← Chapters

အခန်း ၁၈၇

Vol. 13 Ch. 187

အခန်း ၁၈၇

Vol. 13 Ch. 187

အခန်း (၁၈၇) နှင်းရည်စက် စွမ်းအင်ကို အနှစ်သာရထုတ်ယူခြင်း

ဆရာလျူယွမ်ကို နှုတ်ဆက်ပြီးနောက်

ကျောက်ဖေးမှာ မည်သို့မျှ နှောင့်နှေးမနေတော့ပေ

တောင်အောက်သို့ အမြန်ဆင်းကာ ပိုင်ရှန်မြို့ ရှိ တိမ်နီတပ်မတော်၏ စခန်းတည်ရှိရာသို့ တန်းမတ်စွာ သွားရောက်ခဲ့သည်။

စခန်းရှိ ကျင့်ကြံသည့်အခန်းသို့ ရောက်သောအခါ ကိုယ်ပွါး (၁၀) ခုမှာ သူ့ကို စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။

ယခင်က ကိုယ်ပွါး (၁၂၅) ခုမှ စုပ်ယူထားသော နှင်းရည်စက်စွမ်းအင်များအားလုံးသည် ဤကိုယ်ပွါး (၁၀) ခုထံသို့ စုစည်းရောက်ရှိနေသည်။

သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အေးစိမ့်သော အငွေ့အသက်များ ဝန်းရံနေပြီး အပြည့်အဝ မသန့်စင်ရသေးသော စွမ်းအင်များမှာ ကိုယ်ပွါးများ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသည်။

တကယ်တော့ ကိုယ်ပွါးများအနေဖြင့်လည်း နောက်ဆုံးအဆင့်ထိ သန့်စင်ပြီး ကျောက်ဖေးထံ ပေးပို့နိုင်သော်လည်း ထိုသို့ပြုလုပ်ပါက စွမ်းဆောင်ရည် လျော့ကျသွားနိုင်သဖြင့် ကျောက်ဖေးကိုယ်တိုင် နောက်ဆုံးအဆင့်ကို သန့်စင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ကျောက်ဖေးနှင့် သူ၏ ကိုယ်ပွါးများမှာ စိတ်အာရုံချင်း ဆက်သွယ်နေကြသဖြင့် စကားပြောရန် မလိုပေ။

ကျောက်ဖေး အခန်းထဲသို့ ဝင်လိုက်သည်နှင့် အခန်းအလယ်တွင် ရပ်လိုက်သည်။

ကိုယ်ပွါးများက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တိုးလာကာ သူတို့၏ ခန္ဓာကိုယ်ထဲတွင်ရှိသော တစ်ပိုင်းတစ်စ သန့်စင်ထားသည့် နှင်းရည်စက်စွမ်းအင်များကို ကျောက်ဖေး၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးကြသည်။

ကျောက်ဖေးသည် ထိုစွမ်းအင်များကို နောက်ဆုံးအဆင့်ထိ သန့်စင်၍ မိမိ၏ စွမ်းအားများနှင့် ပေါင်းစပ်လိုက်သည်။

အေးစိမ့်သော စွမ်းအင်များမှာ ကျောက်ဖေး၏ ခန္ဓာကိုယ်ထဲသို့ တရစပ် စီးဝင်လာသည်။

အကယ်၍သာ ကိုယ်ပွါး (၁၂၅) ခု၏ အကူအညီသာ မရှိပါက၊ ပုံမှန်အားဖြင့် ဤမျှများပြားသော နှင်းရည်စက်စွမ်းအင်ကို စုပ်ယူနိုင်ရန် ကျောက်ဖေးအနေဖြင့် နောက်ထပ် အနှစ် (၁၂၅) နှစ်တိုင်တိုင် အချိန်ယူရပေလိမ့်မည်။

