← Chapters

အခန်း ၁၉၀

Vol. 13 Ch. 190

အခန်း ၁၉၀

Vol. 13 Ch. 190

အခန်း (၁၉၀) - လမ်းရှင်းပေးရမည့် အမြောက်စာ

“ကောင်းပြီ၊ ဒီတစ်ခါ ကျူစုန်ယွင်ကို ကယ်တင်နိုင်တာဟာ မင်းရဲ့ ဂုဏ်ကျေးဇူးပဲ”

ရုတ်တရက် ဘေးနားမှ ရင်းနှီးပြီး အသံဝင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

လီချင်းမင်မှာ ရုတ်တရက် သတိဝင်လာပြီး လှည့်ကြည့်လိုက်၏

ရှောင်ချန်းချင်မှာ သူ၏ဘေးတွင် အချိန်အတော်ကြာကတည်းက ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်

“ အကာအကွယ်မှူးရှောင်နဲ့ အကြီးအကဲဝမ်တို့အတွက် အမှုထမ်းရတာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ။ အကိုရှောင်ရဲ့ ချီးကျူးမှုကို ကျွန်တော် မခံယူထိုက်ပါဘူး”

လီချင်းမင်မှာ အတင်းပြုံး၍ ပြောလိုက်ရသည်။

သူသည် စိတ်ထဲတွင် မနေနိုင်တော့ဘဲ “အကာအကွယ်မှူးရှောင်၊ ခွင့်လွှတ်ပါ။ ဝိညာဉ်ပိတ်ဆို့ဆေး နဲ့ အဆိပ်မိရင် လူတစ်ယောက်က မျက်စိ၊ နား၊ နှာ၊ ပါးစပ်ကနေ သွေးယိုကျတယ်ဆိုတာ တစ်ခါမှ မကြားဖူးလို့ပါ။ ဒါပေမဲ့ ဒီလူတွေက…” ဟု မေးမြန်းလိုက်သည်။

ရှောင်ချန်းချင်မှာ ယခုအချိန်တွင် စိတ်အလွန်ကောင်းနေ၏

“သာမန် ဝိညာဉ်ပိတ်ဆို့ဆေးဆိုရင်တော့ ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက ဒီဆေးကို ရာဇဆေးမြစ်အလွှာတစ်ခုနဲ့ ထပ်အုပ်ထားတာ။ ဒီမြူကို အရက်ထဲ ထည့်လိုက်ရင် အဆိပ်က ပိုပြီး လျှို့ဝှက်သွားပြီး မသိနိုင်တော့ဘူး” ဟု ရယ်မော၍ ရှင်းပြသည်။

“အော်... ဒီလိုကိုး။ အကာအကွယ်မှူးရှောင်ရဲ့ဉာဏ်ကို တကယ်လေးစားပါတယ်”

လီချင်းမင်က ချီးကျူးဟန်ပြုလိုက်သည်။

သူသည် အမှန်တကယ်တော့ ထိုလူအိုကြီးက သူ့ကို လုံးဝ မယုံကြည်ကြောင်း နားလည်သွားသည်။

ကံကောင်းသည်မှာ သူက ဆေးကို မလဲလှယ်လိုက်မိခြင်းပင်။

အကယ်၍သာ ကျန်းဟိုင်တို့ သေပုံသေနည်း ကွဲပြားနေပါက သူတို့၏ သစ္စာဖောက်မှုမှာ ပေါ်ပေါက်သွားပေလိမ့်မည်။

လီချင်းမင်မှာ စိတ်သက်သာရာ ရသွားသော်လည်း ပျော်ရွှင်ခြင်း မရှိပေ။

ကျန်းဟိုင်တို့၏ သေဆုံးပုံမှာ အဆိပ်သင့်လက္ခဏာများနှင့် ကိုက်ညီနေသည်မှာ သူတို့သည် အမှန်တကယ်ပင် အဆိပ်သင့်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သက်သေပြနေသည်။

