← Chapters

အခန်း ၁၈၈

Vol. 13 Ch. 188

အခန်း ၁၈၈

Vol. 13 Ch. 188

အခန်း (၁၈၈) - ကွန်ရက်ထဲသို့ ကျရောက်သော လင်ဖုန်း

ဝှစ်

ဓားသွားမှာ လျှပ်စီးလက်သကဲ့သို့ တောက်ပသွားပြီး ဓားနောက်ဘက်ရှိ ကြေးကွင်းကိုးကွင်းမှာလည်း တပြိုင်တည်း မြည်ဟည်းကာ ညဉ့်ယံတွင် အသံလှိုင်းများပင် ထင်ရှားစွာ ဖြစ်ပေါ်လာသည်။

ဓားမှာ ခေါင်းဆောင်အရာရှိဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ထိုဓားချက်ကို ရင်ဆိုင်ရချိန်တွင် အရာရှိမှာ ရှောင်တိမ်းခြင်း မရှိသည့်အပြင် မိမိ၏ ဓားဖြင့် ပြန်လည်ခုခံလိုက်သည်။

‘ဒါကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”

လင်ဖုန်း စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်သည်။

ဤသည်မှာ သူအလိုချင်ဆုံး အခြေအနေပင်။

သူသည် အချိန်ကြာမြင့်စွာ ရုန်းရင်းဆန်ခတ် မဖြစ်စေရန် အမြန်ဆုံး အဆုံးသတ်လိုက်ချင်သည်။

ဤစစ်သားများကို သတ်ပြီး အလောင်းဖျောက်ကာ နောက်တစ်နေ့မနက် အစောကြီး မြို့ပြင်ထွက်သွားမည်။ တိမ်နီတပ်မတော်က တရားခံမှာ မိမိဖြစ်ကြောင်း သိသွားသည့်တိုင် သူတို့ ဘာတတ်နိုင်မည်နည်း

လင်ဖုန်းမှာ နောက်ဓားချက်ဖြင့် ပြိုင်ဘက်၏ ဓားရှည်ကို ဖယ်ရှားပြီးနောက် ခေါင်းကို တစ်ချက်တည်းနှင့် ဖြတ်ထုတ်ရန် ကြိုတင်တွေးထားလိုက်သည်။

ဤသို့တွေးရင်းပင် အားအင်ကို အနည်းငယ် လျှော့ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ခေါင်းဖြတ်ပြီးမှ လိုက်ကောက်နေရမည့် အလုပ်ကို ရှောင်ရှားရန်ဖြစ်၏

လည်ပင်းကို ဖြတ်တောက်လိုက်ခြင်းက ပို၍ သန့်စင်ပြီး ထိရောက်

သောကြောင့်ဖြစ်သည်။

အတွေးများမှာ စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာ ဖြစ်ပေါ်သွားခြင်းဖြစ်သည်။

ကလင်

ဓားနှစ်လက် ထိခိုက်မိရာမှ မီးပွားများ ထွက်ပေါ်လာသည်။

လင်ဖုန်း၏ မျက်နှာပေါ်ရှိ လှောင်ပြုံး မပျောက်ခင်မှာပင် သူ၏ ဓားရိုးမှတစ်ဆင့် တုန်ခါသွားစေသော ပြင်းထန်သည့် စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ရပြီး သူ၏ ဓားရှည်မှာ ဘေးသို့ လွင့်စင်သွားသည်။

“ဘာ…”

လင်ဖုန်းမှာ ထိတ်လန့်သွားသည်။

သူသည် ဓားမလွတ်သွားစေရန် အလျင်အမြန် တင်းတင်းဆုပ်ကိုင်လိုက်သော်လည်း လာမည့် ဓားချက်ကို ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။

လင်ဖုန်းမှာ အရေးကြီးသော အချက်များကို ရှောင်ရှားရန်သာ ကြိုးစားလိုက်ရသည်။

ဖူး

ဓားသွားမှာ အသားထဲသို့ စိုက်ဝင်သွားပြီး လင်ဖုန်း၏ ဘယ်ဘက်လက်မောင်းတွင် ချက်ချင်းပင် အနာတရ ဖြစ်သွားသည်။