ကျောက်ဖေးမှာ ရေခဲအပ်ပေါင်း ထောင်သောင်းချီ၍ သူ၏ သွေးကြောများကို ထိုးဖောက်နေသကဲ့သို့ ခံစားရပြီး အရိုးထိအောင် အေးစိမ့်သွားသည်။

ဆောင်းတွင်းကာလတွင် ရေခဲရေထဲသို့ ကိုယ်ကိုနှစ်ထားရသကဲ့သို့ပင်

ဤမျှပြင်းထန်သော အအေးဒဏ်မှာ သာမန်လူတစ်ယောက်ဆိုလျှင် သတိလစ်သွားနိုင်သည့် အဆင့်ရှိသည်။

စွမ်းအင်ပေါင်းစပ်ခြင်းမှာ (၁၅) မိနစ်ခန့် ကြာမြင့်ပြီးနောက်တွင် ကျောက်ဖေးသည် နောက်ဆုံးကျန်ရှိသော စွမ်းအင်ကို အောင်မြင်စွာ သန့်စင်လိုက်နိုင်တော့သည်။

သူ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ မျက်ဝန်းထဲတွင် ငွေရောင်အလင်းတန်းများ လျှပ်ခနဲ လက်သွားသည်။

ခန္ဓာကိုယ်အတွင်းရှိ ဒြပ်စင်လေးမျိုး၏ စွမ်းအားမှာ ဟန်ချက်ညီသွားပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးလန်းဆန်းသွားပြီး စွမ်းအားမှာလည်း လေးပုံတစ်ပုံခန့် တိုးတက်လာသည်။

“နှင်းရည်စက် ပြီးရင် နောက်တစ်ခုက နှင်းကျခြင်းပဲ။”

ကျောက်ဖေးမှာ စိတ်ကျေနပ်မှု ရှိနေသည်။

သူသည် ခံစားချက်မျိုးစုံဖြင့် သက်ပြင်းချမိသည်။

နတ်ဘုရားလမ်းစဉ်မှာ အမှန်တကယ်ပင် ဖြတ်လမ်းမရှိဘဲ ခြေလှမ်းတစ်လှမ်းချင်းစီ လျှောက်လှမ်းရခြင်း ဖြစ်သည်။

နေ့စဉ်နှင့်အမျှ၊ နှစ်စဉ်နှင့်အမျှ ကြိုးစားရပေမည်။

ကံကောင်းသည်မှာ သူတွင် ကိုယ်ပွါးစနစ် ရှိနေသဖြင့် တစ်ကြိမ်ကြိုးစားလျှင် အခြားသူများ၏ အဆတစ်ရာနှင့် ညီမျှနေခြင်းပင်။

ထို့ပြင် ကိုယ်ပွါးအရေအတွက် များလာသည်နှင့်အမျှ ဤအကျိုးကျေးဇူးမှာ အကန့်အသတ်မရှိ ဆက်လက်တိုးပွားနေဦးမည်ဖြစ်သည်။

နတ်ဘုရားဖြစ်လာခြင်းနှင့် တရားထူးရရှိခြင်းမှာ အခြားသူများအတွက်မူ အိပ်မက်သာဖြစ်သော်လည်း သူ၏အတွက်မူ လက်တစ်ကမ်းတွင်သာ ရှိတော့သည်။

ယွဲ့လိုင် တည်းခိုခန်း၏ ဒုတိယထပ်တွင်

ရှောင်ချန်းချင်နှင့် သူ၏ တပည့်နှစ်ဦးဖြစ်သော လင်ဖုန်းနှင့် လျူယွဲ့မိန်တို့ တည်းခိုနေကြသည်။

အချိန်မှာ ညနေ (၃:၄၅) နာရီရှိပြီဖြစ်၏

ပြတင်းပေါက်အပြင်ဘက်တွင်

ညဉ့်၏ အမှောင်ထုမှာ မှင်ရည်ကဲ့သို့ မည်းနက်နေသည်။

“ပတ်—ပတ်—ပတ်— ညသုံးချက်တီးပြီ၊ မီးများ ငြှိမ်းသတ်ကြပါ”