လီချင်းမင်က “အကာအကွယ်ရေးမှူးရှောင်၊ ကျွန်တော့်ရဲ့ နှလုံးသားစား အဆိပ်ပိုးကိစ္စကတော့…” ဟု စကားစလိုက်ရာ ရှောင်ချန်းချင်က စိတ်မရှည်စွာ ကြည့်၍ “ဘာလို့ အဲ့လောက် အလျင်စလို ဖြစ်နေရတာလဲ။ အခု ဘယ်အချိန်ရှိပြီလဲ သိရဲ့လား။ ကျူစုန်ယွင်ကို အရင်ကယ်။ ငါက မင်းကို ထိခိုက်အောင် လုပ်

မယ့်သူလို့ ထင်နေတာလား” ဟု ဟိန်းလိုက်

သည်။

ထို့နောက် လီချင်းမင်ကို လက်ညှိုးထိုး၍ “မင်းအရင်ဝင်၊ ယွဲ့မိန် မင်းနောက်ကလိုက်။ ငါကတော့ အနောက်ဘက်မှာ တိမ်နီတပ်မတော်သားတွေ လာပြီး နောက်ကနေ တိုက်ခိုက်မှာ စိုးလို့ စောင့်နေပေးမယ်” ဟု အမိန့်ပေးသည်။

လီချင်းမင်မှာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ထိုလူယုတ်မာမှာ သတိကြီးလွန်း၍ ရှက်ဖို့ပင် ကောင်းသည်။

နောက်ကနေ ကာကွယ်ပေးမည်ဟု ပြောသော်လည်း သူတို့ကို အမြောက်စာအဖြစ် အရင်စမ်းသပ်ခိုင်းနေခြင်းသာဖြစ်သည်။

သို့သော် အခြေအနေမှာ လက်လွန်သွားပြီဖြစ်၍ လီချင်းမင်မှာ နာခံလိုက်ရသည်။

လီချင်းမင်နှင့် လျူယွဲ့မိန်တို့ အခန်းထဲသို့ ဝင်သွားကြသည်။

အပြင်ပန်းတွင် စာကြည့်ခန်းသာဖြစ်သည်။

လီချင်းမင်သည် စာအုပ်စင်ဘယ်ဘက်သို့ သွား၍ ကြမ်းခင်းပြားတစ်ခုကို မလိုက်ရာ အောက်သို့ ဆင်းသွားသည့် လှေကားထစ်များကို တွေ့ရသည်။

လှေကားထစ်တွင် မီးအိမ်နှစ်လုံး ထွန်းထားသဖြင့် အမှောင်မဖုံးပေ။

“အစ်မတော်လျူ၊ အစ်ကိုကြီးကျူအောက်မှာ ရှိတယ်။ အစောင့်နှစ်ယောက် ရှိတယ်၊ ဒါပေမဲ့ သူတို့က အဆင့် (၅) သာမန် ကိုယ်ခံပညာရှင်တွေပါ” လီချင်းမင်က ပြောသည်။

လျူယွဲ့မိန်မှာ ခေါင်းညိတ်သော်လည်း ရှေ့သို့ တိုးလာခြင်းမရှိပေ။ လီချင်းမင်က “ကျွန်တော့်စွမ်းအားက အားနည်းတော့ အစ်မတော်ပဲ အရင်သွားပေးပါ၊ အရေးကြီးတဲ့ ကိစ္စ ပျက်စီးမှာ စိုးလို့ပါ” ဟု ပြောသည်။

လျူယွဲ့မိန်က စိတ်မရှည်စွာ “အပိုစကားတွေ မပြောနဲ့။ ဆရာ့အမိန့်အရ မင်းအရင်ဝင်ရမယ်။ ငါရှိနေတာပဲ၊ ဘာမှ မဖြစ်စေရဘူး” ဟု ပြောသဖြင့် လီချင်းမင်မှာ အောက်သို့ ဆင်းသွားရတော့သည်။

