← Chapters

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း (၃၄၁) ကျားမကြီးရဲ့ အစွမ်းထက်တဲ့ အရှိန်အဝါ

နေရာရှိ လေထုမှာ အနည်းငယ် သိမ်မွေ့နေသည်။

ကျားမကြီးက တင်ပါးကို အရိုက်ခံလိုက်ရသဖြင့် မူလက ဒေါသတကြီးဖြင့် ရွှီယန်ကို ပြန်လည် ခုန်အုပ်ရန် ပြင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ၎င်းက တောတောင်၏ ဘုရင် မဟုတ်ပါလော။

သို့သော် နောက်တစ်စက္ကန့်မှာပင် ကျားမကြီးက ရုတ်တရက် ငြိမ်သက်သွားတော့သည်။

၎င်းက ရွှီယန်ကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ဝေခွဲမရသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

'ဘာလို့ ရုတ်တရက်ကြီး... ဒီခြေနှစ်ချောင်း သတ္တဝါလေးနဲ့ အတော်လေး ရင်းနှီးသလို ခံစားနေရတာလဲ...'

ရွှီယန်က အနောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တင်းမာနေဆဲပင်။

လူကောင်းကတ် ရှိနေကြောင်း သိထားသော်လည်း ဤမျှ ကြီးမားသော ကျားကြီး တစ်ကောင်က မျက်စိရှေ့တွင် ပေါ်လာသောအခါ ကြောက်ရွံ့နေမိသည်မှာ မလွဲမသွေပင်။

သူ၏ လက်က ခါးဆီသို့ ရောက်သွားပြီး ဓားမြှောင်ကို ထုတ်ယူရန် ပြင်ထားလိုက်သည်။

အကယ်၍ ကံကောင်းပြီး ကျား၏ အသက်အန္တရာယ် ရှိသော နေရာကို ထိုးစိုက်နိုင်ပါက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားစေကာမူ အသက်ရှင်ရန် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသည်။

ဤကျားမကြီးက အလွန် ကြမ်းတမ်းလှသည်။

ကံကောင်းသည်မှာ ရွှီယန်တွင် အထောက်အကူ ရှိနေသဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်ခြင်း ဖြစ်သည်။

ကျားပေါက်လေး သုံးကောင်က မလှမ်းမကမ်းတွင် ပုန်းအောင်းနေပြီး စိုးရိမ်တကြီးဖြင့် ကြည့်ရှုနေကြသည်။

တောင်စောင့်နတ်ငယ်လေး ကတော့ ရွှီယန်ဆီသို့ လျှောက်လာခဲ့သည်။

"ရပါတယ်... ဘာမှ မဖြစ်တော့ပါဘူး..."

ရွှီယန်က လက်ကာပြလိုက်ပြီးနောက် တောင်စောင့်နတ်ငယ်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ကျားမကြီးက ရွှီယန်ကို စက္ကန့်အနည်းငယ်ခန့် ကြည့်ပြီးနောက် နေရာတွင်ပင် လှဲချလိုက်ကာ ဆက်လက် အနားယူနေတော့သည်။

ရွှီယန်က ကျားမကြီးကို တစ်ချက် ကြည့်လိုက်ရာ ဘာကြောင့်မှန်း မသိဘဲ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ငယ်စဉ်က အတန်းဖော်၏ အိမ်သို့ သွားလည်စဉ်က တွေ့ခဲ့ရသော အတန်းဖော်၏ ကြမ်းတမ်း ခက်ထန်သည့် မိခင်နှင့်ပင် တူညီနေပေသည်။

အရှိန်အဝါက တကယ်ကို ကြီးမားလှသည်။

တစ်ချိန်တည်းမှာပင် ရွှီယန်သည် နောက်ပိုင်းတွင် စရိုက်နူးညံ့သော မိန်းမ တစ်ယောက်ကိုသာ ရှာဖွေရမည်ဟုလည်း စိတ်ထဲတွင် တွေးတောနေမိသည်။

သူ့အတွက် ဤအချက်က အရေးအကြီးဆုံးပင်။

ရုပ်ရည် အချိုးအစား မိသားစု အခြေအနေ စသည်တို့ကို ကြည့်၍ အဆင်ပြေလျှင် ရပြီ ဖြစ်သည်။

မဟုတ်လျှင် သည်းခံနိုင်မည် မဟုတ်ပေ။

"တောင်စောင့်နတ်ငယ်လေး... မလွယ်ပါလားကွာ..."