ညစောင့်သမား၏ အသံမှာ တိတ်ဆိတ်နေသော လမ်းမများပေါ်တွင် ဟိန်းထွက်လာသည်။

မကြာမီပင်၊ “ဖူး” ဟူသော အသံနှင့်အတူ

စားပွဲပေါ်ရှိ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့မှာ လေမရှိဘဲ ရုတ်တရက် မီးလောင်ကျွမ်းသွားပြီး ပြာများမှာ အနောက်မြောက်ဘက်သို့ ညွှန်ပြနေသော မြှားပုံစံအတိုင်း ဖြစ်တည်လာသည်။

“ဆရာ၊ လှုပ်ရှားမှုရှိနေပြီ”

လင်ဖုန်းမှာ ချက်ချင်း ထရပ်လိုက်သည်။

လျူယွဲ့မိန်၏ မျက်နှာမှာလည်း ဝမ်းသာရိပ် သန်းလာသည်။

ရှောင်ချန်းချင်မှာ စကားမဆိုဘဲ ကုတင်ပေါ်မှ ဆင်းလာ၏

“သွားကြမယ်” အမိန့်ပေးလိုက်သည်။

သူတို့သုံးဦးမှာ ပြတင်းပေါက်မှတစ်ဆင့် လမ်းမပေါ်သို့ ခုန်ချလိုက်ကြသည်။

ထိုအချိန်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်ဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ အတားအဆီး မဟုတ်ပေ။

ရှောင်ချန်းချင်မှာ အဆောင်လက်ဖွဲ့၏ စွမ်းအင်ကို လိုက်၍ အနောက်မြောက်ဘက်သို့ ဦးတည်သွားသည်။

မကြာမီပင် မြို့ရိုးထံသို့ ရောက်ရှိလာကြသည်။

“နေ့လယ်က မြို့ထဲမှာ ရှာလို့မတွေ့တာ မဆန်းပါဘူး၊ သူတို့က မြို့ပြင်မှာ ပုန်းနေတာပဲ”

ရှောင်ချန်းချင်က အေးစက်စက် လေသံဖြင့် ဆိုသည်။

လင်ဖုန်းက “ဆရာ၊ ကျွန်တော် ဘယ်လိုထွက်ရမလဲ” ဟု မေး၏

ရှောင်ချန်းချင်က “အသုံးမကျတဲ့ကောင်! မင်း ဒီမြို့ထဲမှာပဲ နေခဲ့။ ငါတို့ နောက်တစ်ခေါက် အခွင့်အရေးရှာပြီး ထွက်မယ်။ မင်း တည်းခိုခန်းမှာပဲ ငြိမ်ငြိမ်နေ၊ ပြဿနာမရှာနဲ့၊ မဟုတ်ရင် မင်းကို အသေသတ်ပစ်မယ်” ဟု ဆူပူလိုက်သည်။

လင်ဖုန်းမှာ ပါးစပ်ကသာ ‘ဟုတ်ကဲ့’ ဟု ပြောသော်လည်း စိတ်ထဲတွင်မူ ကျိန်ဆဲနေသည်။

ရှောင်ချန်းချင်သာ သူ့ကို အသုံးဝင်တဲ့ အဆောင်တစ်ခုခု သင်ပေးခဲ့ပါက ဒီမြို့ရိုးနားမှာ သူ အကျပ်ရိုက်နေရမှာ မဟုတ်ပေ

ဒီတစ်ခေါက် ရှောင်ချန်းချင်နဲ့အတူ မြို့ပြင်ကို လိုက်မသွားရတာကို သူ အလွယ်တကူပဲ ခန့်မှန်းမိလိုက်သည်။

ရှောင်ချန်းချင်ဆိုသည့် လူအိုကြီး၏ စရိုက်အတိုင်းဆိုရင် သူ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူးဆိုတာ သေချာသည်။