လှေကား (၇) ထစ်ဆင်းပြီး ထောင့်ချိုးကို ကွေ့လိုက်လျှင် (၁၀) စတုရန်းမီတာ မပြည့်သော မြေအောက်လျှို့ဝှက်ခန်းသို့ ရောက်သည်။

ကျူစုန်ယွင်မှာ အပေါ်မှ တွဲလောင်းကျနေပြီး သွေးများနှင့် ဖုံးလွှမ်းနေသည်။

အစောင့်နှစ်ဦးမှာ ထိုင်နေကြသည်။

“တပ်မှူးကျန်းက ခင်ဗျားတို့အတွက် အရက် ပို့ခိုင်းလိုက်တယ်” လီချင်းမင်က အရက်အိုးကို ကိုင်၍ ပြောသည်။

“အရက်ကိုချထားပြီး ပြန်သွားတော့” ဘယ်ဘက်မှ မျက်နှာလုံးသော အစောင့်က ပြောသည်။

ညာဘက်မှ မျက်စောင်းထိုးသော အစောင့်က “တပ်မတော်မှာ တာဝန်ထမ်းဆောင်ချိန် အရက်သောက်ဖို့ အမိန့်ပိတ်ထားတယ်၊

ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

လီချင်းမင်က “ဒါကို ကျန်းဟိုင် ကိုယ်တိုင် ပို့ခိုင်းတာ။ သောက်လိုက်ပါ။ အထက်လူကြီးတွေ သိရင် တပ်မှူးကျန်းကပဲ ရှင်းပေးလိမ့်မယ်” ဟု ပြောသည်။

မျက်စောင်းထိုးအစောင့်က “စစ်ဘက်အမိန့်က မချိုးဖောက်ရဘူး…” ဟု ပြောနေစဉ်မှာပင် လျူယွဲ့မိန်မှာ မန္တန်ရွတ်ဖတ်ပြီး ထောင့်ချိုးမှ ထွက်လာကာ မြေကြီးကို လက်ညှိုးထိုးလိုက်သည်။

“ပြောင်းလဲ”

လျူယွဲ့မိန်သည် အသာအယာ ဆူပူလိုက်သည်။

မြေပြင်သည် ပျော့သွားပြီး ရွှံ့နွံအဖြစ် ပြောင်းလဲသွားသည်။

ဤသည်မှာ မြေပြင်ကို ရွှံ့နွံဖြစ်စေသည့် အတတ်ပညာပင်ဖြစ်၏

အကျဉ်းစောင့်နှစ်ဦးမှာ အလွန်တုန်လှုပ်သွားပြီး သူတို့၏ခြေထောက်များမှာ ရွှံ့နွံထဲသို့ တန်း၍နစ်ဝင်သွားသည်။

"ရှူး ရှူး ရှူး”

လျူယွဲ့မိန်သည် လက်ကိုမြှောက်ကာ အကျဉ်းစောင့်နှစ်ဦး၏ အသက်အန္တရာယ်ရှိသော အချက်အချာနေရာများကို ရည်ရွယ်၍ အပ်တို သုံးချောင်းကို ပစ်လိုက်သည်။

"ဒင် ဒင်”

အပ်တိုနှစ်ချောင်းမှာ ပုတ်ထုတ်ခံလိုက်ရသည်။

မျက်လုံးတစ်ဖက် တြိဂံပုံစံဖြစ်နေသော အကျဉ်းစောင့်တစ်ဦးသာ ဘယ်ဘက်ပခုံးတွင် အပ်တိုထိမှန်သွားသည်။

"လျူယွဲ့မိန်”

တစ်ပိုင်းတစ်စ သေလုမျောပါးဖြစ်နေသော ကျူစုန်ယွင်သည် လျူယွဲ့မေကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားသည်။

လျူယွဲ့မိန်သည် သူ့ကို တစ်ချက်ကြည့်ရုံသာကြည့်ပြီး ဂရုစိုက်ရန် အချိန်မရှိပေ။

"မကောင်းတော့ဘူး”

"ရန်သူတိုက်ခိုက်နေပြီ..."