ကံကောင်းသည်မှာ ယခုခဏက ထိခိုက်မိမှုက ဓားချက်ကို ဟန့်တားလိုက်သဖြင့် အားအနည်းငယ် လျော့သွားခြင်းဖြစ်သည်။

မဟုတ်ပါက ထိုဓားချက်ဖြင့် သူ၏ လက်မောင်းမှာ ပြတ်ထွက်သွားနိုင်ဖွယ် ရှိသည်။

“သေချင်နေတာပဲ”

ဒဏ်ရာကြောင့် လင်ဖုန်း၏ ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်များမှာ ပိုမိုတောက်လောင်လာသည်။

သူသည် ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်မှ သွေးနီရောင်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

သူ၏ ဓားကွက်များမှာ ပြောင်းလဲသွားပြီး နာမည်ကြီးသည့် သွေးစွန်းလူသတ်ဓားကွက် (၃) မျိုး ထဲမှ ပထမဆုံးနည်းကို အသုံးပြုလိုက်သည်။

ဤဓားချက်သည် ယခင်က တတိယအဆင့် ကိုယ်ခံပညာရှင်တစ်ဦး၏ ခေါင်းကိုပင် ဖြတ်ထုတ်ဖူးသည်။

ဓားမရောက်ခင်မှာပင် လူကို တုန်လှုပ်ချောက်ချားစေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ပြည့်နှက်နေသည်။

သို့သော်လည်း ဆန့်ကျင်ဘက်မှ အရာရှိမှာ လုံးဝ မရှောင်တိမ်းဘဲ ဓားဖြင့်သာ ပြန်လည်တုံ့ပြန်သည်။

ချွမ်

ပြင်းထန်သော ထိခိုက်သံနှင့်အတူ လင်ဖုန်းမှာ နောက်သို့ အနည်းငယ် ဆုတ်သွားရပြီး လက်မှာလည်း ထုံကျင်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ…”

လင်ဖုန်းမှာ မယုံကြည်နိုင်စွာ ဖြစ်သွားသည်။

သူသည် တတိယအဆင့် ကိုယ်ခံပညာရှင်ဖြစ်ပြီး ရှောင်ချန်းချင်၏ တပည့်ဖြစ်သည့်နောက်ပိုင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ဆေးဝါးများစွာ မှီဝဲထားသူဖြစ်သည်။

မဟာကျိုး၏ ကိုယ်ခံပညာလောကတွင် ထိပ်တန်းအဆင့် ကိုယ်ခံပညာရှင်မှာ လက်ချိုးရေတွက်နိုင်လောက်အောင် နည်းပါးသည်။

အဆင့် (၇) သို့မဟုတ် (၈) အောက် ကိုယ်ခံပညာရှင်တစ်ယောက်ပင် မြို့နယ်တစ်ခုကို လွှမ်းမိုးနိုင်သည်မှာ ကိုယ်ခံပညာလမ်းစဉ်၏ ခက်ခဲမှုကို ပြသနေသည်။

သို့သော်လည်း သူသည် သာမန်စစ်သားတစ်ဦးကို မယှဉ်နိုင်ဖြစ်နေသည်။

ဤသည်မှာ ပညာတတ်တစ်ဦးက ကျေးလက်သို့သွား၍ မောက်မာပြသရာမှ မိမိထက် ပိုမိုတော်သော ကလေးငယ်တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ပင်။

လင်ဖုန်း စိတ်ရှုပ်ထွေးသွားသည်။

သို့သော် သူ၏ လှုပ်ရှားမှုမှာမူ နှေးကွေးခြင်းမရှိ။

ပြိုင်ဘက်မှာ မိမိထက် မညံ့ကြောင်း သိလိုက်ရသဖြင့် သူသည် ဝိုင်းပတ်မှုကို ဖောက်ထွက်ရန် ကျန်စစ်သား သုံးဦးဆီသို့ လှည့်လိုက်သည်။

သို့သော်...