ရှောင်ချန်းချင်က လင်ဖုန်းကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ လျူယွဲ့မိန်ဘက်သို့ လှည့်ကာ "ယွဲ့မိန်၊ မြို့ပြင်မှာ တွေ့ကြမယ်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ဆရာ"

လျူယွဲ့မိန်က ပြန်ဖြေလိုက်ပြီး လင်ဖုန်းကို အနိုင်ယူတဲ့အကြည့်ဖြင့် ကြည့်သွားသည်။

လင်ဖုန်းမှာ စိတ်ထဲမှ အကြီးအကျယ် ဒေါသထွက်နေမိသည်။

ချက်ချင်းဆိုသလိုပင် ရှောင်ချန်းချင်က လက်မုဒြာကို ပြုလုပ်ကာ မန္တရားများကို ရွတ်ဖတ်တော့သည်။ ခဏလေးအတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှာ မြေကြီးထဲသို့ နစ်ဝင်သွားပြီး အရိပ်အယောင်မကျန် ပျောက်ကွယ်သွားလေတော့သည်။

ထိုပညာရပ်မှာ မြေပြင်ရွေ့လျားခြင်းပင် ဖြစ်သည်။

လျူယွဲ့မိန်မှာလည်း တွန့်ဆုတ်မနေတော့ဘဲ လက်ဟန်ပြုကာ မန္တန်ကို ရွတ်ဖတ်လိုက်သည်– “စာငှက်အဖြစ် ပြောင်းလဲခြင်း”

ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး စာငှက်ငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ တောင်ပံခတ်လျက် မြို့ရိုးကို ကျော်ဖြတ်၍ ကျက်သရေရှိစွာ ပျံသန်းသွားလေသည်။

“ဒီကောင်မ တစ်နေ့ကျရင် နင့်ကို ငါ့ခြေထောက်အောက်မှာ အသနားခံခိုင်းစေရမယ်…”

လင်ဖုန်းမှာ ကြိမ်ဆဲရင်း တည်းခိုခန်းရှိရာသို့ ပြန်လှည့်သွားတော့သည်။

မကြာမီပင် သူသည် ယွဲ့လိုင် တည်းခိုခန်းအပြင်ဘက်သို့ ပြန်ရောက်လာသည်။

လရောင်အောက်တွင် ဒုတိယထပ်ရှိ သစ်သားပြတင်းပေါက်မှာ အနည်းငယ် ဟနေသည်။

သူသည် ခုန်တက်ရန် အားယူလိုက်စဉ်မှာပင် နောက်ကျောဘက်မှ ပြတ်သားသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

“ရပ်လိုက်”

လင်ဖုန်းမှာ အေးခဲသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

တိမ်နီတပ်မတော်မှ ကင်းလှည့်စစ်သား လေးယောက်မှာ လမ်းကြားထဲမှ ထွက်ပေါ်လာပြီး သူတို့၏ သံချပ်ကာအင်္ကျီများမှာ လရောင်အောက်တွင် အေးစက်စက် တောက်ပနေသည်။

ခေါင်းဆောင်ဖြစ်သူက ဓားရှည်ကို ကိုင်ထားပြီး ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

“ညဉ့်နက်သန်းခေါင်မှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ” အရာရှိက အေးစက်စက် မေးမြန်းလိုက်သည်။

လင်ဖုန်းမှာ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူ၏ ခါးတွင်ချိတ်ထားသည့် ကိုးကွင်းတပ် ရွှေကျောဓား၏ ဓားရိုးကို မသိစိတ်ဖြင့် ပွတ်သပ်လိုက်သည်။ ဤဓားသည် သူနှင့်အတူ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး မည်မျှများပြားသော ကိုယ်ခံပညာရှင်တို့၏ သွေးကို စုပ်ယူခဲ့မှန်း သူကိုယ်တိုင်ပင် မမှတ်မိတော့ပေ။

