယ်မှ အဆိုပါအခြေအနေအတွက် ကြိုတင်ကာကွယ် အစီအစဉ်ဆွဲပြီးသားဖြစ်ပေမည်။

“ လူကြီးမင်းတို့ နဂါးနန်းတော် အပျက်အစီးတွေက အလွန်ကြီးမားလွန်းပြီး ရတနာများစွာကို ဖုံးကွယ်ထားပါတယ် ... ငါတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ...

... လူတိုင်းအတွက် လုံလောက်တဲ့ အခွင့်အရေးနဲ့ ရတနာတွေကို ရှာတွေ့နိုင်ဖို့ လုံလောက်ပါမယ်။ ”

စုရီက နဂါးနန်းတော် အပျက်အစီးများကို အလွန်စိတ်ဝင်စားသော်လည်း တခြားသူများနှင့် ပူးပေါင်းရန်မူ တွန့်ဆုတ်နေခဲ့သည်။

သည့်ပြင် ဝေလငါးဝိညာဉ်မျိုးနွယ်စုသည် နဂါးဘာသာစကားကိုဖော်ထုတ်ရန် အကူအညီ မလွဲမသွေ လိုအပ်နေပေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည်အဘယ်ကြောင့် အခြားသူများကဲ့သို့ ကန့်သတ်ချက်များကို သဘောတူရမည်နည်း။

ဝေလငါးဝိညာဉ်မျိုးနွယ်စုသည်သာ သူ့ကိုမျက်နှာသာပေးရန် လုပ်ဆောင်သင့်၏။ စုရီတစ်ယောက် ဤသို့ တွေးနေတုန်းမှာပင် လေလံပွဲစီစဉ်သူက ရုတ်တရက် သူ့ထဲ မော့ကြည့်လာကာ၊

“ သီးသန့်အခန်း အမှတ် (၁၉)က လူကြီးမင်းအတွက်တော့ ဘာကန့်သတ်ချက်မှ မရှိပါဘူး ... ဒါပေမယ့် နဂါးဘာသာစကားကို အဓိပ္ပါယ်ဖော်ပေးဖို့တော့ လိုပါတယ်။ ”

***

All Chapters