← Chapters

အခန်း ၁၉၄

Vol. 13 Ch. 194

အခန်း ၁၉၄

Vol. 13 Ch. 194

အခန်း (၁၉၄) - စာငှက်အသွင်ပြောင်းခြင်း အတတ်ပညာ

ကျောက်ဖင်သည် အောက်တွင်ရှိသော တပ်မှူးကြီးများကို တစ်ချက်ကြည့်လိုက်သည်။

သူသည် ရှေ့တွင်ရှိသော လေးထောင့်ပုံသဏ္ဌာန် မျက်နှာရှိသည့် တပ်မှူးတစ်ဦးထံတွင် အကြည့်ရပ်လိုက်ပြီး အေးစက်စက်ဖြင့် "ဝမ်လီ၊ ငါ့အမိန့်ကို နားထောင်”ဟု ဆိုလိုက်သည်။

"ကျွန်တော်မျိုး အသင့်ရှိပါတယ်”

ဝမ်လီဟု အမည်ရသည့် ထိုတပ်မှူးမှာ မတ်တတ်ရပ်ကာ အရိုအသေပေးသည်။

ဤသူမှာ ကျောက်ဖင်၏ ကိုယ်ပွားတစ်ဦးပင် ဖြစ်သည်။

"မင်းအနေနဲ့ မနက်ဖြန် အရုဏ်တက်ချိန်မှာ ရိက္ခာတွေကို ပြင်ဆင်ထားပြီး၊ နေ့လယ်ပိုင်းမှာ ခရိုင်ပေါင်း (၁၀၀) ကျော်ဆီ တပ်ချီရမယ်။"

"ဟုတ်ကဲ့၊ တပ်မှူး။"

ကိုယ်ပွါးတပ်မှူးမှာ ကျယ်လောင်စွာ ပြန်လည်ဖြေကြားသည်။

"ချန်ဖုန်း၊ ငါ့အမိန့်ကို နားထောင်”

"ကျွန်တော်မျိုး အသင့်ရှိပါတယ်”

"မင်းကို အမိန့်ပေးလိုက်တယ်၊ တပ်သား (၂၀၀၀) ကို ဦးဆောင်ပြီး... ချင်းလန်ခရိုင်ကို တိုက်ခိုက်ရမယ်”

"ဟုတ်ကဲ့၊ တပ်မှူး..."

ယခုတစ်ကြိမ် တိမ်နီတပ်၏ ရည်မှန်းချက်မှာ ချုန်းပိုင်ခရိုင် တစ်ခုတည်းသာ မဟုတ်ပေ။

ချုန်းပိုင်ခရိုင်အပြင် ချင်းလန်ခရိုင်နှင့် ယွန်းကျယ်ခရိုင်တို့ကိုပါ တိုက်ခိုက်ရန် ရည်မှန်းထားသည်။

ဤသည်မှာ ပထမအဆင့် ရည်မှန်းချက်သာ ဖြစ်သည်။

ပထမအဆင့် အောင်မြင်ပြီးပါက လင်းယွမ်၊ ချီရှားနှင့် ယန်မင်းခရိုင်တို့ကို ဆက်လက်သိမ်းပိုက်ရန် ဒုတိယအဆင့်ကို

ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။

တပ်မှူးအချို့က ဤအစီအစဉ်မှာ အန္တရာယ်များလွန်းသည်ဟု ယူဆကာ မြို့တစ်မြို့ချင်းစီကို အဆင့်ဆင့် တိုက်ခိုက်မှသာ အခြေခံခိုင်မာမည်ဟု အကြံပေးကြသည်။

သို့သော် ကျောက်ဖင်ကမူ မိမိတို့မှာ အနည်းငယ် အစိုးရိမ်လွန်နေသည်ဟု ခံစားရသည်။

ဟယ်ရုဝန်နှင့် အခြားသူများသာ တားဆီးမထားပါက ကျောက်ဖင်သည် ခရိုင် (၆) ခုလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်ပင် စိတ်ကူးထားသည်။

