← Chapters

အခန်း ၁၃၀၇

Vol. 109 Ch. 1307

အခန်း ၁၃၀၇

Vol. 109 Ch. 1307

အခန်း ၁၃၀၇ -

ခြိမ်းခြောက်မှု ... ။

တောက်ပစွာ ထွန်းလင်းနေသော ခန်းမကြီးတစ်ခု အတွင်းတွင် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဖိုအိုတစ်ဦး ထိုင်နေ၏။

သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး ခန္ဓာကိုယ်ပိန်ပါးကာ မျက်လုံးများသည်လည်း မှုန်ဝါးနေသဖြင့် လုံးဝပုံမှန် အဘိုးအိုတစ်ဦး ကဲ့သို့ပင် ထင်ရသည်။

သို့သော် စုရီနှင့် ရှစ်နင်တို့သည် ဤမီးခိုးရောင်ဝတ်အဘိုးအိုသည် ထိုက်ဝူအဆင့် ကျင့်ကြံသူတစ်ဦးမှန်း ရိပ်မိလိုက်ကြ၏။

များမကြာမီမှာပင် ကျင်းဟုန်ယုက ထိုအဘိုးကြီး၏အမည်ကို မိတ်ဆက်ပေးလာ ခဲ့လေသည်။

အမည်မှာ ကျင်းချန်ဖြစ်၏။ ဝေလငါးဝိညာဉ်မျိုးနွယ်၏ မဟာအကြီးအကဲ တစ်ပါးပေပင်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဘုရားအဆင့် တက်လှမ်းရန် ကြိုးပမ်းစဉ် နတ်ဘုရားဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့သူဖြစ်၏။

ထို့ကြောင့် သူ့အသက်ဓာတ်စွမ်းအင်မှာ ပြင်းထန်စွာ ပျက်စီးသွားသည်။ ထိုက်ဟဲအဆင့် တိုက်ပွဲဝင်ချပ်ဝတ်သည်လည်း သူ့ခန္ဓာကိုယ် အတွင်းရှိ ပြဿနာကို ဖြေရှင်းရန်ရည်ရွယ်၏။

“ ကျေးဇူးပြုပြီး နှစ်ယောက်စလုံး နေရာယူကြပါ။ ”

ကျင်းချန်က ကြင်နာသောအပြုံးဖြင့် ထိုင်ရန်ဖိတ်ခေါ်ပြီး လက်ဖက်ရည်တည်ခင်းပေး လာခဲ့သည်။ အပြုအမူနှင့် ယဉ်ကျေးမှုမှာ အပြစ်ဆိုဖွယ်မရှိချေ။

“ ငါတို့ကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကိုသွားရအောင်။ ”

စုရီက တိုက်ရိုက်ပင် ပြောကြား လိုက်လေသည်။ ကျင်းချန်တစ်ယောက် ခေါင်းညိတ်ပြကာ၊

“ အမှန်အတိုင်း ပြောရရင် ငါ့မျိုးနွယ်မှာ နဂါးဘာသာစကားပါရှိတဲ့ ကြေးပြားအပိုင်းအစ အတော်များများ ရှိပါတယ် ... မင်းတို့ကို ဒီနေရာ ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကတော့ ... ဖတ်ပြပေးဖို့ပဲ။ ”

“ ဒါဆို စလိုက်ရအောင် ... ။ ”

“ ဟားဟားဟား ... ။ ”

ကျင်းချန်က ရယ်မောလိုက်ပြီး၊

“ ဟုန်ယု ... တာအိုလီ ကြည့်ရှုနိုင်ဖို့ နဂါးနန်းတော်ရဲ့ လျှို့ဝှက်စာသားတွေပါနေတဲ့ ကြေးပြားတွေ ထုတ်ပေးလိုက်ပါဦး။ ”

-ဟု အမိန့်ပေးလိုက်သည်။

“ ဝှစ် ... ။ ”

ကျင်းဟုန်ယုက အင်္ကျီလက်ထဲမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာ ဖြန့်ခင်းလိုက် တော့သည်။

စာလိပ်ကို ဖြန့်လိုက်သည့်အခါ လိမ်ကောက်ပြီး ထူးဆန်းသော စာလုံးများစွာ ရေးသားထားသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ ရှေးဦးခေတ်တည်းက ပျောက်ကွယ်သွားခဲ့သော နဂါးဘာသာစကားများပေပင်။