ချွမ်

နောက်ထပ် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု။

လင်ဖုန်းမှာ နောက်ထပ် စစ်သားတစ်ဦး၏ ဓားချက်ကြောင့် နောက်သို့ လွင့်သွားရပြီး ဓားမှာလည်း ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

“မဖြစ်နိုင်ဘူး…”

လင်ဖုန်းမှာ စစ်သားများကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

သာမန်စစ်သားများကပင် သူထက် ပိုသာနေသည်။

သူသည် မြေအောက်လောကတွင် နာမည်ကြီးသည့် ‘သွေးစွန်းလက်ဖြင့် သားသတ်သမား’ မဟုတ်လော။ သူသည် သာမန်စစ်သားထက် ဘာကြောင့် အားနည်းရတာလဲ။

ဒင်၊ ဒင်၊ ဒင်..

ဓားချင်း ထိခိုက်သံများမှာ ဆက်တိုက် ထွက်ပေါ်နေသည်။

လင်ဖုန်းမှာ ပြိုင်ဘက်တစ်ဦးချင်းစီတိုင်းသည် သူထက် ပိုမိုသန်မာနေကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားသည်။

တစ်ယောက်တည်းကိုပင် မနိုင်သည့်အပြင် လေးယောက်လုံးကို ရင်ဆိုင်နေရသည်။

လင်ဖုန်းမှာ အသက်စွန့်၍ ရင်ဆိုင်ရန်မှလွဲပြီး အခြားနည်းလမ်း မရှိတော့ပေ။

သူသည် ရက်စက်ကြမ်းကြုတ်သော လူမိုက်တစ်ဦး၏ စိတ်ဓာတ်ဖြင့် ရင်ဆိုင်လိုက်သည်။

ယခင်က သူသည် မကြောက်မရွံ့သောစိတ်ဓာတ်ဖြင့် မိမိထက် သာလွန်သူများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ဖူးသည်။

ကြောက်သူသည် ရက်စက်သူကို ကြောက်ရမည်၊ ရက်စက်သူသည် ရူးသွပ်သူကို ကြောက်ရမည်ဟူသော စကားပုံအတိုင်း သူပြုမူလိုက်သည်။

သို့သော်လည်း သူသည် မကြာခင်မှာပင် တစ်ခုခုကို သတိပြုမိသွားသည်။

ရူးသွပ်ခြင်းတွင်မူ သူသည် ပြိုင်ဘက်နှင့်ယှဉ်လျှင် အောက်ကျနေသည်။

ပြိုင်ဘက်များမှာ မိမိ၏ တိုက်ခိုက်မှုများကို လုံးဝ ဂရုမစိုက်ဘဲ အကာအကွယ်မယူဘဲ အသက်စွန့်၍ တိုက်ခိုက်နေကြသည်။

၎င်းတို့၏ စိတ်ဓာတ်မှာ ‘မင်းငါ့ကို သတ်ရင်တောင် ငါမင်းကို ဓားနဲ့ အရင်လှီးပစ်မယ်’ ဆိုသည့် စိတ်ဓာတ်မျိုးပင် ဖြစ်သည်။

ထို့အပြင် လင်ဖုန်းမှာ ပြိုင်ဘက်များ၏ တိုက်ခိုက်ပုံကို ကြည့်၍ ၎င်းတို့သည် ဟန်ပြနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် အသက်စွန့်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အာရုံခံမိလိုက်သည်။

တိုက်ပွဲမှာ (၁၀) ချီပင် မပြည့်သေးမီ လင်ဖုန်းမှာ သွေးအလိမ်းလိမ်းဖြင့် ဖုံးလွှမ်းသွားသည်။

