← Chapters

အခန်း ၁၉၁

Vol. 13 Ch. 191

အခန်း ၁၉၁

Vol. 13 Ch. 191

အခန်း (၁၉၁) - လျှို့ဝှက်အခန်းထဲမှ တိုက်ပွဲ

လျှို့ဝှက်အခန်းအတွင်း၌..

ရှောင်ချန်းချင်သည် လက်ဖြင့် လက်ကွက် ဖော်ကာ မန္တန်ကို ရွတ်ဆိုလိုက်သည်။

မီးတောက်မြွေတစ်ကောင်သည် လေထဲသို့ ပျံတက်သွားပြီး လျူယွဲ့မိန်နှင့် တိုက်ခိုက်နေသည့် အကျဉ်းစောင့် ကိုယ်ပွားနှစ်ဦးဆီသို့ လောင်ကျွမ်းသွားသည်။

ထိုပြင်းထန်သော မီးတောက်များကြောင့် အကျဉ်းစောင့်နှစ်ဦးမှာ ချက်ချင်းပင် မီးလောင်ကျွမ်းသွားတော့သည်။

"ကောင်းလိုက်တဲ့ မီးပဲ..ဦးလေးရှောင်၊ ကျွန်တော့်ကို အမြန်ကယ်ပါဦး..."

ကျူစုန်ယွင်မှာ အလွန်ဝမ်းသာသွားသည်။

ဤကာလအတွင်း သူသည် တိမ်နီတက် လက်ချက်ဖြင့် ဒုက္ခအတော်ပင် ခံခဲ့ရသည်။

ယခုတော့ နောက်ဆုံးတွင် သူ အကယ်တင်ခံရတော့မည် ဖြစ်သည်။

ရှောင်ချန်းချင်မှာ ပြုံးရယ်ရန်ပင် အချိန်မရလိုက်ပေ။

ရုတ်တရက် သူ မျက်မှောင်ကြုတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။

လူအုပ်ကြီးတစ်စု လမ်းကြားထဲမှ အလုအယက် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"သေစမ်း၊ ဒါ ထောင်ချောက်ပဲ”

ရှောင်ချန်းချင် တစ်ယောက် အံ့အားသင့်သွားသည်။

နှစ်ပေါင်းတစ်ရာနီးပါး နေထိုင်လာခဲ့သော လူကြီးတစ်ယောက်ဖြစ်သည့်အတိုင်း သူသည် တိမ်နီဓားပြများ၏ ထောင်ချောက်ထဲ ရောက်နေမှန်း ချက်ချင်း သဘောပေါက်

လိုက်သည်။

"လျူယွဲ့မိန်၊ သူတို့ကို တားထားလိုက်”

ရှောင်ချန်းချင်သည် နောက်ပြန်လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။

ထို့နောက် ကျူစုန်ယွင်၏ ရှေ့သို့ အမြန်ပြေးသွားပြီး ကျူစုန်ယွင်၏ လက်ကောက်ဝတ်ကို ချည်နှောင်ထားသည့် သံကြိုးကို ဆွဲကိုင်

လိုက်သည်။

သူသည် မန္တန်များကို တတွတ်တွတ်ရွတ်ဆိုနေပြီး မည်သည့်မှော်အတတ်ကို သုံးနေမှန်း မသိရပေ။

လက်သန်းလုံးခန့် ရှိသော သံကြိုးသည် သူ့လက်ချောင်းနှစ်ချောင်းကြားတွင် ရွှံ့နွံကဲ့သို့ပင် အလွယ်တကူ ပြားသွားသည်။

ကျိုးပြတ်လုနီးပါး ဖြစ်နေချိန်တွင်...

ထိုအချိန်၌ မီးလောင်ကျွမ်းနေသော အကျဉ်းစောင့်ကိုယ်ပွားနှစ်ဦးမှာ ရှောင်ချန်းချင်ဆီသို့ ခုန်အုပ်လာကြသည်။

ရှောင်ချန်းချင်မှာ မန္တန်ရွတ်ခြင်းကို ရပ်တန့်ပြီး အမြန်ရှောင်တိမ်းလိုက်ရသည်။

သူသည် ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအင်များကို ပိုင်ဆိုင်ထားသော်လည်း အနှစ်သာရအားဖြင့် လူသားတစ်ယောက်သာ ဖြစ်သည်။

ထိုအကျဉ်းစောင့်နှစ်ဦးမှာ ပြင်းထန်သော အပူချိန်ကို မည်သို့ ခံနိုင်ရည်ရှိသနည်းဟု သူ နားမလည်နိုင် ဖြစ်နေသည်။