ရွှီယန်က တောင်စောင့်နတ်ငယ်လေး၏ ဘာလုပ်ရမှန်း မသိဖြစ်နေမှုကို ခံစားမိသဖြင့် ၎င်းကို နှစ်သိမ့်ပေးလိုက်သည်။

တောင်စောင့်နတ်ငယ်လေးက ရှားရှားပါးပါး ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာပြီး အသံက အနည်းငယ် နာကျင်နေပုံ ရသည်။

ဤကောင်ကြီးက အရင်က အတော်လေး မာနကြီးခဲ့သည် မဟုတ်ပါလော။

"သူများကို သွားရှုပ်တာ မင်းပဲလေ... အခု နောင်တရနေလည်း အလကားပဲ..."

ရွှီယန်က ရယ်မောကာ ပြောလိုက်သည်။

"ကလေးတွေတောင် ရနေပြီပဲ... မြန်လိုက်တာ..."

"ကြည့်ရတာ မင်းကလေးတွေ မှန်း သိသာပါတယ်... မင်းပဲ စောင့်ရှောက်လိုက်ပါကွာ..."

ရွှီယန်က ကျားပေါက်လေး သုံးကောင်ကို ထပ်မံ ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ဝမ်းသာသည့် အရိပ်အယောင် ပေါ်လာသည်။

ယခုအချိန်တွင် သူ အေးအေးဆေးဆေး ဖြစ်သွားပြီး စိတ်အခြေအနေလည်း ပြန်လည် ပေါ့ပါးသွားပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် စနစ် ရှိနေသဖြင့် သူ အတော်လေး လုံခြုံလှပေသည်။

ကျားပေါက်လေး သုံးကောင်က အဝေးတွင် အချင်းချင်း အမှီပြုကာ ရပ်နေကြပြီး အနားသို့ မလာရဲကြချေ။

ဤကောင်လေးတွေက ကျားရုပ်ပေါက်နေပြီး တစ်ကောင်ထက် တစ်ကောင် ပို၍ ချစ်စရာကောင်းကြသည်။

ယခု အကောင်ပေါက် အရွယ်သာ ရှိသေးပြီး ဤသူစိမ်း ကမ္ဘာကြီးနှင့် စတင် ထိတွေ့ခါစ ဖြစ်သဖြင့် အနည်းငယ် ရှက်ရွံ့နေကြသည်မှာ သဘာဝပင်။

ရွှီယန်ကလည်း ၎င်းတို့အနားသို့ ချဉ်းကပ်ရန် မသွားတော့ဘဲ ကျောပိုးအိတ်ထဲမှ နို့ဘူး အချို့ကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။

အစကတော့ တောင်စောင့်နတ်ငယ်လေးကို တိုက်ရန် ရည်ရွယ်ထားသော်လည်း ယခုတော့ ဤအကောင်ပေါက်လေးများကို တိုက်ရတော့မည် ဖြစ်သည်။

ကံကောင်းသည်မှာ လုံလောက်အောင် ပါလာခဲ့ခြင်းပင်။

တောင်စောင့်နတ်ငယ်လေးက နို့ဘူးကို မြင်သောအခါ ချက်ချင်းပင် ခေါင်းကြီးကို တိုးလာပြီး မော့ကာ နို့ဘူးကို ကျွမ်းကျင်စွာ ကိုက်ယူပြီး စတင် စို့တော့သည်။

ကျားပေါက်လေး သုံးကောင်က ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် အားကျလွန်း၍ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

၎င်းတို့က လျှာသပ်သည့် အမူအရာများကိုပင် လုပ်ပြနေကြသေးသည်။

ဘေးနားရှိ ကျားမကြီးက တောင်စောင့်နတ်ငယ်လေး၏ ပုံစံကို မြင်သောအခါ မနှစ်မြို့စွာ ဟိန်းဟောက်လိုက်သည်။

'ဘယ်လောက်ကြီးနေပြီလဲ... နို့သောက်နေတုန်းပဲလား...'