ဘုန်း

ပြင်းထန်သော လက်သီးတစ်ချက်မှာ လင်ဖုန်း၏ ကျောပြင်သို့ အားကုန် ကျရောက်လာသည်။

လင်ဖုန်းမှာ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ရှေ့သို့ ယိုင်လဲသွားကာ ခုခံခြင်း မပြုတော့ဘဲ ပြိုင်ဘက်၏ ဖမ်းဆီးခြင်းကိုသာ ခံလိုက်တော့သည်။

သူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားသည်။

ကံကောင်းသည်မှာ ပြိုင်ဘက်တို့က သူ့ကို ဓားဖြင့် မသတ်ဘဲ လက်သီးဖြင့်သာ အနိုင်ယူလိုက်ခြင်းပင်။

“ခေါ်သွားကြ”

ခေါင်းဆောင်အရာရှိက အေးစက်စက် အမိန့်ပေးလိုက်သည်။

စစ်သားနှစ်ဦးက လင်ဖုန်းကို ဆွဲမကာ လမ်းမကြီးတစ်ခုဘက်သို့ ခေါ်ဆောင်သွားကြသည်။

“သောက်ကျိုးနည်းတဲ့ ရှောင်ချန်းချင် လုအိုကြီး…”

ဖမ်းဆီးခေါ်ဆောင်သွားခံနေရစဉ် လင်ဖုန်းမှာ စိတ်ထဲတွင် ရှောင်ချန်းချင်ကို ကျိန်ဆဲနေမိသည်။

သူ၏ အမြင်တွင်မူ

ရှောင်ချန်းချင်သာ မန္တန်အတတ်ပညာများကို မသင်ပေးဘဲ အမှတ် မပြည့်သေးဘူးဟု အကြောင်းပြချက် ပေးမနေခဲ့ပါက ယခုကဲ့သို့ အခြေအနေဆိုးမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

ကျောက်ဖေးသည် လင်ဖုန်းကို ကိုယ်ပွါးလေးခုဖြင့် အောင်မြင်စွာ ဖမ်းဆီးလိုက်ချိန်တွင်

ရှောင်ချန်းချင်နှင့် တပည့်ဖြစ်သူ လျူယွဲ့မိန်တို့မှာ လီချင်းမင် လျှို့ဝှက်စွာ ချန်ရစ်ခဲ့သည့် အရိပ်အမြွက်များကို လိုက်၍ မြို့ပြင်အနည်းငယ်အကွာရှိ အိမ်ကြီးတစ်လုံးသို့ ရောက်ရှိလာကြသည်။

အိမ်ကြီးမှာ ညဉ့်မှောင်ထဲတွင် ပုန်းကွယ်နေပြီး သာမန်အတိုင်းပင် ဖြစ်သည်။

သို့သော် ဆက်သွယ်ရေး အဆောင်လက်ဖွဲ့၏ နောက်ဆုံးကျန်ရှိသော စွမ်းအင်မှာ ဤအိမ်ကြီးအတွင်း၌ ရှိနေသည်။

ရှောင်ချန်းချင်သည် အိမ်ကြီးကို စူးစမ်းကြည့်ရှုပြီးနောက် လျူယွဲ့မိန်ကို အသံအေးအေးဖြင့် ညွှန်ကြားလိုက်သည်– “ဝင်ပြီး စုံစမ်းကြည့်စမ်း။ တစ်ခုခုထူးခြားတာ တွေ့ရင် ချက်ချင်းပြန်လာပြီး ငါ့ကို အစီရင်ခံ။”

“ဟုတ်ကဲ့ ဆရာ”

လျူယွဲ့မေမှာ ဆရာ့စကားကို မလွန်ဆန်ရဲပေ။

သူမသည် စိတ်ထဲတွင်မူ ထိုလူအိုကြီးကို ကျိန်ဆဲနေမိသည်။

အန္တရာယ်များသည့် အလုပ်မှန်သမျှ သူမကိုသာ ခိုင်းစေနေသည် မဟုတ်ပါလော။

သူမသည် ချက်ချင်းပင် လက်ဟန်ပြုကာ မန္တန်ရွတ်ဖတ်ပြီး ‘စာငှက်အသွင်ပြောင်းခြင်း’ ပညာဖြင့် ငှက်ငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲကာ အိမ်ကြီးထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

