← Chapters

အခန်း ၁၈၅

Vol. 13 Ch. 185

အခန်း ၁၈၅

Vol. 13 Ch. 185

အခန်း (၁၈၅) - လျှို့ဝှက်စွာ အဆိပ်ခတ်ခြင်း

လီချင်းမင်တစ်ယောက် 'နှလုံးသားကိုစားတဲ့ အဆိပ်ပိုး'နှင့် ပတ်သက်၍ လက်တွေ့မကြုံဖူးသော်လည်း နတ်ဆိုးတစ်သောင်း ဂိုဏ်းအတွင်း၌ ၎င်း၏ ကျော်ကြားလှသော နာမည်သတင်းကို တစ်ကြိမ်ထက်မက ကြားဖူးသည်။

၎င်းမှာ အလွန်ရက်စက်ကြမ်းကြုတ်သော ဂူအဆိပ်အမျိုးအစားတစ်ခု ဖြစ်သည်။

ပိုးကောင်များ၏ အစာအဖြစ် နှလုံးသားကို အပြည့်အဝ စားသောက်ခံရသဖြင့် သေဆုံးသူမှာ အလွန်နည်းပါးသည်။

အကြောင်းမှာ ၎င်းတို့သည် ထိုမျှကြာအောင် အသက်မရှင်နိုင်ဘဲ နာကျင်မှုကို မခံနိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြခြင်းကြောင့် ဖြစ်သည်။

"အစ်ကိုကြီး ရှောင်၊ ခင်ဗျား... ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို အဆိပ်ခတ်လိုက်တာလား? ဘာလို့လဲ?"

လီချင်းမင်၏ အသံမှာ သိသာစွာ တုန်ရီနေသည်။

ရှောင်ချန်းချင်းရက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်၊ "မင်း နားလည်မှုလွဲနေပြီ။ ငါက အချိန်ဖြုန်းဖို့ လက်ဖက်ရည်ထဲကို တစ်ခုခု ထည့်လိုက်တာပါ။ မင်းက အဲဒါကို မြန်မြန်ဆန်ဆန်နဲ့ သောက်လိုက်တာလေ။ ငါတောင် သတိပေးချိန်မရလိုက်ဘူး။"

လီချင်းမင်က အမြန်ပင် တောင်းဆိုလိုက်သည်၊ "ဒါဆိုရင် အစ်ကိုကြီး ရှောင်၊ ကျွန်တော့်ကို အဆိပ်ဖြေဆေး အမြန်ဆုံး ပေးပါဗျာ။"

ရှောင်ချန်းချင်မှာ စိတ်မသက်မသာဖြင့် ပြောသည်၊ "ဘာတွေ အလောတကြီး ဖြစ်နေတာလဲ? အဆိပ်ဖြေဆေး ပြင်ဆင်ဖို့ အချိန်လိုတယ်ဆိုတာ မသိဘူးလား? ကျူစုန်ယွင်ကို ကယ်ပြီးတဲ့အခါ ငါမင်းကို အဆိပ်ဖြေဆေး မပေးဘဲ နေမယ်လို့ ထင်နေတာလား?"

လီချင်းမင်မှာ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် လျူယွဲ့မိန်က သူ့ကို မောင်းထုတ်လိုက်သည်။

“မောင်လေးလီ၊ ဒီမှာ ဘာရပ်လုပ်နေတာလဲ? အချိန်တွေ အလကားကုန်နေတယ်။ မြန်မြန်သွားပြီး အလုပ်လုပ်တော့။ ဟွန့်၊ မင်းသာ အချိန်ဆွဲနေရင် မင်းမှာ အသက်ဆယ်ချောင်းရှိရင်တောင် မလုံလောက်ဘူးနော်။"

လီချင်းမင်မှာ ရိုသေကြောင်း ပြသရင်း လက်အုပ်ချီလိုက်သည်။

သူသည် အလွန်အမင်း ထိတ်လန့်နေလျက် ထွက်ခွာသွားတော့သည်။

သူသိသည်မှာ ဒီနေရာမှာ ဆက်နေလျှင် အဆိပ်ဖြေဆေး ရနိုင်မည်မဟုတ်ပေ။

ခရိုင်ဝန်ကျောက်ထံ အမြန်ဆုံးသွားပြီး အကူအညီတောင်းခံခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ဘယ်လောက်တောင် ထူးဆန်းလိုက်သည်နည်း။ ကိုယ်မသတိထားမိတာ ကိုယ့်အမှားပင်