သာမန်အားဖြင့် မီးကိုကာကွယ်သည့် အဆောင် သို့မဟုတ် မှော်ပစ္စည်းများ ရှိပါက မီးတောက်များမှာ ၎င်းတို့၏ ကိုယ်ပေါ်တွင် လောင်ကျွမ်းနေမည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ရှောင်ချန်းချင်မှာ တွေးတောနေရန် အချိန်မရှိတော့ပေ။

ရှောင်ချန်းချင်၏ ပတ်ပတ်လည်မှ လေပြင်းများ ရုတ်တရက် ဝေ့ဝဲလာသည်။

တိုးဝင်လာသော မီးတောက်အကျဉ်းစောင့်နှစ်ဦးမှာ လေ၏တွန်းကန်မှုကြောင့် လွင့်ထွက်သွားကြသည်။

ထိုအချိန်နှင့် တစ်ပြိုင်နက်နီးပါး...

"အား..."

အော်ဟစ်သံနှင့်အတူ လျူယွဲ့မိန်မှာ ကာကွယ်ရန်ပင် အချိန်မရလိုက်ဘဲ လွင့်ထွက်သွားသည်။

သူမသည် နံရံကို ပြင်းထန်စွာ ရိုက်မိပြီး မြေပြင်ပေါ်သို့ လူးလှိမ့်ကျသွားသည်။

"ကျွန်မကို မသတ်ပါနဲ့၊ အညံ့ခံပါတယ်၊ ကျွန်မ အညံ့ခံပါတယ်..."

လျူယွဲ့မိန်မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူတို့အဖွဲ့မှာ သူမကို ထပ်မံ မသတ်ဖြတ်ဘဲ လူနှစ်ဦးကို သူမအား ထိန်းချုပ်ထားရန် တာဝန်ပေးလိုက်သည်။

"အသုံးမကျတဲ့ကောင်မ”

ရှောင်ချန်းချင်မှာ ဒေါသထွက်လွန်း၍ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူလေ့ကျင့်ပေးထားသော တပည့်များကို အမှန်တကယ်တော့ အသားခံအဖြစ်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။

သို့သော် လျူယွဲ့မိန်၏ လက်ရှိစွမ်းဆောင်ရည်မှာ အလွန်ညံ့ဖျင်းလွန်းသဖြင့် အသားခံအဖြစ်ပင် အသုံးမဝင်ချေ။

လျှို့ဝှက်အခန်းမှာ အစကတည်းက မကျယ်လှပေ။

ကိုယ်ပွားဆယ်ဂဏန်းခန့် အလုအယက် ဝင်ရောက်လာသောအခါ လျှို့ဝှက်အခန်းတစ်ခုလုံး ပြည့်ကျပ်သွားသည်။

ရှောင်ချန်းချင်သည် သူ၏ လေဆင်နှာမောင်း မှော်အတတ်ကို အကြိမ်ကြိမ် သုံး၍ ကိုယ်ပွားများကို လွင့်စင်အောင် မှုတ်ထုတ်ကာ သူ၏ကိုယ်ပတ်လည်တွင် နေရာအနည်းငယ်ကိုသာ ခက်ခက်ခဲခဲ ထိန်းထားနိုင်ခဲ့သည်။

ဖတ်ခနဲအသံတစ်ခု ထွက်ပေါ်လာသည်။

ကျူစုန်ယွင်၏ လက်ကောက်ဝတ်ရှိ သံကြိုးမှာ ပြတ်ကျသွားပြီး မြေပေါ်သို့ ကျသွားသည်။

"ထွက်ပြေးမယ်”

ရှောင်ချန်းချင်မှာ စကားအများကြီး ပြောရန် အချိန်မရှိပေ။

သူသည် မန္တန်ကို အမြန်ရွတ်ဆိုလိုက်ရာ သူ၏ခြေထောက်များမှာ မြေကြီးထဲသို့ ချက်ချင်း နစ်ဝင်သွားသည်။

သို့သော် ထိုမျှသာ ဖြစ်၏

ဖိနပ်တစ်ဝက်ခန့်သာ မြေကြီးထဲသို့ နစ်ဝင်သွားသည်။

"ဘာဖြစ်တာလဲ...?"

ရှောင်ချန်းချင်၏ မျက်နှာမှာ တည်တင်းသွားသည်။

သူ၏ ခြေထောက်အောက်တွင် မာကျောသော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် ထပ်မနစ်ဝင်နိုင်တော့ပေ။

ထို့နောက် ရှောင်ချန်းချင်မှာ ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ကန်လိုက်သည်။

မြေကြီးများ လွင့်စင်သွားချိန်တွင် သူ၏ခြေအောက်၌ သံပြားတစ်ခုကို တွေ့လိုက်ရသည်။

"သေစမ်း..."

