← Chapters

အခန်း ၁၁၂၂

Vol. 75 Ch. 1122

အခန်း ၁၁၂၂

Vol. 75 Ch. 1122

အခန်း (၁၁၂၂) - ကြီးမားသော အစီအရင် ပြိုကျခြင်း

ယီယွင်သည် လျူရူယိ ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူ၏ ခြေလှမ်းတိုင်းမှာ လျူရူယိ၏ နှလုံးခုန်သံ နောက်ဆုံးအကြိမ်များကဲ့သို့ပင်။

ရွှိး...........

ယီယွင်၏ ခန္ဓာကိုယ်အတွင်းမှ ရွှေကျီးကန်းတစ်ကောင်၏ အော်သံ ထွက်ပေါ်လာပြီး သူ၏ ဓားမှာ သွေးဆာနေသော အသံဖြင့် မြည်ဟီးနေသည်။ လျူရူယိသည် ယီယွင်၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် အသက်ရှူပင် ကြပ်လာသည်။

"နေဦး"

လျူရူယိက ရုတ်တရက် အော်ဟစ်လိုက်သည်။

"ယီယွင်၊ ငါတို့ ဒီလောက်ထိ တိုက်ခိုက်ဖို့ လိုလို့လား။ ငါဟာ ခုနှစ်စဉ်ကြယ်လမ်းစဉ်နန်းတော် ရဲ့ နန်းတော်သခင် တစ်ဦးပါ။ ငါ့မှာ နောက်ဆုံး နည်းလမ်းတွေ ရှိသေးတယ်။ မင်း ငါ့ကိုသာ အတင်းအကျပ် တိုက်ခိုက်မယ်ဆိုရင် ငါ အသက်စွန့်ပြီး တိုက်ခိုက်ရလိမ့်မယ်"

ယီယွင်၏ မျက်နှာတွင် မည်သည့် အပြောင်းအလဲမျှ မရှိဘဲ ဆက်လက် ချဉ်းကပ်လာသည်။

လျူရူယိသည် ကြောက်လန့်နေသော်လည်း

"ယီယွင်၊ ငါတို့ ညှိနှိုင်းလို့ ရပါတယ်။ ငါတို့ ခုနှစ်စဉ်ကြယ်လမ်းစဉ်နန်းတော် မှာ အဖိုးတန် ဆေးဝါးတွေ၊ လှပတဲ့ ကျွန်မလေးတွေ အများကြီး ရှိတယ်။ မင်း ကြိုက်တာယူပါ။

မင်း ငါ့ကို သတ်လိုက်ရင် ငါ့ဂိုဏ်းက မင်းကိုရော၊ ရေကြည်အိုင်ဓားဂိုဏ်း ကိုပါ အမြစ်ပြတ် ချေမှုန်းပစ်လိမ့်မယ်" ဟု ပြောသည်။

ယီယွင်သည် ရေကြည်အိုင်ဓားဂိုဏ်း အကြောင်း ပြောသော်လည်း လုံးဝ မလှုပ်ရှားပေ။ သူ၏ ဓားလမ်းစဉ်မှာ ပို၍ ပြင်းထန်လာသည်။

လျူရူယိမှာ စိတ်ရှုပ်ထွေးသွားပြီး လင်ရှဲ့အာကို ကြည့်ကာ "ယီယွင်၊ မင်း သူမကို ကယ်ချင်တာ မဟုတ်လား။ သူမ အခုချိန်မှာ ပျောက်ကွယ်သွားနိုင်တယ်။ ငါ့မှာ သူမရဲ့ စိတ်ဝိညာဉ်ကို ထိန်းထားနိုင်တဲ့ နည်းလမ်း ရှိတယ်။ သူမကို သိန်းနဲ့ချီတဲ့ နှစ်တွေအထိ အသက်ရှင်စေနိုင်တယ်" ဟု ပြောသည်။