သူလျှိုများ၏ ထောက်လှမ်းချက်အရ ဤခရိုင်များမှာ ပြင်ပတွင် တပ်စွဲထားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ခုခံစစ် အားနည်းနေသည်။

အဓိက စစ်သည်တော်များကို လင်ကျန်းမြို့ကို ကာကွယ်ရန် မြောက်ဘက်သို့ ပြောင်းရွှေ့ထားလိုက်ပြီ ဖြစ်သည်။

ထို့ပြင် ဒေသခံ အင်အားစုများ၏ အကူအညီကြောင့် ဤခရိုင်များကို သိမ်းပိုက်ရခြင်းမှာ ချင်းဟယ်ခရိုင်ကို သိမ်းပိုက်ရခြင်းထက် ပိုမိုခက်ခဲလိမ့်မည်မဟုတ်ဟု ကျောက်ဖင်က ယုံကြည်သည်။

ထို့အပြင် ဖြည်းဖြည်းချင်း နယ်မြေချဲ့ထွင်ခြင်းမှာ လုံခြုံသယောင် ရှိသော်လည်း၊ ဧကရာဇ်တပ်ဘက်မှ တုံ့ပြန်ရန် အချိန်ရသွားမည်ကို စိုးရိမ်ရသည်။

ထင်မြင်ချက်များ ကွဲပြားသော်လည်း ကျောက်ဖင်၏ ဆုံးဖြတ်ချက်မှာ အတည်ဖြစ်သည်။

ကျောက်ဖင်က အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်လိုက်ရာ ဟွမ်သာလီနှင့် အခြားသူများ၏ မျက်နှာတွင် စိတ်ပျက်မှုများ ထင်ဟပ်လာသည်။

ရှေ့ပြေးတပ်မှူးနှင့် တိုက်ခိုက်ရေးမှူးများသည် အခြေခံအားဖြင့် ကိုယ်ပွါးတပ်မှူးများသာ ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း သူတို့သည် စိတ်မကျေနပ်မှု မရှိကြပေ။

သူတို့၏ စစ်ရေးစွမ်းဆောင်ရည်နှင့် အတွေ့အကြုံများမှာ ကိုယ်ပွားများနှင့် ယှဉ်လျှင် နိမ့်ကျနေသည်ကို သူတို့ကိုယ်တိုင် ဝန်ခံထားကြသည်။

အရည်အချင်းရှိသူ အပေါ်တက်၍ အရည်အချင်းမရှိသူ အောက်ကျရမည်မှာ သဘာဝပင်။

ထိုအချက်ကပင် သူတို့၏ တိုက်ခိုက်လိုစိတ်ကို ပိုမိုနှိုးဆော်ပေးလိုက်သည်။

တိမ်နီတပ်တွင် စစ်ရေးစွမ်းဆောင်ချက်ဖြင့်သာ လူကို အကဲဖြတ်သည်။

ကိုယ်ပွါးတပ်မှူးများ၏ အဆင့်ထိ ရောက်ရှိလာပါက ကိုယ်တိုင်ဦးဆောင်ခွင့် ရလာနိုင်မည်မှာ မုချဖြစ်သည်။

အမိန့်ပေးပြီးနောက် ကျောက်ဖင်က အေးစက်စက်ဖြင့် "မြို့ထဲဝင်ရောက်ပြီးတာနဲ့ ပထမအစီအစဉ်အတိုင်း ဆောင်ရွက်ရမယ်—ပြည်သူတွေကို လုယက်တဲ့သူကို ကွပ်မျက်မယ်၊ စစ်ပစ္စည်းတွေကို ဝှက်ထားတဲ့သူကို ကွပ်မျက်မယ်၊ အမိန့်ဖီဆန်တဲ့သူကို ကွပ်မျက်မယ်”ဟု ဆိုလိုက်သည်။

"ကျွန်တော်မျိုးတို့ နာခံပါတယ်”