ဟု ပြောနေသည့် အလားပင်။

တောင်စောင့်နတ်ငယ်လေးကတော့ ထိုအရာများကို ဂရုမစိုက်ဘဲ အားပါးတရ သောက်နေလေသည်။

ရွှီယန်က ကျားပေါက်လေးများကို လက်ယပ်ခေါ်လိုက်သည်။

ကောင်လေး သုံးကောင်က နို့ရနံ့ကို ရလိုက်သဖြင့် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရွှီယန်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

ထိုအထဲမှ သတ္တိအကောင်းဆုံး တစ်ကောင်က ရွှီယန်ဆီသို့ တည့်တည့်မတ်မတ် ပြေးလာပြီး နည်းနည်းလေးမျှ ရပ်တန့်မနေချေ။

ကျန်နှစ်ကောင်ကမူ အချင်းချင်း အမှီပြုကာ ၎င်း၏ နောက်မှ လိုက်လာကြပြီး ခြေလှမ်း အနည်းငယ် လျှောက်တိုင်း အခြေအနေကို အကဲခတ်နေကြသေးသည်။

မကြာခင်မှာပင် ပထမဆုံး ကျားပေါက်လေးက ရွှီယန်၏ ခြေထောက်နားသို့ ရောက်လာရာ ရွှီယန်က နို့ဘူး တစ်ဘူးကို ကောက်ကိုင်ကာ ကျားပေါက်လေး၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

အကောင်ပေါက်လေးက အရသာရှိသော ဆိတ်နို့ကို သောက်လိုက်ရသဖြင့် ချက်ချင်းပင် ပျော်ရွှင်စွာ မတ်တပ်ရပ်လာပြီး ရှေ့ခြေထောက်များဖြင့် နို့ဘူးကို ဖက်ကာ အငမ်းမရ စတင် သောက်တော့သည်။

ရင်းနှီးနေသော မြင်ကွင်း တစ်ခုပင်။

အရင်က ကျားသစ်ပေါက်လေးကို နို့တိုက်တုန်းကလည်း ဤသို့ပင် ဖြစ်သည်။

ရွှီယန်က နို့ဘူးကို မကြည့်လိုက်ရာ ကျားပေါက်လေးပါ တပါတည်း ပါလာသည်ကို တွေ့လိုက်ရသည်။

ထင်သည့်အတိုင်းပင် ဘယ်လိုလုပ်လုပ် ပါးစပ်ကနေ မလွှတ်ချေ။

ရွှီယန်က ၎င်းကို အောက်ချပေးကာ သေချာစွာ တိုက်လိုက်သည်။

ထိုအချိန်တွင် ကျန်သော ကျားပေါက်လေး နှစ်ကောင်ကလည်း အနားသို့ ရောက်လာပြီး ရွှီယန်နှင့် တစ်မီတာခန့် အကွာတွင် ရပ်နေကြသည်။

အနည်းငယ် စူးစမ်းချင်စိတ် မျှော်လင့်ချက် ကြောက်ရွံ့မှုတို့ဖြင့် ရွှီယန်ကို အကဲခတ်နေကြသည်။

ရွှီယန်လည်း လက်မလည်တော့သဖြင့် နောက်ထပ် နို့ဘူး နှစ်ဘူးကို ယူကာ အမြန် တိုက်ပေးလိုက်ရသည်။

လက်မလောက်သဖြင့် နို့ဘူး နှစ်ဘူးကို လက်တစ်ဖက်တည်းဖြင့် ညှပ်ကိုင်ထားရသည်။

ယခု သူက လက်တစ်ဖက်တွင် နို့ဘူး နှစ်ဘူးကို ညှပ်ထားပြီး နောက်လက်တစ်ဖက်တွင် တစ်ဘူးကို ကိုင်ကာ အကောင်ပေါက်လေး သုံးကောင်ကို တိုက်နေရသည်။