လျူရူယိသည် လင်ရှဲ့အာအကြောင်း မပြောခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် ယီယွင်၏ သတ်ဖြတ်လိုစိတ်မှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာသည်။

"သေလိုက်.....ကောင်မ"

ယီယွင် အော်ဟစ်လိုက်သည်။

လျူရူယိမှာ မည်မျှပင် တောင်းပန်ပါစေ၊ ယီယွင် သတ်ရမည့်သူ ဖြစ်နေသည်။

"ငါ မင်းနဲ့ အသေခံ တိုက်မယ်။"

လျူရူယိသည်လည်း သွေးအနှစ်သာရများကို လောင်ကျွမ်းစေကာ ကြိမ်လုံးဖြင့် တိုက်ခိုက်လိုက်သည်။

ယီယွင်သည်လည်း သူ၏ အသက်စွမ်းအားများကို အသုံးပြု၍ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ ဓားအလင်းတန်းမှာ သွေးရောင်များဖြင့် တောက်ပနေသည်။

ဗုန်း.......

ကျောက်တုံးများမှာ အပိုင်းပိုင်း ကွဲထွက်သွားသည်။ အဘိုးကြီး ကျီ တို့သည်လည်း အဝေးသို့ ရှောင်လိုက်ရသည်။ ဓားအလင်းတန်းနှင့် ကြိမ်လုံးတို့ တိုက်မိရာမှ ထွက်ပေါ်လာသော စွမ်းအားများမှာ လေထုကိုပင် တုန်ခါစေသည်။

စက္ကန့် ၃၀ ခန့် အကြာတွင် တိုက်ခိုက်မှုများ တိတ်ဆိတ်သွားသည်။ အဘိုးကြီး ကျီ ကြည့်လိုက်သောအခါ ယီယွင်သည် ရပ်နေပြီး သူ၏ ရှေ့တွင် ထောင်ပေါင်းများစွာ ရှည်လျားသော ဓားဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ထိုနေရာတွင် မီးတောက်များ တောက်လောင်နေသည်။

ဓားဒဏ်ရာ၏ အလယ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသော လူတစ်ဦး ရှိနေသည်။ လျူရူယိမှာ သွေးအနှစ်သာရများ လောင်ကျွမ်းလိုက်ရသဖြင့် အိုမင်းရုပ်ဆင်းသဏ္ဌာန် ဖြစ်သွားသည်။ ယီယွင်၏ တိုက်ခိုက်မှုမှာ သူမ၏ သက်စွမ်းများကိုပါ စုပ်ယူသွားသည်။

လျူရူယိက ယီယွင်ကို ခါးသီးစွာ ပြုံးလျက်

"ယီယွင်... ခုနှစ်စဉ်ကြယ်လမ်းစဉ်နန်းတော်... မင်းကို သတ်ပြီး ရေကြည်အိုင်ဓားဂိုဏ်း ကို ဖျက်ဆီးပစ်လိမ့်မယ်..." ဟု ပြောသည်။

ယီယွင်က လှောင်ပြုံးဖြင့် "အဲဒီလို အလုပ်ရှုပ်စရာ မလိုဘူး။ မကြာခင် ငါကိုယ်တိုင်ပဲ ခုနှစ်စဉ်ကြယ်လမ်းစဉ်နန်းတော် ကို သွားပြီး အကုန်လုံးကို သုတ်သင်ပစ်မယ်" ဟု ပြန်ပြောသည်။

လျူရူယိမှာ အသက်ထွက်သွားပြီး မြေအောက်သို့ နစ်မြုပ်သွားသည်။

ယီယွင်သည်လည်း အသက်ရှူ မမှန်ဖြစ်နေသည်။

သွေးအနှစ်သာရကို လောင်ကျွမ်းစေပြီး အစွမ်းထက်သူ သုံးဦးကို တိုက်ခိုက်ခဲ့ရခြင်းမှာ ဥပဒေသ နန်းတော် အဆင့်သို့ အသစ်ရောက်ရှိလာသူအတွက် အလွန် ခက်ခဲသော အလုပ်ဖြစ်သည်။

