← Chapters

အခန်း ၁၃၀၈

Vol. 109 Ch. 1308

အခန်း ၁၃၀၈

Vol. 109 Ch. 1308

အခန်း ၁၃၀၈ -

နဂါးနန်းတော်နှင့် အကြောင်းအကျိုးကျမ်း ... ။

စုရီနှင့် ရှစ်နင်တို့ ထွက်ခွာသွားပြီးနောက် ခန်းမကြီးအတွင်း ကျန်ရစ်ခဲ့သော ကျင်းချန်၏ မျက်နှာသည် တဖြည်းဖြည်းမည်းမှောင်သွား၏။

သူသည် အစောပိုင်းက ရှီနင်၏ တိုက်ခိုက်မှုကြောင့် တစ်ချက်တည်းဖြင့် သေလု မတတ် ဖြစ်သွားခဲ့ရသည်။

ဤအချင်းအရာကို ပြန်၍စဉ်းစားမိတိုင်း ရင်ထဲတွင် ဖော်ပြ၍မရသော ကြောက်ရွံ့မှုနှင့် ဒေါသများ ဝင်ရောက်လာ၏။

“ နဂါးနန်းတော် အပျက်အစီးတွေကို ရောက်တာနဲ့ မင်းတို့အားလုံး ကြောက်မက်ဖွယ် ကောင်းတဲ့ သေဆုံးခြင်းနဲ့ ရင်ဆိုင်စေရမယ်။ ”

အဆုံးတွင် အံကြိတ်လျက် အေးစက်စွာ ရေရွတ်လိုက်တော့သည်။ ကျင်းဟုန်ယုခမျာ ထိုစကားကြောင့် စိုးရိမ်လာပြီး၊

“ အကြီးအကဲကျင်း ... ရှစ်နင်ဆိုတဲ့ အမျိုးသမီးက နတ်ဘုရားသမီးတော် တစ်ပါး ဖြစ်နိုင်ပါတယ်။ ”

-ဟု တိုးတိုးလေး သတိပေးလိုက်၏။

“ ဘာဖြစ်လဲ ... သူတို့က နတ်ဘုရား သားတော်တွေဆိုတာ တကယ်တော့ ငါတို့ထက် မြင့်မားတဲ့ ကျင့်ကြံမှုရှိနေရုံပါ ...

... ပြီးတော့ ဒီအင်မော်တယ်မြေမှာ သူတို့လည်း နတ်ဘုရားဒုက္ခကို လျစ်လျူရှု ထားလို့ မရပါဘူး ... သည်းမခံနိုင်လို့ သူတို့ရဲ့ ကျင့်ကြံမှုကို ထုတ်ဖော်လိုက်ရင် ရရှိလာမဲ့ အကျိုးဆက်က နတ်ဘုရားဖြစ်ရာလမ်းကို ...

... ထိခိုက်စေလိမ့်မယ် ဒီရလာဒ်က သူတို့အတွက်လုံးဝ သည်းမခံနိုင်တဲ့အချင်းအရာ တစ်ခုပါပဲ ... ဒီလေလံပွဲမှာ အဲဒီနတ်ဘုရား သားတော်တွေနဲ့ နတ်ဘုရားမတွေ ...

... ဘယ်လောက်များများ ရောက်လာနိုင်မလဲဆိုတာ ငါတွက်ဆထားပြီးပြီ ဒါကြောင့် ဘာကိုကြောက်နေရမှာလဲ။ ”

“ ဒါပေမယ့် အကြီးအကဲ တစ်ခုခုမှားယွင်းသွားရင် ... ဘယ်လိုလုပ်မလဲ၊ အဲဒီနတ်ဘုရားသားတော် ... သမီးတော်တွေရဲ့ နောက်ကွယ်က နတ်ဘုရားတွေကို စော်ကားရာ ရောက်မယ် မဟုတ်လား။ ”

ထို့နောက် ကျင်းချန်၏ မျက်လုံးများက ဂရုမစိုက်ဟန်ဖြင့်၊

“ တာအိုရှာဖွေရာမှာ ကြောက်ရွံ့နေစရာမရှိသလို နတ်ဘုရားတွေ အပေါ်လည်း ဂရုစိုက်နေစရာမလိုပါဘူး မင်းက ထိုက်ကျင်းနယ်ပယ်ထဲကို မဝင်ရသေးတာမို့ ဒါတွေကို မသိတာ သဘာဝပါပဲ ...