တပ်မှူးများက တစ်သံတည်း ဖြေကြားကြသည်။

လူတိုင်း ထွက်ခွာသွားပြီးနောက် ကျောက်ဖင်မှာ ခန်းမထဲတွင် တည်ငြိမ်စွာ ဆက်ထိုင်နေသည်။

မကြာမီတွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး ကိုယ်ပွားနှစ်ဦးက အကျဉ်းသားတစ်ဦးကို ခေါ်ဆောင်လာကြသည်။

ထိုသူမှာ အစောပိုင်းက ဖမ်းဆီးထားသော နတ်ဆိုးတစ်သောင်း ဂိုဏ်းမှ မှော်ဆရာမ လျူယွဲ့မိန် ဖြစ်သည်။

"ကျွန်မ လျူယွဲ့မိန် မြို့စားကျောက်ကို အရိုအသေပြုပါတယ်ရှင့်။" လျူယွဲ့မိန်က အသာအယာ ဦးညွှတ်သည်။

လေးငါးရက်ကြာ ကုသမှုခံယူပြီးနောက် သူမ၏ မီးလောင်ဒဏ်ရာများမှာ အတော်အတန် ပျောက်ကင်းသွားပြီဖြစ်သည်။

သို့သော် ဆံပင်၊ မျက်ခုံးမွှေးနှင့် အမွေးအမျှင်များမှာ အပြည့်အဝ ပြန်ပေါက်မလာသေးပေ။

သူမသည် ကျောက်ဖင်ကို ဖွဲဖွဲလေး ကြည့်ကာ အလှပြရန် ကြိုးစားနေပုံမှာ အတော်ပင် ကြည့်ရဆိုးနေသည်။

ကျောက်ဖင်သည် အမူအရာမဲ့စွာဖြင့် "မင်းရဲ့ မှော်အတတ်ကို ထုတ်ဖော်ပြောပြဖို့ သဘောတူတယ် ဆိုတာ ဟုတ်လား?" ဟု တည်ငြိမ်စွာ မေးလိုက်သည်။

လက်ရှိတွင် အချုပ်ခန်းတွင်ရှိသော နတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများကို စစ်ဆေးနေသူများမှာ ကျောက်ဖင်၏ ကိုယ်ပွားများပင် ဖြစ်သည်။

ကိုယ်ပွားများသည် ဝိညာဉ်ရေးရာအရ ချိတ်ဆက်ထားကြ၏

ထို့ကြောင့် ကျောက်ဖင်သည် အချုပ်ခန်းမှ စစ်ဆေးမှုအခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိနေသည်။

ကျောက်ဖင်သည် တပ်မှူးများကို အစည်းအဝေးခေါ်လိုက်သည့် ထိုအချိန်အတောအတွင်းမှာပင်...။

ထုတ်ဖော်ပြောပြရန် ဆန္ဒရှိကြောင်း ပြသမှသာလျှင် ကျောက်ဖင်သည် သူမကို လက်ခံခဲ့သည်။

အမှန်မှာ ကျောက်ဖင်သည် ဤအခြေအနေကို ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။

လျူယွဲ့မိန်နှင့် သူမ၏ တပည့်များကို မဖမ်းဆီးမီကပင် သူတို့ထဲတွင် လျူယွဲ့မိန်၏ စိတ်ဓာတ်သည် အပျော့ညံ့ဆုံးဖြစ်ကြောင်း ကျောက်ဖင် သတိပြုမိခဲ့သည်။

ရှောင်ချန်းချင်ကဲ့သို့ မာကျောသည့် ကျောက်တုံးကြီးနှင့် မတူဘဲ သူမမှာ ပိုမိုလွယ်ကူသည်။

ရှောင်ချန်းချင်မှာ ရက်ပေါင်းများစွာ ဆက်တိုက် ညှဉ်းပန်းနှိပ်စက်ခံရသော်လည်း အသုံးဝင်သော သတင်းအချက်အလက်ကို ထုတ်ဖော်ပြောပြခြင်း မရှိခဲ့ပေ။