ဓား၏ နောက်ဘက်ရှိ ကြေးကွင်းကိုးကွင်းမှာ လူတစ်ယောက်ကို သတ်ဖြတ်သည့်အခါ သေစေလောက်အောင် ကြည်လင်ပြတ်သားသော အသံကို ထွက်ပေါ်စေတတ်သည်။

“အိပ်မပျော်လို့ လမ်းထွက်လျှောက်တာပါ။”

သူသည် သွားဖြူဖြူများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။

ခေါင်းဆောင်အရာရှိက လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျန်စစ်သား သုံးဦးမှာ တိတ်ဆိတ်စွာဖြင့် လင်ဖုန်းကို ဝိုင်းပတ်လိုက်ကြသည်။

အရာရှိက “ညမထွက်ရအမိန့် ထုတ်ထားတဲ့အချိန်မှာ လမ်းလျှောက်နေတဲ့အတွက် ငါတို့နဲ့အတူ လိုက်ခဲ့ပြီး စစ်ဆေးခံရမယ်” ဟု အေးစက်စက် ပြောလိုက်သည်။

လင်ဖုန်း၏ မျက်နှာကြွက်သားများမှာ တုန်ယင်သွားသည်။

သူသည် ပြဿနာ မရှာချင်သော်လည်း မိမိရှေ့မှ နားမလည်သော ဤလူအုပ်ကို မြင်ရသည်မှာ သူ၏ သတ်ဖြတ်လိုသော စိတ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်စေသည်။

သူသည် ကိုယ်ခံပညာလောကတွင် သွေးစွန်းလက်ဖြင့် သားသတ်သမားဟု နာမည်ကြီးခဲ့သူဖြစ်ပြီး ကိုးကွင်းတပ် ရွှေကျောဓားဖြင့် ကျော်ကြားခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် ကိုယ်ခံပညာ အဆင့်မြင့်သုံးဆင့်သို့ ရောက်ရှိကာ မတော်တဆ စိတ်ဝိညာဉ်အမြစ်ကို နိုးထစေခဲ့သဖြင့် ရှောင်ချန်း

ချင်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။

သို့သော် သူသည် တပည့်ဖြစ်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသဖြင့် စိတ်ထဲတွင်မူ ‘တစ်ချက်တည်းဖြင့် အသက်ဖြတ်ခြင်း’ ကို ယုံကြည်သော ရက်စက်သည့် လူမိုက်ပင် ဖြစ်နေဆဲဖြစ်သည်။

ကံကောင်းသည်မှာ ဤနေရာသည် တိမ်နီတပ်မတော်၏ နယ်မြေဖြစ်ကြောင်း သူသတိရလိုက်သည်။

အကယ်၍သာ တောအုပ်ထဲတွင်သာ ဆိုလျှင် သူသည် အချိန်ကြာမြင့်စွာ စောင့်နေမည်မဟုတ်ဘဲ အခုချက်ချင်းပင် လူသတ်လိုက်ပေလိမ့်မည်။

“ထွက်သွားကြစမ်း။”

လင်ဖုန်း၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ နက်ရှိုင်းစွာ ထွက်ပေါ်လာသည်– “ငါ လူမသတ်ချင်ဘူး။”

ထိုစကားကို ကြားလိုက်ရသဖြင့် စစ်သားများမှာ အေးစက်စက် ရယ်မောလိုက်ကြသည်။ အရာရှိက “သတ္တိရှိလှချည်လား ငါတို့ တိမ်နီတပ်မတော်ရဲ့ နယ်မြေမှာ ဘယ်သူမှ ဒီလောက်ထိ မာန်မတက်ရဲဘူး”

“ဖမ်းလိုက်”

အရာရှိ၏ စကားသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်...

စစ်သားများ မလှုပ်ရှားရသေးခင်မှာပင်

ကလင်ဟူသော အသံနှင့်အတူ

လင်ဖုန်း၏ ကိုးကွင်းတပ် ရွှေကျောဓားမှာ ဓားအိမ်မှ ထွက်ပေါ်လာတော့သည်။

All Chapters