အိမ်ကြီးဝန်းထဲတွင် တိမ်နီတပ်မတော်မှ စစ်သားများမှာ စနစ်တကျ ကင်းလှည့်နေကြသည်။

လျူယွဲ့မိန်မှာ အမိုးစွန်းများနှင့် သစ်ကိုင်းများကြားတွင် သတိကြီးစွာဖြင့် ရွေ့လျားသွားသည်။

မကြာမီပင် လီချင်းမင်ကို တွေ့လိုက်ရသည်။

ခြံဝင်းထဲရှိ သစ်ပင်ကြီး၏ အရိပ်အောက်တွင် လီချင်းမင်မှာ လူရွယ်တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။

ထိုလူမှာ အသက် (၄၀) ခန့်ရှိပြီး ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာပေါ်တွင် မျက်ခုံးမှသည် ပါးစပ်ထောင့်အထိ ရှည်လျားသော အမာရွတ်တစ်ခုရှိရာ ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။

လီချင်းမင်မှာ တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုနေသည်။

လျူယွဲ့မိန်မှာ ၎င်းကို မြင်လိုက်ရသဖြင့် လီချင်းမင် မြင်နိုင်သည့်နေရာသို့ ပျံသန်းသွားကာ ခြေသည်းများကို ဆန့်ထုတ်၍ အချက်ပြလိုက်သည်။

လီချင်းမင်မှာ ချက်ချင်းပင် နားလည်သွားသည်။

သို့သော် သူတို့နှစ်ဦးစလုံးသည် ဤစာငှက်မှာ လျူယွဲ့မိန်ဖြစ်ကြောင်း မသိကြပေ။

“အစ်ကိုလီ၊ အရက်သောက်တာ စိတ်မပါသလိုပဲနော်။”

ကျန်းဟိုင်က ဝိုင်အိုးအသစ်တစ်ခုကို ဖွင့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “သောက်စမ်းပါ၊ တခြားဟာတွေ ထိုင်မတွေးနဲ့၊ နောက်တစ်ခွက် ထပ်သောက်မယ်”

သူပြောရင်း လီချင်းမင်ရှေ့ရှိ ခွက်ထဲသို့ ဝိုင်များ ဖြည့်ပေးလိုက်သည်။

လီချင်းမင်က လက်ကိုဝှေ့ယမ်းကာ “အစ်ကိုကျန်း၊ နားလည်မှုလွဲနေပါပြီ။ ဒီပတ်ဝန်းကျင်က သာယာလွန်းလို့ ငေးမောနေတာပါ” ဟု ရယ်မောပြောဆိုလိုက်သည်။

သူသည် ဝိုင်ခွက်ကို ကိုင်ရင်း ဘယ်ဘက်လက်သန်းကို အနည်းငယ် လှုပ်ယမ်း၍ သူ၏ အစီအစဉ်ကို အရိပ်အမြွက် ပြလိုက်သည်။

ကျန်းဟိုင်မှာ မျက်နှာပျက်မသွားဘဲ ရယ်မောရင်း ဆက်သောက်နေသည်။

ခဏအကြာတွင် လီချင်းမင်မှာ ဗိုက်ကို ပွတ်သပ်ရင်း “သေပါပြီ၊ အစ်ကိုကျန်း၊ ကျွန်တော် အိမ်သာသွားရဦးမယ်။ ပြန်လာမှပဲ ဆက်

သောက်ကြတာပေါ့” ဟု ပြောလိုက်သည်

“သွား၊ သွား၊ သောက်စရာရှိတာ သောက်၊ မဟုတ်တာတွေပြောပြီး ရွံစရာကောင်းအောင် မလုပ်နဲ့။”

ကျန်းဟိုင်က လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းပြလိုက်သည်။

ထို့နောက် သူသည် ခြံဝင်းထဲတွင် တစ်ယောက်တည်း ဆက်လက်သောက်စားနေတော့သည်။

All Chapters