... တကယ်ဆို ဒီကမ္ဘာကြီးမှာ ဘယ်သူမဆို နတ်ဘုရားဖြစ်နိုင်တယ် အထူးသဖြင့်ထိုက်ကျင်း နယ်ပယ်က ငါတို့လို အဖိုးကြီးတွေပဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ လီရွှမ်ကြွယ်နဲ့ ရှစ်နင်ကို တာအိုကျိန်ဆိုချက်ကနေ ကင်းလွတ်ခွင့်ပေးတာ အဆင်ပြေပါ့မလား။ ”

“ ပိုက်ကွန်ထဲက လွတ်ကျသွားတဲ့ ငါးလေးနှစ်ကောင်ပဲ သူတို့က ပြဿနာတွေ မယူလာနိုင်ပါဘူး ... ကုန်းယန်ယုကို သွားခေါ်လိုက် ...

... သူက ထိုက်ဟဲအဆင့် တိုက်ပွဲဝင်ချပ်ဝတ်ကို ယူထားသူဆိုတော့ ငါ့ရဲ့ ဘေးဒုက္ခကို ဖြေရှင်းပေးရလိမ့်မယ်။ ”

“ နားလည်ပါပြီ။ ”

ကျင်းဟုန်ယုက အမိန့်ကို ခံယူကာ ထွက်ခွာသွားခဲ့သည်။ သူ ထွက်သွားပြီးနောက် ကျင်းချန်တစ်ယောက်တည်း ထိုင်လျက် အတွေးထဲနစ်မြုပ်နေ၏။

ထိုအချိန်တွင် သူ၏နောက်ကွယ်ရှိ လေဟာနယ်တွင် မှောင်မိုက်ပြီး နက်ရှိုင်းသော အာကာသ အက်ကွဲကြောင်းလေးတစ်ခု ပေါ်လာသည်။

ထိုအက်ကွဲကြောင်းအတွင်း စာအုပ်တစ်အုပ်၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရ၏။ စာအုပ်သည် တိတ်တဆိတ် ပွင့်ဟသွားပြီး ဝါကျအချို့ရေးချလာသည်။

“ ခြေလှမ်းတိုင်းမှာ ကြိုတင် သတ်မှတ်ထားတဲ့ ကံကြမ္မာရှိတယ် ငါ့ရဲ့စွမ်းအား ခိုးယူချင်တဲ့ နတ်ဘုရားတွေက ဘေးအန္တရာယ်ရဲ့ မျိုးစေ့တွေကို ကျဲချပြီးသားပဲ ...

... ဒီတစ်ခါတော့ အကြောင်းနဲ့အကျိုးကို အစီအစဉ်ဖြစ်စေပြီး သေခြင်းကိုကုလားကာကြီး အဖြစ်၊ လူ့နှလုံးသားရဲ့ဆန္ဒအဆိုင်း အခြေခံထားတယ် ...

... နဂါးနန်းတော် အပျက်အစီးတွေက ငါ့ရဲ့သားကောင်တွေအတွက် ပြင်ဆင်ထားခဲ့တဲ့ သင်္ချိုင်းတွေပါပဲ ...

... ဒီဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ နောက်ဆုံးအခန်းကို ငါ ဆက်ရေးတော့မယ် ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ ”

“ ရွှီး ... ။ ”

ဝါကျများသည် သံပူဖြင့် တံဆိပ်ခတ်ထားသကဲ့သို့ မရဏဘုရင်တစ်ပါး၏ အငွေ့အသက်များကို ဖော်ပြနေသည်။

“ ဖရူး ... ဖရူး ... ။ ”

သို့သော် နောက်ဆုံးစာကြောင်း ပြီးဆုံးသောအခါ စာမျက်နှာသည် ရုတ်တရက် အပြင်းအထန် တုန်ခါသွား၏။

ဗလာစာမျက်နှာပေါ်တွင် အက်ကွဲကြောင်းများ မရေမတွက်နိုင်အောင် ပေါ်လာပြီး စာမျက်နှာတစ်ခုလုံး အပိုင်းပိုင်း ကွဲတော့မည့် အချိန်တွင်၊

“ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ ”

-ဆိုသည့် ဝါကျသည် မီးလောင်မြိုက်သွားကာ လုံးဝ ပျောက်ကွယ် သွားလေသည်။

ချက်ချင်းပင် တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာပြီး စာမျက်နှာပေါ်ရှိ အက်ကွဲကြောင်းများ ပြန်ကောင်းလာ၏။

များမကြာမီ စာမျက်နှာပေါ်တွင် ‌နောက်ထပ်အဆုံးသတ် ဝါကျတစ်ကြောင်း ထပ်မံထွက်ပေါ်လာသည်။

“ ဒီဇာတ်လမ်းမှာ ဆန်းကြယ်ပြီး ငါနဲ့မရင်းနှီးတဲ့ ဥပဒေစည်းမျဉ်းတစ်ခုပေါ်လာ နေပါတယ် အကြောင်းတရားနဲ့ အကျိုးဆက်ကို ဖြတ်တောက်ပြီး အဆုံးသတ်ကိုပြောင်းလဲဖို့ ငါ့ကိုဖိအားပေးခံခဲ့ရပါတယ်။ ”

... သူ ဘယ်သူလဲ ... နတ်ဘုရားတွေရဲ့ လက်ပါးစေလား ကောင်းကင်ဘုံရဲ့သားတော် တစ်ပါးလား ... သူ ဘယ်သူပဲဖြစ်ပါစေ ငါရေးတဲ့ ဇာတ်လမ်းထဲကို ဝင်လာတာနဲ့ ...

... အကြောင်းနဲ့ အကျိုးဆက်တွေရဲ့ ရှုပ်ထွေးမှုကြားမှာ သူ့ရဲ့အသက်နဲ့သေခြင်းကို ငါပဲ ဆုံးဖြတ်ရမယ်။ ”

“ ဖျစ်ဖျစ်ဖျစ် ... ။ ”

ဤသို့ရေးပြီးသည်နှင့် စာအုပ်သည် ထပ်မံတုန်ခါသွားကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြန်သည်။

ချက်ချင်းပင် နောက်ဆုံး စာကြောင်းသည်လည်း မီးလောင်မြိုက်လျက် လုံးဝဖျက်ပစ်ခံလိုက်ရ၏။

“ သေစမ်း ... ဒီကမ္ဘာကြီးပေါ်မှာ ... ဘယ်သူက ဒီလိုအကြောင်းနဲ့အကျိုး ဥပ‌ဒေရဲ့ လွှမ်းမိုးမှုကို တွန်းလှန်နိုင်ရတာလဲ ...