သို့သော် စုရီမှ မျက်မှောင်ကြုတ် လိုက်လေသည်။ ဤဝေလငါးဝိညာဉ်မျိုးနွယ်မှာ အတော်ပင် မရိုးသားကြောင်း ပြောနိုင်၏။

ထိုသူများက သူ့ကိုသတိထားနေပြီး ကြေးပြားများအပေါ် တိုက်ရိုက်ထုတ်ပြရန် ဆန္ဒမရှိကြချေ။ ဆိုလိုသည်မှာ ယင်းသည် စက္ကူပေါ်တွင် မိတ္တူကူးထားခြင်းဖြစ်၏။

ထို့ကြောင့် စာသားများသည် အစီအစဉ်တကျမရှိဘဲ ရောထွေးလိမ်ယှက်ပြီး မပြည့်စုံသည့် အစိတ်အပိုင်းများစွာ ပါဝင်နေချေပြီ။

သို့တိုင် စုရီတစ်ယောက် ဤနဂါးဘာသာစကားများထဲမှ အဓိပ္ပါယ်ကို တစ်ယောက်တည်း ရယူသွားမည့်အပေါ် စိုးရိမ်နေဆဲဖြစ်၏။

ရှစ်နင်သည်လည်း ထိုအချင်းအရာထံ ရိပ်မိသဖြင့် လက်ရှိအခြေအနေအပေါ် စုရီသည် မည်သို့တုံ့ပြန်မည်ကို သိချင်လာသည်။

စုရီက တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း ထရပ်လိုက်ပြီး၊

“ မိန်းကေလးရှစ်နင် ငါတို့သွားရအောင်။ ”

-ဟု ဆိုကာ လှည့်ထွက်လိုက်သည်။

“ ခဏနေပါဦး။ ”

ကျင်းဟုန်ယုက အံ့ဩသွားပြီး၊

“ တာအိုလီ ... မင်းက ကူညီဖို့ သဘောတူပြီးမှ ဘာလို့ပြန်လှည့်ချင်ရတာလဲ။ ”

- ဟု မေးမြန်းလိုက်၏။

“ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ရိုးသားမှုအပေါ် အခြေခံရတယ် ဒါပေမယ့် မင်းတို့ ဝေလငါးဝိညာဉ်မျိုးနွယ်စုဆီက ရိုးသားမှုမရှိဘူး ... ။ ”

စုရီမှ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ကျင်းဟုန်ယုခမျာ မျက်မှောင်ကြုတ်သွားခဲ့၏။ ကျင်းချန်က အဝေးမှနေပြီး၊

“ ဟားဟားဟား ... မိတ်ဆွေလေး စိတ်မရှိပါနဲ့ အမှန်အတိုင်းပြောရရင်တော့ နဂါး ဘာသာစကား ရေးထွင်းထားတဲ့ ရတနာတွေမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာပါ ...

... ဒီလျှို့ဝှက်ချက်တွေကို မင်းက လိမ်လည်ဖတ်ပြခဲ့ရင် ဘယ်လိုလုပ်မလဲ ဒါက ငါတို့အတွက် နစ်နာဆုံးရှုံးသွားနိုင်တယ် မဟုတ်လား။ ”

“ ဒါက လွယ်ပါတယ် အဲဒီမူရင်းကြေးပြားတွေကို ထုတ်ပြလိုက်ရင် ငါ တစ်ခါတည်း အသံထွက်ဖတ်ပြပေးမယ် လုပ်ကြံ ဖန်တီးပြီး လိမ်ညာဖတ်ပြနေတာလား ဆိုတာကို မင်းတို့ခွဲခြားသိနိုင်မှာပါ။ ”

နဂါးဘာသာစကားဟူသည် ဘာသာစကားတစ်ခုမျှသာ ဖြစ်လေသည်။ ရှေ့နောက် အစီစဉ်မကျသော် လှည့်စားနေမှန်း နားလည်နိုင်၏။

ကျင်းချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေသံကိုပြောင်းကာ အေးစက်စက် တုန့်ပြန်လာသည်။

“ တာအိုလီ ... မင်းနဲ့တာအိုရှစ်နင်ဟာ တာအိုကျိန်ဆိုခြင်း မလုပ်ထားပေမယ့် ငါတို့နဲ့ အတူ နဂါးနန်းတော်အပျက်အစီးတွေဆီ သွားခွင့်ရဖို့ သဘောတူထားပြီးသားပါ ...