ရှောင်ချန်းချင်၏ စိတ်နှလုံးမှာ အောက်ခြေထိ နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤတိမ်နီဓားပြများသည် ဤနေရာတွင် ကြိုတင်ပြင်ဆင်မှုများ အလုံအလောက် လုပ်ထားခဲ့ခြင်း ဖြစ်သည်။

မြေပြင်ကို ဖြတ်ကျော်သွားနိုင်သော အတတ်ပညာသည် မြေကြီးထဲတွင် လိုဏ်ခေါင်းတူးရန်၊ မြေပြင်ကို ဖြတ်ကျော်ရန်၊ ကျောက်တုံးများနှင့် သံထည်များကိုပင် ဖောက်ထွက်ရန် အသုံးပြုနိုင်သည်။

သို့သော် အရာဝတ္ထုမှာ ပို၍မာကျောလေ၊ ဖောက်ထွက်ရန် ပို၍ခက်ခဲလေဖြစ်သည်။

သူ့ခြေအောက်ရှိ သံပြားမှာ ထူထဲလှသည်မဟုတ်သော်လည်း ဖောက်ထွက်ရန်အတွက် အနည်းဆုံး လက်ဖက်ရည်တစ်ခွက်စာ အချိန် လိုအပ်မည်ဖြစ်သည်။

ယခုအချိန်တွင် ရန်သူများက ဝိုင်းရံထားကြသည်။

ဤတိမ်နီဓားပြအဖွဲ့သည် သူ့ကို ထိုသို့သော အခွင့်အရေးမျိုး ပေးမည်မဟုတ်မှန်း ထင်ရှားသည်။

ရှောင်ချန်းချင်သည် သူ၏ ဗျူဟာကို ချက်ချင်း ပြောင်းလဲလိုက်သည်။

သူသည် လက်ကွက်ဖော်ကာ မန္တန်ရွတ်လိုက်ရာ လေပြင်းတစ်ခု ဝေ့ဝဲလာပြီး ရှေ့ရှိ ရန်သူများအပေါ်သို့ တိုက်ခိုက်လိုက်သည်။

ထိုသူတို့မှာ ယိုင်လဲသွားကြသည်။

ထိုအခွင့်အရေးကို အသုံးချကာ ရှောင်ချန်းချင်သည် လမ်းကြားဝင်ပေါက်ဆီသို့ အမြန်ပြေးသွားသည်။

သို့သော် အပေါက်ဝသို့ မရောက်မီ...

ရုတ်တရက် လမ်းကြားအပေါ်မှ ဧရာမသံပြားတစ်ခု ပြုတ်ကျလာပြီး ထွက်ပေါက်ကို ပိတ်ဆို့သွားသည်။

ရှောင်ချန်းချင်မှာ သံပြားကို တိုက်မိသွားသော်လည်း သံပြားမှာ အနည်းငယ်မျှသာ တုန်ခါသွားသည်။

အပြင်ဘက်တွင် သံပြားကို ထိန်းထားသော လူများရှိနေမှန်း ထင်ရှားသည်။

"ရှူး... ရှူး... ရှူး..."

ရှောင်ချန်းချင်မှာ မျက်နှာပျက်သွားပြီး မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

ကျဉ်းမြောင်းသော အခန်းငယ်အတွင်းတွင် ပြင်းထန်သော မီးတောက်များ ဖြစ်ပေါ်လာပြီး မီးပင်လယ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် ရှောင်ချန်းချင်၏ ပတ်ပတ်လည်တွင် လေပြင်းများ ဝေ့ဝဲနေပြီး မီးတောက်များကို အရပ်မျက်နှာအသီးသီးသို့ လွင့်စင်အောင် မှုတ်ထုတ်နေသည်။

"အား... ဦးလေးရှောင်၊ မီးမရှို့ပါနဲ့တော့..."