... နတ်ဘုရားတွေ ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခဲ့တာလား ... မဖြစ်နိုင်ဘူး ဒီခေတ်မှာ နတ်ဘုရားတွေက အင်မော်တယ်မြေ အပေါ် ဝင်ရောက်စွက်ဖက်ဖို့ တန်ခိုးမရှိဘူး။ ”

ထို့နောက် အဆုံးသတ်ဝါကျသည် ထပ်မံပေါ်လာ၏။

“ ညီမလေး ကောင်းကင်ခိုးချိတ် ... ဒီမှာမရှိတာနှမြောစရာပဲ ... မဟုတ်ရင် သူမရဲ့ စွမ်းရည်နဲ့ အဲဒီအကြောင်းနဲ့အကျိုးဆက်ကနေ သွေဖယ်နိုင်တဲ့သူကို ရှာဖွေနိုင်လိမ့်မယ်။ ”

... ကောင်းကင်ခိုးထီးလည်း အတူတူပဲ သူတို့ပျောက်သွားတာ နှမျောစရာ မဟုတ်ရင် သူလည်း ငါ့ကိုကူညီနိုင်ပါတယ် ... ဒါဆို လူတိုင်းကို ငါတို့သတ်နိုင်ပြီ။ ”

“ ဖျစ်ဖျစ်ဖျစ် ... ။ ”

ချက်ချင်းပင် စာမျက်နှာတွင် မီတောက်လောင်လျက် ‘လူတိုင်းကို ငါတို့ သတ်နိုင်ပြီ’-ဟူသောစာသားမှာ ဖျက်ချခံလိုက်ရတော့၏။

စာအုပ်တစ်အုပ်လုံး ဒေါသများနှင့် ပေါက်ကွဲထွက်နေသကဲ့သို့ တုန်ယင်လျက် ဝါကျအသစ် ထပ်မံထွက်ပေါ်လာသည်။

“ ဒီတစ်ကြိမ်မှာ အကြောင်းနဲ့ အကျိုးဆက်ကို သက်ရောက်မှုရှိနိုင်ပေမယ့် အဆုံးသတ်ကိုတော့ သက်ရောက်မှု မရှိပါဘူး လူတိုင်း သူတို့ရဲ့ အဆုံးသတ်တွေကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ ”

ဤတစ်ကြိမ်တွင် ဝါကျသည် မီးလောင်မြိုက်ခြင်း မရှိတော့ဘဲ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

အဆုံး၌ စာအုပ်သည် ကျေနပ်သွားသလို လေဟာနယ်အက်ကြောင်းအတွင်း အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲပျောက်ကွယ်သွား၏။

ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် ကျင်းချန်သည် အတွေးထဲ၌သာ နစ်မြုပ်နေပြီး မိမိနောက်ကွယ်တွင် ဖြစ်ပျက်သွားခဲ့သော အရာများကို လုံးဝသတိမထားမိလိုက်ချေ။

မြို့တော်အတွင်း စားသောက်ဆိုင် တစ်ဆိုင်၏ ဆိတ်ငြိမ်သပ်ရပ်သော သီးသန့်ခန်း တစ်ခုအတွင်းတွင် စုရီနှင့် ရှစ်နင်တို့နှစ်ဦးသည် စကားစမြည်ပြောရန် ရှိနေကြသည်။

သူတို့ရှေ့စားပွဲပေါ်တွင် အနံ့အရသာနှင့် ပြည့်စုံသော ဟင်းလျာမျိုးစုံနှင့်အတူ ဝိုင်အိုးကြီး တစ်လုံး ရှိနေ၏။

စုရီက ထိုနှစ်ချို့ဝိုင်ကို အရသာခံ သောက်လိုက်ကာ အစားအစာများ မြိန်ယှက်စွာ စားသုံးနေခဲ့သည်။ သူ့ရှေ့တွင် မည်သူမျှ မရှိသည့်အလား ပေပင်။

“ ငါ မင်းကို ဘာပြောချင်နေလဲဆိုတာ မသိချင်ဘူးလား တာအိုလီ။ ”

ရှစ်နင်မှ စကားစလိုက်သည်။ စုရီတစ်ယောက် ပြုံးလိုက်ပြီး၊

“ မင်း သေချာပေါက် ပြောပြမှာပဲ မဟုတ်လား။ ”