သူသည် အဘိုးကြီး ကျီ တို့ထံ လျှောက်သွားကာ လင်ရှဲ့အာကို ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ကြည်လင်နေပြီး နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။

"မင်းကို ဒုက္ခပေးတဲ့သူတွေကို ငါ အကုန်သတ်လိုက်ပြီ" ဟု ယီယွင် တိုးတိုးလေး ပြောသည်။

ဗုန်း....... ဗုန်း........ဗုန်း။

မြေအောက်ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်။ ကြီးမားသော ကျောက်တုံးများ ပြိုကျလာသည်။

"မျှော်စင်ထဲ ဝင်ကြ။ ဒီနေရာက အန္တရာယ်များတယ်"

ယီယွင်က နတ်မျှော်စင် ကို ထုတ်လိုက်သည်။

လင်ရှဲ့အာမှာမူ နတ်မျှော်စင် ၏ ဟင်းလင်းပြင် ပို့ဆောင်မှုကို ခံနိုင်ရည် မရှိသဖြင့် ယီယွင်က သူမကို ပွေ့ချီလိုက်သည်။

အဘိုးကြီး ကျီ တို့သည် မျှော်စင်ထဲ ဝင်သွားကြသည်။ ယီယွင်သည် နတ်မျှော်စင် ကို သိမ်းလိုက်ပြီး လင်ရှဲ့အာကို ပွေ့လျက် အဂ္ဂိရတ်ဆရာတော်၏ရေအိုင် ထံသို့ ပြန်သွားသည်။

အိုင်ဘေးသို့ ရောက်သောအခါ ယီယွင်သည် အဂ္ဂိရတ်ဆရာတော် ချန်ထားခဲ့သော ကျမ်းစာလိပ်အားလုံးကို ယူလိုက်သည်။

အိုင်ထဲရှိ သံသရာစက်ဝန်း မှာ ကွဲအက်သွားပြီး အိုင်ရေများ လှုပ်ရှားလာသည်။ ယီယွင်သည် ဓားကိုကိုင်ကာ လင်ရှဲ့အာကို ပွေ့လျက် အိုင်၏ အနက်ဆုံးနေရာသို့ ဆင်းသွားသည်။

ဓားအလင်းတန်းမှာ ကျောက်တုံးများကို ဖောက်ထွက်သွားသည်။ ထိုနေရာတွင် ပူပြင်းသော ချော်ရည်များ ရှိနေသည်။ ယီယွင်သည် ချော်ရည်အနီးရှိ ကျောက်တုံးတစ်ခုပေါ်တွင် လင်ရှဲ့အာကို ဂရုတစိုက် တင်ထားလိုက်သည်။ ထိုကျောက်တုံးမှာ အနီရောင် တောက်ပနေသည်။

ယီယွင်သည် သူ၏ ယွမ်ချီ ဖြင့် လင်ရှဲ့အာကို ဖုံးအုပ်ပေးလိုက်သည်။ ချော်ရည်မှ ထွက်ပေါ်လာသော အပူဓာတ်များကို စစ်ထုတ်ပေးလိုက်ခြင်းဖြင့် သူမ၏ စိတ်ဝိညာဉ်ကို ပြန်လည် နိုးထစေရန် ပြုစုပေးလိုက်သည်။

"ဒီနေရာက သန့်စင် ယန် စွမ်းအားတွေက မင်းအတွက် အကောင်းဆုံးပဲ။ ရှဲ့အာ၊ မင်း ပြန်နိုးလာရမယ်"

ဟု ယီယွင် တိုးတိုးလေး ပြောသည်။ လျူရူယိသည် သူမကို ကယ်နိုင်သည်ဟု ပြောခဲ့သော်လည်း ယီယွင်မှာ သူမကို မယုံကြည်ပေ။ ထို့ပြင် သူကိုယ်တိုင် လင်ရှဲ့အာကို ကယ်တင်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည်။

All Chapters