တောင်စောင့်နတ်ငယ်လေးကိုတော့ ၎င်းဘာသာ သောက်ရန်သာ ပစ်ထားလိုက်တော့သည်။

ကျားမကြီးက ဘေးတွင် ဝပ်နေပြီး ရွှီယန်ကို အကဲခတ်နေသည်။

၎င်းက အတော်လေး သိချင်စိတ် ဖြစ်နေသည်။

ခြေနှစ်ချောင်း သတ္တဝါကို ၎င်း သေချာပေါက် မြင်ဖူးသလို အလွယ်တကူ သွားစရန် မကောင်းကြောင်းကိုလည်း သိထားသည်။

ကျားများက တောတောင်များထဲတွင်သာ နေထိုင်ကြပြီး အခြားနေရာများသို့ သွားရောက်လေ့ မရှိကြချေ။

ထိုသို့သော နေရာများက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း သိထားကြသောကြောင့် ဖြစ်သည်။

ယခု လူသားတစ်ယောက်က အနားသို့ ချဉ်းကပ်လာသည်ကို ပုံမှန်အားဖြင့် ဆိုလျှင် ကျားများက ၎င်းတို့၏ ပိုင်နက်ကို ကျူးကျော်သည်ဟု ထင်မြင်ကြမည် ဖြစ်သည်။

ကြမ်းတမ်းသော ကျားများဆိုလျှင် တိုက်ခိုက်တော့မည် ဖြစ်သည်။

သို့သော် ကျားမကြီးကတော့ ရွှီယန်သည် အလွန် သဘောကောင်းသည်ဟု ခံစားနေရပြီး ရွှီယန် ၎င်း၏ ပိုင်နက်ထဲတွင် လှုပ်ရှားနေသည်ကိုလည်း ပုံမှန်ပင်ဟု ထင်မြင်နေမိသည်။

မကြာခင်မှာပင် ရွှီယန်သည် ကျားပေါက်လေး သုံးကောင်စလုံးကို နို့တိုက်ပြီးသွားခဲ့သည်။

နို့ရည် သောက်ပြီးနောက် သားသမီးတွေ ဖြစ်လာသည် ဆိုသည့် စကားအတိုင်း နို့တိုက်ပြီးနောက် ဤကောင်လေး သုံးကောင်က သူ့ကို ထိုမျှ မခုခံတော့ချေ။

ထို့အပြင် ရွှီယန်၏ ဘေးတွင် ထိုင်ကာ အနားယူနေကြသည်။

ရွှီယန်က နို့ဘူးများကို သိမ်းဆည်းလိုက်ပြီး ၎င်းတို့ကို ပွတ်သပ်ချင်သော်လည်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။

ကျားမကြီးက သူ့ကို အမြဲတမ်း စိုက်ကြည့်နေသည်။

လှုပ်ရှားမှုတိုင်းကို လုံးဝ အလွတ်မပေးချေ။

ဤအချိန်တွင် ရွှီယန်သာ ကလေးများကို ထိခိုက်စေမည့် လုပ်ရပ် တစ်ခုခု လုပ်ရဲပါက ကျားမကြီးက သေချာပေါက် ထလာတော့မည် ဖြစ်သည်။

'လခွမ်း... ဒီကျားမကြီးရဲ့ အရှိန်အဝါက အရမ်း အစွမ်းထက်တာပဲ... တောင်စောင့်နတ်ငယ်လေး ထက်တောင် ပိုကြမ်းတယ်လို့ ခံစားရတယ်...'

ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။

သူက တောင်စောင့်နတ်ငယ်လေးကို တစ်ချက် ကြည့်လိုက်ပြီး...

'မင်းကလေးတွေကို ဆော့လို့ ရမလား...'

ဟု အဓိပ္ပာယ်ရသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

တောင်စောင့်နတ်ငယ်လေးက ရွှီယန်ကို ဘာလုပ်ရမှန်း မသိသည့် ပုံစံဖြင့် ကြည့်နေပြီး...