-ဟု တုန့်ပြန်၏။

ရှစ်နင်တစ်ယောက် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူမသည် မြင့်မြတ်ပြီး ထူးခြားသောအဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် ကျင့်ကြံမှုသည် ထိုက်ရွှမ်အဆင့်ဖြစ်၏။

နတ်ဘုရားနယ်မြေ အတွင်း၌ပင် ထိုက်ရွှမ်အဆင့်တန်ခိုးရှင်များကို လူအများက လေးစားကြောက်ရွံ့ကြရသည်။

သို့သော် သူမရှေ့မှ လူငယ်သည် လုံးဝဂရုမစိုက်ဟန်ရှိပြီး သူမနှင့် ရင်ဆိုင်ရသည့် အခါ၌ပင် အနည်းငယ်မျှ ထိန်းထားခြင်းမရှိချေ။

ဤအချင်းအရာသည် မကြုံစဖူး ထူးခြားကွဲပြားသော ခံစားချက်များ ရရှိလာ၏။ ခဏမျှစဉ်းစားပြီးနောက် ရှစ်နင်ကပင်၊

“ ဒီအရှေ့ပင်လယ် နဂါးနန်းတော် ခရီးစဉ်ဟာ ရတနာတစ်ခုကြောင့်လို့ ယူမိတယ် တာအိုလီ ... ။ ”

-ဟု ပြောကြားလိုက်သည်။

“ ရတနာတစ်ခုလား ... ။ ”

စုရီမှ အံ့အားသင့်လာ၏။

“ ဟုတ်တယ်။ ”

ရှစ်နင်က ခေါင်းညိတ်ပြသည်။

“ အဲဒီရတနာကို အကြောင်းအကျိုးကျမ်းစာအုပ်လို့ ခေါ်တယ် ဒါဟာ ရှေးဦးခေတ်အစောပိုင်း အင်မော်တယ် နယ်မြေရဲ့ မိခင်ချီကနေ မွေးဖွားလာခဲ့တဲ့ အုပ်စိုးရှင်ရတနာပဲ ...

... အကြောင်းနဲ့အကျိုး ဥပဒေတွေ ပါဝင်နေပြီး ခေတ်အဆက်ဆက် ကမ္ဘာဦးရတနာ ကိုးပါးအဖြစ် မှတ်တမ်းဝင်တယ်။ ”

အကြောင်းအကျိုးကျမ်း၊ အုပ်စိုးရှင် ကမ္ဘာဦးရတနာကိုးပါး။ ထိုအမည်သည် စုရီကို လုံးဝဆွဲဆောင်သွား၏။ ဝမ်ယဲ့ဘဝနှင့် မကြာသေးမီကမှ မျောက်ဝံအိုကြီးထံတွင် ထိုအမည်များကို ကြားထားဖူးသည်။

“ ဒါဆို တကယ်ပဲ အုပ်စိုးရှင် ကမ္ဘာဦးရတနာကိုးပါးက တကယ်ရှိတယ်လား။”

စုရီက မေးလိုက်သည်။

“ တာအိုလီက နဂါးဘာသာစကားကို အဓိပ္ပာယ်ဖော်နိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး ရှေးဦးခေတ်ရဲ့ လျှို့ဝှက်ချက်အချို့ကို သိထားတာပဲ ...

... ဟုတ်ပါတယ် ငါ့ဘိုးဘေးရဲ့ အဆိုအရတော့ ဒီကမ္ဘာပေါ်မှာ အုပ်စိုးရှင်ရတနာ ကိုးပါးရှိခဲ့တယ် ဒါပေမယ့် ရှေးဦးခေတ်တည်းက အဲဒီရတနာတွေကို တားမြစ်ပစ္စည်းတွေအဖြစ် သတ်မှတ်ခဲ့ကြပြီး လူအနည်းငယ်ပဲသိတယ် ...