တိမ်နီတပ်မတော်ထဲ ရောက်နေတာ ကြာတော့ ပေါ့ပေါ့ဆဆ ဖြစ်သွားတာနေမည်။

ထိုရက်စက်သော ဂိုဏ်းဂဏတွေ၏ သဘောသဘာဝကို အထင်သေးမိတာ မှားသွားပြီ။

ငါအခန်းထဲ မဝင်ခင်ကတည်းက လက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ထားတာပဲ။

အခုမှတော့ ပြောလည်း အလကားပင်။ခရိုင်ဝန်ဆီမှာ ဘာနည်းလမ်းရှိမလဲ စောင့်ကြည့်ရမည်

လီချင်းမင်၏ ခြေသံများ လှေကားထိပ်တွင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လင်ဖုန်းသည် သူ၏ရှေ့ရှိ စားပွဲငယ်ကို ကန်ချလိုက်သည်။

လက်ဖက်ရည်ခွက်မှာ မြေပြင်ပေါ်သို့ "ခွမ်း" ခနဲ ကွဲအက်သွားပြီး လက်ဖက်ရည်ရည်ညိုများမှာ လျူယွဲ့မိန်၏ လိပ်ပြာပန်းချီပုံစံ အနားကွပ်ထားသော စကတ်စတွင် စွန်းထင်းသွားသည်။

"မင်း ဘာဖြစ်နေတာလဲ?" လျိုယွဲ့မိန်က ဒေါသတကြီး မေးလိုက်သည်။

လင်ဖုန်းက သူမကို လျစ်လျူရှုပြီး ရှောင်ချန်းချင်အား ပြောလိုက်သည်၊ "ဆရာ၊ ကျွန်တော်တို့ စွမ်းရည်နဲ့ဆိုရင် ဒီတိမ်နီတပ်မတော်ရဲ့ တပ်မှူးကို ဖမ်းပြီး တိုက်ရိုက် စစ်ဆေးလိုက်ရင် မရဘူးလား? ဝိညာဉ်ပစ္စည်းနှစ်ခုကို ဘာလို့ အလကားကုန်အောင် လုပ်နေရတာလဲ?"

သူသည် ဂိုဏ်းထဲဝင်ပြီးကတည်းက ဝိညာဉ်ပစ္စည်းတစ်ခုသာ ရဖူးပြီး ၎င်းကိုလည်း သုံးစွဲပြီးသွားပြီဖြစ်သည်။

ထို့အပြင် သူပေးအပ်လိုက်ရသည့် ပစ္စည်းတစ်ခုမှာ အမှန်တကယ်တွင် သူပိုင်ဆိုင်ရမည့်အရာ ဖြစ်သည်။

ထိုမျှ အဖိုးတန်သည့်အရာကို သူ ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်ပါ့မည်နည်း

ရှောင်ချန်းချင်က သူ၏ အရိုးထွက်နေသော လက်ဖြင့် လက်ကောက်ဝတ်ရှိ ကင်းမြီးကောက်တက်တူးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ကင်းမြီးကောက်မှာ အသက်ဝင်နေသကဲ့သို့ တုန်ခါနေသည်။

သူသည် စိတ်မြန်လက်မြန်ရှိသော တပည့်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ကဲ့ရဲ့သံများ ပေါ်လာသည်။

"ဒီလောကမှာရှိတဲ့ လူတွေကို အထင်မသေးပါနဲ့။ ကျူစုန်ယွင်ဆိုတဲ့ကောင်တောင် တိမ်နီတပ်မတော်လက်ထဲ ရောက်သွားတာပဲ။ သူတို့ ဘာတွေကြံစည်နေလဲဆိုတာ ဘယ်သူသိမှာလဲ?"

ရှောင်ချန်းချင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

လင်ဖုန်းမှာ မကျေနပ်သေးပေ၊ "ကျူစုန်ယွင်က ဘာကောင်မို့လို့လဲ? သူက ဆရာ့ဖိနပ်တောင် ထမ်းပေးဖို့ မထိုက်တန်ပါဘူး။ သူက ဆရာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?"