'ငါကတော့ ဝင်မပါရဲဘူး...'

ဟု ပြောနေသည့် အလားပင်။

ကျားပေါက်လေးများက ရွှီယန်၏ ခြေထောက်နားတွင် ရှိနေပြီး နှစ်ကောင်ကတော့ စတင် ဆော့ကစားနေကြပြီ ဖြစ်သည်။

ဤကောင်လေးများက သေးငယ်ပြီး ခြေလက်များကလည်း အနည်းငယ် သေးသွယ်သော်လည်း အလွန် တက်ကြွလှပေသည်။

ရွှီယန်က ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဆောင့်ကြောင့်ထိုင်ချကာ ကျားပေါက်လေး တစ်ကောင်ကို ကောက်ကိုင်ပြီး ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ဘေးနားရှိ ကျားမကြီးက ဘေးစောင်း လှဲလျောင်းနေပြီး ရွှီယန်ကို စိုက်ကြည့်နေသဖြင့် ရွှီယန် အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။

'ဘာလို့ ခန္ဓာကိုယ်က အေးစိမ့်သွားတာလဲ... သတ်ဖြတ်ချင်စိတ်တွေ ရှိနေတယ်...'

သေချာသည်ကတော့ ဤသည်မှာ ကျားမကြီးက ကလေးများအပေါ် ပုံမှန် စိုးရိမ်မှုသာ ဖြစ်ပြီး ရွှီယန်အပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိချေ။

ရွှီယန်၏ အန္တရာယ် အာရုံခံနိုင်စွမ်းလည်း အလုပ်မလုပ်ခဲ့ပေ။

သဘာဝလောကတွင် အမများက ကလေးများကို အလွန်အကျွံ ကာကွယ်တတ်ကြသည်မှာ သဘာဝပင်။

နည်းနည်းလေး အာရုံလွဲသွားသည်နှင့် ကလေးများ ဒုက္ခရောက်သွားနိုင်သဖြင့် မတတ်နိုင်ချေ။

ရွှီယန်က ကျားပေါက်လေးများကို အကြမ်းဖျင်း ပွတ်သပ်လိုက်သည်။ တစ်ကောင်ကတော့ သူ့ကို သတိထားနေဆဲဖြစ်ပြီး အပွတ်မခံချေ။

ကျန်နှစ်ကောင်ကတော့ ကိစ္စမရှိဘဲ ၎င်းတို့ကို ပွေ့ဖက်ထားသော်လည်း ထိုမျှ မငြင်းဆန်ကြချေ။

ဤကိစ္စကို ဖြည်းဖြည်းချင်း လုပ်ရမည် ဖြစ်သည်။

လောလောဆယ်တော့ ကျားမိသားစုနှင့် အဆင်ပြေပြေ ရှိနေသည်။

ကျားများနှင့် ကျားသစ်များ၏ စရိုက်က လုံးဝ ကွာခြားပေသည်။ ၎င်းတို့က တောတောင်ထဲတွင် အဆင့်အမြင့်ဆုံး ဘုရင်များ ဖြစ်ကြပြီး မွေးရာပါ ဘုရင်အငွေ့အသက်များ ပါရှိကာ အလွယ်တကူ သွားစရန် မကောင်းချေ။

လူကောင်းကတ်သာ မရှိပါက ယနေ့ ကျားဖင် ရိုက်လိုက်သည့် အချိန်တွင် ရွှီယန် ဤနေရာတွင်ပင် အသက်ပျောက်သွားမည်မှာ သေချာလှသည်။

ယခု ပြန်တွေးကြည့်ပါက အတော်လေး ကြောက်စရာ ကောင်းနေသေးသည်။

အကယ်၍ တောင်စောင့်နတ်ငယ်လေးသာ ဖြစ်ပါက ပွတ်လိုက်လျှင်လည်း ပြီးသွားပြီ ဖြစ်သည်။

သို့သော် ကျား မှားရိုက်မိသွားသဖြင့် အတော်လေး အနေရခက်သွားခဲ့သည်။

ကံကောင်း၍ တုံ့ပြန်မှု မြန်ဆန်ခဲ့ခြင်း ဖြစ်သည်။

ရွှီယန်က ဤနေရာတွင် ဤမျှ အချိန်အကြာကြီး နေပြီးတာတောင် ကျားမကြီးကို သွားမပွတ်ရဲသေးချေ။