... ဒီအချက်နဲ့တင် ငါတို့ရဲ့ရိုးသားမှုကို ဖော်ပြဖို့လုံလောက်နေပြီ ... မင်းက ဘာဖြစ်လို့ ကြေးပြားအစစ်ကိုကြည့်ဖို့ အတင်းအကျပ် တောင်းဆိုနေရတာလဲ ... ။ ”

“ ဟားဟားဟား ... သေချာနားထောင် ငါ့ရဲ့အကူအညီကို လာတောင်းတာ မင်းတို့ပဲ ကောင်းပြီ မင်းတို့ဘက်က သဘောမကျရင် အခု ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းမယ်။ ”

“ မိတ်ဆွေလေး မင်းက တကယ်ပဲ ဖော်‌ရွေမှုတွေကို ဘေးဖယ်ထားချင်နေတာလား ဒီအတွက် မင်းနောင်တမရဖို့ မျှော်လင့်ပါတယ်။ ”

ကျင်းချန်မှ ပေါ့ပေါ့ပါးပါးပင် ခြိမ်းခြောက်မှုအငွေ့အသက်များ ပါဝင်နေသည့် စကားများဖြင့် တုန့်ပြန်လာ၏။

ခန်းမအတွင်းရှိ လေထုမှာ ချက်ချင်း လေးလံထိုင်းမှိုင်းသွားသည်။ ကျင်းဟုန်ယုက အခြေအနေကို ထိန်းသိမ်းရန်ကြိုးစားလာ၏။

“ တာအိုလီ ... နဂါးနန်းတော်ရဲ့ နဂါးဘာသာစကားကို ဖော်ထုတ်နိုင်ဖို့က အရမ်း အရေးကြီးလို့ပါ မင်းအနေနဲ့ဘာသာစကားကို အဓိပ္ပါယ်ဖော်နိုင်ရုံနဲ့ အကျိုးကျေးဇူးတွေ အများကြီး ရမှာဖြစ်သလို ...

... ဘာအန္တရာယ်ကိုမှလည်း ရင်ဆိုင်ရတော့မှာ မဟုတ်ဘူး ဒါဆိုဘာလို့များ အတင်းအကျပ် လုပ်နေရတာလဲ။ ”

စုရီက ကျင်းဟုန်ယုကို လျစ်လျူရှုကာ ကျင်းချန်ကိုသာ စိုက်ကြည့်လျက်၊ ‘မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား၊’ဟု မေးမြန်းလိုက်၏။

ကျင်းဟန်ယုတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ ဤလီရွှမ်ကြွယ် အနေဖြင့် သူ့ကိုပင် လျစ်လျူရှုထား၏။

တစ်ဖက်တွင် ကျင်းချန်သည် လူငယ်တစ်ဦးထံမှ ဤမျှမောက်မာရိုင်းစိုင်းစွာ တုန့်ပြန်ခြင်းကို ခံလိုက်ရသောကြောင့် စုရီထံ စိုက်ကြည့်လိုက်သည်။

“ ရွှပ် ... ။ ”

ထိုစဉ် ဓားတစ်လက်အလား စွမ်းအင်အလင်းတစ်စ သူ့နဖူးရှေ့၌ထွက်ပေါ် လာလေသည်။

ဤသည်မှာ ကြောက်မက်ဖွယ်ရာ မိုးကြိုးစွမ်းအားများနှင့် ပြည့်နှက်နေခဲ့သော အပြာရောင်စွမ်းအင်တစ်ခုဖြစ်၏။ ကျင်းချန်၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားရသည်။

သူ၏ မှုန်ဝါးနေသော မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှလုံးသားတစ်ခုလုံး တဆက်ဆက်တုန်လာ၏။

သူ့ကဲ့သို့ တည်ရှိမှုမျိုးသည်ပင် ဤရုတ်တရက် ထွက်ပေါ်လာသော တိုက်ခိုက်မှု အပေါ် လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။