အကျဉ်းစောင့်နှစ်ဦးမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ကံကောင်းသည်မှာ သူတို့သည် ပေါ့ပါးသော ကိုယ်ခံပညာကျွမ်းကျင်ကြသူများဖြစ်ရာ ခြေထောက်တစ်ဝက်ခန့် နစ်ဝင်သွားသည့်အချိန်တွင်ပင် ချက်ချင်း ခုန်ထွက်နိုင်ခဲ့သည်။

သူတို့သည် လေထဲတွင်ပင် ဓားများကို ဆွဲထုတ်လိုက်ကြသည်။

လျူယွဲ့မိန်သည်လည်း ရင်ဘတ်ထဲမှ ဓားတိုတစ်ချောင်းကို ထုတ်ယူကာ ပြိုင်ဘက်နှစ်ဦးကို တစ်ပြိုင်နက် ခုခံတိုက်ခိုက်နေသည်။

"ဒင် ဒင် ဒင်”

နှစ်ဖက်စလုံးသည် အပြန်အလှန် တိုက်ခိုက်နေကြသည်။

လျှို့ဝှက်အခန်းမှာ ကျဉ်းမြောင်းနေသဖြင့် လျိုယွဲ့မိန်အနေဖြင့် သူမသုံးနေသည့် မှော်အတတ်နှင့် ဝေးရာသို့ ရှောင်တိမ်း၍ မရပေ။

သို့သော် တစ်ဖက်တွင်မူ...

စွမ်းအားနည်းသော ကျင့်ကြံသူများသည် အကွာအဝေးတစ်ခုကို ဖန်တီးနိုင်လျှင်ပင် အစွမ်းထက်သော မှော်အတတ်များကို သုံးနိုင်မည်မဟုတ်ပေ။

မှော်အတတ်ကို အရန်အဖြစ်သုံးပြီး ကိုယ်ခံပညာကို အဓိကထား တိုက်ခိုက်ခြင်းသည် ကျင့်ကြံမှုအဆင့် နိမ့်ပါးသည့် ကျင့်ကြံသူများအတွက် ပုံမှန်တိုက်ခိုက်သည့် ပုံစံမျိုးဖြစ်သည်။

အကြိမ်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးနောက် လျူယွဲ့မိန်သည် အသာစီးရနေသော်လည်း ပြိုင်ဘက်နှစ်ဦးကို ချက်ချင်း အနိုင်ယူနိုင်ခြင်း မရှိသေးပေ။

"အစ်မ ခဏလောက် ထိန်းထားပေးပါ၊ကျွန်တော် သွားပြီး အစောင့်ခေါင်းဆောင်

ရှောင်ကို ခေါ်လာခဲ့မယ်..."

လီချင်းမင်သည် လမ်းကြားထောင့်သို့ နောက်ဆုတ်သွားပြီဖြစ်သည်။

"အသုံးမကျတဲ့ကောင်”

လျူယွဲ့မိန်သည် သွားကြားထဲမှ ကျိန်ဆဲလိုက်သည်။

လီချင်းမင်မှာ အားနည်းသူမဟုတ်၊ ဤအခြေအနေမျိုးတွင် သူအလွယ်တကူ ဝင်ရောက်ကူညီပြီး ပြိုင်ဘက်နှစ်ဦးကို အနိုင်ယူနိုင်ဖြစ်သည်။

ဘာကြောင့်များ အပြင်ထွက်ပြီး အကူအညီသွားတောင်းနေရတာလဲ။

"မလိုတော့ဘူး၊ ငါရောက်နေပြီ"

လီချင်းမင် လှည့်ကြည့်လိုက်သောအခါ ရှောင်ချန်းချင်မှာ လမ်းကြားဝင်ပေါက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ခေါင်းဆောင်ရှောင်၊ အချိန်ကိုက်ပဲ ရောက်လာတာပဲ၊ အမြန်သွားပြီး အစ်မတော်လျူကို ကူညီပေးပါ..."