"ဆရာ၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

ကျူစုန်ယွင်နှင့် လျိုယွဲ့မိန်တို့မှာ မီးတောက်များကြောင့် ပူလောင်ပြီး အော်ဟစ်နေကြသည်။

သို့သော် ရှောင်ချန်းချင်မှာ သူတို့၏ အသက်အသေကို ဂရုမစိုက်တော့ပေ။

ချွေးစက်များမှာ သူ၏ကိုယ်ပေါ်မှ စီးကျနေသည်။

လေပြင်းများသည် မီးတောက်များကို အရပ်မျက်နှာအသီးသီးသို့ မှုတ်ထုတ်နိုင်သော်လည်း အလွန်မြင့်မားသော အပူချိန်ကိုတော့ လျော့နည်းအောင် မလုပ်နိုင်ပေ။

ပိတ်ထားသော အခန်းမှာ အစကတည်းက မကျယ်လှသည့်အပြင် မီးများ တောက်လောင်နေသဖြင့် အခန်းအတွင်း အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာသည်။

ရှောင်ချန်းချင်ကို အံ့အားသင့်စေပြီး နားမလည်နိုင်အောင် ဖြစ်စေသည့်အချက်မှာ...

ပြင်းထန်သော မီးတောက်များအလယ်တွင်ပင် သူတို့ရှေ့ရှိ ကိုယ်ပွားများသည် အော်ဟစ်ညည်းညူသံ တစ်ချက်မျှ မထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

သာမန်ဆိုလျှင် တစ်ဖက်လူ၏ အသက်ရှူသံနှင့် ရှိနေမှုကို သူ ခံစားမိနိုင်သော်လည်း ယခုအခါတွင် သူတို့သည် လူသားများ ဟုတ်မဟုတ်ပင် သံသယဖြစ်လာသည်။

ရှောင်ချန်းချင်ကို ပို၍ ထိတ်လန့်စေသည်မှာ...

သူ၏ လေဖန်တီးသည့် အတတ်ပညာမှာ ဤလူအုပ်ကြီး၏ တိုက်ခိုက်မှုကို တဖြည်းဖြည်းနှင့် မခံနိုင်တော့ဘဲ အားနည်းလာခြင်းပင် ဖြစ်သည်။

အုပ်စုလိုက် တိုးဝင်လာသူများသည် လေပြင်းတိုက်ခတ်ခြင်း ခံနေရသော်လည်း လေကိုဆန်၍ လျှောက်လှမ်းရသည့် ပညာရပ်ကို အလွန်လျင်မြန်စွာပင် ကျွမ်းကျင်သွားကြသည်။

ဤအဖြစ်အပျက်မှာ ရှည်လျားလှသော်လည်း အချိန်အားဖြင့်မူ အသက်ရှူနှုန်း ဆယ်ကြိမ်စာထက်ပင် မပိုပေ။

"ဘုန်း”

နောက်ဆုံးတွင် ပထမဆုံးသော ကိုယ်ပွားသည် ရှောင်ချန်းချင်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

မျှော်လင့်မထားသော အခြေအနေကြောင့် ရှောင်ချန်းချင်မှာ လွင့်ထွက်သွားပြီး နောက်ဘက်ရှိ သံပြားကို တိုက်မိသွားသည်။

လည်ချောင်းဝသို့ တက်လာသော သွေးများကို အတင်းအကျပ် ပြန်မြိုချလိုက်ပြီးနောက် ရှောင်ချန်းချင်သည် မန္တန်ကို အမြန်ရွတ်ဆိုကာ သူ၏ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်၍ လေဆင်နှာမောင်း မှော်အတတ်ကို အားဖြည့်လိုက်သည်။

မီးတောက်များပင် ရပ်တန့်သွားသည်အထိ ပြင်းထန်လှသည်။

"ရှူး... ရှူး... ရှူး..."

လေတိုက်နှုန်းမှာ ပို၍ ပြင်းထန်လာသည်။

ခဏတာမျှတွင် အခန်းထဲ၌ လေတိုက်သံမှလွဲ၍ ဘာမျှမကြားရတော့ဘဲ ကျူစုန်ယွင်နှင့် လျိုယွဲ့မိန်တို့၏ အော်ဟစ်သံများပင် ထိုလေသံကြားတွင် ပျောက်ကွယ်သွားသည်။

ရှောင်ချန်းချင်၏ စွမ်းရည်မှာ အမှန်တကယ်ပင် ထက်မြက်လှသည်ဟု ဆိုရပေမည်။

လေဆင်နှာမောင်း မှော်အတတ်ကို ကျူစုန်ယွင်သုံးစွဲစဉ်က သစ်ကိုင်းများကို လှုပ်ရမ်းနိုင်သည့် လေပြင်းတစ်ခုမျှသာ ဖြစ်သော်လည်း၊ ရှောင်ချန်းချင်း၏ တိုက်ခိုက်မှုကိုမူ အဆင့်(၃)ရှိ ကိုယ်ခံပညာရှင်များပင် ခံနိုင်ရည်မရှိချေ။