တစ်ဖက်လူသည် အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့ပါက သူ့ဦးခေါင်း ပွင့်ထွက်သွားပြီးဖြစ်ပေမည်။

“ မိန်းကလေးရှစ်နင် ... မင်း ဘာလုပ်တာလဲ။”

ကျင်းဟုန်ယုတစ်ယောက် မျက်နှာအမူအရာလုံးဝ ပြောင်းသွားပြီးနောက် ချွေးစေးများ ထွက်လာခဲ့သည်။

ဤမျှတည်ငြိမ်ကာ နတ်ဘုရားဆန်သော အမျိုးသမီးသည် စကားတစ်လုံးမျှ မဆိုတော့ဘဲ ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝ မထင်ထားမိချေ။

အရေးအကြီးဆုံးမှာ သူမခွန်အားသည် ကြောက်ခမန်းလိလိ ဖြစ်နေခဲ့ခြင်း ပေပင်။ ရှစ်နင်မှ တည်ငြိမ်စွာပင်၊

“ ခြိမ်းခြောက်တာ ... ။ ”

-ဟု ပြန်ဖြေလိုက်၏။

စုရီတစ်ယောက် အံ့အားသင့်သွား၏။ ဤအမျိုးသမီးသည် အမှန်ပင် ပါးနပ်လွန်းကာ ချီးကျူးဖွယ်ပေပင်။

သူကိုယ်တိုင်သည်ပင် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ရှစ်နင်သည် သူ့ထက် လက်ဦးမှုယူခဲ့ခြင်းဖြစ်သည်။

“ ကောင်းပြီ ... ကောင်းပြီ ... စကားကောင်းကောင်း ပြောကြတာပေါ့။ ”

ကျင်းချန်က အသက်ကို ပြင်းပြင်းရှူသွင်းလျက် မျက်နှာတွင် အပြုံး တစ်ပွင့် အတင်းအကျပ်ဖန်တီးလိုက်ရ၏။

“ ငါတို့က ပူးပေါင်းဆောင်ရွက်သူတွေပဲ တိုက်ခိုက်စရာ အကြောင်းမရှိပါဘူး .. ကျင်းဟုန် ကြေးပြားတွေယူလာပါ။ ”

ရှစ်နင်မှ သူမလက်ချောင်းကို လှပစွာ လှုပ်ခါလိုက်ရာ ကျင်းချန်နဖူးရှေ့တွင် ဝဲနေသော မိုးပြာရောင် အလင်းတန်းသည် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့သည်။

ကျင်းချန်က စိတ်သက်သာရာရသွား၏။ ထိုအချိန်တွင် ရှေးဟောင်း ကြေးဝါအပိုင်းအစ ခြောက်ခုကို ကျင်းဟုန်မှ ထုတ်ယူလာသည်။

အကြီးဆုံးအပိုင်းမှာ နှစ်ပေခန့်ရှည်ပြီး လေလံပွဲတွင် စုရီရရှိခဲ့သော ကြေးပြားကြီးနှင့် ပုံစံတူဖြစ်၏။ အသေးဆုံးမှာမူ လက်ဖဝါး အရွယ်အစားမျှရှိသည်။

၎င်းတို့အားလုံးတွင် သံချေးများ တက်နေခဲ့ကာ ထူးဆန်းလိမ်ကောက်လွန်းသော နဂါးဘာသာစကားများ ထွင်းထုထား၏။

“ မိတ်ဆွေလေး ... ကူညီပေးဖို့ မျှော်လင့်ပါတယ်။ ”

ကျင်းချန်က ပြုံး၍ ဆိုသည်။ ဤအဘိုးကြီးမှာ အခြေအနေအရ လေသံကို အမြန်ဆုံးပြောင်းလဲနိုင်သော မြေခွေးအိုကြီး တစ်ကောင်ပေပင်။

စုရီက စကားထပ်မဆိုတော့ဘဲ ကြေးဝါအပိုင်းအစများကို ခုံပေါ်တွင်စုစည်းကာ တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်၏။ ထိုအချိန်တွင် သူခန္ဓာကိုယ်အတွင်း ဝှက်ထားသော လဲ့ကျိမှ စာသားအချို့ ရေရွတ်ပေးလာသည်။