... ငါတောင် လက်ရှိသိထားတာက ကောင်းကင်ခိုးချိတ်၊ ကောင်းကင်ခိုးထီး၊ အာကာသဓားနဲ့ အကြောင်းအကျိုးကျမ်းပဲ ...

... အဲဒီတုန်းက တစ်ယောက်ယောက်က ကောင်းကင်ခိုးယူချိတ်နဲ့ ကောင်ကင်ခိုးထီးကို စုဆောင်းနိုင်ခဲ့ပြီး အဲဒီပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်ဟာ ဒီရတနာနှစ်ခုနဲ့အတူ ...

... အင်မော်တယ်နယ်မြေကနေ အချိန်မြစ်ကြီးဆီ ထွက်ခွာသွားတယ်လို့ ကောလဟာလတစ်ခုရှိတယ် ...

... အကြောင်းအကျိုးကျမ်းကတော့ အရှေ့ပင်လယ် နဂါးနန်းတော်က ရယူနိုင်ခဲ့ပြီး အဲဒီတည်းက ပျောက်ကွယ်သွားခဲ့တယ် ...

... နဂါးနန်းတော်ကလူတွေလည်း ဒီရတနာကိုထိန်းချုပ်ဖို့ ဒါမှမဟုတ် အသုံးပြုဖို့ နည်းလမ်း မရှိခဲ့ကြဘူး ... ။ ”

စုရီမှ ကြေးဝါအပိုင်းအစများမှ သူဖတ်ရှုခဲ့ရသော စာသားအချို့ကို ပြန်လည် သတိရသွားသည်။

“ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းမှာ တံခါးမရှိဘူး လူကိုယ်တိုင်ကသာ သူတို့ကို ဆင့်ခေါ်နိုင်တယ် ...

... ကောင်းမှုနဲ့ မကောင်းမှုအတွက် ပြစ်ဒဏ်က အရိပ်လိုပဲ အမြဲလိုက်လာတယ် လောဘက မကောင်းမှုအားလုံးရဲ့ အရင်းအမြစ်ပဲ ... ။ ”

ယင်းသည် သာမန်ဝါကျများ ဖြစ်သော်ငြားလည်း အကြောင်းအကျိုးအပေါ် အလေးပေးထားသည့် အဓိပ္ပါယ်များပေပင်။

ဆိုလိုသည်မှာ နဂါးနန်းတော် ပျက်စီးသွားခြင်းသည် ထိုကျမ်းစာအုပ်ကြောင့် ဖြစ်နိုင်ချေ၏။ ဤသို့ ရှစ်နင်သည်လည်း ယူဆနေပုံရသည်။

“ ဒါဆို အာကာသဓားသတင်းရော ဘာကြားသေးလဲ ... သူ့မှာကော ထူးခြားချက် တစ်ခုခုရှိလား။ ”

“ ဒီဓားက ခြောက်လက်မပဲ ရှည်ပြီး၊ နားမလည်နိုင်တဲ့ စွမ်းအားရှိတယ် အာကာသ အကွာအဝေးကို ဘာမှမဟုတ်သလို ဖြတ်ကျော် သွားလာနိုင်တယ် ရန်သူက ဘယ်လောက်ပဲ ဝေးနေပါစေ သတ်နိုင်တယ် ...

... ဒါပေမယ့် ရှေးဦးခေတ်ရဲ့ အစောပိုင်းကာလတွေမှာ ဒီဓားကို လီဖူယွီလို့ ခေါ်တဲ့ ဓားသမားတစ်ယောက် ရရှိထားတယ် အဲဒီနောက်ပိုင်း သတင်းမကြားရ‌တော့ဘူး။ ”

ရှစ်နင်စကားကို ကြားလိုက်ရသောအခါ စုရီတစ်ယောက် လုံးဝမှင်သက်သွားတော့သည်။ လီဖူယွီအမည်သည် တိုက်ဆိုင်မှုပင်လော။ သို့မဟုတ် သူပင်လော။

***

All Chapters