လီချင်းမင်မှာ အလွန်ဝမ်းသာသွားသည်။

"အပြင်ထွက်ပြီး စောင့်ကြည့်နေလိုက်"

ရှောင်ချန်းချင်သည် လီချင်းမင်ကို စကားအများကြီး မပြောတော့ပေ။

သူ၏ကိုယ်လုံးသည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး လမ်းကြားကိုဖြတ်ကာ လျှို့ဝှက်အခန်းထဲသို့ ဝင်သွားသည်။

နောက်ဆုံးတော့ သူတို့ ထောင်ချောက်ထဲ ကျလာပြီ

လီချင်းမင်သည် သက်ပြင်းချလိုက်ပြီး အပြင်သို့ အမြန်ပြေးထွက်သွားသည်။

သူသည် ကျောက်ဖင်၏ အမိန့်ပေးချက်အတိုင်း ရှောင်ချန်းချင်ကို မြေအောက်ခန်းသို့ လမ်းပြခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

သို့သော် သူ အလွန်အံ့အားသင့်နေမိသည်။

ရှောင်ချန်းချင်သည် လျှို့ဝှက်အခန်းထဲသို့ ဝင်သွားပြီးဖြစ်သော်လည်း၊ အကျဉ်းစောင့်နှစ်ဦးမှာ သူ့ကို ဖမ်းဆီးနိုင်မည့် အခွင့်အရေး မရှိပေ။

သူ့ကို ပို၍ စိတ်ပူပန်စေသည့်အချက်မှာ ကျန်းဟိုင်နှင့် အခြားသူများသည် အဆိပ်သင့်၍ သေဆုံးသွားခဲ့ပြီဖြစ်သည်။

ဒါဆိုရင်... အနီးအနားမှာ တခြား တိမ်နီတပ်မှ ကျွမ်းကျင်သူတွေ ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတာများလား။

လီချင်းမင် လမ်းကြားထဲမှ ပြေးထွက်လာလိုက်သည်။

ထိုစဉ် လူအုပ်ကြီးတစ်စုသည် တံခါးမှတစ်ဆင့် အထဲသို့ အလုအယက် ဝင်ရောက်လာကြသည်။

"မြို့ဝန်”

လီချင်းမင်သည် ဦးဆောင်သူကို မြင်လိုက်ရသောအခါ အလွန်ဝမ်းသာသွားသည်။

ထိုသူမှာ ကျောက်ဖင် ဖြစ်သည်။

ကျောက်ဖင်၏နောက်တွင် သေဆုံးသွားပြီဟု ထင်ရသော ကျန်းဟိုင်နှင့် အခြားသူနှစ်ဦးလည်း ပါလာသည်ကို တွေ့လိုက်ရသည်။

လီချင်းမင်သည် စိတ်အေးသွားသည်။

ကျန်းဟိုင်တို့ သုံးဦး ဘယ်လိုနည်းနဲ့ အသက်ရှင်ကျန်ရစ်ခဲ့သည်ကို မသိသော်လည်း သူတို့ မသေဆုံးဘဲ အသက်ရှင်နေသည်မှာ ကောင်းသောကိစ္စပင်ဖြစ်သည်။

"ကောင်းတယ်”

ကျောက်ဖင်သည် ပေါ့ပေါ့ပါးပါး ချီးကျူးစကား ဆိုလိုက်သည်။

ကျန်းဟိုင်နှင့် သူ၏ ကိုယ်ပွားဆယ်ဂဏန်းခန့်မှာ တိတ်ဆိတ်စွာပင် ကျောက်ဖင်ကို ကျော်ဖြတ်ကာ လမ်းကြားဝင်ပေါက်မှတစ်ဆင့် အောက်သို့ အလျင်အမြန် ဆင်းသွားကြသည်။

All Chapters