သို့သော် ဤစာသားများသည် အပိုင်းပိုင်းကွဲကြေနေသော ဆောင်းပါးတစ်ပုဒ် ကဲ့သို့ ဖြစ်နေပြီး စာကြောင်းအချို့မှာ အဓိပ္ပါယ်ပင် ဖော်မရခဲ့ချေ။

နောက်ဆုံးတွင် မပြည့်စုံသော အဓိပ္ပာယ်ရှိသည့် စာကြောင်းသုံးကြောင်းက စုရီအာရုံကို ဖမ်းစားလာ၏။

“ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းမှာ တံခါးမရှိဘူး လူတွေကပဲ သူတို့ကိုဖန်တီးတယ် ... ။ ”

“ ကောင်းမှုနဲ့ မကောင်းမှုအတွက် ပြစ်ဒဏ်က အရိပ်လိုပဲ လိုက်လာနိုင်တယ်။ ”

“ ငါ့ရဲ့ နဂါးနန်းတော်မျိုးဆက်က အပြစ်ရှိတယ်ဆိုရင်တောင် ... ဘာလို့ ဒီလို ကပ်ဘေးမျိုး ကြုံလာရတာလဲ။ ”

ဤစာသားများအရ အရှေ့ပင်လယ် နဂါးနန်းတော် ပျောက်ကွယ်သွားရခြင်းသည် ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ဆက်စပ် နေကြောင်း ကောက်ချက်ချနိုင်သည်။

နဂါးနန်းတော်၏ ကျွမ်းကျင်သူများသည် သေဆုံးခါနီးအချိန်အထိ မိမိတို့အဘယ်ကြောင့် ဤကဲ့သို့သော ဖျက်ဆီးခြင်း ကပ်ဘေးကို ခံစားရသည့်အပေါ် နားမလည်နိုင်ခဲ့ချေ။

ဤကြေးဝါအပိုင်းအစများသည် ထိုစဉ်အခါက နဂါးမျိုးရိုးအပေါ် ကျရောက်သော ကပ်ဘေးထံ ရေးသားခဲ့ခြင်းဖြစ်၏။

ကံမကောင်းစွာဖြင့် အပိုင်းအစသည် ပြင်းထန်စွာ ပျက်စီးနေပြီး အခြားသော အချက် အလက်များကို မပေးနိုင်ခဲ့ချေ။

စုရီက စဉ်းစားပြီးနောက် ကျင်းချန်ကို ပြန်ကြည့်ကာ၊

“ ဒီရတနာတွေက မပြည့်စုံသေးဘူး။ ”

-ဟု ပြောလိုက်သည်။

ရှစ်နင်က အေးစက်သောအကြည့်ဖြင့် ကျင်းချန်ထံလှမ်းကြည့်လာ၏။ ကျင်းချန်ခမျာ ခန္ဓာကိုယ် တောင့်တင်းသွားရသည်။ သူက အလျင်အမြန်ပင် ရှင်းပြတော့၏။

“ ရိုးရိုးသားသားပြောရရင် ဒီရတနာအပိုင်းအစတွေကို နဂါးနန်းတော် အပျက်အစီးတွေထဲကနေ ရရှိခဲ့တာပါ ...

... သူတို့ဟာ အပြည့်အစုံမဟုတ်ဘူး ကျန်တဲ့အပိုင်းအများစုက အပျက်အစီးတွေ တလျှောက် ပြန့်ကျဲနေတုန်းပါပဲ ...

... လောလောဆယ်တော့ .. ငါတို့မျိုးနွယ်စုမှာရှိတာ တကယ်ပဲဒါအကုန်ပါ တခြားဘာမှ မဝှက်ထားပါဘူး။ ”

“ ဒါဆိုရင် အဲဒီတုန်းက ဘာဖြစ်လို့ ဒီလိုအပိုင်းအစတွေအားလုံးကို တစ်ခါတည်း ပြန်မယူလာရတာလဲ ... ။ ”

ရှစ်နင်က မေးမြန်းလိုက်သည်။ သို့သော် စကားမဆုံးခင် သူမ နားလည်သွားလာကာ၊

“ ငါနားလည်ပြီ ... မင်းတို့ ယူခွင့်မသာခဲ့ဘူးပဲ။ ”