"အရူး”

ရှောင်ချန်းချင်က ဆူပူလိုက်သည်၊ "ငါသာ မင်းလိုမျိုး စိတ်မြန်လက်မြန်နဲ့ လုပ်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၅၀ ကတည်းက ရွှမ်ကျန်းဂိုဏ်းက အိုဟောင်းနေတဲ့သူတွေ လက်ထဲမှာ အပိုင်းပိုင်းအစစ ဖြစ်သွားမှာ။"

လျူယွဲ့မိန်က သူမစကတ်ပေါ်ရှိ လက်ဖက်ရည်စွန်းထင်းမှုကို ညင်သာစွာ ထိလိုက်ရာ လက်ချောင်းထိပ်မှ အနက်ရောင် မီးခိုးငွေ့များ ထွက်လာပြီး စွန်းထင်းမှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

"ညီလေးလင် ဆရာပြောတာ မှန်ပါတယ်။ ဒီလောကမှာ မကာကွယ်နိုင်တဲ့ မှော်အတတ်တွေ အများကြီးရှိတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်မြင့်ပါစေ၊ ရုတ်တရက် အခွင့်အရေးပေးလိုက်မိတာနဲ့ အလွယ်တကူ အဖမ်းခံရနိုင်တယ်။”

“ ဒါကြောင့် မောင်လေးလင်၊ စိတ်မြန်လက်မြန် မလုပ်ပါနဲ့။ ကိုယ့်ဘာသာကိုယ်လည်း လုပ်မစားပါနဲ့။ မဟုတ်ရင် ကျွန်မတို့ အစီအစဉ်တွေ ပျက်သွားရင် ဆရာက မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။"

"ဟုတ်ကဲ့၊ တပည့် အမှားသိပါပြီ”

လင်ဖုန်းက လက်သီးဆုပ်ကာ အလေးပြုပြီး အမှားဝန်ခံလိုက်သည်။

ထို့နောက် သူသည် လျိုယွဲ့မိန်ကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ “ငါ့ဆရာက ငါ့ကို အကြံပေးရုံပဲလေ။ နင်က ဘာမို့လို့လဲ? ငါ့ထက် နည်းနည်းစောပြီး သင်တာနဲ့ ငါ့ကို ဆူပိုင်ရအောင် နင်က ဘယ်သူလဲ? နောက်ကျရင် နင် ငါ့ရဲ့စွမ်းအားကို သိလာလိမ့်မယ်”

အချိန်မှာ မွန်းတည့်ချိန်ကို ကျော်လွန်နေပြီ ဖြစ်သည်။

ခရိုင်ရုံးတော်၏ နောက်ဖေးခန်းမတွင် ကျောက်ဖင်သည် အသစ်ရောက်ရှိလာသော သတ္တုရိုင်းများနှင့် ဆေးဖက်ဝင်အပင်များကို စစ်ဆေးနေသည်။

ဤကာလအတွင်း ကျောက်ဖေးသည် ရွှမ်ယွင် ကျောင်းတော်ရှိ သူ၏ဆရာ လျူယွမ်ထံတွင် ကျောက်တုံးဆူပွက်နည်းဟုခေါ်သော သဘာဝလွန်စွမ်းအားကို သင်ယူနေသည်။

ကျောက်တုံးဆူပွက်နည်းမှာ အလွန်တန်ဖိုးရှိသည့် ဆေးပညာတစ်ခုဖြစ်ပြီး ရွှမ်ယွင်ကျောင်းတော်၏ အဖိုးတန်ဆုံးသော ကျွမ်းကျင်မှုတစ်ခုလည်း ဖြစ်သည်။

သတ္တုရိုင်းများ၊ ဆေးမြစ်များ၏ ဆေးစွမ်းကို ထုတ်ယူကာ ပုံသေနည်းများနှင့် ပေါင်းစပ်ခြင်းဖြင့် မတူညီသော အာနိသင်ရှိသည့် ဆေးလုံးများအဖြစ် ပြောင်းလဲနိုင်သည်။

ထိုနည်းပညာမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ပညာရပ်မှာ လွန်စွာ နက်နဲကျယ်ပြန့်လှသည်။

လောကတွင် အရာဝတ္ထုများမှာ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှပြီး အသစ်အသစ်သော အရာများလည်း အမြဲပေါ်ပေါက်နေသည်။