ရှောင်ချန်းချင်၏ တပည့်ဖြစ်သူ လင်ဖုန်းမှာမူ မှော်ပညာ တစ်စုံတစ်ရာ မသင်ယူခဲ့ရပေ။

ကျောက်ဖင်သည် သူ့ကို တိုက်ရိုက်သတ်ပစ်ရန် စိတ်ကူးခဲ့သော်လည်း သူ့အပေါ်အချိန်မကုန်ချင်ပေ

လင်ဖုန်းက သေခြင်းကို မကြောက်ဟု ဆိုငြားလည်း အမှန်တကယ် အသက်အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ အလွယ်တကူပင် အညံ့ခံခဲ့သည်။

သူသည် တိမ်နီတပ်ထဲသို့ ဝင်ရောက်ပြီး အပြစ်များကို လျော်ကြေးပေးလိုကြောင်း တောင်းဆိုခဲ့သည်။

ကျောက်ဖင်သည်လည်း သူသည် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အားနည်းသူ မဟုတ်

သည့်အတွက် သူ့ကို မသတ်ဘဲ နတ်ဘုရားလမ်းစဉ်ခန်းမသို့ ပို့ကာ အဆင့်(၉) မှော်ဆရာအဖြစ် တာဝန်ပေးလိုက်သည်။

လျူယွဲ့မိန်က "မြို့စားကြီးက မှော်ပညာနဲ့ အတတ်ပညာတွေကို ထုတ်ဖော်ပြောပြရင် လွှတ်ပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီစကားက အခုထိ တည်နေပါသေးလား?" ဟု မေးသည်။

ကျောက်ဖင်က ခေါင်းညိတ်ပြီး "တည်ပါတယ်။ မင်း မယုံရင် လီချင်းမင်ကို ကြည့်လေ၊ သူ အခု ဘယ်လောက်တောင် အဆင်ပြေနေလဲ" ဟု ဆိုသည်။

လျူယွဲ့မိန်က "မြို့စားကြီး၊ ကျွန်မ အမှန်အတိုင်း ဝန်ခံရင် လီချင်းမင်နဲ့ လင်ဖုန်းတို့လိုမျိုး တိမ်နီတပ်ထဲ ဝင်ခွင့်ရနိုင်မလား?" ဟု ထပ်မေးသည်။

ကျောက်ဖင်က "မင်း တိမ်နီတပ်ထဲ ဝင်ချင်ရင် တပ်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ “

“လူတွေကို ဒုက္ခပေးတဲ့ အလုပ်တွေ မလုပ်ရဘူး။ အရင်လို စိတ်တိုင်းကျ မပြုမူရဘူး။ မင်းမှာ တကယ်ပဲ နောင်တရတဲ့စိတ် ရှိရင် ဝင်နိုင်ပါတယ်။ “

“ဒါပေမဲ့ ဝင်ပြီးရင် စည်းကမ်းဖောက်ဖျက်ရင်တော့ လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး” ဟု ပြတ်သားစွာ ပြောလိုက်သည်။

လျူယွဲ့မိန်သည် ချက်ချင်းပင် ဒူးထောက်ကာ သူမ၏ မှော်အတတ်ကို ထုတ်ဖော်ပြောပြပြီး

တိမ်နီတပ်ထဲသို့ ဝင်ရောက်လိုကြောင်း တောင်းဆိုလိုက်သည်။

ဤသည်မှာ သူမရုတ်တရက် ဆုံးဖြတ်လိုက်ခြင်း မဟုတ်ဘဲ ရက်အတော်ကြာ စဉ်းစားထားသည့် အစီအစဉ် ဖြစ်သည်။