၎င်း ထပ်မံ ဒေါသထွက်လာမည်ကို စိုးရိမ်နေမိသည်။

ကျားပေါက်လေးများက အလွန် ချစ်စရာကောင်းပြီး ရွှီယန်က ၎င်းတို့နှင့်အတူ အလွန် ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။

နောက်ပိုင်းတွင် မွေးမြူရန် ကျားပေါက်လေးများ ရရှိလာပြီ ဖြစ်သည်။

ချန်ပိုင်တောင်တန်းတွင် ကျားလွတ်လပ်ခွင့် ကိုပင် ရရှိသွားပြီဟု ဆိုနိုင်ပေသည်။

ဤသို့ဖြင့် ၎င်းတို့နှင့် တစ်နာရီကျော်ခန့် ဆော့ကစားပြီးနောက် ရွှီယန်က အချိန်တန်ပြီဟု ထင်လိုက်သည်။

ကျားကြီးများကိုလည်း ပွတ်သပ်ပြီးပြီ ကျားလေးများကိုလည်း ပွတ်သပ်ပြီးပြီ ဖြစ်သည်။

အလွန် ပျော်ရွှင်စရာ ကောင်းလှသည်။

ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှု မဖွင့်ထားသဖြင့် အခြားသူများ တွေ့သွားမည်ကိုလည်း စိတ်ပူစရာ မလိုတော့ချေ။

"ကဲ... ရပြီ..."

ရွှီယန် မတ်တပ်ရပ်လိုက်သည်။

"ငါ ပြန်ရတော့မယ်... နောက်နှစ်ရက်လောက် နေမှ နို့လာတိုက်မယ်လေ..."

ရွှီယန် မတ်တပ်ရပ်ကာ ကျားများကို နှုတ်ဆက်လိုက်သည်။

မထွက်ခွာမီ ရွှီယန်က ကျားမကြီး၏ အနားသို့ သွားကာ ၎င်း၏ ခေါင်းကို ပွတ်သပ်လိုက်သေးသည်။

ကျားမကြီးက သိပ်ပြီး မငြင်းဆန်ဘဲ ညင်သာစွာ ဟိန်းဟောက်ရုံသာ ဟိန်းဟောက်လိုက်သည်။

ဘေးနားရှိ တောင်စောင့်နတ်ငယ်လေးကတော့ ရွှီယန် တကယ်ကို ရဲဝံ့လွန်းသည်ဟု တွေးကာ အံ့အားသင့်သည့် အမူအရာကို ပြသနေလေသည်။

ထို့အပြင် ကျားမကြီးက သူ့ကို ပြန်မကိုက်သည်မှာလည်း အလွန် အံ့ဩစရာ ကောင်းလှပေသည်။

ရွှီယန်က ကျားများကို နှုတ်ဆက်ပြီးနောက် ကျောပိုးအိတ်ကို လွယ်ကာ ထရပ်ပြီး ထွက်ခွာလာခဲ့သည်။

သစ်တောထဲတွင် ဆက်လက် စည်ကားနေပြီး ငှက်များ တေးဆိုသံနှင့် ပိုးကောင်များ အော်မြည်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။

ဤရာသီတွင် ပိုးကောင်များ နည်းပါးသွားပြီး ရာသီဥတုကလည်း တဖြည်းဖြည်း အေးလာပြီဖြစ်ရာ ၎င်းတို့လည်း နောက်ထပ် ရက်အနည်းငယ်သာ လှုပ်ရှားနိုင်တော့မည် ဖြစ်သည်။