သီအိုရီအရဆိုလျှင် လောကရှိ အရာအားလုံးကို ဆေးအဖြစ် အသုံးပြုနိုင်သည်။

ထို့အပြင် ဆေးစွမ်းအာနိသင်မှာ မတူညီသော အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲနိုင်ပြီး ထိုပြောင်းလဲမှုများမှာ သူယခင်ဘဝက သင်ယူခဲ့သော ဓာတုဗေဒပညာရပ်ထက်ပင် ပိုမိုနက်နဲသည်။

ဥပမာအားဖြင့် အဆိပ်တစ်ခုပင်လျှင် အခြေအနေတစ်မျိုးတွင် အသက်ကယ်ဆေး ဖြစ်လာနိုင်သည်။

တူညီသော ဆေးမြစ်တစ်မျိုးပင်လျှင် တောင်၏ နေရောင်ခြည်ထိတွေ့သည့်ဘက်၌ ပေါက်ရောက်သလား၊ အရိပ်ထဲ၌ ပေါက်ရောက်သလားဆိုသည့်အပေါ် မူတည်၍ ကွဲပြားနိုင်သည်။

တူညီသော ပုံသေနည်းဖြင့်ပင် မုန်တိုင်းထန်သောညတွင် ဖော်စပ်သည်နှင့် ကြည်လင်သောနေ့တွင် ဖော်စပ်သည်မှာ ရလဒ်များစွာ ကွဲပြားနိုင်သည်။

အထူးသဖြင့် ဆေးလုံးဖော်စပ်သော ကျင့်ကြံသူများအတွက် အချိန်အခါ၊ နေရာထိုင်ခင်းနှင့် ကံတရားတို့ပါ ပေါင်းစပ်ရန် လိုအပ်သဖြင့် ပို၍ပင် တောင်းဆိုမှုများ ပြင်းထန်သည်။

၎င်းသည် ဆေးပညာရပ်၏ ရှုပ်ထွေးမှုကို ပြသနေသည်။

ကံကောင်းသည်မှာ ကျောက်ဖေး၏ ကိုယ်ပွားများ တိုးပွားလာသည်နှင့်အမျှ သူ၏ နားလည်နိုင်စွမ်းမှာလည်း အကန့်အသတ်မရှိ တိုးပွားလာပြီး သာမန်လူတစ်ယောက်ထက် အဆတစ်ရာကျော် ပိုမိုထက်မြက်နေပြီဖြစ်သည်။

သူ၏ မှတ်ဉာဏ်မှာ ဓာတ်ပုံရိုက်ထားသကဲ့သို့ တိကျသည်။

သူ၏ ဦးနှောက်မှာ အစွမ်းထက်သော ဒေတာဘေ့စ်တစ်ခုကဲ့သို့ ရွှမ်ယွင်ကျောင်းတော်က နှစ်ပေါင်းများစွာ စုဆောင်းထားသော ဆေး အသိပညာများကို မနားမနေ စုပ်ယူနေသည်။

ဆေးနည်းစနစ်များနှင့် အပူချိန် ထိန်းချုပ်မှုများမှာ မှော်ပညာထက် ပိုမိုခက်ခဲခြင်း မရှိပေ။

ကျောက်ဖေး၏ အရည်အချင်းနှင့်ဆိုလျှင် သူသည် အချိန်တိုအတွင်းမှာပင် ကျွမ်းကျင်သွားခဲ့သည်။

ကျောက်တုံးဆူပွက်နည်းကို သင်ယူလာသည်မှာ တစ်လမပြည့်သေးသော်လည်း သူ၏ကျွမ်းကျင်မှုမှာ အလွန်ထက်မြက်သော ဒုတိယဆရာအစ်မ လျို့ရူယန်ထက်ပင် သာလွန်နေပြီး သူ၏ဆရာ လျူယွမ်နှင့်ပင် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။

သူ၏ သင်ယူမှု တိုးတက်နှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် လျူယွမ်ပင်လျှင် သူ၏ ဘဝသက်တမ်း နှစ်တစ်ရာကျော်မှာ အလကားဖြစ်သွားသလားဟု ထင်မှတ်ရလောက်အောင် အံ့အားသင့်ရသည်။

"ဒီပစ္စည်းတွေကို ဂိုဒေါင်ထဲမှာ ခဏသိမ်းထားလိုက်ပြီး တပ်မှူးလင်းဆီကို လွှဲပေးလိုက်ပါ" ဟု ကျောက်ဖင်က ညွှန်ကြားလိုက်သည်။