ကံကောင်းစွာပင် ကျောက်ဖင်သည်လည်း လေဓာတ်ဆိုင်ရာ မှော်အတတ်နှစ်ခုကို သင်ယူထားသည်။

တစ်ခုမှာ ချီစုစည်း၍ လွတ်မြောက်ခြင်းပညာဖြစ်ပြီး ကျန်တစ်ခုမှာလည်း လေထိန်းချုပ် မှော်အတတ်ပင်ဖြစ်သည်။

ယခုအချိန်တွင် ပြင်းထန်သော လေပြင်းများကြောင့် ကိုယ်ပွားများသည် အစပိုင်းတွင် လွင့်စင်သွားပြီး မတ်တတ်ရပ်ရန်ပင် ခက်ခဲနေခဲ့သည်။

သို့သော် ထိုအခြေအနေသည် လေဓာတ်ဆိုင်ရာ မှော်အတတ်နှစ်ခုအပေါ် သူတို့၏ နားလည်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

လေဆင်နှာမောင်း မှော်အတတ်၏ တွန်းကန်မှုမှာ ကိုယ်ပွားများအပေါ် အကျိုးသက်ရောက်မှု တဖြည်းဖြည်း လျော့နည်းလာသည်။

ကိုယ်ပွားဆယ်ဂဏန်းကျော်တို့သည်လည်း ခွန်အားကို အဓိကထား၍ ရန်သူကို တိုက်ခိုက်ခြင်းမပြုတော့ဘဲ၊ လေထဲမှ ကြွေကျနေသော အရွက်များကဲ့သို့ လေကိုဆန်၍ နောက်သို့ဆုတ်ခြင်းမရှိဘဲ ရှေ့သို့သာ တိုးဝင်လာကြသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

လက်သီးချက်များမှာ ရှောင်ချန်းချင်၏ ကိုယ်ပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာသည်။

"ပွက်..."

လက်သီးချက် ငါးချက်ဆက်တိုက် ခံလိုက်ရပြီးနောက် ရှောင်ချန်းချင်မှာ မထိန်းနိုင်တော့ဘဲ သွေးအန်လိုက်သည်။

မှော်အတတ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။

လေပြင်းများမှာလည်း ချက်ချင်း ငြိမ်သက်သွားပြီး အခန်းအတွင်းရှိ မီးတောက်များမှာလည်း ကြာမြင့်စွာကပင် ငြိမ်းသတ်သွားခဲ့ပြီဖြစ်သည်။

ကျူစုန်ယွင်နှင့် လျိုယွဲ့မိန်တို့ နှစ်ဦးသာ ကျန်ရှိတော့ပြီး သူတို့၏ ကိုယ်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ရန် နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။

ရှောင်ချန်းချင်၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေပြီး ကိုယ်ပွားအချို့က သူ့ကို သံကြိုးများဖြင့် ချည်နှောင်ထားသည်ကို ငြိမ်သက်စွာ ခံယူနေလိုက်သည်။

သူ့ကို အမဲလိုက်ကောင်တစ်ခုကဲ့သို့ လက်တွင် ကိုင်တွယ်သယ်ဆောင်သွားကြသည်။

ရှောင်ချန်းချင်သည် တစ်ဖက်လူက သူ့ကို အရှင်ဖမ်းရန် မရည်ရွယ်ပါက သူသည် လက်သီးဖြင့် အထိုးခံရခြင်းမဟုတ်ဘဲ ဓားဖြင့် အထိုးခံရကာ သေဆုံးသွားပြီဖြစ်ကြောင်း သူ့စိတ်ထဲတွင် သိရှိနေသည်။

...

လျှို့ဝှက်အခန်း၏ ဝင်ပေါက်၌...

"ခရိုင်ဝန်၊ ရှောင်ချန်းချင်ဆိုတာ နတ်ဆိုးတစ်သောင်းရဲ့ အစောင့်အရှောက်ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ သူ့ရဲ့စွမ်းအားကို လျှော့တွက်လို့မရပါဘူး။ သူ လွတ်မြောက်မသွားအောင် နောက်ထပ် လူအင်အား ထပ်ဖြည့်ပေးရင် မကောင်းပေဘူးလား..."

လီချင်းမင်သည် သတိကြီးစွာဖြင့် အကြံပေးလိုက်သည်။

အခန်းထဲမှ တိုက်ခိုက်သံများ၊ သံချေးတက်သံများ၊ နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ သူ၏နှလုံးသားမှာ စိုးရိမ်စိတ်ဖြင့် အလွန်အမင်း တုန်လှုပ်နေရသည်။

All Chapters