-ဟု ပြောကြားလိုက်တော့၏။ ကျင်းချန်တစ်ယောက် ခါးသီးစွာပြုံးရယ်လျက်၊

“ နဂါးနန်းတော်အပျက်အစီးတွေက အရမ်းကို အန္တရာယ်များပြီး ... ဘေးဒုက္ခတွေနဲ့ ပြည့်နှက်နေတယ် ငါ့ရဲ့ထိုက်ဝူအဆင့်ခွန်အားနဲ့ ဆိုရင်တောင် ပြင်ပနယ်နိမိတ်မှာတင် ...

... ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရစေတာမို့ ပြန်ဆုတ်ခဲ့ရတာ ... ငါနောက်ထပ် မစွန့်စားရဲတော့ဘူး။ ”

သူ့မျက်နှာတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေပြီး အတိတ်မှအန္တရာယ်များသော အခြေအနေကို ပြန်၍အမှတ်ရနေ၏။

ခဏမျှ စဉ်းစားပြီးနောက် စုရီသည် သူဖတ်ရှုခဲ့သော နဂါးဘာသာစကားများအပေါ် အသံထွက်၍ ရွတ်ဆိုပြလိုက်သည်။

ယင်းသည် အရေးကြီးသော အကြောင်းအရာများမဟုတ်ခဲ့ချေ။ ထို့ကြောင့် ကျင်းချန်နှင့် ကျင်းဟုန်ယုတို့သည် ယင်းမှာ အဓိပ္ပါယ်ရှိနေသဖြင့် ယုံကြည်သွားသည်။

သည့်ပြင် သူတို့ရှာဖွေထားသော မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပြီး သံသယဖြစ်စရာ မရှိသောကြောင့် ချက်ချင်းပင် စိတ်သက်သာရာရသွားကြ၏။

( လောဘက ကပ်ဘေးအားလုံးရဲ့ အရင်းအမြစ်ပဲ ... ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း အတွက် တံခါးဆိုတာမရှိဘူး ... လူတွေကသာ သူတို့ကိုဖိတ်ခေါ်တာ ...

... ကောင်းမှုနဲ့ မကောင်းမှုအတွက် ပြစ်ဒဏ်က အရိပ်လိုလိုက်တယ် နဂါးနန်းတော် မျိုးနွယ်စု ကွယ်ပျောက်သွားတာက ... အဲဒီ ရတနာနဲ့များ ဆက်စပ်နေနိုင်မလား ... ။ )

ရှစ်နင်တစ်ယောက် တစ်စုံတစ်ရာကို မျှော်တွေးလျက် တိတ်ဆိတ်သွား၏။ ကျင်းချန်မှ ထိုအမူအရာကို သတိထားမိသွားကာ၊

“ မိတ်ဆွေရှစ် ... တစ်ခုခုကို သတိထားမိလို့လား။ ”

-ဟု မေးမြန်းလာ၏။

“ မဟုတ်ဘူး ... ဒီထက်ပိုများတဲ့ အချက်အလက်တွေပေးနိုင်ရင်တော့ ငါလည်း တစ်ခုခုပြောနိုင်မယ်ထင်တယ်။ ”

ထိုစကားကြောင့် ကျင်းချန်ခမျာ ခါးသီးစွာပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။ ထို့နောက် ကျင်းဟုန်ယုက စုရီတို့ကို ပြန်လည် ပို့ဆောင်ပေး၏။

“ တာအိုလီ ... တစ်လကြာလို့ နဂါးနန်းတော်အပျက်အစီးတွေထဲ ဝင်သွားရင် အလားတူရတနာတွေ အများကြီး တွေ့ရမှာပါ အဲဒီအချိန် တာအိုလီအနေနဲ့ လမ်းညွှန်ပေးဖို့ မတွန့်ဆုတ်ပါနဲ့ဦး စိတ်ချပါ ...

... ငါတို့ ဝေလငါးဝိညာဉ်မျိုးနွယ်စုက မင်းရဲ့ကျေးဇူးကို ထိုက်ထိုက်တန်တန်ကြီးကို ပြန်ဆပ်ပါ့မယ်။ ”

***

All Chapters