တပ်မှူးလင်းဟု ခေါ်သူမှာ တိမ်နီတပ်မတော်၏ ထောက်ပံ့ရေးအရာရှိဖြစ်ပြီး ကျောက်ဖေး၏ ကိုယ်ပွားတစ်ဦးလည်း ဖြစ်သည်။

ကျောက်ဖေး၏ အမြင်တွင် အရင်းအမြစ်များကို မိမိလက်ထဲတွင်သာ ထားရှိခြင်းက အလုံခြုံဆုံးဖြစ်သည်။

မဟုတ်ပါက တစ်စုံတစ်ယောက်က ငွေကြေးများကို အလွဲသုံးစားလုပ်ပြီး ခိုးယူသွားနိုင်သောကြောင့် ဖြစ်သည်။

ကျောက်ဖေးအနေဖြင့် ထိုမျှ အသေးအဖွဲ ဆုံးရှုံးမှုကို ဂရုမစိုက်သော်လည်း အစကတည်းက ကြိုတင်ကာကွယ်ထားခြင်းမှာ အကောင်းဆုံးဖြစ်သည်။

"ဟုတ်ကဲ့၊ ခရိုင်ဝန်”တပ်မှူးများမှာ အရိုအသေပေးကာ အမိန့်ကို လက်ခံလိုက်ကြသည်။

သူတို့သည် သတ္တုရိုင်းသေတ္တာများကို သယ်ဆောင်သွားစဉ် အောက်ခြေလူတစ်ယောက်က အစီရင်ခံရန် ရောက်လာသည်။

"ခရိုင်ဝန်ကြီး၊ လီချင်းမင် အပြင်ဘက်မှာ တွေ့ဆုံခွင့်တောင်းနေပါတယ်"

"သူ့ကို ဝင်လာခိုင်းလိုက်" ကျောက်ဖင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ခဏအကြာတွင် လီချင်းမင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ပြေးဝင်လာသည်။

"ခရိုင်ဝန်ကြီး၊ ကျွန်တော့်ကို ကယ်ပါဦး”

"အဲဒီ အိုဟောင်းနေတဲ့သူ ရှောင်ချန်းချင်က ကျွန်တော့်ကို နှလုံးသားကိုစားတဲ့ပိုးသုံးလိုက်တယ်”

"တပ်မှူးကြီး ဒီပိုးအကြောင်း မသိသေးရင်..."

လီချင်းမင်သည် ကျောက်ဖင်က ၎င်း၏ ကြောက်စရာကောင်းပုံကို မသိမည်စိုး၍ အတိုချုပ် ရှင်းပြရန် ပြင်လိုက်သည်။ သို့သော် ကျောက်ဖင်က သူမျှော်လင့်မထားဘဲ စကားကို ဖြတ်ပြောလိုက်သည်။

"မင်း နှလုံးသားကိုစားတဲ့ ပိုး စွဲကပ်ခံထားရပြီး ၁၂ နာရီအတွင်း အဆိပ်မဖြေနိုင်ရင် ပိုးတွေက မင်းနှလုံးသားထဲကို တွင်းတူးဝင်ရောက်ပြီး သေတဲ့အထိ နှလုံးသွေးတွေကို စားသောက်လိမ့်မယ်။ ပြီးတော့ မင်းမသေခင်မှာ အဲဒီအဆိပ်ပိုးတွေရဲ့ ကိုက်စားခြင်းကြောင့် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်၊ ဟုတ်တယ်မလား?"

"မ... မဟုတ်ဘူး... ဟုတ်တယ်၊ တကယ်ပါ၊ ခရိုင်ဝန်ကြီးက တကယ်ပဲ သိနေတာလား?"

လီချင်းမင်မှာ အံ့ဩပြီး ဆွံ့အသွားသည်။

ဤပိုးမှာ နတ်ဆိုးတစ်သောင်းဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များက သူတို့၏ တပည့်များကို ထိန်းချုပ်ရန် အသုံးပြုသော လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။ ဂိုဏ်းပြင်ပတွင် အလွန်ရှားပါးပြီး ကျောက်ဖင်က မည်သို့သိရှိသွားသည်ကို သူ နားမလည်နိုင်တော့ပေ။

ခဏတာတွင် လီချင်းမင်သည် ကျောက်ဖင်၏ စွမ်းရည်မှာ အတိုင်းအဆမရှိ နက်နဲလှသည်ဟု ခံစားလိုက်ရသည်။

All Chapters