နတ်ဆိုးတစ်သောင်းဂိုဏ်းတွင် လူအချင်းချင်း အမြတ်ထုတ်ခြင်းမှာ ပုံမှန်ဖြစ်သည်။

လျူယွဲ့မိန်သည် ရှောင်ချန်းချင်ကို မှီခိုနေရသော်လည်း အမြတ်ထုတ်ခံရမှုမှာ များလှသည်။

အထူးသဖြင့် ဆရာသမားများက တပည့်များကို စည်းကမ်းပေးသည် ဟူသော ခေါင်းစဉ်ဖြင့် အမြတ်ထုတ်လေ့ရှိရာ သူမမှာ ဘာမျှ ပြန်မပြောဝံ့ပေ။

လီချင်းမင်၏ လက်ရှိဘဝကို ကြည့်ရသည်မှာ အလွန်ပင် သက်သာချောင်ချိနေသည်ဟု သူမ ထင်သည်။

လီချင်းမင်သည် နေ့တိုင်း သူမထံ လာရောက်ပြီး တိမ်နီတပ်ထဲသို့ ဝင်ရန် တိုက်တွန်းနေခဲ့သည်။

သို့သော် လျူယွဲ့မိန်က တိမ်နီတပ်ထဲ ဝင်မည်ဟု ပြောလိုက်သောအခါ လီချင်းမင်ကမူ ပုံစံပြောင်းသွားသည်။

“တိမ်နီတပ်က စည်းကမ်းကြီးလွန်းလို့ မင်း မခံနိုင်ဘူး" ဟု ပြောလိုက်၊ "ငါ အခု ချီရှောင်တပ်မှာ ခေါင်းပြတ်မလား စိုးရိမ်နေရတယ်" ဟု ပြောလိုက်နှင့် သူမကို တားမြစ်သည်။

လျူယွဲ့မင်ကမူ လီချင်းမင်မှာ သူမကို အခွင့်အရေး လုယူမည်ကို စိုးရိမ်၍သာ တားနေသည်ဟု ယူဆပြီး သူမ၏ ဆန္ဒမှာ ပို၍ ခိုင်မာလာခဲ့သည်။

တိမ်နီတပ် အခြေအနေ မကောင်းလျှင် ထွက်ပြေးမည်ဟုလည်း သူမ စိတ်ကူးထားသည်။

ကျောက်ဖင်ကလည်း လီချင်းမင်နှင့် လင်ဖုန်းကို လက်ခံထားပြီးဖြစ်ရာ သူမကို ထပ်တိုးခြင်းမှာ ပြဿနာမရှိဟု ယူဆသည်။

မိနစ် (၁၅) မိနစ်ခန့်အကြာတွင်

လျူယွဲ့မိန်သည် သူမ၏ မှော်အတတ်တစ်ခုဖြစ်သည့် "စာငှက်အသွင်ပြောင်းခြင်း အတတ်ပညာ" ကို ဝန်ခံလိုက်သည်။

ဤအတတ်ပညာမှာ ငှက်အသွင်ပြောင်းခြင်းအတတ်ပညာမှ ဆင်းသက်လာပြီး မိမိကိုယ်ကို စာငှက်အဖြစ် ပြောင်းလဲနိုင်သည့် အတတ်ပညာ ဖြစ်သည်။

နတ်ဆိုးဂိုဏ်းတွင် ဤအတတ်ပညာ၏ အပြည့်အစုံ မရှိဘဲ၊ ရာစုနှစ်များစွာက အဓမ္မဂိုဏ်းသားတစ်ဦးက ခိုးယူလာခဲ့ခြင်း ဖြစ်သည်။

လျူယွဲ့မိန်တွင် အခြား မြေပြင်ကို ရွှံ့နွံဖြစ်စေခြင်းအတတ်ပညာ တစ်ခု ရှိသေး၍

သိုသော်လည်း ကျောက်ဖင်မှာ ကျူစုန်ယွင်ထံမှ ထိုအတတ်ပညာကို ရရှိပြီးဖြစ်သဖြင့် လျူယွဲ့မိန်ကို ထပ်မရှင်းပြစေတော့ပေ။

All Chapters