ရွှီယန်၏ စိတ်အခြေအနေက အလွန် ကောင်းမွန်နေသည်။

တောထဲတွင် ကျားမိသားစုကို ပွတ်သပ်ခွင့် ရခြင်းက အလွန် ရှားပါးသော အခွင့်အရေး တစ်ခုပင်။

ယခု သူက ကျားသစ် မိသားစုနှင့်ရော ကျား မိသားစုနှင့်ပါ ဆက်ဆံရေး အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။

ချန်ပိုင်တောင်တန်းတွင် တကယ့်ကို အစ်ကိုကြီး အဆင့်တွင် ရှိနေပြီဟု ဆိုနိုင်ပေသည်။

အရင်က တချို့လူများက...

'ချန်ပိုင်တောင်တန်းမှာ ဘယ်လောက်ပဲ ရှုပ်ရှုပ် လောင်ရွှီ ကပဲ အဆုံးအဖြတ် ပေးတာ...'

ဟု နောက်ပြောင် ပြောဆိုခဲ့ကြဖူးသည်။

ယခု ပြန်ကြည့်ပါက ထိုစကားက တကယ်ကို အဓိပ္ပာယ် ရှိနေပေသည်။

အပြန်လမ်းတွင် ရွှီယန်က နှင်းခွေး သုံးကောင်နှင့် တွေ့ဆုံခဲ့သည်။

နှင်းခွေးများကို ခွေးနီ ဟုလည်း ခေါ်ကြပြီး ခန္ဓာကိုယ် ပုံစံက ခွေးများနှင့် တူညီကာ အမွေးများက အနီရောင်ဘက်သို့ သန်းနေသည်။

အရင်က ရွှီယန် ၎င်းတို့နှင့် တွေ့ဆုံခဲ့ဖူးပြီး ပဋိပက္ခ မဖြစ်စေရန် ရွှီယန်က သစ်ပင်ပေါ်သို့ တက်သွားခဲ့ရသည်။

ထိုနှင်းခွေး အုပ်စုက အတော်လေး ကြာသည်အထိ လိုက်လံ နှောင့်ယှက်ခဲ့ကြသည်။

ယခုတစ်ကြိမ် ကတော့ ကွာခြားသွားပြီ ဖြစ်သည်။

ရွှီယန်က နှင်းခွေးအုပ်စုကို မြင်သောအခါ အနည်းငယ် သတိထားလိုက်ပြီး ၎င်းတို့ကို တိုက်ရိုက် စိုက်ကြည့်ကာ လောလောဆယ် မလှုပ်မယှက် နေလိုက်သည်။

နှင်းခွေး သုံးကောင်မှာ အုပ်စုကြီးထဲမှ ခွဲထွက်လာသော အုပ်စုငယ်လေး တစ်ခုဖြစ်ပြီး ရွှီယန်ကို တွေ့သောအခါ အနည်းငယ် ထိတ်လန့်သွားကြသည်။

ထို့နောက် ၎င်းတို့က ရွှီယန်၏ ကိုယ်ပေါ်မှ ၎င်းတို့ကို ကြောက်လန့်စေသော အနံ့ကို ရလိုက်သဖြင့် ချက်ချင်းပင် နောက်သို့ လှည့်ကာ ထွက်ပြေးသွားကြတော့သည်။

ရွှီယန်က ၎င်းတို့ အဝေးသို့ ထွက်ပြေးသွားသည်ကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။

"ထွက်ပြေးသွားတာလား... တော်တော် မြန်မြန် ပြေးတာပဲ..."

ရွှီယန်လည်း ဆက်ပြီး ဂရုမစိုက်တော့ပေ။

ယနေ့၏ အတွေ့အကြုံများက တကယ်ကို ရိုးရှင်းလှသည်တော့ မဟုတ်ချေ။

အစက ကျားတစ်ကောင်တည်းကိုသာ ပွတ်သပ်ရန် ရည်ရွယ်ထားသော်လည်း နောက်ဆုံးတွင် ငါးကောင်ကို ပွတ်သပ်ခဲ့ရသည်။

တကယ်ကို ငါးဆ ပျော်ရွှင်မှုပင်။

All Chapters